Saturday, August 28, 2010

သီတဂူဆရာတော်ဘုရားကြီးနှင့်ဆရာတော်ဘုရားများ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့-သို့ သာသနာပြုခရီးကြွရောက်တော်မူခြင်း






အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌ(Maharashtra)ပြည်နယ်၊ မွမ်ဘိုင်း(ဘုံဘေ)မြို့၊ ကေ.ဂျေ.စောမယကောလိပ် (K.J.Somaiya College)၊ ဗုဒ္ဓဘာသာဌာန(Buddhist Studies)မှ ကြီးမှုးကျင်းပသော (၆)ကြိမ်မြောက် ကမ္မဌာန်းနည်းများဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကို စက်တင်ဘာ ၃-ရက်နေ့မှ ၅-ရက်(၃-၉-၂၀၁၀/ ၅-၉-၂၀၁၀)နေ့ထိ ကျင်းပမည်ဖြစ်ရာ ဖော်ပြပါ ဆရာတော်ကြီးများ ကြွရောက်တော်မူကြမည်ဟု သတင်းရရှိပါသည်။

(၁) သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တညဏိဿရ (မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ Ph.D (India), D.Litt, D.Litt (Thailand), D.Litt (Myanmar)၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်အဓိပတိ၊ စစ်ကိုင်း)
(၂) ဓမ္မဒူတဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ (မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ Ph.D (Myanmar)၊ အပြည် ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်)
(၃) ငါးကျမ်းပြန်ကျောင်း(ရန်ကုန်)နှင့် မေတ္တာနန္ဒ၀ိဟာရဓမ္မရိပ်သာ(အမေရိကန်နိုင်)ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မပိယ (Ph.D(U.S.A)၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်-ဧည့်ပါမောက္ခ၊ ရန်ကုန်)

မှတ်ချက်။ ။ ဆရာတော်ဘုရားကြီးများသည် ၂-၉-၂၀၁၀-နေ့တွင် ကြွရောက်ကြမည်ဖြစ်သည်။ ညီလာခံတွင် စာတမ်းများ ဖတ်ကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ တရုတ်, ဂျပန်, ကိုးရီးယား, ထိုင်း, ဗီယက်နမ်, တိဘက် (ထေရ၀ါဒ၊ မဟာယာန) စသည့် ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ကမ္ဘာကျော်ဝိပဿနာဆရာကြီး ဂိုအင်ကာနှင့်တွေ့ဆုံခြင်း၊ ဆရာကြီး ဦးစီးတည်ထားသော ရွှေတိဂုံဘုရားကြီး ပုံစံတူ ဂလိုဘယ်ဘုရားကြီးအား သွားရောက်ဖူးမျော်ကြည်ညိုခြင်း၊ မွမ်ဘိုင်းမြို့, ပုနေးမြို့တို့တွင် ပညာသင်ကြားလျှက်ရှိသော စာသင်သားသံဃာတော်များအား သြ၀ါဒပေးခြင်း၊ မွမ်ဘိုင်းမြို့ရှိ ထင်ရှားကျော်ကြားသောနေရာများသို့ သွားရောက်ကြည့်ရှု့ကြပြီးနောက် ၅-၉-၂၀၁၀-နေ့တွင် မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကြမည်ဟု သတင်းရရှိပါသည်။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်