Friday, January 20, 2012

သူစိမ်းတစ်ရံများနှင့် အဖော်သဟာယများ ဆိုင်ရာ


သာမန်အားဖြင့် မိသားစုအဖွဲ့ဝင်များ - မိတ်ဆွေများနဲ့ပတ်သက်တဲ့ သေးငယ်တဲ့အသိုင်းအ၀ိုင်းတစ်ခုနဲ့အတူ နစ်မြုပ်နေတဲ့ ဒို့တတွေဟာ - သူစိမ်းတစ်ရံများနှင့် ထွေရာလေးပါးမှာ သိကျွမ်းရင်းနှီး အရောတ၀င် ရောက် မလာချင်ကြပါ။
ဒို့တတွေဟာ “အခြားသူတွေ”-အဖြစ် သူတို့ကို တွေးထင်ကြပါတယ်။ တွေးထင်ခြင်းရဲ့ ဒီအမျိုးအစားဟာ အခြားသူများနဲ့ပတ်သက်လို့ စိတ်မှန်းအထင်သက်သက်အပေါ်မှာ ရိုးရိုးလေး အရင်းခံပါတယ်။ ဒီစိတ်မှန်းသက်သက်များဟာ တစ်ခါတစ်ရံမှာ အခြေအမြစ်မရှိပါ။ ၀ါရင့်သမ္ဘာရင့်များ ပြတာက - သူစိမ်းတစ်ရံ များကနေ မိတ်ဆွေများဖြစ်အောင် ပြုလုပ်ဖို့ တကယ့်ကို ဖြစ်နိုင်ခြေရှိတယ် -လို့ ဆိုတာပါ။
Swami Rama Tirath - ဆိုတဲ့ ပညာရေး အတော်အတန်မြင့်မားတဲ့သူတစ်ယောက်ဟာ ကျန်ခဲ့တဲ့ ၁၉-ရာစုက - ငွေကြေးရှားပါးပြီး အဲဒီမှာ သူ့ရဲ့နေထိုင်မှုအတွက် အိမ်ရှင်အဖြစ် ဆောင်ရွက်ပေးမဲ့ သူ့ကို လက်ခံနိုင်တဲ့ တစ်ယောက်ယောက်ကို သိခြင်းမရှိပေမဲ့လည်း - US - ကို ခရီးသွားဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။
ရှည်လျားလှတဲ့ ပင်လယ်ခရီးကို ယူပြီးတဲ့နောက် သူဟာ အမေရိက ပင်လယ်ကမ်းခြေဆိပ်ကမ်း ရောက်ရှိပြီး အခြားခရီးသည်များနှင့်အတူ ကုန်းပေါ်တက်ရောက်ခဲ့ပါတယ်။ အဲဒီဆိပ်ကမ်းမှာ သူတို့ရဲ့မိတ်ဆွေ များ ဆွေမျိုးများကို ကြိုဆိုဖို့ လာရောက်ကြတဲ့ အမေရိကန်များစွာ ရှိကြပါတယ်။ သို့စေကာမူ Swami Rama Tirath- ဟာ ဆိပ်ကမ်းရဲ့ထောင့်စွန်းမှာ တစ်ကိုယ်တည်း လမ်းလျှောက်နေမိတယ်- ဆိုတာ သူ့ကိုယ်သူ သတိထားမိတယ်။
ဒီအချိန်မှာပဲ သူ့ကို တွေ့မြင်တဲ့အမေရိကန်တစ်ယောက်က သူ့အနား ချဉ်းကပ်ပြီး “မင်း အမေရိကမှာ မိတ်ဆွေအသိ တစ်ယောက်ယောက် ရှိပါသလား” လို့ မေးမြန်းခဲ့ပါတယ်။ Swami Rama Tirath- က “ ဟုတ်ကဲ့- မိတ်ဆွေတစ်ယောက် ရှိပါတယ်။ အဲဒီမိတ်ဆွေက ဒီမှာပါ” လို့ အဲဒါကို ပြောဆိုလျှက် သူဟာ အဲဒီ အမေရိကန်ကို ရင်းရင်းနှီးနှီး ပွေ့ဖက်ခဲ့ပါတယ်။
မျော်လင့်မထားခဲ့တဲ့ ဒီအပြုအမူရဲ့ ယဉ်ကျေးနှစ်လိုဖွယ်ရာက အမေရိကန်ကို သဘောကျစွဲမှတ်စေ ခဲ့ပါတယ်။ အဲဒီနောက် သူနဲ့အတူ သူ့ရဲ့အိမ်ကို ခေါ်ခဲ့ပါတယ်။ Swami Rama Tirath- ဟာ သူ့ရဲ့မိတ်ဆွေ ဧည့်သည်အဖြစ် ဆက်လက်တည်ရှိနေပြီး- အမေရိကန်မှ အိန္ဒိယသို့ ထွက်ခွါလာခဲ့သည့်တိုင် ဖြစ်ပါတယ်။
တစ်ဦးတစ်ယောက်ကမှ သင့်အတွက် သူစိမ်းတစ်ရံမဟုတ်ပါ။ လူတိုင်းဟာ သင့်ရဲ့ဖြစ်နိုင်ခြေအလားအလာ ရှိတဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ ဖော်ရွေရင်းနှီးတဲ့နည်းလမ်းကို ပြုမူရုံမျှသာပါ။ အခြားသူများကို သင့်ရဲ့ အကို အမ မောင်နှမသားချင်းများကဲ့သို့ လက်ခံပါ။
ဖော်ရွေရင်းနှီးတဲ့ ဒီသဘောထားအမျိုးအစားကို သင်ဟာ စိတ်ရောကိုယ်ပါ မွေးစားခံယူလျင်- လူတိုင်းဟာ သင့်ရဲ့မိတ်ဆွေများဖြစ်တယ်- ဆိုတာရယ်၊ ပြီးတော့ တစ်ဦးတစ်ယောက်ကမှ သင့်အတွက် တိုင်းခြားရပ်ခြား သူစိမ်းတွေမဟုတ်- ဆိုတာရယ် သင် တွေ့ရှိလာရပါလိမ့်မယ်။
ဖြစ်ရပ်မှန်ကတော့- အမျိုးသား အမျိုးသမီးအားလုံးဟာ အများဆိုင်ဘိုးဘေးဘီဘင်များ ရှိကြတယ်- ဆိုတာပါ။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ကမ္ဘာတစ်ခုလုံးဟာ မိသားစုတစ်ခုတည်းဖြစ်တယ်၊ ပြီးတော့ မိသားစုဘ၀လိုမျိုး အလွန်သိသာမြင်သာတဲ့- အခြားသူများနှင့် တွယ်တာမှုသံယောဇဉ် အမျိုးအစား- လူတိုင်းမှာ ရှိတယ်- ဆိုတာပါ။
သင့်ကို သူစိမ်းတစ်ရံဖြစ်အောင် ပြုလုပ်တဲ့အရာကတော့- မရောမိအောင် မပတ်သက်မိအောင်ရှောင်တဲ့- ခပ်ခွါခွါ ခပ်တန်းတန်း ခပ်စိမ်းစိမ်းဖြစ်အောင် လုပ်တဲ့ “အကွာအဝေးခရီး”သာလျင် ဖြစ်ပါတယ်။ သင်ဟာ အကွာအဝေးကို ဖယ်ထုတ်ရှင်းလင်းပစ်လျင် သဘာဝက အနှံ့အပြားတည်ရှိလိမ့်မှာဖြစ်ပြီး- အားလုံး ဟာ သွေးသောက် ညီအကို ညီအမများကဲ့သို့ ဖြစ်နိုင်ပါတယ်။
ခင်မင်ရင်းနှီးမှုဆိုင်ရာ ဖော်မြူလာကတော့ တကယ့်ရိုးရိုးကလေးပါ။ သင်ဟာ အခြားသူများအတွက် အမှန် တကယ် မိတ်ဆွေတစ်ယောက် ဖြစ်လျင်- သူတို့ဟာလည်းပဲ သင့်ရဲ့မိတ်ဆွေများ ဖြစ်လာလိမ့်မယ်-ဆိုတာ သင် သံသယရှင်းရှင်းနှင့် ကြိုတင်ဟောကိန်းထုတ်နိုင်ပါတယ်။
သင့်ရဲ့နှလုံးသားမှာ အခြားသူများအတွက် သဘောရိုးဖြစ်တဲ့ချစ်ခြင်းမေတ္တာကို ရင့်ကျက်အောင် တည်ဆောက်ပါ။ အဆိုပါကာလ အပြန်အလှန်အားဖြင့် သင့်ကို ချစ်ယုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါ။
ဖီလော်ဆော်ဖာတစ်ယောက်ပြောတာက- လူတစ်ယောက်ဟာ စိတ်ခံစားမှုကို အမြဲတစေ တချိန်လုံး ရောင်ခြည်ဖြာထွက်နေတယ်- လို့ ဆိုပါတယ်။
သင်ဟာ မေတ္တာကရုဏာကြီးမားတဲ့ လူတစ်ယောက်ဖြစ်လျင်- သင်ဟာ မေတ္တာ ကရုဏာရောင်ခြည် များ ဖြာထွက်နေပါတယ်။ ပြီးတော့ အခြားသူများဟာ သင့်ထံမှ မေတ္တာကရုဏာရဲ့ အဲဒီရောင်ခြည်များကို ဖမ်းယူလက်ခံဖို့ သေချာပါတယ်။ သင်ဟာ အခြားသူများအတွက် ချစ်ခြင်းမေတ္တာများ ရင့်ကျက်ဖွံ့ဖြိုးပြီး ဖြစ်လျင်- အဲဒီနောက် သင်ဟာ ချစ်ခြင်းမေတ္တာတွေ ရောင်ခြည်ဖြာ ထွက်နေပါတယ်။ အခြားသူများက ချစ်ခြင်းမေတ္တာ ရဲ့ ရောင်ခြည်များကို ဖမ်းယူလက်ခံဖို့ သေချာပါတယ်။ ဒါက သဘာဝဥပဒေသပါ။
ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ရောင်ခြည်များအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်အဖြေများ၊ ဆန့်ကျင်ဘက်အပျက်သဘောဆောင်တဲ့ရောင်ခြည်များအတွက် အပျက်သဘော တုံ့ပြန်အာနိသင်များကို သင် လက်ခံရရှိပါလိမ့်မယ်။
ဒါနဲ့ပတ်သက်လို့ သတ်မှတ်ချက်စည်းကမ်းတစ်ခုကတော့ - သင်ဟာ တစ်ကိုယ်ကောင်းမဆန်တဲ့ ကိုယ့်ကျိုးမငဲ့ သူ လူတစ်ယောက် ဖြစ်သင့်တယ်- ဆိုတာပါ။ တစ်ကိုယ်ကောင်းမဆန်တဲ့ ကိုယ့်ကျိုးမငဲ့မှုများ နှင့် တစ်ပြိုင်တည်းပေါင်းစပ်တွဲထားတဲ့ အပြုသဘောဆောင် အပြုအမူများဟာ အမြဲတမ်း တစ်လျှောက် လုံးလုံး အလုပ်လုပ်ပါတယ်။ ဒါက သင့်ရဲ့အပြုအမူများကို အဟုတ်တကယ်ဖြစ်အောင်ပြုလုပ်ခိုင်းပုံပေါ်တဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ ကိုယ့်ကျိုးမငဲ့မှုပါ။
ဆန့်ကျင်ဘက်မှာတော့ သင်ဟာ တစ်ကိုယ်ကောင်းဆန် ကိုယ့်ကျိုးငဲ့တဲ့သူတစ်ဦး ဖြစ်လျင်- သင့်ရဲ့အပြု အမူများဟာလည်း အရောင်းဈေးသည်တစ်ယောက်ရဲ့ အပြုအမူအတိုင်း ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အဲသလို မျိုးအပြုအမူမှာ အပြုသဘောဆောင်တဲ့ မည်သည့်အကျိုးသက်ရောက်မှုမျိုးကိုမဆို ရှိနိုင်လိမ့်မယ် မဟုတ်ပါ။
သင့်ရဲ့ ကိုယ်ပိုင်သဘာဝကို လိုက်နာပါ။ ပြီးတဲ့အခါ သင်ဟာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ လူတိုင်းဟာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ နတ်မိမယ် / နတ်သား တစ်ယောက်လို မွေးဖွားလူဖြစ်လာကြတာပါ။ ဒါပေမယ့် သူ့ရဲ့ပတ်ဝန်းကျင်မှ အပျက်သဘောဆောင် တဲ့ စေ့ဆော်မှုတွန်းအားများကို ရယူလက်ခံပြီးတဲ့နောက်- သူဟာ ….မှတစ်ပါး အခြားအခြား တစ်နည်းနည်း ဖြစ်သွားပါတော့တယ်။။
ဒါ့ကြောင့် သင့်ရဲ့မူရင်းသဘာဝသို့ ပြန်လာပါ။ ပြီးယင်း သင်ဟာ အားလုံးအတွက် နှစ်လိုဖွယ်ကို ရယူလက်ခံနိုင်တဲ့ လက်သင့်ခံနိုင်စွမ်း ရှိလာပါလိမ့်မယ်- ဆိုတာပါ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်