Thursday, January 26, 2012

သဘောထားကို ပြောင်းပါ….ဒါပေမယ့် Lifestyle - တော့ မဟုတ်


စိတ်ပိုင်းဆိုင်ရာ ချိုးကွေ့ပြောင်းလဲဖို့- သင့်ရဲ့ ကိုယ်ပိုင်အ၀တ်အစားများ- စားနေကျအစားအစာ များ- နေပုံထိုင်ပုံများကို- ပြောင်းလဲရမယ်- ပြီးတော့ သုန်မှုန် မရွှင်ပျတဲ့ - ပြင်းခြောက်ခြောက် စိတ်ကုန်နေတဲ့ ပုံစံကို ခံယူရမယ်- လို့ ယုံကြည်နေတဲ့ အချို့သူတွေ ရှိကြပါတယ်။ ဒီအရာက ရုပ်ဝါဒကို အသားပေးတဲ့ လမ်းခရီးများမှာ ဆက်လက်သွားနေတဲ့ သူများအတွက် ဖျောင်းဖျဆွဲဆောင်နိုင်စွမ်း မရှိပါ။
စိတ်ကူးစိတ်သန်းထက်မြက်တဲ့သူ အချို့ သူတို့ရဲ့အတွေးစိတ်ကူးများကို ချန်လှပ်လို့ အရာရာကို ပြောင်းလဲကြတာ ကကော။ သူတို့ဟာ အကျိုးအမြတ်ကို ကျရှုံးပါတယ်။ မချင့်မရဲအာသာမပြေ ဖြစ်ရပါတယ်။ မျော်လင့်ချက် အဆက်ပြတ်သွားပါတယ်။ “သဘောထား”အပေါ်မှာသာလျင် အာရုံရောက် စူးစိုက်နေတဲ့ ချင့်ချိန်ဆင်ခြင် တတ်သူတစ်ဦးဆိုတာက ရှားရှားပါးပါးပါ။ ဒါဆို အောင်မြင်သူများ ဆိုတာကကော…
အခြေအနေတိုင်း အခိုက်အတံ့တိုင်းမှာ လေးနက်တဲ့ ရွေးရန်အခွင့်အလမ်း သင့်မှာ ရှိတယ် - ဆိုတာပါ။ သင် မပျော်ရွှင်နိုင် မကျေမနပ်ဖြစ်နိုင်သလို- ပျော်ရွှင်နိုင် စိတ်ကြည်နူးဖွယ် ဖြစ်နိုင်ပါတယ်။ အဲဒါက ပေါ်ပေါက်လာ တဲ့အရာ- အဲဒါက အခွင့်အလမ်းပေးတဲ့ တစ်လောကလုံးမှတစ်ပါး အခြားမရှိပါ။
သင်ဟာ အကောင်းဆုံးအရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်မသက်မသာစရာတွေ ရှိတုန်းပါ။ သင့်မှာ အရူးအမူးမြူးထူးပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုများ ရှိပြီးမဟုတ်သလို့ ရှိသေးတာလဲ မဟုတ်နိုင်ပါ။ ကွာဟနေ တဲ့ ခြားနားချက်က သင့်ရဲ့ “သဘောထား”မှာပဲ ဖြစ်ပါတယ်။
ဘ၀မှာ အရာဝတ္ထုအချို့က လူတိုင်းကို ငြင်းဆိုပါတယ်။ ဒါပေမယ့် ငါတို့တတွေအားလုံးကို သန်းချီတဲ့ လက်ဆောင်တွေက ကံထူးလို့ မစထားပြီးပါပြီ။ သင်ဟာ သင် ရှိပြီးမဟုတ်တဲ့ အရာအပေါ်မှာ ဆုံချက် ထားရှိမယ်ဆိုလျင်- သင် ပျော်ရွှင်လိမ့်မယ် မဟုတ်ပါ။
သင် ရှိတဲ့အရာအပေါ်မှာ သင် ဆုံမှတ်ထားရှိဖို့ သင် ရွေးချယ်ထားလျင်- သင်ဟာ ဝေမျှဖို့- ဖြည့်ဆည်းဖို့- အလေးထားဖို့- စွဲမက်စရာကောင်းတဲ့ အလိုဆန္ဒကို ဖွံ့ဖြိုးတိုးတက်ပါတယ်။ ဒီအရာတွေက သင့်ကို ပျော်ရွှင်အောင် ပြုလုပ်ပါတယ်။
အလွန်အဖိုးထိုက်တန်တဲ့အရာများဟာ သင် စဉ်းစားတွေးဆတောင် မစဉ်းစားမတွေးဆဘူးတဲ့ လွတ်လပ်မှု မှာ တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် သင်ဟာ ချို့ငဲ့ဆင်းရဲနွမ်းပါးတဲ့ မပြည့်စုံမလုံလောက်စွာ ခံစား နေထိုင်တဲ့ ဘ၀ကို ရှင်သန်နေထိုင်ပါတယ်။ အမှန်တကယ်တော့ သင် လုံးဝ ကျေနပ်နိုင်တဲ့အခါ အလျှံပယ်ပေါများနိုင်တဲ့ အခါ ဖြစ်နေလို့ပါ။
ဦးတည်ရည်မှန်းတဲ့အရာက အနီရောင် ကာလာဖြစ်တော့ - အဲဒါက အနီရောင်ကိုပဲ ပုံရိပ်ထင် ရောင်ပြန်ဟပ် ပါတယ်။ ပေးတဲ့ အရာကို ရရှိပြီး- ယူတဲ့ အခြားကာလာကိုတော့ ဆုံးရှုံးရပါတယ်။
ဒ့ါကြောင့် “ငါ ရရှိနိုင်တဲ့ အရာ” မှ - “အခြားအရာများဆီ တန်ဖိုးကို ငါ ဘယ်လို ဖြည့်ရောပေါင်းစွက်နိုင် မလဲ?” ဆီသို့ - သင့်ရဲ့ ဆုံချက်ကို ရွှေ့ပြောင်းရပ်တည်ထားပါ။ ဒီနောက် အောင်မြင်မှုက သင့်ရဲ့အောင်မြင်မှု ပဲ ဖြစ်ပါလိမ့်မယ်။ သင် ချိုးကွေ့လှည့်ကြည့်တဲ့ ပမာဏအတွက်- ကိုယ့်ကျိုးမငဲ့တဲ့ သင်ပဲ ပျော်ရွှင်ပါလိမ့်မယ်။
သင် များစွာချစ်တဲ့သူတွေနဲ့ သင့်မှာ ပဋိပက္ခ ရှိသလား? အဲဒါအတွက် အခြားသူတွေကို အပြစ်တင်သ လား? ဖြစ်နိုင်တာက သင့်ရဲ့ “သဘောထား”နှင့်လိုက်၍ ပြုလုပ်တာ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့မိသားစုအဖွဲ့ဝင် များနှင့် မျော်မှန်းချက်များ ထားရှိသလား? သင့်ရဲ့ ခင်ပွန်း-ဇနီး သားသမီးများအပေါ် တောင်းဆို ချက်တွေ ပြုလုပ်သလား?
ဒီအရာက ချစ်ခြင်းမေတ္တာ မဟုတ်ပါ။ တွယ်တာမှု သံယောဇဉ်ပါ။ ကိုယ့်ကျိုးငဲ့ခြင်း စွန်းထင်းတဲ့ ချစ်ခြင်းမေတ္တာ ဟာ တွယ်တာမှု သံယောဇဉ်ပဲ ဖြစ်ပါတယ်။ သင်ဟာ သင်ကိုယ်တိုင်သာလျင် အချစ်မြတ်နိုးဆုံးပါ။ သင်ဟာ ချစ်ခြင်းမေတ္တာသက်ဝင်ဖို့ကို တောင်းဆိုခဲ့ပါတယ်။ အကြောင်းကတော့ - သူတို့ဟာ အချို့နည်းလမ်းတွေနဲ့ သင်လိုအပ်တာကို ဖြည့်တင်းပေးဖို့ ဖြစ်သွားပါတယ်။
ဒါတွေက ပဋိပက္ခနဲ့ မဖွင့်ဟသေးတဲ့ ပြောမပြနိုင်လောက်အောင် ဆင်းရဲဒုက္ခကို ဖြစ်စေပါတယ်။ အပြီးသတ် အဆုံးသတ်မှာတော့ သင် သူတို့ကို ဆုံးရှုံးရပါတယ်။ တွယ်တာတပ်မက်မှု သံယောဇဉ်ဟာ ဆက်ဆံရေးမှာ ယိုယွင်းပျက်ပြားမှုအတွက် တစ်ခုတည်းသော တကယ့်အရေးကြီးတဲ့ အကြောင်းတရား ဖြစ်ပါတယ်။
ခင်ပွန်း- ဇနီး သားသမီးများနဲ့ပတ်သက်လို့ ရုပ်ပိုင်းဆိုင်ရာအရ မြဲမြဲကိုင် ပိုက်ထွေးထားခြင်းက အဓိပ္ပါယ်ပြည့်ဝ တဲ့ ဆက်ဆံရေးကို မတည်ဆောက်ပါ။ သင်ဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရိုသေလေးစားမှုကို ထိုက်ထိုက်တန်တန်ရဖို့ လိုအပ်ပါတယ်။
မြဲမြဲကိုင် ပိုက်ထွေးထားခြင်းမှ သွားခွင့်ပြုခြင်းဆီသို့- သူတို့ကို ချည်နှောင် ကန့်သတ်ထားခြင်းမှ လွတ်ငြိမ်းခွင့် ဆီသို့- သင့်ရဲ့ အာဏာစက်လက်ခုပ်အတွင်း (သင့်ရဲ့ပျော်ရွှင်မှုအပေါ် ဆုံမှတ်ထားရှိခြင်း) မှ- သူတို့ရဲ့ စိတ်ချမ်းသာ ကျေနပ်မှုအပေါ် အထောက်အကူပြုခြင်းဆီသို့ - သင့်ရဲ့ရပ်တည်ချက်ကို ပြောင်းလဲရွှေ့ယူပါ။ သူတို့ ဖြစ်နေတဲ့အရာအတွက် သူတို့ကို လက်ခံပါ။ သင့်အတွက် သူတို့ လုပ်နိုင်တဲ့အရာ အတွက်တော့ မဟုတ်ပါ။
တစ်လောကလုံးနှင့် အဲဒီက ကြိုဆိုကမ်းလှမ်းတဲ့အရာတွေဟာ ယာယီအခိုက်အတံ့- ခဏတစ်ဖြုတ် - ဖြတ်သန်းသွားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီမှာ နေထိုင်နေစဉ်အတွင်း တစ်လောကလုံးရဲ့ ခဏပန်းယာယီဖြစ်တဲ့ သဘာဝကို နားလည်ပါ။ အဲဒါကို သာယာကြည်နူး မွေ့လျော်ပျော်ရွှင်ပါ။ ဒါပေမယ့် အဲဒါက ဖြတ်ကျော်သွားပါ လိမ့်မယ်- ဆိုတာ အမြဲတမ်း သတိရပါ။ မှန်ကန်တဲ့တန်ဖိုးကို အဲဒါကိုပေးပါ။ အဲဒါအတွက် ယခု သင့်မှာ ပိုင်ဆိုင်ထားတဲ့ ချဲ့ကားဟန်လုပ်တဲ့ တန်ဖိုးကိုတော့ မဟုတ်ပါ။
နိစ္စဓူဝ မော်ကွန်းတွင်ရစ်မဲ့ အမြဲတမ်းအတွက် မေးခွန်းထုတ် အဖြေရှာခြင်းကို စတင်ပါ။ ခရီးကိုယ်၌ကကိုယ် ရင်ဖို့စိတ်လှုပ်ရှားစေပါတယ်။ အဲဒီအခါ သင့်မှာ ရှိတာ မရှိတာနဲ့ပတ်သက်လို့ မှန်ကန်တဲ့ ဘယ်ပျော်ရွှင်မှု မျိုးကိုမဆို သင်ဟာ တွေ့ကြုံလာပါလိမ့်မယ်။
ဒါ့ကြောင့် သင့်ရဲ့ “သဘောထား”ကို ပြောင်းလဲပါ။ Lifestyle ကိုတော့ မဟုတ်ပါ။ သင့်ရဲ့ဘ၀ဟာ ငြီးငွေ့ဖွယ် အလုပ်ကို တကုပ်ကုပ်လုပ်ရသူမှ ပျော်ရွှင်မြူးထူးသူသို့ ပြောင်းလဲလာပါလိမ့်မယ်။ မည်ကာမတ္တအဆင့်မှ ထူးကဲပြောင်မြောက်မှုတိုင်အောင် ဆိုပါတော့။

အောင်မြင်မှုနှင့် ကျရှုံးမှုကို ဆန်းစစ်ပါ

ဒို့တတွေ နားလည်ထားတာက အောင်မြင်ဖို့ဟာ ဆိုက်ရောက်ဖို့ ဖြစ်တယ်- တစ်နေရာရာ အရာရောက် ဖို့ ဖြစ်တယ်- ဆိုတာပါ။ ဒါ့ကြောင့် ဒို့တတွေက အောင်မြင်မှုကို မြတ်နိုးကိုးကွယ်ကြပါတယ်။
ဆင်းရဲတဲ့လူငယ်တစ်ယောက်က သန်းကြွယ်သူဋ္ဌေးအမျိုးအစား တစ်ယောက် ဖြစ်လာဖို့ ကြီးပြင်းရှင်သန် လာတဲ့ အခါ- ပုံမှန်ကျောင်းသားတစ်ယောက်က တစ်နေ့မှာ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ- သူဟာ အောင်မြင်ခြင်း အတွက် အောင်ပွဲခံပါတယ်။
အောင်မြင်မှုဟာ အကြွင်းမဲ့လား? ဒါမှမဟုတ် အဲဒါက ငါတို့တတွေ လက်ကိုင်ပြုတဲ့ အိုင်ဒီယာတစ်ခုလား? အကြောင်းမှာ တစ်ဦးက “ရောက်ရှိတဲ့” အခိုက်- တစ်ယောက်က အရင် ရောက်ရှိရဦးမယ့်- ရှေ့မှာကြိုတင် ၍ နောက်ထပ် အချက်တစ်ခု အမြဲတမ်း ရှိပါတယ်။
အောင်မြင်မှုကို ကောက်ကောက်ပါအောင် လိုက်ရာမှာ- ဒို့တတွေဟာ စိန်ခေါ်မှုတွေ ပဋိပက္ခတွေကို ရင်ဆိုင်တွေ့ကြုံကြရပါတယ်။ အောင်မြင်မှုကိုလိုက်စားခြင်းဟာ “ပို၍ နောက်ထပ်”အတွက် အလိုဆန္ဒ ဖြစ်ပါ တယ်။ “ပို၍ နောက်ထပ်” အတောမသတ် ထပ်ကာထပ်ကာ တောင်းဆိုနေတဲ့ စိတ်တစ်ခုဟာ- ဆက်စပ် ဆင်ခြင်နိုင်စွမ်းရှိတဲ့ အသိညဏ်ဆိုင်ရာ စိတ်တစ်ခုတော့ မဟုတ်ပါ။
အဲဒါနဲ့တစ်ခြားစီပြောင်းပြန်- သာမညောင်ညအဆင့် မည်ကာမတ္တအဆင့်- မိုက်မဲတဲ့စိတ်ပဲ ဖြစ်ပါတယ်။ အကြောင်းက “ပို၍ နောက်ထပ်”အတွက် သူ့ရဲ့တောင်းဆိုမှုဟာ- အဲဒါအတွက် လူ့အဖွဲ့အစည်းက သတ်မှတ် ပြီး တဲ့- စံနမူနာများအရ- အဆက်မပြတ် ရုန်းကန်လှုပ်ရှားမှုတစ်ခုကို သွယ်ဝိုက်ညွှန်းဆိုပါတယ်။
အားမရခြင်းဟာ “ပို၍ နောက်ထပ်” စွဲမက်တောင့်တမှု ဖြစ်ပါတယ်။ အားရကျေနပ်မှုကတော့ အဲဒီရုန်းကန် လှုပ်ရှားမှုနဲ့ပတ်သက်လို့ ရပ်နားခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ “ပို၍ နောက်ထပ်” နဲ့ပတ်သက် လို့ ဖြစ်စဉ်တစ်ခုလုံးကို နားလည်ခြင်းမရှိဘဲ- ပြီးတော့ စိတ်က ဘာ့ကြောင့် အဲဒါကို တောင်းဆိုသလဲ- ဆိုတာ နားလည်ခြင်းမရှိဘဲ- ကျေနပ်အားရမှုရဲ့ အခြေအနေသို့ မလားရောက်နိုင်ပါ။
ဥပမာအားဖြင့် သင်ဟာ စာမေးပွဲကို ကျရှုံးလျင်- သင် အဲဒါကို နောက်ထပ် ပြန်ဖြေလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် စာမေးပွဲနှင့် သင့်ရဲ့ဆောင်ရွက်မှုဟာ သူတို့ချည်းသတ်သတ် သူတို့အနေနှင့်- သင့်ရဲ့မှန်ကန်တဲ့ ထိုက်တန်မှုကို တကယ် ပြသလိမ့်မယ်မဟုတ်ပါ။ စာမေးပွဲကို အောင်မြင်ခြင်းဟာ အဓိကအားဖြင့် ဦးနှောက်ပိုင်း ဆိုင်ရာရဲ့စွမ်းဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒါမှမဟုတ် အဲဒါက အခွင့်အရေးတစ်ခုရဲ့ အကြောင်း တရား တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့စာမေးပွဲကို အောင်မြင်ဖို့ ကြိုးပမ်းပါတယ်။ နောက်ပြီး သင်ဟာ မအောင်မြင်လျင် အဲဒါကို အားမလျှော့ဘဲ ဆက်လုပ်ပါတယ်။
ဒါက ငါတို့တတွေများစွာအဖို့ နေ့စဉ်ဘ၀မှာ တူညီတဲ့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒို့တတွေဟာ အချို့အရာတွေ ကို အောင်မြင်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ ဒို့တွေက အဲဒါနဲ့ စပ်ဆက်နေတဲ့နည်းလမ်းတွေဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်သလား ဆိုတာ- ဒို့တွေဟာ စုံစမ်းမေးမြန်းဖို့ ဘယ်သောအခါမှ ဆိုင်းငံ့ရပ်နားထားတာတော့ မဟုတ်ပါ။
ဒါက အောင်မြင်မှုနှင့် ကျရှုံးမှုအရ တွေးခေါ်စဉ်းစားတာကို- ဒို့တတွေ ရပ်စဲတဲ့- “ပို၍ နောက်ထပ်” လိုချင်ခြင်းရဲ့ အရေးပါမှု မပါမှုကို- ဒို့တတွေ နားလည်သိရှိပြီးတဲ့အခါမှသာလျင် ဖြစ်ပါတယ်။
ဒို့တတွေအားလုံးဟာ စာမေးပွဲမှာသာမက ဘ၀မှာပါ ကျဆုံးတာ- ပြီးတော့ အမှားလုပ်မှာကို အလွန် ကြောက်ကြ ပါတယ်။ အဲဒီအတွက် ငါတို့တတွေကို ဝေဖန်ဆန်းစစ်လိမ့်မယ်ဖြစ်တဲ့ အတွက်ကြောင့်- အမှားအယွင်း တစ်ခု ပြုလုပ်တာကို ကြောက်မက်ဖွယ်ကောင်းတာအဖြစ် ယူဆကြတာ ဖြစ်ပါတယ်။ ဒို့တတွေဟာ အမှား အယွင်းတွေ ပြုလုပ်မှာကို ကြောက်ရွံ့ လျင်- ဘယ်သောအခါမှ ဒို့တွေက သင်ယူလေ့လာခဲ့ လိမ့်မယ် မဟုတ်ပါ။
အောင်မြင်မှုရဲ့အကောင်းဆုံးကို လိုက်ပါဖို့ ငါ့တို့တွေအတွက် နောက်ကျသွားပါတယ်။ ပြီးတော့ အောင်မြင်မှုဟာ ဂုဏ်သိက္ခာရှိမှုအရ အမြဲတမ်း ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အောင်မြင်သူများလို့ ခေါ်ဆိုရတဲ့ သူတော်စင်များ မှာတောင်- ဂုဏ်သရေသိက္ခာ ရှိလာရပါ့မယ်။ သို့မဟုတ်လျင် သူ့မှာ အသိအမှတ်ပြုခြင်း - ပြီးတော့ ထောက်ခံ သူနောက်လိုက်များ ရှိမှာ မဟုတ်ပါ။
ဒါ့ကြောင့် ဒို့တတွေဟာ အောင်မြင်မှုအရ- “ပို၍ နောက်ထပ်”အရ အမြဲတမ်း တွေးခေါ်စဉ်းစားနေ ကြပါတယ်။ ပြီးတော့ “ပို၍ နောက်ထပ်”ဟာ ခေတ်စားနေတဲ့ လူမှုရေးဆိုင်ရာ သတ်မှတ်ချက်စံနှုန်းများက ဂုဏ်သိက္ခာအတွက် ထည့်သွင်းစဉ်းစားတဲ့ အရာအပေါ်မှာ- နှိုင်းယှဉ်ပတ်သက် အကောင်းဆုံး တည်မှီနေ ရခြင်း ဖြစ်ပါတယ်။ သင်ဟာ အဲဒီအသင်းအဖွဲ့ဆိုင်ရာအကောင်းဆုံးနှင့် လျော်ညီအောင် မနေထိုင်လျင်- သင့်ကို အောင်မြင်ခြင်းလို့ ခေါ်ဖို့ အလားအလာ မရှိတော့ပါ။
ဒါပေမယ့် သင့်ရဲ့ဖြစ်တည်ခြင်းအားလုံးနဲ့ အချို့အရာဝတ္ထုတွေကို ပြုလုပ်ဖို့ ချစ်ခင်နှစ်သက်လျင်- ဒီနောက် သင်ဟာ အောင်မြင်မှု ကျရှုံးမှုနှင့် မသက်ဆိုင်တော့ပါ။ သို့သော်လည်း ဒီလမ်းကြောင်းကို စဉ်းစားတွေးခေါ် ဖို့ နေရာ- သူတို့ကို ခွင့်ပြုလမ်းဖွင့်ပေးတဲ့ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်တဲ့ မြင်ကွင်းက တကယ့်ကို အနည်းငယ် မှာပဲ ရှိကြပါတယ်။
အသိပညာရှိတဲ့လူတစ်ယောက်ရဲ့ ပတ်သက်ဆက်နွှယ်မှု အလေးထားစရာတစ်ခုလုံးဟာ- သူတို့ ဖြစ်နေတဲ့ အတိုင်း အရာဝတ္ထုတွေကို မြင်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ပြဿနာ ( အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှု ကို ဇောင်းပေးခြင်း အရ- တစ်တန်းတစ်စားတည်း ထားရှိတဲ့ အပြုအမူများနဲ့ပတ်သက်လို့ သေချာ ပေါက် မဟုတ်တဲ့- ပြဿနာ) ကို သိရှိနားလည်ဖို့ပဲ ဖြစ်ပါတယ်။
ဒါက အဲဒီ ဝေါဟာရသတ်မှတ်ချက်များအရ ဒို့တတွေ စဉ်းစားတွေးခေါ်တဲ့- ဒို့တတွေ ပြုလုပ်နေတဲ့အရာကို- တကယ် ချစ်ခင်နှစ်သက်ခြင်း မရှိတော့တဲ့အခါမှသာလျင် ဖြစ်ပါတယ်။ “အောင်မြင်မှုဟာ နှိုင်းယှဉ်ထားတဲ့ ကိန်းစဉ်တန်းတစ်ခု ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ အကြွင်းမဲ့ဧကန် မရှိ” ဆိုတာ ပညာရှိ တစ်ယောက် ယောက် က ပြောဆိုခဲ့ပါသလား?
အောင်မြင်မှုလို့ ယနေ့ ဒို့တတွေ တွေးခေါ်ယူဆနေတာတွေက- အခြားအချိန်ကာလမှာ အခြေအနေတစ်ခု မှာ ကျရှုံးမှုအဖြစ် စဉ်းစားသုံးသပ်ကောင်း သုံးသပ်နိုင်ပါတယ်။ အပြန်အလှန်ပါပဲ။
နှိုင်းယှဉ်ထားတဲ့ အခြေအနေများ ဖြစ်သည်အားလျော်စွာ- အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုလို့ ငါတို့တတွေ ခေါ်ဆိုတဲ့ အရာနှစ်ခုလုံးကို ရှု့မြင်ကြည့်ဖို့- ငါတို့တတွေရဲ့ အကောင်းဆုံးစိတ်ဝင်စားမှုကပဲ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်မှုဖြင့် တုန်လှုပ်မှုကင်းခြင်းဖြင့် အောင်မြင်မှု ကျရှုံးမှုနှစ်ခုလုံးကို ပြုစုဆက်ဆံပါ။

Monday, January 23, 2012

သင် ရပ်တည်မနေရတော့တဲ့ အခါ


လူ့အဖွဲ့အစည်းမှာ မိသားစုတစ်ခုမှာ- ပြီးတော့ တစ်ဦးတစ်ယောက်ကမှ သင့်ရဲ့လူ မဟုတ်သကဲ့သို့ ပြုမှုသည် အထိ သင် ဘယ်လိုနေထိုင်သင့်သလဲ? အခြားတစ်ဖက်မှာ လူတိုင်းဟာ သင့်ရဲ့လူတွေကဲ့သို့ အခြားသူများနှင့် သင် ဘယ်လို ဆက်ဆံသင့်သလဲ?
သင်ဟာ တစ်ဦးတစ်ယောက်ရဲ့မျက်လုံးများကို ကြည့်ရှုတဲ့အခါ- သင် လုံလောက်သည်ထိ နက်နက်ရှိုင်းရှိုင်း ကြည့်တယ်- ဆိုတာ စိတ်ချသေချာစေပါ။ ပြီးတော့ သင်ဟာ နက်နက်နဲနဲ လုံလုံလောက်လောက် ကြည့်ပြီးတဲ့ အခါ - အဲဒီမှာ သင့်ရဲ့ ကိုယ်ပိုင်ပုံရိပ်ကို တွေ့မြင်ရပါလိမ့်မယ်။
ယခု သူဟာ သင်ဖြစ်တဲ့အတွက် ဘယ်လို သင် မုန်းနိုင်ပါ့မလဲ? အကြောင်းက သင် ရှုထုတ်လိုက်တဲ့ ထွက်သက်လေ တစ်ရှိုက်ဟာ အဲဒီသူ ရှုသွင်းလိုက်တဲ့အရာ ဖြစ်သလို- အဲဒီသူ ရှုထုတ်လိုက်တဲ့ လေဟာ သင် ရှုသွင်းလိုက်တဲ့အရာ ဖြစ်ပါတယ်။
သင်ဟာ လေနဲ့မြေကို မျှဝေနေပါတယ်။ သင်ဟာ လူများကို အာကာသကို ဝေမျှနေပါတယ်။ ဒါပေမယ့် အရာရာကို စည်းစနစ်တကျ မျှဝေတတ်ဖို့- သင်ဟာ သင့်ရဲ့စစ်မှန်တဲ့ အရိပ်လက္ခဏာရှိဖို့ လိုအပ်ပါ တယ်။ ပြီးတော့ သင်ဟာ ဘာဆိုဘာမှ ရပ်တည်မနေတော့တဲ့အခါမှသာလျင် သင့်ရဲ့စစ်မှန်တဲ့ အရိပ်လက္ခဏာ ကို သဘောပေါက်နိုင်ပါတယ်။
သင့်ရဲ့-Ego အပြီးသတ်ပျက်သုဉ်းခြင်းနှင့် မှားယွင်းတဲ့အတ္တရဲ့ အဆုံးသတ်နိဂုံးနဲ့အတူ သင့်ရဲ့ စစ်မှန်တဲ့ ပင်ကိုယ် မူလဟာ ရှေ့ဆက်လက် တောက်ပ၀င်းပြောင်ပါတယ်။ အဲဒီအခါမှ လူသား ဒါမှမဟုတ် တိရိစ္ဆာန် တစ်ခုခုနှင့်- နှစ်နှစ်ခြိုက်ခြိုက်ရှိတဲ့ သွေးချင်းသားချင်း ဆက်ဆံရေး ရှိဖို့- သင်ဟာ မှန်ကန်တဲ့ အနေ အထား ဖြစ်လာပါတယ်။
အဆိုပါကာလ သင်ဟာ တစ်ဦးတစ်ယောက်ကို ချစ်ခြင်းမေတ္တာသက်ဝင်ဖို့ တစ်စုံတစ်ခုကို ပြုလုပ်ရမည် မဟုတ် ပါ။ အကြောင်းက ချစ်ခြင်းမေတ္တာဟာ သင့်ထံမှ စတင်ထုတ်လွှင့်ပါတယ်။ သင့်ထံမှပဲ ချစ်ခြင်း မေတ္တာဟာ စိမ့်ဖြာလျှမ်ကျလာပါတယ်။ သင်ဟာ ချိုသာတဲ့စကားလုံးတွေကို ပြောဆိုဖို့အတွက် စဉ်းစားတွေးခေါ် နေရမည် မဟုတ်ပါ။ ချိုမြသာယာမှုဟာ အားထုတ်မှုပယောကမပါဘဲ သင့်အတွင်းမှ လားရောက်ပါတယ်။
အခြားသူများအတွက် ဘယ်အရာဖြစ်ဖြစ် “သတိထားမိပြီး” သင် ပြုလုပ်ဆောင်ရွက်ခြင်း မရှိတော့တဲ့အခါ- သင် ဘယ်ကိုပဲသွားသွား ပန်းများ ပွင့်လန်းလာပါလိမ့်မယ်။ ငှက်များက သီဆိုကြပါလိမ့်မယ်။ ပျော်ရွှင်မှုက အရိပ် ကဲ့သို့ သင့်နောက်က လိုက်ပါလာပါလိမ့်မယ်။ သင် ဘာပဲဖြစ်ဖြစ်- လူတိုင်းက သင်နှင့်အတူ ရှိချင်ကြပါလိမ့်မယ်- ဆိုတဲ့ အဲဒီလိုမျိုးလတ်ဆတ်မှုကို သင်ဟာ ဖြန့်ကြက်ပါလိမ့်မယ်။
ဒီထိုးထွင်းအမြင်ကို သင့်ကို ပေးကမ်းတဲ့ ဘယ်သူဖြစ်ဖြစ် သင့်ရဲဆရာ ဖြစ်လာပါတယ်။ သင်ဟာ ဂုရုနှင့် shishya- အခေါ်ခံရဖို့ ထုံးတမ်းဓလေ့နောက် လိုက်ပါရမည့်မဟုတ်ပါ။ သင် လေ့လာသင်ယူခဲ့တဲ့ ဘယ်သူထံ မှဖြစ်ဖြစ်- သင့်ရဲ့ နေထိုင်နေတဲ့ ညဏ်ကွန့်မြူးမှု ဖြစ်လာတဲ့ ဘယ်သူဖြစ်ဖြစ်- သင် သိလိမ့်မယ်မဟုတ် ယင်တောင် - ဒါပေမယ့် အပြောင်းအလဲတော့ ရှိတယ်- ဆိုတာကို ပြောင်းလဲခြင်းများက ဖြည်းညင်းသာသာ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်ပျက်နေပါတယ်။ ပြီးတော့ အပြောင်းအလဲတွေ ဖြစ်ပျက်ခဲ့ပြီးပြီ- ဆိုတာ ၀န်ခံဖို့ နောက်ဆုံးလူဟာ သင် ဖြစ်ပါလိမ့်မယ်။
သင့်ပတ်ဝန်းကျင်ရှိ သူတွေက သင်ဟာ ပြောင်းလဲခဲ့ပြီးပြီ- ဆိုတဲ့ သက်သေသာဓက အသွင်လက္ခဏာတွေ နဲ့ နေထိုင်နေကြပါလိမ့်မယ်။ ပြီးတော့ သူတို့တွေက သင်ဟာ တူညီတဲ့သူတစ်ယောက် မဟုတ်တော့ဘူး- ဆိုတဲ့ သင်ဖြစ်ပျက်ပြီးတဲ့အရာကို သင့်ကို မေးကြပါလိမ့်မယ်။ ဒါက အပြောင်းအလဲတစ်ခုဟာ သင့်ဆီကလာတာ ဟုတ် မဟုတ်- ဆိုတာ သိဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့်- ငါဒို့တတွေဟာ စိတ်ပိုင်းဆိုင်ရာမြင့်မြတ်တဲ့သူတွေ ဖြစ်တယ်- လို့ သာမန်အားဖြင့် ဒို့တွေက ကိုယ်ရည်သွေး လေလုံးထွားသွားတာ -
ငါတို့တတွေဟာ ကြီးကျယ်တဲ့ ကမ္မဋ္ဌာန်းဘာဝနာစိတ်ဝင်စားသူများ ဖြစ်တယ်- လို့ ငါတို့ကိုယ်ကိုယ်ငါတို့ မှန်ကန် ကြောင်း ထောက်ခံလျက် ငါတို့တတွေက ဆက်သွားတာ -
ငါတို့တတွေဟာ ကြီးမားလွန်ကဲတဲ့ ချစ်ခြင်းမေတ္တာကိန်းအောင်းသူတွေ ဖြစ်တယ် - လို့ ငါတို့ကိုယ်ကိုယ် ငါတို့ ဂုဏ်ပြုမှတ်တမ်းတင်တာ- ဒါတွေက ဖြစ်ပျက်သွားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
သင်ဟာ တစ်စုံတစ်ခုအပေါ်မှာ အခိုင်အမာ အဆိုပြုမှုတစ်ခုကို ပြုလုပ်ဖန်တီးထားမယ်- ဆိုတဲ့ အခါ- ဒါက တစ်စုံတစ်ခုဟာ မှားယွင်းတယ်- လို့ ဆိုလိုပါတယ်။ အခိုင်အမာ အဆိုပြုဖို့ အခြားအရာတွေ မလိုအပ်ပါ။
သင် အခိုင်အမာ အဆိုပြုသင့်တဲ့ အကြောင်းက ဘာလဲ? သင်ဟာ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတတစ်ခု ဖြစ်လာ ဖို့ ပြည့်ဝတဲ့သူတစ်ယောက် ဖြစ်လာရပါ့မယ်။ နောက်ပြီးတော့ သင်ဟာ လူတွေကို ဆွဲဆောင်ပါလိမ့်မယ်။ သူတို့ရဲ့ အာရုံစိုက်ခြင်း သတိမူခြင်းကို ရရှိဖို့ လူအများကို အမိဖမ်းဖို့ ကြိုးစားရမည်တော့ မဟုတ်ပါ။
ဒါပေမယ့် လူတွေက သင်နဲ့ပတ်သက်လို့ အာရုံစိုက်မှုကို ရယူလိမ့်မယ် - ဖြစ်တဲ့ နေရာတစ်နေရာမှာ သင်ဟာ ရှိချင်ပါလိမ့်မယ်။ သတိပြုမိဖို့ မြင်မိဖို့ အာရုံစိုက်ခြင်းခံရဖို့ သင်ဟာ ပါတီ အဖွဲ့အသိုက်များသို့ သွားပါတယ်။ အာရုံစိုက်ခြင်းခံရဖို့ဆိုတဲ့ ဒီဆာလောင်မွတ်သိပ်မှုက- သင်ဟာ မပြည့်ဝသေးဘူး-ဆိုတာကို ပြသပါတယ်။ မပြည့်ဝသေးတဲ့သူဟာ နှစ်နှစ်ခြိုက်ခြိုက်ပြည့်စုံတဲ့ သွေးချင်းသားချင်း ဆက်ဆံရေးမှာ တစ်ချိန်လုံး နေထိုင်နိုင်မယ် မဟုတ်ပါ။
သွေးချင်းသားချင်း ဆက်ဆံရေးဟာ သင်က သင်ကိုယ်တိုင်နှင့် ပျော်ရွှင်တဲ့အခါ- ဘယ်သူထံကမှ တစ်စုံတစ်ခုကို တောင်းခံရယူဖို့ မကြိုးစားတော့တဲ့အခါ- သင်ဟာ အခြားသူများနှင့်တကွ သင့်ရဲ့ထိုးထွင်း သိမြင်မှုနဲ့ သင့်ရဲ့ ကျော်ကြားရေပန်းစားမှုကို ခွဲဝေပေးဖို့ အဲဒီနေရာမှာ ရှိတဲ့အခါ- သွေးချင်းသားချင်း ဆက်ဆံရေးဟာ ရင်သပ်ရှုမောဖွယ် ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်ဟာ သင်က မည်သည့်ဆက်ဆံရေးကိုမဆို အပြစ်ဆိုဖွယ်မရှိ ကွက်တိဖြစ်နိုင်တဲ့ အချိန်ဖြစ်ပါတယ်။
မည်သည့်ဆက်ဆံရေးကိုမဆို အောင်မြင်မှုရဖို့- သင် လေ့လာသင်ကြားတဲ့နေ့ဟာ- ဆက်ဆံရေးအားလုံးနဲ့ ပတ်သက်လို့ အဆင့်ချိတ်တဲ့- မြင့်မားတဲ့အဆင့်တစ်ခုအတွက်- ပညာရပ်ဆိုင်ရာ သင်တန်းတစ်ခု ပြီးဆုံးပြီး ဘွဲ့ချီးမြှင့်ခံရတဲ့နေ့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဆက်ဆံရေးမှာ ဖြစ်တည်ခြင်းဆိုင်ရာ နယ်နိမိတ် ကိုတောင် ကျော်လွန်သွားပါတယ်။
ဒါက အပြစ်ဆိုဖွယ်မရှိ စံထားလောက်တဲ့ လူသားတစ်ယောက် သင် ဖြစ်လာတဲ့ အချိန်အခါမှပါ။

ဆက်လက်၍ သင့်ကိုယ်သင် ပြဋ္ဌာန်းပါ


နောက်ကို ပြန်ကြည့်တဲ့အခါ- ပြီးတော့ ရောက်လာဖို့ မသိရသေးတဲ့ ရှေ့ဆီသို့ ကြိုတင်ကြည့်ရှု့တဲ့အခါ- ဒို့တတွေ ဟာ ဘ၀တစ်လျှောက်လုံး ငါတို့ကိုယ်ကိုငါတို့ ပြဋ္ဌာန်ထားပြီးပြီဆိုတာ တို့တတွေ မြင်တွေ့နိုင်လာပါတယ်။
အဲဒီအပေါ်မှာ တုံ့ပြန်ခြင်းမရှိဘဲ အတွေ့အကြုံတွေကို စုပ်ယူထားတဲ့ ရေမြှုပ်လို- ဘ၀အပေါ်မှာ ဒို့တတွေ နေထိုင်ပြီးဖြစ်လျင်- ပြီးတော့ အခြားသူများရဲ့ ထောက်ခံအတည်ပြုချက်ကို အနိုင်ရဖို့ အမြဲတမ်းကြိုး ပမ်း နေလျင်- ဒို့တတွေဟာ ဘယ်တော့မှ စကြ၀ဠာကို ပုံဖော်ဖို့ ထောက်ကူအကျိုးပြုလိမ့်မယ်မဟုတ်ပါ။
ဘ၀ဟာ ဒို့တတွေအတွက် အခြားသူများက ပြုလုပ်တဲ့ ရွေးချယ်မှုရဲ့အခြေခံပေါ်မှာ နေထိုင်ခဲ့ကြပါတယ်။ အဲဒီလိုမှမဟုတ်ယင်လည်း သူတို့ရဲ့မျော်လင့်ချက်တစ်ခုတည်းကို ဖြည်းတင်းပေးလျက် အလဟဿ ကုန်ဆုံး သွားကြပါတယ်။
ငါတို့တတွေ ထိတွေ့ပြီးခဲ့တဲ့ အပင်ငယ်များ- သစ်ကြီးဝါးကြီးများ- တိရိစ္ဆာန်များ- ပန်းများက ငါတို့တတွေကို ပုံဖော်ပြီးပါပြီ။ ဒို့တတွေရဲ့မိဘတွေက ဒို့တတွေကိုယ်တိုင် တိုးတက်ဖို့ ငါတို့တွေကို ကူညီခဲ့တဲ့အခါ- ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းခြင်းအတွက် ပထမဆုံးခြေလှမ်းအချို့ကို ဒို့တတွေ သင်ယူခဲ့ကြပါတယ်။
အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့ ငါတို့တတွေရဲ့ ရွေးချယ်မှု- ငါတို့တတွေရဲ့ အထူးပြုခြင်းများနဲ့ ဒို့တတွေရဲ့ အရည်အချင်းများဟာ- ဒီဖြစ်စဉ်များရဲ့ အားလုံးသောအစိတ်အပိုင်းတွေပဲ ဖြစ်ကြပါတယ်။
အခြားသူများရဲ့အမြင်တစ်ခုတည်းအပေါ်မှာ မှီခိုနေသူများအတွက်- သူတို့ပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုများက သူတို့ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးဆိုင်ရာ အထင်သေးခြင်း ပမာမထားခြင်းကို ထင်ရှားသိသာစေခဲ့ပါတယ်။ သူတို့ရဲ့ဘ၀များကို အမိန့်သြဇာပေးဖို့ အခြားသူများကို လမ်းဖွင့်ပေးခြင်းဖြင့်- သူတို့ရဲ့ကိုယ်ပိုင်အပြု အမူတွေအတွက် သူတို့တတွေ တာဝန်မယူခဲ့ကြတော့ပါ။
မိမိကိုယ်ကိုယ်ပြဋ္ဌာန်းခြင်းဟာ တာဝန်ခံရခြင်းဖြင့် ကျင့်သုံးရတဲ့ ဆက်လက်နေတဲ့ရွေးချယ်မှုရဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အဲဒါများက အရေးပါအရာရောက်တဲ့အခြားသူများမှ သဘောကျထောက် ခံမှုဖြင့် အဖြေထွက်အကျိုးဆက်ပေါ်ပေါက်နိုင်ပါတယ်။
ဒို့တတွေကပြုလုပ်တဲ့ ရွေးချယ်မှုတွေအတွက် အခြားသူတွေက တို့တတွေကို ငြင်းပယ်နိုင်တဲ့ အချိန်အခါတွေ ရှိကြပါတယ်။ ဒို့တတွေကို ငြင်းပယ်ခြင်းဖြင့်- သူတို့တတွေဟာ ဒို့တတွေထက်ပိုလို့ သူတို့ကိုယ်ကိုသူတို့ ဘောင် ခတ်ကြပါတယ်။ သူတို့တတွေဟာ ငါတို့တွေက ခိုင်ခိုင်မာမာရပ်တည်တဲ့ တန်ဖိုးများကို ငြင်းပယ်ကြပါတယ်။ ငါတို့တတွေကို ကွဲပြားဆန်းသစ် တစ်မူထူးအောင်ပြုလုပ်တဲ့ ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခြင်းကို ငြင်းပယ်ကြ ပါတယ်။
ကိုယ့်ကိုယ်ကိုပြဋ္ဌာန်းခြင်းဟာ ရက်ရှည်လများ ဒို့တွေကိုယ်တိုင်နဲ့ပတ်သက်လို့ ဆိုးဆိုးဝါးဝါးဖြစ်သွားအောင် ငါတို့တွေကို ခွင့်မပြုပါ။ ဒို့တတွေ ပြုလုပ်ခဲ့ပြီးတဲ့ရွေးချယ်မှုကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ- ဒို့တတွေက တိတ်တိတ် ဆိတ်ဆိတ် တည်ရှိနေခဲ့ပြီးတဲ့နေရာမှာတောင်- ဒီလိုမှမဟုတ် ဘက်လိုက်ခဲ့ပြီး မဟုတ်တဲ့ နေရာမှာတောင်- ဒို့တတွေဟာ ငါတို့ကိုယ်တိုင်အတွက် မှန်ကန်ခဲ့ပြီးပြီ- ဆိုတာ မြင်တွေ့ရပါတယ်။
ဒို့တတွေဟာ အခြားသူတွေကို ဆန့်ကျင်ရင်ဆိုင်လျှက် အစွမ်းပြခုခံထားရမဲ့ နံရံတံတိုင်းတွေ- ဒါမှမဟုတ် ဒို့တတွေ ဖန်တီးအစပြုခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အကွာအဝေးတွေဟာ- ဖြစ်စဉ်ရဲ့ အားလုံးသော အစိတ် အပိုင်း တွေပဲ ဖြစ်ခဲ့ကြပါတယ်။
ဒို့တတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ- ဒို့တတွေ စိတ်မြန်လက်မြန်လုပ်တာ နည်းပါးလာပါ တယ်။ ပြီးတော့ ဓမ္မဓိဋ္ဌာန်ပိုကျလာပါတယ်။ ဒို့တတွေဟာ တုန်လှုပ်မှုကင်းပြီး သွေးအေးလာတာမှာ ရပ်တည် လာပါတယ်။
တစ်ဦးချင်းအနေနဲ့ ပြောင်းလဲဖြစ်ပေါ်ခြင်းရဲ့ ဖြစ်စဉ်တွေမှာ- ဒို့တတွေဟာ ဒို့တတွေရဲ့ဘ၀များနဲ့ ပတ်သက် လို့ ရက်ထည်ကို ရက်လုပ်ယှက်ဖွဲ့ကြပါတယ်။ ပြီးတော့ နေ့စဉ် ဒို့တတွေက ဖန်တီးစီစဉ်တဲ့ ပုံစံဒီဇိုင်းတွေက စကြ၀ဠာကို ပုံဖော်ကူညီနေကြပါတယ်။ ရံခါများမှာတော့ ရှေ့ဆီဦးတည်တဲ့လမ်းတွေဟာ မသဲမကွဲမရှင်း မလင်းဖြစ်တဲ့အခါ- ယုံကြည်မှုတွေက နောက်ထပ်ရှေ့တိုးလို့ ရွှေ့လှမ်းဖို့ ဒို့တတွေကို ကူညီခဲ့ပြီး ဖြစ်ကြပါတယ်။
ပြန်လည် ရှုမြင်ကြည့်တဲ့အခါ- အတွင်းမှာရှိပြီးတဲ့ မနှစ်မြို့ဖွယ်ရာအခြေအနေတွေက တန်ဖိုးမဲ့တဲ့သင်ခန်း စာ တွေကို ဒို့တတွေကို သင်ခန်းစာပေးခဲ့ပြီးပြီဆိုတာ- ဒို့တတွေ တွေ့မြင်ကြရပါတယ်။
အခြားသူတွေက ဒို့တတွေကို တိုက်ခိုက်တဲ့အခါ - ဒို့တတွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအရ လက်တုံ့မပြန်ဖို့ သင်ယူခဲ့ပြီးပါပြီ။ ဒို့တတွေကို မအောင်မြင်သူအဖြစ် သဘောထားခံရပြီးတဲ့အခါ- ဒို့တတွေ ဟာ မျော်လင့်ချက်တွေနဲ့ ဆက်လက်ရှင်သန်နေထိုင်ခဲ့ပြီးပါပြီ။ ဒို့တတွေ သိနားလည်တဲ့အနေနှင့် ကမ္ဘာကြီးက ဒို့တတွေကို လက်မခံတော့တဲ့အခါ- ဒို့တတွေဟာ အခြားကမ္ဘာများဆီ ရွေ့လျားပြီး နေထိုင် အခြေချပြီး ဖြစ်ကြ ပါတယ်။
အခြားသူများနဲ့ပတ်သက်တဲ့ ဘ၀ပေါ်မှာ ဘာအကျိုးကျေးဇူးတွေ ငါတို့တတွေ သက်ရောက်နိုင်ခြေ ရှိမလဲ-ဆိုတာ- ပြီးတော့ ငါတို့တွေ စကြ၀ဠာကို ဘယ်လို ပုံဖော်မလဲ-ဆိုတာ- နားလည်းဖို့ ဒို့တတွေ စတင်လိမ့်မယ်-ဆိုတာက- ငါတို့ဘ၀တွေရဲ့ နိဂုံးပိုင်း ချင်းနင်းလာသည်သာ ဖြစ်ပါတယ်။
နံရံတံတိုင်းထက်ပိုသင့်တော်တဲ့ တံတားကို ဒို့တွေက တည်းဆောက်ခဲ့သလား? အခြားသူများကို လက်ကမ်း ခဲ့သလား? ဒါမှမဟုတ် အခြေအမြစ်မရှိတဲ့အစွဲအလမ်းများနှင့် တစ်ယူသန်သဘောထားများရဲ့ ကျဉ်းမြောင်း တဲ့ပြဋ္ဌာန်းချက်မှာ ငါတို့ကိုယ်ကိုယ်ငါတို့ အကျဉ်းချခဲ့သလား? အခြားသူများရဲ့အမြင်များကို ဖွင့်ဟဖို့- ပြီးတော့ နားရှိတာကို သူတို့ကို ပြဖို့ အခြားသူတွေကို ခွင့်ပြုခဲ့သလား?
ဒါမှမဟုတ် အသက်မပါတဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေ ကျော်လွန်ပြီး- ဒို့တတွေ မတွေးခေါ်နိုင်တာကို ဒို့တတွေက ကိုယ့်အတွက်သာ အရမ်းသိခဲ့သလား? မွေးရာပါပင်ကိုယ်မူလ စိတ်အထဲ ဒို့တတွေ ရောက်ခဲ့သလား? အခြားသူများနှင့် ဘုရားသခင်တော်ကို စပ်ဆက်ပေးခဲ့သလား? အချိန်ကသာလျင် ပြောနိုင်ပါတယ်။
ဒို့တတွေဟာ ဒို့တတွေ့ရဲ့နောက်ဆုံးအသက်ရှုမှုကို ယူသည့်တိုင်- ဒို့တတွေဟာ ဒို့တတွေရဲ့သဘောထားနဲ့ အပြုအမူများမှတဆင့် ငါတို့ကိုယ်ကိုယ်ငါတို့ ဆက်လက်ပြဋ္ဌာန်းဖို့ လိုအပ်ပါလိမ့်မယ်။ ကျယ်ပျံ့တဲ့ စကြ၀ဠာမှာ အလှအပနှင့် ညီညွတ်မှုရဲ့ဖန်တီသူအဖြစ်ဖြစ်စေ- ဒီလိုမှမဟုတ် အခြားသူများနဲ့ ကိုယ်ပိုင်ဘ၀ကို အနှောင့် အယှက်ပေးတဲ့ အချိန်နှင့် စွမ်းရည်ရဲ့ ကြီးကျယ်တဲ့ပမာဏကို အသုံးပြုတဲ့ ပွဲဖျက်အဖြစ်ဖြစ်စေ- ငါတို့ကိုယ်ကိုယ်ငါတို့ သတ်မှတ်ပြဋ္ဌာန်းပြီးတဲ့ နည်းလမ်းကို- ဒို့တတွေ ဆက်လက် ထုတ်ဖော်လှစ်ဟ ဖွင့်ချနေပါ လိမ့်မယ်- ဆိုတာပါပဲ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်