Saturday, July 10, 2010

ဗုဒ္ဓဘာသာနှင့် Contemporary Management



ခေါင်းဆောင်မှုအပိုင်း

၁- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ လူ့အဖွဲ့အစည်းဆိုင်ရာပန်းတိုင်များကို အောင်မြင်ခြင်းအပေါ် အာရုံစိုက်ထားပါတယ်။

မြတ်ဗုဒ္ဓ၏ကြီးကျယ်သော အမြော်အမြင်ကတော့ လူသားသတ္တ၀ါကို လွတ်မြောက်ရာမှာ ကူညီပါတယ်။

၂- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ ရေတိုကာလဖြင့် အောင်မြင်ရန် ပြဿနာများ၏အရိပ်လက္ခဏာကို ဆက်ဆံပြုမူပါတယ်။

မြတ်ဗုဒ္ဓဟာ လူသားသတ္တ၀ါအား ဒုက္ခနှင့်ပတ်သက်သော ပြဿနာများ အားလုံး ၏ရင်းမြစ် အကြောင်းတရားကို တင်ပြဆွေးနွေးပါတယ်။

၃- စီးပွါးရေးခေါင်းဆောင်များဟာ ကြိုးကိုင်ချယ်လှယ်တတ်ပါတယ်။ ဒါပေမယ့် အချို့အရာများမှာ လက်တွေ့ မပါသော အပြောများ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ သူဟောကြားသောအရာများကို ကျင့်သုံးခဲ့ပါတယ်။ ကိုယ်ပိုင်အတွေ့ အကြုံများမှ ဟောကြားပါတယ်။

၎- ကြီးမားသော ပမာဏအတိုင်းအတာအတွက် ကိုယ့်ကျိုးကြည့်ခြင်းဟာ ခေတ်သစ်ခေါင်းဆောင်များကို လမ်းညွန်ပါတယ်။

မြတ်ဗုဒ္ဓကတော့ ကရုဏာနှင့်အတ္တကိုယ်ကျိုးကင်းမှုဖြင့် လူများကို လမ်းညွန်ခဲ့ပါတယ်။

၅- ခေတ်သစ်ခေါင်းဆောင်မှုဟာ ကြီးမားသော ပမာဏအတွက် မိမိတစ်ဦးတည်းသြဇာဖြင့် အလုပ်တာဝန် များကို ဇောင်းပေးထားပါတယ်။

မြတ်ဘုရားဟာ ဒီမိုကရေးစီဝါဒအခြေခံသော လူများကို အလေးပေးထားသော ခေါင်းဆောင်မှုအပိုင်းကို ယုံကြည်ပါတယ်။

၆- တန်ဖိုးများဟာ အဖွဲ့အစည်းအတွက် ကန့်သတ်ထားသော ကိုယ့်ကျိုးကြည့်မှု ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ လူ့ကျင့်ဝတ်နှင့်ကိုက်ညီစွာ စူးစိုက်ထားပါတယ်။ တန်ဖိုးဟာ အဆင့်အတန်းအားလုံး၌ ခေါင်းဆောင်မှုအပိုင်းကို အခြေခံထားပါတယ်။

၇- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ ကြီးမားသောပမာဏအတွက် ဗဟိုချုပ်ကိုင်မှု၊ အလုပ်သမား၏ ဂုဏ်သိက္ခာနှင့် ရေရှည် ဖွဲ့စည်းတည်ဆောက်ပုံကို ယုံကြည်ပါတယ်။

မြတ်ဗုဒ္ဓ၏ခေါင်းဆောင်မှုအပိုင်းကတော့ လက်တွေ့ကျသော လှုပ်ရှားမှုများကို ဖြတ်သန်းလျှက် လုပ်ပိုင်ခွင့်အာဏာကို လွှဲပြောင်းပေးသော ညီညာပြန့်ပြူး သည့်တည်ဆောက်မှုတွင် ယုံကြည်ပါတယ်။

၈- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ ကြီးမားသောပမာဏအတိုင်းအတာအတွက် တကိုယ်ကောင်းဆန်သူ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ၏ ခေါင်းဆောင်မှုလုပ်ငန်းကိစ္စကတော့ အတ္တကို ဖျက်သိမ်းရန်ဖြစ်ပါတယ်။

၉- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ အနည်းငယ်သောကောင်းကျိုးချမ်းသာအတွက် ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ များစွာသောအကျိုးတရားအတွက် ခေါင်းဆောင်မှုအပိုင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆန့်ကျင်ကွဲလွဲချက်များ

၁- Management ဟာ သမာရိုးကျဖြစ်တဲ့ အမှန်တရားအပေါ်မှာ ဆုံမှတ်အဖြစ် ထားရှိပါတယ်။ အလုပ်သမားများ ဟာ ယာယီအားဖြင့် ပျော်ရွှင်မှုနှင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အလုပ်လုပ်ပါတယ်။

ဗုဒ္ဓဘာသာကတော့ အန္တိမအမှန်တရားအပေါ်မှာ တည်ဆောက်ထားပါတယ်။ လူဟာ လွတ်မြောက်မှု(နိဗ္ဗာန်)အတွက် အလုပ်လုပ် သင့်ပါတယ်။

၂- Management ဟာ အဖွဲ့အစည်းဆိုင်ရာ ပန်းတိုင်ကို ရရှိရန် ပင်ကိုယ်စရိုက် ပြောင်းလဲရေး၏ အကန့် အသတ်ရှိတဲ့ ဆုံမှတ်ကို ထားရှိပါတယ်။

ဒါပေမယ့် မြတ်ဗုဒ္ဓက ဆန့်ကျင်ဘက်များကို ဖယ်ရှားပြီး အပြုသဘော ဆောင်သည့်အရည်အသွေးများကို တိုးတက်စေလျှက် စိတ်၏သန့်ရှင်းမှုမှတစ်ဆင့် အလုံးစုံပြောင်းလဲရေးကို ဆုံမှတ်ထားရှိပါတယ်။

၃- Management ဟာ အပြုအမူများကို ပြောင်းလဲရန် အပျက်သဘောကို အားပေးသော လက်နက်များကို မကြာခဏ အသုံးပြုပါတယ်။

မြတ်ဗုဒ္ဓကတော့ ကမ္မဌာန်းတရားမှတစ်ဆင့်၊ စိတ်၏အပြုသဘောဆောင်သည့် တိုးတက်မှုမှတစ်ဆင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးများကို တိုးတက်စေပါတယ်။

၎- Management ဟာ မျော်လင့်ချက်များထားရှိလျက် အလုပ်သမားများကို လေ့ကျင့်ပေးပါတယ်။

ဒါပေမယ့် မြတ်ဘုရားကတော့ ကျေးဇူးကို မမျော်လင့်ပဲနဲ့တောင် ကရုဏာဖြင့် လူများကို လေ့ကျင့်ပေးပါတယ်။

၅- Management ဟာ ပန်းတိုင်ကို ရရှိဖို့ ပြင်းထန်သော ယှဉ်ပြိုင်မှုကို ကြီးထွားစေပါတယ်။

မြတ်ဘုရားကတော့ အမှန်တရားကိုနားလည်ရန် ယှဉ်ပြိုင်မှုကို ဘယ်တော့မှ မကြီးထွားစေခဲ့ပါဘူး။

၆- Management တွင် ယှဉ်ပြိုင်မှုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို ဖျားနာမှုသို့ ဦးတည်စေလျှက် ဖိအားနှင့် ပူပင်သောကမှုကို တိုးပွါးစေပါတယ်။

ဗုဒ္ဓဘာသာကတော့ ကြံ့ခိုင်သောစိတ်နှင့်ခန္ဓာကိုယ်ကို တိုးတက်စေလျှက် အပြုသဘော ဆောင်သော အနေအထားမှတစ်ဆင့် ဖိအားများ၊ ၀န်ပိခြင်းများကို ဖယ်ရှားပစ်ပါတယ်။ ဗုဒ္ဓဘာသာတွင် စိတ်ပိုင်းဆိုင်ရာနှင့်လုပ်ငန်းဟာ တပြိုင်နက်အတူတကွ သွားပါတယ်။

၇- Management ဟာ ရေတိုပမာဏကို အောင်မြင်ဖို့ အလုပ်သမားများ၏စိတ်တွင် လောဘ ဒေါသ တို့ကို ကြီးထွားစေလျက် တစ်ခါတစ်ရံ ပဋိပက္ခကို ဖန်တီးပါတယ်။

ဗုဒ္ဓဘာသာကတော့ ငြိမ်းချမ်းမှုနှင့်ညီညွတ်မှု အတွက် ရေရှည်ပန်းတိုင်ကို ရရှိရန် အလိုကြီးမှုကို ဖယ်ရှားခြင်းမှတစ်ဆင့် ပဋိပက္ခကို ဖြေရှင်းပါတယ်။

၈- Management ဟာ ဒုက္ခ၏အရင်းအမြစ်ဖြစ်သော ၀ိသမလောဘစိတ်ကို တိုးတက်စေခြင်းဖြင့် အလုပ်သမား များကို တွန်းအားပေးပါတယ်။

မြတ်ဘုရားကတော့ ငြိမ်းချမ်းမှုကို ရရှိရန်အလို့ငှါ အလိုကြီးမှုကို ဖယ်ရှားဖို့ လူအများကို လမ်းညွှန်ပါတယ်။

၉- Management ဟာ ဒီနေရာမှာ ဆုံမှတ်အဖြစ် တသီးပုဂ္ဂလဆန်ပြီး ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကို အဓိကထား ပါတယ်။

ဗုဒ္ဓ၀ါဒ၏ အန္တိမဆုံးမှတ်ကတော့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှိုင်းယှဉ်လေ့လာထားသော ထင်မြင်ယူဆချက်

၁- Management ဟာ ဒီမိုကရေစီကျသော လိုင်းကြောင်းပေါ်တွင် လူအများ၏ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဥစ္စာပစ္စည်းကို ခွဲဝေရန် နည်းစနစ်ကျသော ဥပဒေသများနောက်သို့ လိုက်ပါလျှက် ခေါင်းဆောင် များက စီမံခန့်ခွဲမှုကို လမ်းညွန်ပါတယ်။ (တန်ဖိုးကို ပေါင်းရန်၊ ဥစ္စာကို ဖန်တီးရန်နှင့် ဥစ္စာကို ခွဲဝေရန်)။

ဗုဒ္ဓ၀ါဒသံဃအဖွဲ့အစည်းဟာ ဒီမိုကရက်တစ်ကျသော အဖွဲ့အစည်းဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ အသင်းအဖွဲ့ကို လမ်းညွန်တည်ဆောက်ပေးသော ခေါင်းဆောင်ဖြစ်ပါတယ်။ ဓမ္မဟာ စီမံခန့်ခွဲမှု၏ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ဓမ္မဟာ အကျိုးဆက်ကို ချက်ချင်းပေးသော ဥပဒေဖြစ်ပါတယ်။ ဓမ္မဟာ စိတ်ရောကိုယ်ပါ ကျင့်သုံးရသော ဥပဒေဖြစ်ပါတယ်။ ဒီမိုကရက်တစ်ကျသော သံဃအဖွဲ့အစည်းဟာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းအတွက် ဥပဒေကို လိုက်နာစေရန်၊ လူ့အဖွဲ့အစည်းအတွင်း လူအများကြားထဲတွင် ဥစ္စာရတနာကို ခွဲဝေရန် ဖြစ်ပါတယ်။

၂- Management ဟာ သည်လို ယူဆပါတယ်။ ရင်းမြစ်များဟာ ရှားပါးတယ်။ ဒါ့ကြောင့် မကျေနပ်မှု၊ ဒုက္ခ၊ ပဋိပက္ခ ဖြစ်တယ်။

မြတ်ဗုဒ္ဓကတော့ ဖြစ်တည်ခြင်းဟာ မကျေနပ်ဖွယ်၊ ဒုက္ခ၊ ပဋိပက္ခအဖြစ် ယူဆတယ်။

၃- Management တွင် ပဋိပက္ခ၊ ဒုက္ခကို ဖြစ်စေသောအကြောင်းတရားဟာ ဥစ္စာရတနာကို များနိုင်သမျှ များအောင်လုပ်ခြင်းအတွက် အဆုံးအစ မရှိသော အလိုဆန္ဒ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတွင် ဒုက္ခ၏ အကြောင်း ဟာ တဏှာ၊ အဆုံးမရှိသော အလိုဆန္ဒဖြစ်ပါတယ်။

၎- Management ဟာ ပူးပေါင်းလျက် အဖွဲ့အစည်း၏ဥစ္စာများကို ခွဲဝေရန် နည်းစနစ်များ၊ ဥပဒေသများ၊ စည်းမျဉ်းများကို တည်ထောင်ထားပါတယ်။

ဗုဒ္ဓဟာ ဒုက္ခကို ကျော်လွှားရန် လွန်မြောက်မှုအတွက် မဂ္ဂင် ရှစ်ပါးကို အကြံပြုထားပါတယ်။ သီလ၊ သမာဓိ၊ ပညာဟာ လွတ်မြောက်မှုအတွက် လမ်းဖြစ်ပါတယ်။

၅- Management ဟာ ပစ္စည်းဥစ္စာများကို ပြုလုပ်ခြင်းဆိုင်ရာ သိပ္ပံနည်းကျ လမ်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကတော့ ဘ၀နှင့်ပတ်သက်သော သိပ္ပံနည်းကျ လမ်းဖြစ်ပါတယ်။


၆- Management ဟာ တာဝန်,အလုပ်၏သဘာဝအပေါ်မှာ တည်မှီလျက် အဖွဲ့အစည်းဆိုင်ရာ ပန်းတိုင်ကို အောင်မြင်မှုအတွက် အလုပ်သမားများ၏ဘက်ပေါင်းစုံကျွမ်းကျင်မှုကို လေ့ကျင့်ပေးရန်နှင့် တိုးတက် စေရန် ရည်ရွယ်ပါတယ်။

ဗုဒ္ဓကတော့ သူတို့၏ပင်ကိုယ်စရိုက်အပေါ် တည်မှီလျှက် ကမ္မဌာန်း၊ ဒေသနာ၊ ဆွေးနွေးလမ်းညွှန်မှုမှတဆင့် လူအများကို လေ့ကျင့်ပေးပါတယ်။ တိုးတက်စေပါတယ်။ သည်အရာဟာ လွတ် မြောက်မှုရရန်နှင့် အတူတကွငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဖြစ်ပါတယ်။

၇- Management ဟာ သိပ္ပံပညာပိုင်းဆိုင်ရာ ပင်ကိုယ်သဘာဝကို တိုးတက်စေပုံပေါ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓ ဘာသာကတော့ သိပ္ပံနည်းကျသော သဘာဝကို တိုးတက်စေပြီး မျက်ကန်းယုံကြည်မှုကို ဖယ်ရှားပေးပါတယ်။

၈- Management ဟာ လက်ခံခြင်းမတိုင်မီ နည်းပညာနှင့် အယူအဆပိုင်းဆိုင်ရာ၏ စမ်းသပ်ချက်ကို ထောက်ခံ ပါတယ်။

မြတ်ဗုဒ္ဓကတော့ ကိုယ်ကိုယ်တိုင်က မခြွင်းမချန်စုံစမ်းမေးမြန်းပြီးနောက်မှသာလျင် အမှန်တရားကို လက်ခံရန် အားပေးထောက်ခံပါတယ်။

၉- Management ဟာ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် အပြန်အလှန်လေးစားမှုနှင့် ချစ်ခြင်း နားလည်းခြင်းဖြင့် အလုပ်လုပ်ရန် အလုပ်သမားများကို ပြုစုပျိုးထောင်ပြီး တိုးတက်ဖွံ့ဖြိုးစေပါတယ်။

ဗုဒ္ဓဘာသာကတော့ လူ့လော ကကြီး၏ အတူတကွငြိမ်းချမ်းစွာနေထိုင်ရေးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာများ တိုးတက်လာ ပါတယ်။

၁၀- Management ဟာ ဆန့်ကျင်ဘက် အရည်အသွေးများက ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးတယ်လို့ ခံယူ ထားပါတယ်။

ဗုဒ္ဓကတော့ လောဘ၊ ဒေါသ၊ မောဟ ကဲ့သို့သော ဆန့်ကျင်ဘက်အရည်အသွေးများဟာ ဒုက္ခဖြစ် စေသော အရင်းအမြစ်အကြောင်းတရားဖြစ်တယ်လို့ ဖော်ထုတ်ပေးပါတယ်။ ထိုအရာများဟာ ငြိမ်းချမ်းသော ဖြစ်တည်မှုကို နှောက်ယှက်ပါတယ်။

၁၁- Management ဟာ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင် ကြီးပွါးတိုးတက်မှုနှင့် ဖွံ့ဖြိုးစည်ပင်မှုအတွက် မိမိ ကိုယ်ကိုယ်သဘောပေါက်ခြင်းကို အားပေးတိုက်တွန်းပါတယ်။ ကြီးပွါးတိုးတက်မှုဟာ အနှစ်သာရဖြစ်ပြီး တိုးတက်ဖြစ်ထွန်းမှု ဆိတ်သုဉ်းခြင်းဟာ ပေါင်းစည်းထားသောဘ၀၏သေခြင်း ဖြစ်သည်ဟု ယုံကြည်ပါတယ်။

မြတ်ဗုဒ္ဓကတော့ မိမိကိုယ်ကိုယ်အားထားမှုအတွက် မိမိကိုယ်တိုင်ပြောင်းလဲခြင်းကို အထူးပြုထားပါတယ်။ တစ်ဦးတစ်ယောက်ဟာ သူ၏ကိုယ်ပိုင်လွတ်မြောက်မှုအတွက် အလုပ်လုပ်ရပါမယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++

Monday, July 5, 2010

ကာလာမသုတ်တော် ပါဠိ-အဋ္ဌကထာ-ဋီကာ-နိဿယ-မြန်မာပြန်-အင်္ဂလိပ်



ကေသမုတ္တိသုတ်တော် တနည်းအားဖြင့် ကာလာမသုတ်တော်လာ လူအများ စိတ်ဝင်စားသော ချက်ချင်းလက်ခံ အတည်မပြုသင့်သောအချက် ၁၀-ချက်ကို ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ များနှင့် ထင်ရှားသောဆရာတော်များ၏ ဘာသာပြန်များအား အစဉ်အတိုင်း ဖော်ပြသွားပါမည်။ မှတ်ချက်။ ။ အဋ္ဌကထာ၊ ဋီကာများအား နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ သုတ္တန္တပိဋကဌာန၊ ဌာနမှုး(ငြိမ်း) ဆရာတော် ဘဒ္ဒန္တ သုစိတ္တ ( ဒီဃ ဘာဏက၊ သာသနဓဇဓမ္မာစရိယ၊ မဟာဓမ္မာစရိယ M.A ၊ ပိဋကတ္တယပါရဂူ)မှ နိဿယ ပြန်ဆိုတော်မူသည်။



(၁) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ပထမအချက်

ပါဠိ။ ။ မာ အနုဿဝေန။

အဋ္ဌကထာ။ ။ မာ အနုဿဝေနာတိ အနုဿဝကထာယပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ မာ အနုဿဝေနာတိ အာဒီသု ပန ဧကော ဒဟရကာလတော ပဋ္ဌာယ ဧ၀ံ အနုဿဝေါ အတ္ထိ။ ဧ၀ံ စိရကာလကတာယ အနုဿတိယာ လဗ္ဘမာနံ ကထမိဒံ အညထာ သိယာ။ တသ္မာ ဘူတမေတန္တိ အနုဿဝေန ဂဏှာတိ။ တထာ ဂဟဏံ ပဋိက္ခိပန္တော “မာ အနုဿဝေနာ”တိ အာဟ။ အနု အနု သ၀နံ အနုဿဝေါ။


အဋ္ဌကထာ။ ။ မာ အနုဿဝေနာတိ - မာ အနုဿဝေန ဟူသည်ကား၊ အနုဿဝကထာယပိ - ကလေး ဘ၀မှစ၍ အဆင့်ဆင့်ကြားရသော စကားမျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ပန - အဖို့တစ်ပါးကား၊ မာ အနုဿဝေနာတိ အာဒီသု - မာ အနုဿဝေန အစရှိသော စကားရပ်တို့၌၊ အ၀ယ၀တ္ထော - အစိတ်စိတ်ဖြစ်သောအနက်ကို၊ ဧ၀ံ - ဤသို့၊ ဝေဒိတဗ္ဗော - သိထိုက်၏။ ဧကော - တစ်ယောက်သော ပုဂ္ဂိုလ်သည်၊ ဒဟရကာလတော - ငယ်ရွယ်စဉ်ကာလမှ၊ ပဋ္ဌာယ - စ၍၊ ဧ၀ံ - ဤသို့၊ အနုဿဝေါ - အဆင့်ဆင့်ကြားရခြင်းသည်၊ အတ္ထိ - ရှိ၏။ ဧ၀ံ - ဤသို့၊ စိရကာလကတာယ - ကြာမြင့်စွာ သောကာလ၌ ပြုအပ်သော၊ အနုဿတိယာ - အဖန်ဖန်အောက်မေ့ အမှတ်ရခြင်းဖြင့်၊ လဗ္ဘမာနံ - ရအပ်သော၊ ဣဒံ - ဤစကားသည်၊ ကထံ - အဘယ်သို့လျင်၊ အညထာ - တစ်ပါးသောအခြင်းအရာအားဖြင့်၊ သိယာ - ဖြစ်ရာအံ့နည်း။ တသ္မာ - ထို့ကြောင့်၊ ဧတံ - ဤစကားသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ အနုဿဝေန - ငယ်ရွယ်စဉ်ကာလမှ အဆင့်ဆင့်ကြားခြင်းဖြင့်၊ ဂဏှာတိ - ယူ၏။ တထာ - ထိုသို့သော အခြင်းအရာအားဖြင့်၊ ဂဟဏံ - ယူခြင်းကို၊ ပဋိက္ခိပန္တော - ပယ်မြစ်တော်မူလိုသော (၀ါ) ပယ်မြစ်တော်မူလို သည်၏အဖြစ်ကြောင့်၊ “မာ အနုဿဝေနာ”တိ - မာ အနုဿဝေနဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။ အနု အနု - အဆင့်ဆင့်၊ သ၀နံ - ကြားခြင်း၊ အနုဿဝေါ - အဆင့်ဆင့်ကြားခြင်း။


(၁) ကလေးဘ၀မှစ၍ အဆင့်ဆင့်ကြားရသော စကားမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ပြောသံကြားကာမျှဖြင့် ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) ကလေးဘ၀မှစ၍ ကြားနာမှတ်သားခဲ့ရခြင်းဖြင့်လည်း ဟုတ်တယ်မှန်တယ်ဟု အစွဲအမြဲ မယူကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) အဆင့်ဆင့်ပြောစကား ကြားရုံမျှဖြင့်လည်း ဟုတ်လှပြီဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) သူတစ်ပါး၏အထံမှ အဖန်တလဲလဲ ကြားသောစကားဖြင့် မယူကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော်နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything on (mere) hearsay – (i.e. thinking that thus have we heard it from a long time.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) Do not be led by reports. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) Do not go by oral tradition. Nyanaponika Thera (Numerical discourses of the Buddha - 64)
*********************************************************************


(၂) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ဒုတိယအချက်


ပါဠိ။ ။ မာ ပရမ္ပရာယ။

အဋ္ဌကထာ။ ။ မာ ပရမ္ပရာယာတိ ပရမ္ပရ ကထာယပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ အပရော ‘အမှာကံ ပိတုပိတာ မဟာဝုဒ္ဓါနံ ဥပဒေသ ပရမ္ပရာယ ဣဒမာဘတံ။ ဧ၀ံ ပရမ္ပရာဘတံ ကထံနာမ န အညထာ သိယာ တသ္မာ ဘူတမေတန္တိ ဂဏှာတိ၊ တံ ပဋိက္ခိပန္တော ‘မာ ပရမ္ပရာယာ’တိ အာဟ။


အဋ္ဌကထာ။ ။ မာ ပရမ္ပရာယာတိ - မာ ပရမ္ပရာယဟူသည်ကား၊ မာ ပရမ္ပရကထာယပိ - မိဘဘိုးဘွား အစရှိသည်တို့ သတ်မှတ်ခဲ့သော ဥပဒေသအဆက်ဆက်စကားများမျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


ဋီကာ။ ။ အပရော - တစ်ယောက်သောပုဂ္ဂိုလ်သည်၊ အမှာကံ - ငါတို့၏၊ ပိတုပိတာမဟာဝုဒ္ဓါနံ - အဘအဘိုး အစရှိသောအားဖြင့် ကြီးကုန်သောသူတို့၏၊ ဥပဒေသ ပရမ္ပရာယ - ဥပဒေအဆက်ဆက်အားဖြင့်၊ ဣဒံ - ဤစကားကို၊ အာဘတံ - ဆောင်အပ်၏။ ဧ၀ံ - ဤသို့၊ ပရမ္ပရာဘတံ - အဘ အဘိုး အစရှိကုန်သော ကြီးကုန်သောသူတို့၏ ဥပဒေသအဆက်ဆက်အားဖြင့် ဆောင်အပ်သော၊ ကထံနာမ - စကားမည်သည်၊ အညထာ - တစ်ပါးသောအခြင်းအရာအားဖြင့်၊ န သိယာ - မဖြစ်ရာ။ တသ္မာ - ထို့ကြောင့်၊ ဧတံ - ဤစကားသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့ယူခြင်းကို၊ ပဋိက္ခိပန္တော - ပယ်မြစ်တော်မူလိုသော၊ ၀ါ- ပယ်မြစ်တော်မူလိုသည်၏အဖြစ်ကြောင့်၊ ‘မာ ပရမ္ပရာယာ’တိ - မာ ပရမ္ပရာယ ဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) မိဘဘိုးဘွားစသော ကြီးကုန်သောသူတို့၏ အစဉ်အဆက် သတ်မှတ်သယ်ဆောင်ခဲ့သော ဥပဒေသနှင့် ကိုက်ညီသည်ဟူ၍လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) အစဉ်အဆက်စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ (ပရံပရ = အဆက်ဆက်) မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အစွဲအမြဲ မယူထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) မိဘဘိုးဘွား အဆက်ဆက်ပြောစကားဖြင့်လည်း ဟုတ်လှပြီဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ဆွေမျိုးတို့၏အဆက်ဆက်မှလာသော စကားဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything on mere tradition. – (i.e. thinking that it has thus been handed down through many generations.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) or tradition. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by lineage of teaching. Nyanaponika Thera (Numerical discourses of the Buddha - 64)
********************************************************************

(၃) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော တတိယအချက်


ပါဠိ။ ။ မာ ဣတိ ကိရာယ။

အဋ္ဌကထာ။ ။ မာ ဣတိ ကိရာယာ’တိ ဧ၀ံ ကိရ ဧတန္တိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ဧကော ကေနစိ ကိသ္မိဉ္စိ ၀ုတ္တမတ္ထေ ‘ဧ၀ံ ကိရ ဧတ ’ န္တိ ဂဏှာတိ၊ တံ နိသေဓေန္တော ‘မာ ဣတိ ကိရာယာ’တိ အာဟ။


အဋ္ဌကထာ။ ။ မာ ဣတိ ကိရာယာ’တိ - မာ ဣတိ ကိရာယ-ဟူသည်ကား၊ ဧတံ - ဤစကားသည်၊ ဧ၀ံကိရ - ဤသို့ဖြစ်ဖူးသတတ်၊ ဣတိ - ဤသို့၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ဧကော - တစ်ယောက်သော ပုဂ္ဂိုလ်သည်၊ ကေနစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်၊ ကိသ္မိဉ္စိ - တစ်စုံတစ်ခုသော အကြောင်းအရာကို၊ ၀ုတ္တမတ္တေ - ပြောဆိုကာမျှဖြစ်လတ်သော်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံကိရ - ဤသို့ဖြစ်ဖူးသတတ်၊ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့ ယူခြင်းကို၊ နိသေဓေန္ဓော - တားမြစ်တော်မူလိုသော၊ ၀ါ- တားမြစ်တော်မူလိုသည်၏အဖြစ်ကြောင့်၊ မာ ဣတိ ကိရာယာ’တိ - မာ ဣတိ ကိရာယဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) “ဒီဟာက ဒီလိုတဲ့” ဟု အခြားတစ်ယောက် ပြောလိုက်ရုံမျှဖြင့်လည်း အမြဲအစွဲ မှတ်ယူ မယူထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) အဲဒါ ဒီလိုတဲ့ဟု မသေမချာ ပြောစကားဖြင့်လည်း ဟုတ်လှပြီဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ဤသို့ဖြစ်သတတ်ဟူသော အခြင်းအရာအားဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything on account of mere rumour. – (i.e. by believing what other say without any investigation.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) or hearsay. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by hearsay. Nyanaponika Thera (Numerical discourses of the Buddha - 64)
*******************************************************************

(၄) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော စတုတ္ထအချက်

ပါဠိ။ ။ မာ ပိဋကသမ္ပဒါနေန။

အဋ္ဌကထာ။ ။ မာ ပိဋကသမ္ပဒါနေနာတိ အမှာကံ ပိဋကတန္တိယာ သဒ္ဓိံသမေတီတိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ပိဋကံ ဂန္ထော သမ္ပဒီယတီတိ ဧတဿာတိ ပိဋကသမ္ပဒါနံ။ ဂန္ထဿ ဥဂ္ဂဏှနကော။ တေန ပိဋက ဥဂ္ဂဏှကဘာဝေန ဧကစ္စော တာဒိသံ ဂန္ထံ ပဂုဏံ ကတွာ တေန တံ သမေန္တံ သမေတိ။ တသ္မာ “ဘူတမေတန္တိ” ဂဏှာတိ။ တံ သန္ဓာယေသ ပဋိက္ခေပေါ “မာ ပိဋကသမ္ပဒါနေနာ”တိ။ အတ္တနော ဥဂ္ဂဟဂန္ထ သမ္ပတ္တိယာ မာ ဂဏှိတ္ထာတိ ၀ုတ္တံ ဟောတိ။ “သမေတ”န္တိ သံဂတံ။


အဋ္ဌကထာ။ ။ မာ ပိဋကသမ္ပဒါနေနာတိ - မာ ပိဋကသမ္ပဒါနေန ဟူသည်ကား၊ အမှာကံ - ငါတို့၏။ ပိဋကတန္တိယာ - ပိဋကပါဠိတော်နှင့်၊ သဒ္ဓိံ - အတူတကွ၊ သမေတိ - ညီညွတ်ပေ၏။ ဣတိ - ဤသို့၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ဧတဿ - ဤပုဂ္ဂိုလ်အား၊ ပိဋကံ ဂန္ထော - ပိဋကကျမ်းစာသည်၊ သမ္ပဒီယတိ - ပြည့်စုံ၏။ ဣတိတသ္မာ - ထို့ကြောင့်၊ ပိဋကသမ္ပဒါနံ - ပိဋကသမ္ပဒါန-မည်၏။ ဂန္ထဿ - ကျမ်းစာကို၊ ဥဂ္ဂဏှနကော - သင်ယူတတ်သောသူတည်း။ တေန ပိဋက ဥဂ္ဂဏှကဘာဝေန - ထိုသို့ ပိဋကကို သင်ယူတတ်သည်၏အဖြစ်ဖြင့်၊ ဧကစ္စော - အချို့သောပုဂ္ဂိုလ်သည်၊ တာဒိသံ - ထိုကဲ့သို့ရှု့အပ်သော သဘောရှိသော၊ ဂန္ထံ - ကျမ်းစာကို၊ ပဂုဏံ - လေ့ကျက်သည်ကို၊ ကတွာ - ပြု၍၊ တေန - ထိုကျမ်းဂန်နှင့်၊ တံ - ထိုပြောဆိုလာသော အကြောင်းအရာသည်၊ သမေန္တံ - တူမျှသည်ရှိသော်၊ ၀ါ-ကောင်းစွာရောက်သည်ရှိသော်၊ သမေတိ - ညီညွတ်၏။ တသ္မာ - ထို့ကြောင့်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သောယူခြင်းကို၊ သန္ဓာယ - ရည်ရွယ်၍၊ “မာ ပိဋကသမ္ပဒါနေနာ”တိ - မာ ပိဋကသမ္ပဒါနေန-ဟူ၍၊ ဧသ- ဧသော ပဋိက္ခေပေါ - ဤပစ်ပယ်ခြင်းကို၊ ဘဂ၀တာ - မြတ်စွာဘုရားသည်၊ ၀ုတ္တော - ဟောတော်မူအပ်ပြီ။ အတ္တနော - မိမိ၏။ ဥဂ္ဂဟဂန္ထ သမ္ပတ္တိယာ - သင်ယူအပ်သောကျမ်းဂန်၏ ပြည့်စုံခြင်းမျှဖြင့်၊ မာ ဂဏှိတ္ထ - အတည်မယူကုန်လင့်။ ဣတိ - ဤသို့၊ ၀ုတ္တံ - ဆိုအပ်သည်၊ ဟောတိ - ဖြစ်၏။ သမေတန္တိ - သမေတံဟူသည်ကား၊ သံဂတံ - ကောင်းစွာရောက်၏။


(၁) မိမိသင်ယူထားသော ပိဋကတ်ကျမ်းဂန်နှင့် ညီညွတ်ပြည့်စုံပေသည်ဟုလည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ပိဋကတ်စာပေနှင့်ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) “ဒီအယူအဆဟာ ငါတို့ သင်အပ်သောကျမ်းစာနှင့်ညီတယ်” ဟု မိမိတို့ ကျမ်းစာနှင့်ညီနေရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) ကျမ်းဂန်ကို သင်ပြပေးရာ ပုဂ္ဂိုလ်၏အဖြစ်အားဖြင့်လည်း၊ မိမိကိုယ်ကို ကျမ်းဂန်ကို သင်ယူထားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးအနေအားဖြင့်လည်း၊ မိမိတို့ကျမ်းဂန်နှင့်ကိုက်ညီ၏ဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ ဤစကား ဤအယူဝါဒသည် ငါတို့ သင်ယူထားသော ကျမ်းဂန်နှင့်ကိုက်ညီသည်ဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) သင်အပ်သောကျမ်းဂန်ပါဠိကို ပြည့်စုံစေသဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything just because it accords with your scriptures. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) Be not led by the authority of religious texts. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by collection on scriptures. Nyanaponika Thera (Numerical discourses of the Buddha - 64)
***********************************************************************

(၅) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ပဉ္စမအချက်

ပါဠိ။ ။ မာ တက္ကဟေတု။

အဋ္ဌကထာ။ ။ မာ တက္ကဟေတူတိ တက္ကဂ္ဂါဟေနပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ကောစိ ကဉ္စိ ၀ိတက္ကန္တော ‘ဧ၀မေ၀ တေန ဘ၀ိတဗ္ဗ’ န္တိ ကေ၀လံ အတ္တနော သင်္ကပ္ပ၀သေန ‘ဘူတမိဒ’ န္တိ ဂဏှာတိ။ တံ သန္ဓာယေတံ ၀ုတ္တံ ‘တက္ကဟေတူ’တိ။


အဋ္ဌကထာ။ ။ မာ တက္ကဟေတူတိ -မာ တက္ကဟေတု - ဟူသည်ကား၊ တက္ကဂ္ဂါဟေနပိ - မိမိကြံစည်စဉ်းစားသော အကြံအစည်ကို ယူခြင်းဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ကောစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်၊ ကဉ္စိ - တစ်စုံတစ်ခုသောအကြောင်းအရာကို၊ ၀ိတက္ကန္တော - ကြံစည်သည်ရှိသော်၊ တေန - ထိုအကြောင်းအရာသည်၊ ဧ၀မေ၀ - ဤသို့သာလျင်၊ ဘ၀ိတဗ္ဗံ - ဖြစ်ထိုက်၏။ ဣတိ - ဤသို့၊ ကေ၀လံ - နယဟေတု, အကာရပရိဝိတက္က - တို့နှင့် မရောမယှက်သက်သက်၊ အတ္တနော - မိမိ၏၊ သင်္ကပ္ပ၀သေန - အကြံ၏အစွမ်းဖြင့်၊ ဣဒံ - ဤအကြောင်းအရာသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ -ထိုသို့သောယူခြင်းကို၊ သန္ဓာယ - ရည်ရွယ်၍၊ ဧတံ ‘တက္ကဟေတူ’ တိ ၀စနံ - တက္ကဟေတုဟူသော ဤစကားကို၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ ၀ုတ္တံ - မိန့်တော်မူအပ်၏။


(၁) မိမိကိုယ်တိုင် ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) မိမိဘာသာ ကြံစည်အပ်သော အရာကိုလည်း ဟုတ်လှပြီမှန်လှပြီဟု အစွဲအမြဲ ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) ဤအတိုင်းသာ ဖြစ်လောက်ရာ၏ဟု ကြံဆယူခြင်းဟူသော အကြောင်းဖြင့်လည်း ဤအကြံအတိုင်း ဟုတ်ပြီဟု အတည်မယူကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ကြံဆ၍ယူခြင်းဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything by mere supposition. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by mere logic. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by logical reasoning. Nyanaponika Thera (Numerical discourses of the Buddha - 64)
********************************************************************

(၆) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ဆဌမအချက်

ပါဠိ။ ။ မာ နယဟေတု။

အဋ္ဌကထာ။ ။ “မာ နယဟေတူ” တိ နယဂ္ဂါဟေန ပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ “အညော ဣမာယ ယုတ္တိယာ ဘူတမိဒ” န္တိ ကေ၀လံ အနုမာနတော နယဂ္ဂါဟေန ဂဏှာတိ၊ တံ ပဋိက္ခိပန္တော ‘မာ နယဟေတူ’တိ အာဟ။


အဋ္ဌကထာ။ ။ “မာ နယဟေတူ” တိ - မာ နယဟေတု- ဟူသည်ကား၊ နယဂ္ဂါဟေန ပိ - နည်းကိုယူခြင်း မျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ အညော - တစ်ယောက်သောပုဂ္ဂိုလ်သည်၊ ဣဒံ - ဤအကြောင်းအရာသည်၊ ဣမာယ ယုတ္တိယာ - ဤအကြောင်းယုတ္တိဖြင့်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ကေ၀လံ - တက္ကဟေတု, အာကာရပရိဝိတက္ကတို့နှင့် မရောမယှက်သက်သက်၊ အနုမာနတော့ - မှန်းဆသောအားဖြင့်၊ နယဂ္ဂါဟေန - နည်းကိုယူခြင်းဖြင့်၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သောယူခြင်းကို၊ ပဋိက္ခိပန္တော - ပယ်မြစ်တော်မူလိုသော ၀ါ- ပယ်မြစ်တော်မူလိုသည်၏အဖြစ်ကြောင့် ‘မာ နယဟေတူ’ တိ- မာ နယဟေတု-ဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) သဘာဝယုတ္တိနည်းဖြင့် ကိုက်ညီပေသည်ဟူ၍ မှန်းဆသောနည်းလမ်းဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) နည်းမှီယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) နည်းလမ်းယုတ္တိ ချိန်ဆယူခြင်းဟူသော အကြောင်းဖြင့်လည်း ၀ါ- နည်းယူခြင်း၊ နည်းမှီခြင်းဖြင့်လည်း ဟုတ်ပြီဟု အတည်မယူကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) နည်းကို ယူသဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything by mere inference. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) or inference. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by inferential reasoning. Nyanaponika Thera (Numerical discourses of the Buddha - 64)
*************************************************************************

(၇) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော သတ္တမအချက်

ပါဠိ။ ။ မာ အာကာရပရိဝိတက္ကေန။

အဋ္ဌကထာ။ ။ “မာ အာကာရပရိဝိတက္ကေနာ”တိ သုန္ဒရမိဒံ ကာရဏန္တိ ဧ၀ံကာရဏပရိဝိတက္ကေနပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ကဿစိ ‘ဧ၀မေတံ သိယာ’ တိ ပရိကပ္ပေန္တဿ ဧကံ ကာရဏံ ဥပဌာတိ။ သော ‘အတ္ထေတ’ န္တိ အတ္တနော ပရိကပ္ပိတာ ကာရေန ဂဏှာတိ တံ ပဋိသေဓေန္တော ‘မာ အာကာရ ပဋိဝိတက္ကေနာ’ တိ အာဟ။


အဋ္ဌကထာ။ ။ “မာ အာကာရပရိဝိတက္ကေနာ”တိ - မာ အာကာရပရိဝိတက္ကေနဟူသည်ကား၊ ဣဒံ ကာရဏံ - ဤအကြောင်းအရာသည်၊ သုန္ဒရံ - ကောင်း၏။ ဣတိ ဧ၀ံ - ဤသို့၊ ကာရဏပရိဝိတက္ကေနပိ - ခိုင်လုံသော အကြောင်းအရာကို ကြံစည်ခြင်းမျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ကဿစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံ - ဤသို့၊ သိယာ - ဖြစ်ရာ၏။ ဣတိ - ဤသို့၊ ပရိကပ္ပေန္တဿ - ကြံစည်သည်ရှိသော်၊ ၀ါ- ကြံစည်စဉ်၊ ဧကံ ကာရဏံ - တစ်ခုသောအကြောင်းအရာသည်၊ ဥပဌာတိ - ထင်၏။
တစ်နည်း။ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံ - ဤသို့၊ သိယာ - ဖြစ်ရာ၏။ ဣတိ - ဤသို့၊ ပရိကပ္ပေန္တဿ- ကြံစည်သော၊ ကဿစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား၊ ဧကံ ကာရဏံ - တစ်ခုသောအကြောင်းအရာသည်၊ ဥပဌာတိ - ထင်၏။ သော - ထိုပုဂ္ဂိုလ်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ အတ္ထိ - ရှိ၏။ ဣတိ - ဤသို့၊ အတ္တနော - မိမိ၏။ ပရိကပ္ပိတာ ကာရေန - ကြံစည်အပ်သောအခြင်းအရာအားဖြင့်၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သောယူခြင်းကို၊ ပဋိသေဓေန္တော - တားမြစ်တော်မူလိုသော၊ ၀ါ- တားမြစ်တော်မူလိုသည်၏အဖြစ်ကြောင့်၊ ‘မာ အကာရ ပရိဝိတက္ကေနာ’တိ - ‘မာ အကာရ ပရိဝိတက္ကေနဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) ကြံစည်အပ်သောအခြင်းအရာ၏ ခိုင်လုံသော အကြောင်းအထောက်အထား ရှိရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃)တစ်စုံတစ်ခု ပြုဖို့ရန် အကြောင်းအထောက်အထားကို စဉ်းစားရာဝယ် အထောက်အထားကောင်းကိုရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲမယူကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) အကြောင်းကို ကြံဆခြင်းဖြင့်လည်း ၀ါ- မိမိကြံစည်အပ်သော အကြောင်းဖြင့်လည်း အကြောင်း ခိုင်လုံသည်ဟူ၍ အတည်မယူကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) အခြင်းအရာကို ကြံသောအားဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything by merely considering the reason. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by considering appearances. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by reflection on reasons. Nyanaponika Thera (Numerical discourses of the Buddha - 64)
*****************************************************************


(၈) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော အဋ္ဌမအချက်

ပါဠိ။ ။ မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယာ။

အဋ္ဌကထာ။ ။ “မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယာ” တိ အမှာကံ နိဇ္ဈာယိတွာ ခမိတွာ ဂဟိတဒိဋ္ဌိယာ သဒ္ဓိံ သမေတီတိ ပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ အပရဿ စိန္တာယတော ယထာပရိကပ္ပိတံ ကဉ္စိ အတ္ထံ ‘ဧ၀မေတံ န အညထာ’တိ အဘိနိဝိသန္တဿ ဧကာဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ယာ ယဿ တံ ကာရဏံ နိဇ္ဈာယန္တဿ ပစ္စက္ခံဝိယ နိရူပေတွာ စိန္တေန္တဿ ခမတိ၊ သော ‘အတ္ထေတ’ န္တိ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ ဂဏှာတိ၊ တံ သန္ဓာယာတိ ‘မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ’တိ။

အဋ္ဌကထာ။ ။ “မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယာ” တိ- မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယ- ဟူသည်ကား၊ အမှာကံ - ငါတို့၏။ ၀ါ- ငါတို့သည်၊ နိဇ္ဈာယိတွာ - ရှု့ကြည့်၍၊ ၀ါ- ကြံစည်၍၊ ခမိတွာ - နှစ်သက်၍၊ ဂဟိတဒိဋ္ဌိယာ - ယူအပ်သောအယူနှင့်၊ သဒ္ဓိံ - အတူတကွ၊ သမေတိ - ညီညွတ်ပေ၏။ ဣတိပိ - ဤသို့လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


ဋီကာ။ ။ အပရဿ - တစ်ယောက်သောပုဂ္ဂိုလ်အား၊ ၀ါ- တစ်ယောက်သောပုဂ္ဂိုလ်သည်၊ စိန္တာယတော - ကြံစည်သည်ရှိသော်၊ ၀ါ- ကြံစည်စဉ်၊ ယထာ ပရိကပ္ပိတံ - အကြင်အကြင် ကြံစည်ထားတိုင်းသော၊ ကဉ္စိ - တစ်စုံတစ်ခုသော၊ အတ္ထံ - အနက်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံသိယာ - ဤသို့ဖြစ်ရာ၏။ အညထာ - တစ်ပါးသောအခြင်းအရာအားဖြင့်၊ နသိယာ - မဖြစ်ရာ။ ဣတိ - ဤသို့၊ အဘိနိဝိသန္တဿ - နှလုံးသွင်းစဉ်၊ ဧကာ - တစ်ခုသော၊ ဒိဋ္ဌိ - အယူသည်၊ ဥပ္ပဇ္ဖတိ- ဖြစ်၏။ ယဿ ပုဂ္ဂလဿ - အကြင်ပုဂ္ဂိုလ်အား၊ ယာ ဒိဋ္ဌိ - အကြင်အယူကို၊ တံ ကာရဏံ - ထိုအကြောင်းကို၊ နိဇ္ဈာယန္တဿ - ကြည့်ရှု့သည်ရှိသော်၊ ၀ါ- ကြံစည်သည်ရှိသော်၊ ပစ္စက္ခံဝိယ - မျက်မှောက်ကဲ့သို့၊ နိရူပေတွာ - တင်၍၊ စိန္တေန္တဿ - ကြံစည်စဉ်၊ ခမတိ - ကြိုက်နှစ်သက်အပ်၏။ သော ပုဂ္ဂလော - ထိုပုဂ္ဂိုလ်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ အတ္ထိ -ရှိ၏။ ဣတိ -ဤသို့၊ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ - မိမိ၏အယူနှင့်တူမျှသည်ကို ကြည့်ရှု့နှစ်သက်ခြင်းဖြင့်၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သော ယူခြင်းကို၊ သန္ဓာယ- ရည်ရွယ်၍၊ ‘မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ’တိ ၀စနံ - မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယ-ဟူသော စကားကို၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) ငါတို့ ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ငါတို့ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) သူပြောအပ်သောအယူဝါဒသည် ငါတို့ စဉ်းစားကြေနပ်ထားသောအယူနှင့် ညီမျှပေသည်ဟု အယူဝါဒချင်းတူမျှယုံမျှဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) တွေးကြံစဉ်းစား၍ ကြေနပ်နှစ်သက်လက်ခံထားအပ်သော မိမိအယူအဆဖြင့်လည်း၊ ၀ါ- တွေးကြံစဉ်းစား၍ ကြေနပ်နှစ်သက် လက်ခံထားအပ်သော မိမိအယူအဆနှင့်ကိုက်ညီသဖြင့်လည်း အတည်မယူကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ကြံစည်၍ နှစ်သက်၍ ယူအပ်သောအယူဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything merely because it agrees with your pre-conceived notions. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by the delight in speculative opinions. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by the acceptance of a view after pondering. Nyanaponika Thera (Numerical discourses of the Buddha - 64)
*************************************************************

(၉) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော န၀မအချက်

ပါဠိ။ ။ မာ ဘဗ္ဗရူပတာယ။

အဋ္ဌကထာ။ ။ မာ ဘဗ္ဗရူပတာယာတိ အယံဘိက္ခု ဘဗ္ဗရူပေါ၊ ဣမဿ ကထံ ဂဟေတုံ ယုတ္တန္တိပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ဖွင့်ဆိုချက်မရှိ။


အဋ္ဌကထာ။ ။ မာ ဘဗ္ဗရူပတာယာတိ - မာ ဘဗ္ဗရူပတာယ ဟူသည်ကား၊ အယံဘိက္ခု - ဤရဟန်းသည်၊ ဘဗ္ဗရူပေါ- ယုံကြည်ထိုက်သော
ပုဂ္ဂိုလ်တည်း၊ ဣမဿ - ဤပုဂ္ဂိုလ်၏၊ ကထံ - စကားကို၊ ဂဟေတုံ - ယူခြင်းငှါ၊ ယုတ္တံ - သင့်မြတ်၏။ ဣတိပိ - ဤသို့လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


(၁) အများယုံကြည်လေးစားထိုက်သော သဘောရှိသော ရဟန်း၏စကားမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) ဤရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်းပုဂ္ဂိုလ်တည်း။ ဒီလို ပုဂ္ဂိုလ်၏စကားကို လေးလေးစားစား မှတ်သားထိုက်သည်ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) စကားကို နာယူထိုက်သော သဘောရှိသော ပုဂ္ဂိုလ်၏အဖြစ်အားဖြင့်လည်း ဤပုဂ္ဂိုလ်ပြောစကား မမှားဧကန်မှန်၏ဟု အတည်မယူကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ထိုက်သောရဟန်း၏အဖြစ်ဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything merely because it seems acceptable. – (i.e. thinking that as the speaker seems to be a good person his worlds should be accepted.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by seeming possibilities. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by the seeming competence of a speaker, or because you think. Nyanaponika Thera (Numerical discourses of the Buddha - 64)
******************************************************

(၁၀) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ဒသမအချက်

ပါဠိ။ ။ မာ သမဏော နော ဂရူတိ။

အဋ္ဌကထာ။ ။ မာ သမဏော နော ဂရူတိ အယံ သမဏော အမှာကံ ဂရု၊ ဣမဿ ကထံ ဂဟေတုံ ယုတ္တန္တိပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ဖွင့်ဆိုချက်မရှိ


အဋ္ဌကထာ။ ။ မာ သမဏော နော ဂရူတိ- မာ သမဏော နော ဂရု-ဟူသည်ကား၊ အယံ သမဏော - ဤရဟန်းသည်၊ အမှာကံ - ငါတို့၏။ ဂရု - အလေးအမြတ် ပြုအပ်သူတည်း။ ဣမဿ - ဤရဟန်း၏၊ ကထံ - စကားကို၊ ဂဟေတုံ - ယူခြင်းငှါ၊ ယုတ္တံ -သင့်မြတ်၏။ ဣတိပိ - ဤသို့လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


(၁) ငါတို့လေးစားသော ရဟန်း၏စကားဟူ၍လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ငါတို့လေးစားသော ရဟန်း၏စကားဟူ၍လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃)ဤရသေ့ရဟန်းကား ငါတို့ကိုးကွယ်အပ်သော ဆရာဖြစ်၏။ ငါ့ဆရာစကားကို ငါမှတ်သားသင့်သည်ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄)ငါတို့၏ဆရာဖြစ်သော ရဟန်းပေတည်း။ ဤသို့ အားကိုးတစ်ခု အခိုင်အမာပြု၍လည်း အတည်မယူကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ရဟန်းသည် ငါတို့၏ဆရာတည်း၊ ဤသို့ နှလုံးပိုက်သဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything thinking that the ascetic is respected by us. – (i.e. therefore it is right to accept his word.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by the idea; “this is our teacher”. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) the ascetic is our teacher. Nyanaponika Thera (Numerical discourses of the Buddha - 64)

+++++++++++++++++++++++++++++++++++++++++++++++++++++++



****** မစွဲလမ်းရာ ဆယ်ဌာန ******

ကလေးဘ၀၊ စ၍မှလျင်၊ ကြာရဖန်ဖန်၊ ပရံပရ၊ မိဘဘိုးဘွား၊ ဆက်ဆက်အား၊ မှတ်သားခဲ့ဘိ၊ ပြုရိုးရှိ၏။
ဣတိကိရ၊ ကြားလူကပြော၊ ကျမ်းသဘောနှင့်၊ နှီးနှောညှိပြန်၊ အကြံသက်သက်၊ ကြံစည်ချက်တည်း။
တစ်နည်းမှန်းဆ၊ နည်းလမ်းရယူ၊ တစ်မူအကြောင်း၊ ကြံကောင်းကြံရ၊ ကိုယ့်ယူဆကို၊ အားရနှစ်သက်၊ ညီညွတ်ချက်ပါ၊ ရဟန်းမှာမူ၊ ပြောရာမှန်ကန်၊ ဖြစ်သင့်တန်၏။
တစ်ဖန်သူဟာ၊ ဒို့ဆရာဟု၊ ဆယ်ဖြာကြောင်းစု၊ တစ်ခုခုကြောင့်၊ ယူမှုတိမ်းစောင်း၊ မှားတတ်ကောင်းသည်၊ အပေါင်းစဉ်းစားကြစေသောဝ်။
အနာဂတ်သာသနာ - ၃၅၄


****** ဘာသာအယူဝါဒစစ်တမ်း ******

ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ ကြုံလိမ့်။
စေ့စေ့ညဏ်ဖြင့်၊ မြော်ထောက်ချင့်ကာ------------
တစ်ဆင့်ကြားသိ၊ မိရိုးဖလာ၊ ကောလာဟလ၊ ကျမ်းစာမျှနှင့်၊ ကြံဆ - နည်းမှီ၊ ဆီလျော်သုံးသပ်၊ ယူချင်းထပ်၍၊ ယုံအပ်သူပဲ၊ ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ၊ မယူကြလင့်။
ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ညဏ်ဖြင့်၊ မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊ မျိုးကာလာမ၊ ဟောညွန်ပြ၊ ၀ါဒအယူ၊ စစ်တမ်းပေ။

ထေရ၀ါဒသာသနာစစ်တမ်း

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်