Wednesday, January 18, 2012

နေထိုင်ဖို့ Wisdom- ကို ကမ်းလင့်ခြင်း


Nigerian story - က ပြောတာက ဒီလိုပါ။ Wisdom- ရယ် Food- ရယ် Wealth- ရယ် ခရီးစတင် ထွက်ခွါကြပါ တယ်။ မကြာမီ သူတို့ဟာ “မင်းတို့ ဘယ်ကို သွားကြမလဲ” လို့ မေးတဲ့ လူတစ်ယောက်ကို တွေ့ဆုံခဲ့ကြပါတယ်။ သူတို့က “နေထိုင်ဖို့ နေရာတစ်နေရာ ရှာနေကြတယ်” လို့ ပြောတဲ့အခါ အဲဒီသူက “ကောင်းတယ်။ ငါနဲ့ Wealth- ကို နေထိုင်စေချင်တယ်” လို့ ပြောပါတယ်။ ဒီအခါ Wealth- က “အို- လူမိုက်- သင့်အနီး တစ်ဝိုက်မှာ အချိန်အကြာကြီး ငါ့ကို ရှိလိမ့်မယ် မဟုတ်” လို့ ပြောခဲ့ပါတယ်။
နောက်ထပ်မကြာမီမှာပဲ သူတို့ဟာ “မင်းတို့အားလုံး ဘယ်ကို သွားနေကြတာလဲ” လို့ မေးမြန်းတဲ့ လူတစ် ယောက်ကို တွေ့ခဲ့ကြပြန်ပါတယ်။ သူတို့က “နေထိုင်ဖို့ တစ်နေရာအတွက် ကြိုးစားနေကြတယ်” လို့ ပြောကြပါ တယ်။ ဒီကိစ္စမှာတော့ “ ငါနဲ့နေထိုင်ဖို့ Food - ကို ဖိတ်မံတယ်” လို့ ပြောပါတယ်။ food- က “ငါက ဒီနေ့ သင်နဲ့အတူ လာခဲ့မယ်ဆိုယင်တောင် သင် ငါ့ကို အချိန်အကြာကြီး ထိန်းထားနိုင်လိမ့်မယ်မဟုတ်” လို့ ပြောခဲ့ပါတယ်။
နောက်ထပ် တော်တော်ကြာ လျှောက်လာတဲ့အခါမှာတော့ “သင်တို့တွေ ဘယ်ကို သွားကြမှာလဲ” လို့ မေးမြန်းတဲ့ တတိယမြောက်လူကို တွေ့ခဲ့ပါတယ်။ “နေထိုင်ဖို့ တစ်နေရာကို ကြိုးစားရှာဖွေနေကြတယ်” လို့ သူတို့ က ပြောပါတယ်။ အဲဒီသူက “ ငါနဲ့ Wisdom- က နေနိုင်ပါတယ် ”လို့ ပြောပါတယ်။ ဒီအခါ Food-နဲ့ Wealth- ပြောတာက “သင်ဟာ Wisdom- ကို ရွေးချယ်ခဲ့ပြီးပြီ။ ဒါ့ကြောင့် သင်ဟာ ငါတို့ကိုလည်း ပဲ ကောင်းကောင်း စောင့်ရှောက်နိုင်စွမ်း ရှိလိမ့်မယ်” လို့ ပြောကြပါတယ်။ သူတို့သုံးဦးဟာ အဲဒီလူရဲ့အိမ် ကို ပြောင်းရွှေ့နေထိုင် ခဲ့ကြပါတော့တယ်။
ဒို့တွေရဲ့ အတွေ့အကြုံက ဒို့တတွေကို ပြောတာက- များစွာသော လူသားတွေရဲ့ပဋိပက္ခ- သောကပဋိဒေ၀- ဆင်းရဲဒုက္ခတွေဟာ ပညာကင်းမဲ့မှုမှ လားရောက်ကြတယ်- ဆိုတာပါ။ ဒါ့ကြောင့် ဒို့တွေဟာ များစွာ ရှိချင်ကြ တယ်။ ပြီးတော့ အခြားသူများအတွက်လည်း အဲဒီပညာကို ရှိစေချင်ကြတယ်။ ပညာမှာ ဗဟုသုတနှင့်ပြီးတဲ့ အကောင်းဆုံးအသုံးပြုမှုကို ပြုလုပ်ခြင်းဆိုင်ရာ ပါဝင်တယ်- ဆိုတာ အခြေခံဖွင့်ဆိုချက်က ဖွင့်ဆိုပေမဲ့လည်း- ဒို့တွေဟာ ယဉ်ကျေးမှုအမျိုးမျိုးကို ဆန်းစစ်ခြင်းဖြင့်- အတူတကွ တန်ဖိုးထားနိုင်- တဲ့ အခြားသူများရဲ့ ရှုထောင့်များကို ချန်ထားရစ်ကြပါတယ်။
အမေရိကတိုက်မြောက်ပိုင်းမှာရှိတဲ့ အက်စကီမိုးလူမျိုးတို့ရဲ့ ယဉ်ကျေးမှုမှာတော့- “ သူတို့ဟာ ပြုလုပ်ဖို့ လိုအပ်တဲ့ အရာကို တွေ့မြင်နိုင်တဲ့ အခါနဲ့ - ဘာလုပ်ရမယ်ဆိုတာ ပြောဆိုခြင်းမရှိဘဲ အောင်မြင်စွာ အဲဒါကို ပြုလုပ်နိုင်တဲ့ အခါ- လူတစ်ယောက်ဟာ ပညာရှိ ဖြစ်လာခဲ့တယ်” လို့ ဆိုပါတယ်။
Mesopotamia- မှာ Wisdom- နဲ့ Intelligence- ကို Enki- နတ်က ကိုယ်စားပြုခြင်း ခံရပြီး- ဟန်ချက်ညီမျှမှုကို မူလအခြေအနေ ပြန်လည်ရောက်ရှိလာစေခြင်းဖြင့် wisdom- ကို ရရှိခဲ့ပါတယ်။
Confucius- က wisdom- ကို နည်းလမ်းသုံးခုဖြင့် ဆုပ်ကိုင်ထားရာ- တုပခြင်း- လွယ်ကူမှု၊ နှိုင်းဆ ဆင်ခြင်ခြင်း- မြင့်မြတ်မှုနှင့် အတွေ့အကြုံ- ခါးသီးမှု- တို့ပဲ ဖြစ်ပါတယ်။
Plato-ရဲ့ “The Apology” မှာ အားလုံးသိနားလည်ကြောင်းပြသတဲ့ Delphi- နတ်ကွန်းက Socrates- ကို ညဏ်အမြော်အမြင်အရှိဆုံး လူဖြစ်တယ်လို့ သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။ အဲဒါက Socrates- ကို တွေးရခက်အကျပ်ရိုက်စေခဲ့ပါတယ်။ အဲဒီကတည်းက ပတ်လည်ရှိ အခြားသူများစွာဟာ သူ့တို့ရဲ့ ကျယ်ပြန့်တဲ့ ဗဟုသုတ အတွက် ထင်ရှားကြပါတယ်။
သူဟာ နိုင်ငံရေးသမားများ- ကဗျာဆရာများနှင့် လက်မှုအတတ်ပညာရှင်များရဲ့ ဖြစ်ရပ်ကို ဆန်းစစ်ခဲ့ပါ တယ်။ ပြီးတော့ သိတယ်လို့ အခိုင်အမာဆိုထားတဲ့သူများဟာ တကယ် မသိခဲ့ဘူး- ဆိုတာရယ်၊ သူတို့ အခိုင်အမာ ဆိုထားတာထက် ပို၍ခပ်ဝေးဝေးမှာ သိတယ်- ဆိုတာရယ်ကို တွေ့ရှိခဲ့ရပါတယ်။
သူတို့ကလည်း သူတို့ရဲ့ကျွမ်းကျင်မှုနယ်ပယ်ကို ကျော်လွန်ပြီး အရာများကို သိတယ်လို့ အခိုင်အမာဆိုခဲ့ ကြပါတယ်။ Socrates- ပညာရှိ ဖြစ်တဲ့ အကြောင်းက- သူဟာ အခြားသူများနဲ့မတူဘဲ သူကိုယ်တိုင် ပညာရှိ အဖြစ် မယူဆခဲ့- လို့ ဖြစ်တယ်ဆိုတာ ငါတို့တတွေကို ပြောကြပါတယ်။
Intelligence- ဒါမှမဟုတ် ကျွမ်းကျင်မှု ဒီလိုမှမဟုတ် အင်အားကို ဖြစ်ပေါ်စေတဲ့ စွမ်းရည်များဟာ- လူတစ်ယောက်ကို မွေးဖွားလိုက်တဲ့ တစ်စုံတစ်ရာ ဖြစ်ပေမဲ့လည်း- Wisdom - ကိုတော့ မွေးဖွားပေးလိုက်တာ မဟုတ်ပါ။
Wisdom-ကို တိုးမြှင့်ပေးဖို့ သွားရမယ့်လမ်းတစ်ခုကတော့- အစိမ်းသက်သက် ပကတိအရိုင်းမှ အဆင့်မြင့် သန့်စင်ထားတဲ့ အတွေးအခေါ်များ- ခံစားချက်များ- ဆင်ခြင်သုံးသပ်ချက်များနဲ့ လုပ်ဆောင်ခြင်းများသို့ တိုက်တွန်း စေ့ဆော်ရွေ့လျားဖို့ပဲ ဖြစ်ပါတယ်။
အဆင့်မြင့် သန့်စင်ထားတဲ့အတွေးအခေါ်များမှာ နိုးကြားခြင်းများ- မျက်စိကြီးနားကြီးခြင်းများ- စိတ်ဝင်စားမှု များ- သတိပြုရိပ်စားမိမှုများ ပါဝင်ပါတယ်။
အစီအစဉ်တကျဖြစ်နေတဲ့ ခံစားချက်များက- အနည်းငယ်ဓာတ်ပြုမှုများ- လိုလားမှုများစွာနှင့် ထိတွေ့ခံစားခြင်း ကို ခွင့်ပြုမှုများ- လိုအပ်ပါတယ်။ ဒါပေမယ့် ငါတို့ကို တိုက်ရိုက်ဦးတည်တာတော့ မဟုတ်ပါ။
ဆင်ခြင်သုံးသပ်ချက်များမှာတော့ အမှန်တရား၊ ကမ္ဘာလောကကြီးနဲ့ပတ်သက်လို့ နက်နဲတဲ့အပေါ်မှာ အခြေခံတဲ့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းများ၊ ဗီဇစိတ်ဖြင့် အလိုလိုသိခြင်းများနှင့်- လူသား အခြေစိုက် တန်ဖိုးများနှင့် အတူ လိုက်ပါလာတဲ့ ဆုံးဖြတ်ချက်များ လိုအပ်ပါတယ်။
ပြီးတော့ ပီသတဲ့- အသည်းအသန်ပြင်းပြတဲ့- ဘက်မလိုက်တဲ့- ထိရောက်တဲ့ လုပ်ဆောင်ချက်မှတစ်ဆင့်- ဒီအရာအားလုံးကို သိမြင်စေပါတယ်။
မှားယွင်းမှုမှ မှန်ကန်မှု- မမျှတမှုမှ မျှတမှု- ပျက်စီးစေလိုမှုမှ သင့်မြတ်ကောင်းမွန်မှု- လှည့်ဖြားမှုမှ ရိုးသားဖြောင့်မတ်မှု- ဆိုင်ရာ မြော်မြင်သိမြင်နားလည်နိုင်စွမ်း၊ အဲဒီမြော်မြင်သိမြင်နားလည်းနိုင်စွမ်း ဖြစ်တဲ့ Wisdom- ရဲ့ အနှစ်သာရကို ပညာရှိတဲ့သူများက- အကောင်အထည် ပုံဖော်ကြပါတယ်။ ထုံးစံအတိုင်း အခြားသူများသို့ မေတ္တာ ကရုဏာ ကြီးမားသူ- မိမိကိုယ်ကိုယ် တင်းတိမ်ရောင့်ရဲကျေနပ်သူအဖြစ် အဲဒီသူများကို သတ်မှတ်ကြပါတယ်။
သူတို့ဟာ တကယ့်ကို အရေးကြီးတဲ့အရာကို လေ့လာသင်ကြားခဲ့ပြီးပါပြီ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်