Monday, January 31, 2011

အလိုဆန္ဒဟူသည် တိုးချဲ့ဖို့ရန် ကြီးမားတဲ့ တောင့်တမှုတစ်ခုကို ဆိုလိုသည်

အလိုဆန္ဒခေါ်တဲ့ စွမ်းအင်ကို ရာစုနှစ်ကြာအတွက် ပြစ်တင်ဝေဖန်ရှုတ်ချပြီးပါပြီ။ သူတော်စင်လို့ခေါ်တဲ့သူ အားလုံးနီးပါးက အဲဒါကို ဆန့်ကျင်ပြီးပါပြီ။ အကြောင်းက အလိုဆန္ဒဟာ ဘ၀ ဖြစ်ပြီး အဲဒါတွေအားလုံးက ဘ၀ရဲ့ အပျက်သဘောဆောင်တဲ့အရာတွေ ဖြစ်ပါတယ်။ အလိုဆန္ဒဟာ သင်တွေ့မြင်ရတဲ့အရာအားလုံးရဲ့ တကယ့် ရင်းမြစ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီအရာတွေက သိသာမြင်သာတဲ့အရာအားလုံးနဲ့ ဆန့်ကျင်နေလို့ပါ။

အရာဝတ္ထုမရှိတဲ့အလှိုဆန္ဒ- ပန်းတိုင်ကို ဇောင်းပေးထားခြင်းမရှိတဲ့အလိုဆန္ဒ- စေ့ဆော်မှုမရှိတဲ့အလိုဆန္ဒ- သန့်ရှင်းတဲ့အလိုဆန္ဒဟာ ဘုရားတရားကိုင်းရှိုင်းမှုပဲ ဖြစ်ပါတယ်။ အလိုဆန္ဒကို ဖျက်ဆီးဖို့မဟုတ်။ အဲဒါကို သန့်ရှင်းစင်ကြယ်ဖို့ ဖြစ်ပါတယ်။ အလိုဆန္ဒကို လွတ်ချဖို့မဟုတ်။ အဲဒါကို ပြောင်းလဲဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ တကယ့် ဖြစ်တည်ခြင်းဟာ အလိုဆန္ဒ ဖြစ်ပါတယ်။ အဲဒါကို ဆန့်ကျင်ဖို့ သင်ကိုယ်ကို ဆန့်ကျင်ဖို့နဲ့ အားလုံးကို ဆန်ကျင်ဖို့ ဖြစ်ပါတယ်။ အဲဒါကို ဆန့်ကျင်ဖို့ ပန်းပွင့်များ- ငှက်များ- နေနှင့်လကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ အဲဒါကို ဆန့်ကျင်ဖို့ ဖန်တီးနိုင်စွမ်းအားလုံးကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ အလိုဆန္ဒဟာ ဖြစ်ပေါ်စေခြင်းပဲ ဖြစ်ပါတယ်။

သူ့မှာ ဖန်တီးဖို့ဆန္ဒ- ထင်ရှားပေါ်ပေါက်လာဖို့ဆန္ဒ- တစ်ခုမှအများသို့ ပြုလုပ်ဖို့ဆန္ဒ- ချဲ့ကားဖို့ဆန္ဒ အဲဒီ အလိုဆန္ဒတွေ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် God ဟာ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တယ်- လို့ သူတို့ပြောဆိုတဲ့အခါ Eastern ကျမ်းဂန်များက အတိအကျ မှန်ကန်ပါတယ်။ ဒါပေမယ့် ဒါဟာ တင်စားမှုသာ ဖြစ်ပါတယ်။ Godဟာ အလိုဆန္ဒမှ သီးခြားမဟုတ်ပါ။ အလိုဆန္ဒဟာ တောင့်တမှုတစ်ခု- ကြီးမားတဲ့တောင့်တမှုတစ်ခု- ချဲ့ကားဖို့- ကောင်းကင်ကျယ်သလောက် ကျယ်ပြန့်လာဖို့ကို ဆိုလိုပါတယ်။

ငွေကြေးပို၍ပို၍ရှိချင်တဲ့သူဟာ တကယ်လိုချင်တဲ့အရာဟာ ငွေကြေးမဟုတ်ဘဲ ချဲ့ကားခြင်း တိုးချဲ့ခြင်းသာ ဖြစ်ပါတယ်။ အကြောင်းက ငွေကြေးက တိုးချဲ့သော ချဲ့ကားသော သင့်ကို ကူညီနိုင်ပါတယ်။ သင်ဟာ အကြီးမားဆုံး အိမ်တစ်လုံး ရှိနိုင်ပါတယ်။ သင်ဟာ အကြီးမားဆုံးပန်းခြံတစ်ခု ရှိနိုင်ပါတယ်။ သင့်ရဲ့ပိုင်နက် နယ်မြေဟာ အကျယ်ပြန့်ဆုံး ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့လွတ်လပ်မှုဟာ အကျယ်ပြန့်ဆုံးဖြစ်ပါလိမ့်မယ်။

ငွေကြေးနောက်လိုက်တဲ့သူဟာ သူဟာ ဘာ့ကြောင့် ငွေကြေနောက်လိုက်နေတယ်ဆိုတာ မသိနိုင်ပါ။ သူ့ရဲ့ မသိစိတ်ထဲသို့ နက်နက်နဲနဲသွားကြည့်လိုက်ပါ။ ကမ္မဌာန်းထိုင်ဖို့ သူ့ကို ကူညီပါ။ ပြီးတော့ - ငွေကြေးအတွက် အလိုဆန္ဒဟာ တကယ်တော့ ငွေကြေးအတွက် အလိုဆန္ဒမဟုတ်။ အဲဒါဟာ ချဲ့ကားဖို့ တိုးချဲ့ဖို့ အလိုဆန္ဒသာ ဖြစ်တယ်-ဆိုတာကို တွေ့လာရတဲ့အခါ သူ့ကို အံသြစေပါလိမ့်မယ်။

အခြားအလိုဆန္ဒအားလုံးအပါအ၀င် အကြောင်းရင်းက တူညီပါတယ်။ လူအများဟာ တန်ခိုးတွေ- ကျော်ကြားမှုတွေ လိုချင်ကြတယ်။ အသက်ရှည်ချင်ကြတယ်။ ကျန်းမာရေးကောင်းချင်ကြတယ်။ ဒါပေမယ့် ဒီခြားနားတဲ့အရာဝတ္ထုတွေမှာ သူတို့ ဘာကို လိုချင်နေတာလဲ? တူညီပါတယ်။ တိတိကျကျကို တူညီပါတယ်။ သူတို့ဟာ များစွာလိုချင်ကြတယ်။ သူတို့ဟာ ကန့်သတ်မှုဘောင်ကို မထိန်းသိမ်းချင်ပါ။ သူတို့ဟာ အကန့်အသတ်ကို မလိုချင်ပါ။

သင် အနက်အဓိပ္ပါယ်ဖွင့်ဆိုတာကို ခံစားကြည့်ဖို့ စိတ်ထိခိုက်ရပါတယ်။ အကြောင်းက သင် အနက်အဓိပ္ပါယ် ဖွင့်ဆိုလျင် အဲဒီအခါမှာ သင်ဟာ အရာဝတ္ထုတစ်ခုမျှသာ ဖြစ်နေလို့ပါ။ လူသုံးကုန်တစ်ခုမျှသာ ဖြစ်နေလို့ပါ။

ဒါပေမယ့် အလိုဆန္ဒနဲ့ပတ်သက်တဲ့ ဒီအရာဝတ္ထုတွေဟာ အနှေးနှင့်အမြန်ဆိုသလို စိတ်ပျက်စေပါတယ်။ ငွေကြေးဟာ တစ်နေ့ ဖြစ်နိုင်ခြေအလားအလာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ချဲ့ကားခြင်းကတော့ ဖြစ်ပေါ်လာ သေးတာမဟုတ်ပါ။ သင်ဟာ ရွေးချယ်မှုအတွက် အနည်းငယ်ထက်ပိုတဲ့လွတ်လပ်မှု ရှိနိုင်ပါတယ်။ ဒါပေမယ့် အားရကျေနပ်မှုတော့ မရှိနိုင်။ အလိုဆန္ဒဟာ အဆုံးမရှိအနန္တ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးက အဆုံးမရှိအလွန့်အလွန် မ၀ယ်ယူနိုင်ပါ။

သင် သတိထားကြည့်လျင် ငွေကြေး- ပါဝါ- သြဇာတိက္ကမ တစ်ခုမှ အားရကျေနပ်အောင် ဖြည့်ဆည်းမပေးနိုင်။ တစ်ခြားစီ ပြောင်းပြန် အဲဒါတွေက အားရကျေနပ်မှုမရှိအောင် သင့်ကို ပြုလုပ်ပါတယ်။ ဘာ့ကြောင့်လဲ? ဒါဟာ သင် ဆင်းရဲနွမ်းပါးစဉ်အခါ တစ်နေ့ ငွေကြေးဟာ ဖြစ်ပေါ်လာတော့မယ်၊ အဲဒီအခါ သင်ဟာ စိတ်အေးလက်အေး ဖြစ်မယ်၊ သက်သောင့်သက်သာရှိမယ်၊ ပျော်ရွှင်လာလိမ့်မယ်- ဆိုတာကို မျော်လင့်ချက်ရှိခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ယခု အဲဒါက ဖြစ်ပေါ်လာပါပြီ။ ဒါပေမယ့် သက်သောင့်သက်သာရှိခြင်းရဲ့ အမှတ်သင်္ကေတ ဖြစ်လာပုံမပေါ်ပါ။ သင်ဟာ ရှေ့ကထက် ပိုလို့တောင် စိတ်ဖိစီးပါတယ်။ သင်ဟာ ရှေ့ကထက် ပိုလို့တောင် စိုးရိမ်မှုတွေ များလာပါတယ်။

အလိုဆန္ဒကိုယ်တိုင်ကတော့ မမှားယွင်းပါ။ ငွေကြေ- ပါဝါနဲ့ သြဇာတိက္ကမတွေဟာ မှားယွင်းစွာ အလိုဆန္ဒက ဦးတည်ရည်မှန်းထားတဲ့အရာတွေ ဖြစ်ပါတယ်။ သင်ဟာ ဓားတစ်လက်ရှိနိုင်ပါတယ်။ ပြီးတော့ သင်ဟာ ဓားကို အပြစ်မရှိအောင် အမှားမရှိအောင် ပြုလုပ်ခဲ့တဲ့ တစ်ဦးတစ်ယောက်ကို သတ်နိုင်ပါတယ်။ သင်ဟာ ဓားဖြင့် တစ်စုံတစ်ယောက်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အလိုဆန္ဒကို သန့်ရှင်းအောင်ပြုလုပ်ရပါ့မယ်။ ပြီးတော့ ပြောင်းလဲရပါ့မယ်။ အကြောင်းက အဲဒါဟာ သင်ရဲ့ စွမ်းအင် ဖြစ်ပါတယ်။ သင့်မှာ အခြားတစ်ခုခု စွမ်းအင် မရှိပါ။ အလိုဆန္ဒကို ပြောင်းလဲဖို့ သာမန်ဖြစ်တဲ့ လမ်းကတော့ အရာဝတ္ထုများကို ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ငွေကြေးနောက်ကို မသွားပါနဲ့။ ဓမ္မနောက်ကို သွားခြင်းကို စတင်ပါ။

အလိုဆန္ဒရဲ့မျိုးစေ့မရှိပါ။ အကြောင်းက အလိုဆန္ဒဟာ အားလုံးရဲ့မျိုးစေ့ ဖြစ်နေလို့ ဖြစ်ပါတယ်။ အလိုဆန္ဒဟာ အရာရာတိုင်းရဲ့ မူလအခြေခံမျိုးစေ့ ဖြစ်ပါတယ်။ သင့်ရဲ့စွမ်းအင်များကို ပြောင်းလဲဖို့ အစပြုပါ။ တဖြည်းဖြည်း သူ့ဆန္ဒအလျောက် ဖြစ်ပျက်နေတဲ့ ပြောင်းလဲခြင်းများကို သင် မြင်တွေ့လာပါလိမ့်မယ်။


Wednesday, January 26, 2011

ဘ၀ဟူသည် ရှင်သန်ခြင်းအတွက် ဖြစ်သည်

သဘာဝက လူသားရဲ့အသွင်ကို ဖန်တီးပြီး ဒီလူသားအသွင်မှ အကျွန်ုပ်တို့ဟာ လူသားသတ္တ၀ါများ ဖြစ်လာရပါတယ်။ သဘာဝတရားက အကျွန်ုပ်တို့လူသားအသွင်အတွက် လက်နက်တစ်ခုကို ပေးပါတယ်။ အဲဒါက စိတ်-ဆိုတဲ့အရာပါ။ အဲဒီနောက် ဒီစိတ်မှ အကျွန်ုပ်တို့ရဲ့ရှာဖွေမှုဟာ စတင်ပါတော့တယ်။ အကျွန်ုပ်တို့က အကျွန်ုပ်တို့ကိုယ်တိုင်အတွင်းသို့ သွားရောက်ကြည့်တဲ့အခါ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ အလားအလာ-အကျွန်ုပ်တို့ရဲ့ စွမ်းရည်နဲ့ အကျွန်ုပ်တို့ရဲ့ သဘာဝကို ရှာဖွေနိုင်ပါတယ်။

အကျွနု်ပ်တို့ဟာ အကျွန်ုပ်တို့ရဲ့စိတ်များဖြင့် အကျွန်ုပ်တို့ရဲ့ဘ၀များကို စနစ်တကျ ဖွဲ့စည်းရပါမယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်ကို သိနားလည်လာလျင် တဖြည်းဖြည်း အကျွန်ုပ်တို့ရဲ့လူသားအသွင်ဟာ တိုးတက်ရှင်သန်လာပါလိမ့်မယ်။ ဖြစ်ထွန်းလာပါလိမ့်မယ်။ အကျွန်ုပ်တို့စိတ်ရဲ့ စွမ်းရည်နဲ့အရည်အသွေးဟာ တိုးတက်လာပါလိမ့်မယ်။

ရှေးဦးပိုင်းလူသားများဟာ တိရစ္ဆာန်ကဲ့သို့ သစ်သီးများနဲ့သစ်ဥသစ်ဖုများကို စားသောက်ခြင်းဖြင့် တောတောင်ထဲမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့အသွင်အပြင်ဟာ လူသားအသွင်ဖြစ်ပါတယ်။ ဒါပေမယ့် ဘ၀ရဲ့အသိနိုးကြားမှုနဲ့တော့ မဟုတ်ပါ။ တဖြည်းဖြည်း ဘ၀ရဲ့အနှစ်သာရကို ဆင့်ကဲဖြစ်စဉ်များမှ သိရှိလာပါတယ်။ တောတောင်ထဲမှာ နေထိုင်တဲ့ လူသားများဟာ အပြောင်းအလဲကို စတင်လာပါတယ်။ အဲဒီနောက် အသိနိုးကြားလာမှုဖြင့် သူဟာ အကျွနု်ပ်တို့ ယခု ရောက်ရှိနေတဲ့ နေရာအဆင့်သို့ ရောက်ရှိလာပါတယ်။ ဆင့်ကဲဖြစ်စဉ်ဟာ သဘာဝဖြစ်စဉ် - အလိုအလျောက်ဖြစ်နေတာ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ ဖြစ်ရပ်များစွာ ချို့တဲ့ကင်းမဲ့နေတာကြောင့် အဲဒီအရာက ဆက်လက် ဖြစ်နေပါတယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ဘ၀ကို ထိန်းသိမ်းဖို့ စနစ်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိတဲ့အဆင့်သို့ အကျွန်ုပ်တို့ ရောက်ရှိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘ၀ဟာ အဲဒါအတွက်တော့ မဟုတ်ပါ။ အကျွန်ုပ်တို့ရဲ့စာသင်ကျောင်းတွေမှာ သင်ကြားနေတာက ဘာတွေများပါလဲ? အကျွန်ုပ်တို့ရှိတဲ့အတိုင်း ထိန်းသိမ်းစောင့်ရှောက်ဖို့- စနစ်ကို ထိန်းသိမ်းဖို့- ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့- ဘာသာတရားကို ထိန်းသိမ်းဖို့- ဖီလိုဆိုဖီကို ထိန်းသိမ်းဖို့ အကျွန်ုပ်တို့ဟာ သင်ယူနေပါတယ်။ တွေးခေါ်ခြင်းနဲ့ပတ်သက်တဲ့ အကျွန်ုပ်တို့ရဲ့ အစွမ်းကုန်အဆင့်ဟာ အဲဒါပဲ ဖြစ်ပါတယ်။

အကျွန်ုတို့ဟာ ဒီအရာများအားလုံးကို ရိုးစင်းစွာ ဆုပ်ကိုင်ထိန်းသိမ်းနေမယ်ဆိုယင် အကျွန်ုပ်တို့ဟာ ရှင်သန်နေထိုင်နေတာ မဟုတ်ပါ။ ဘ၀ဟာ ရှင်သန်နေထိုင်ဖို့ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ယုံမျှ မဟုတ်ပါ။ ခြားနားတဲ့ပညာရေးတစ်ခုကို လိုအပ်ပါတယ်။ ဒါပေမယ့် ဒီပညာရေးက ဘယ်စာသင်ကျောင်းမှာမှ မရနိုင်ပါ။ ဘယ်လိုပြုံးပြရမယ်ဆိုတာ- အကျွန်ုပ်တို့ရဲ့ ခံစားချက်ကို ဘယ်လိုစနစ်တကျစုစည်းရမယ်ဆိုတာ- အကျွန်ုပ်တို့ရဲ့စိတ်နဲ့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာ- သင်ကြားပေးတဲ့ စာသင်ကျောင်း မရှိပါ။ ပညာသင်ကြားခြင်းများ ပြုလုပ်နေတယ်ဆိုတဲ့အရာအားလုံးကတော့ တည်ရှိတဲ့အရာကို ထိန်းသိမ်းစောင့်ရှောက်တာပဲ ဖြစ်နေပါတယ်။

ဖြစ်စဉ်တစ်ခုလုံးဟာ ကိုယ်တိုင်သတိပြုမိမှု ကိုယ်ပိုင်သိမြင်မှုအပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့် အကျွန်ုပ်တို့ကိုယ်ကို သိဖို့ မည်သည့်အားထုတ်မှုမျိုးကိုမှ ပြုလုပ်နေခြင်းမရှိပါ။ အကျွန်ုပ်တို့ဟာ အပြင်ပန်းအရာများအတွက် စောင့်ရှောက်ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ စိုးရိမ်ယုံမျှပဲ ဖြစ်ပါတယ်။

သို့သော် သဘာဝတရားက အကျွန်ုပ်တို့ရဲ့ဆင့်ကဲဖြစ်စဉ်ကို ဆက်လက်မောင်းနှင်နေပါတယ်။ ယခု ဒီမျက်မှောက်အချိန်မှာ လူအများဟာ နိုးကြားနေပါတယ်။ သူတို့ဟာ ဘ၀နဲ့ပတ်သက်လို့ ဆုပ်ကိုင်ထိန်းသိမ်းထားပြီး နေထိုင်လိုတဲ့ဆန္ဒမရှိတော့ပါ။ အခြားတံခါးအားလုံးဟာ ပွင့်နေပါပြီ။ အကျွန်ုပ်တို့ဟာ ဘ၀ရဲ့အခြားတစ်ဖက်ကို သွားလာစူးစမ်းရှာဖွေနေပါတယ်။ အဲဒါကတော့ အကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဆိုင်ရာလမ်း ဖြစ်ပါတယ်။ ဒီအရာဟာ အကျွနု်ပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာယုံကြည်သက်ဝင်မှုဖြစ်သလို ဘ၀ရဲ့စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ဒီနိုးကြားမှု သတိပြုမိမှုဖြင့် ဘ၀ဟာ ရှင်သန်နေထိုင်ခြင်းဆိုင်ရာဖြစ်စဉ်တစ်ခုထဲသို့ ၀င်ရောက်လာပါလိမ့်မယ်။ ဒီနောက် ရှင်သန်နေထိုင်ခြင်းဆိုင်ရာဖြစ်စဉ်ဟာ စတင်လျင်စတင်ချင်း ချစ်ခြင်းမေတ္တာက သင့်နဲ့အတူ ဖြစ်လာပါလိမ့်မယ်။ ငြိမ်းချမ်းရေး - သဟဇာတဖြစ်မှု- ကောင်းမြတ်တဲ့အရာရာတိုင်းဟာ သင့်နဲ့အတူတကွ ဖြစ်ပေါ်လာပါလိမ့်မယ်။

ထိန်းသိမ်းစောင့်ရှောက်မှုဖြစ်စဉ်မှာ ချစ်ခြင်းမေတ္တာ- ငြိမ်းချမ်းမှု- သဟဇာတဖြစ်မှု- ပျော်ရွှင်မှု- အတိသုခ ဆိုတာ မရှိပါ။ အပြင်းအထန် ကြိုးစားရုန်းကန်လှုပ်ရှားမှုသာ ရှိပါတယ်။ ဆက်လက်တည်ရှိအောင် ဆုပ်ကိုင်ထားတဲ့ ထိန်းသိမ်းခြင်းဖြစ်စဉ်မှာ အကျွန်ုပ်တို့ဟာ ဆုံးရှုံးသွားခြင်းနဲ့ပတ်သက်လို့ အမြဲတမ်းစိုးရိမ်နေရပါတယ်။

အကျွန်ုပ်တို့ သတိပြုမိလာတဲ့အခါ နိုးကြားလာတဲ့အခါ အကျွန်ုပ်တို့ဟာ ရှုမြင်တွေးခေါ်မှုဆိုင်ရာ ညဏ်ပညာဖြင့် ရှင်သန်နေထိုင်ဖို့ စတင်လာပါတယ်။ ပြဿနာတိုင်းဟာ အဲဒါကို ဖြေရှင်းဖို့ အဖြေရှာခြင်းဆိုင်ရာ ဖြေရှင်းနည်းများကို သယ်ဆောင်လာပါတယ်။ ပြဿနာက အတွင်းမှာဆိုလျင် ဖြေရှင်းနည်းကလဲ အတွင်းမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို ရှာဖွေဖို့ စိတ်ရှည်သည်းခံမှုတော့ လိုအပ်ပါတယ်။

သက်တမ်းဟာ အခြေအနေနဲ့ဖြစ်အင်ဟာ အဲဒါနှင့် ပြုလုပ်နေဖို့တော့မဟုတ်ပါ။ အကောင်းဆုံးဘ၀မှာ ရှင်သန်နေထိုင်ချင်သလား ? မနေထိုင်ချင်ဘူးလား? ဆိုတာ- သင်ကိုယ်တိုင် သိနားလည်သော ဒီဘ၀ကို သင် ရှင်သန်နေထိုင်ချင်သလား? သင်ကိုယ်တိုင် နားလည်သိရှိခြင်းမရှိဘဲ ဒီဘ၀ကို ရှင်သန်နေထိုင်ချင်သလား?- ဆိုတာကို သင့်ကိုယ်ကို မေမြန်းစုံစမ်းပါ။ ဒါဟာပင် အကျွန်ုပ်တို့ လေ့လာသင်ယူရမယ့်အရာ ဖြစ်ပါတယ်။ မသိနားမလည်မှုဖြင့် ဘ၀တစ်ခုကို ရှင်သန်နေထိုင်ခြင်း မပြုပါနဲ့။ နိုးကြားတဲ့စိတ်ဖြင့် ရှင်သန်နေထိုင်ပါ။ အသိအလိမ္မာဖြင့် အသက်ရှင်ရပ်တည်ပါ။ အဲဒီအခါ သင်ဟာ ရင့်ကျက်တိုးပွားလာနိုင်ပါတယ်။ အဲဒီနောက် သင်ဟာ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာနိုင်ပြီး ဘ၀ရဲ့စိတ်ကျေနပ်မှုရည်ရွယ်ချက်ကို ပြည့်မီလာနိုင်ပါတယ်။


Tuesday, January 25, 2011

ကြည်ကြည်သာသာနှင့် Goodbye လို့ ပြောဆိုလျှက်…

လူတစ်ယောက်ဟာ အခိုက်အတံ့တိုင်းနဲ့ ပြီးတော့ အလှအပ- အချစ်- ပျော်ရွှင်မှု- အဲဒါရဲ့ ပြောင်းလဲတိုးတက်မှု အဆင့်ဆင့်တိုင်းကို ပြုလုပ်ခြင်းဖြင့် သူရဲ့ဘ၀တစ်ခုလုံးကို ရှင်သန်နေထိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးယင်တော့ သဘာဝဖြစ်တဲ့ သူရဲ့သေခြင်းက သူ့ဘ၀တစ်ခုလုံး ကြိုးစားအားထုတ်မှုရဲ့ နောက်ဆုံးအထွတ်အထိပ် ဖြစ်ပါလိမ့်မယ်။

သေခြင်းတရားဟာ အရုပ်ဆိုးအကျည်းတန်တယ်ဆိုလျင် ဒါဟာ သင့်ရဲ့ဘ၀တစ်ခုလုံးကို အလဟဿဖြုန်းတီး ပြီးပြီလို့ ဆိုလိုပါတယ်။ သေခြင်းတရားဟာ ငြိမ်းချမ်းတဲ့ကြိုဆိုလက်ခံခြင်းတစ်ခု- အကျွမ်းမ၀င်သေးတဲ့ အရာသို့ ခုံခုံမင်မင် ၀င်လာခြင်းတစ်ခု- သူငယ်ချင်းဟောင်းများကို, ကမ္ဘာဟောင်းကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှုတ်ဆက်ခြင်းတစ်ခု ဖြစ်သင့်ပါတယ်။ အဲဒီမှာ အလွမ်းဇာတ်အဆွေးဇာတ်တစ်ခုခု မဖြစ်သင့်ပါ။

Zen master Lin Chi ဟာ သေအံ့ဆဲဆဲ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့တပည့် ထောင်ပေါင်းများစွာက နောက်ဆုံးစကားကို နားထောင်ဖို့ စုရုံးနေကြပါတယ်။ ဒါပေမယ့် Lin Chi ဟာ ရွှင်ရွှင်မြူးမြူး ပြုံးလျှက် စကားတစ်လုံးမျှ မပြောဆိုဘဲ ထူးမခြားစွာ ရိုးရိုးစင်းစင်းပဲ လဲလျောင်းနေခဲ့ပါတယ်။ သူဟာ သေတော့မယ်ဆိုတာရယ်-စကားတစ်လုံးမှမပြောတော့ဘူးဆိုတာရယ်ကို မြင်ရတဲ့အခါ တစ်စုံတစ်ယောက်က Lin Chi (သူကိုယ်တိုင်က သူငယ်ချင်းမိတ်ဟောင်းတစ်ယောက်- သူကိုယ်တိုင်က အရှင်သခင်တစ်ယောက်ပါ)ကို သတိပေးပါတယ်။

Lin Chi! သင့်ရဲ့နောက်ဆုံးစကားများကို ပြောဆိုရမယ်ဆိုတာကို သင် မေ့နေပြီလား? ငါက သင့်ရဲ့မှတ်ညဏ်ဟာ ပုံမှန် မဟုတ်တော့ဘူးဆိုတာကို အမြဲတမ်းပြောခဲ့တယ်။ သင်ဟာ သေအံ့ဆဲဆဲ ဖြစ်နေတယ်။ သင် မေ့နေပြီလား? Lin Chi က “နားထောင်ယုံ သက်သက်မျှပါ” လို့ ပြောပါတယ်။ ပြီးတော့ ခေါင်မိုးပေါ်မှ ချဥ့်နှစ်ကောင်ဟာ ပြေးလွှားနေပါတယ်။ စူးစူးဝါးဝါးအော်နေပါတယ်။ သူက “ဘယ်လောက်များ လှပလိုက်သလဲ!” လို့ ပြောပြီးတော့ သူဟာ သေဆုံးသွားပါတယ်။

ခေတ္တခနအခိုက်အတွက် “နားထောင်ယုံ သက်သက်မျှပါ” လို့ သူပြောတဲ့အခါ တကယ်တိတ်ဆိတ်ငြိမ်သက်မှု ရှိခဲ့ပါတယ်။ သူဟာ ကြီးကျယ်တဲ့တစ်စုံတစ်ခုကို ပြောတော့မယ်- လို့ လူတိုင်းက တွေးဆကြပါတယ်။ ဒါပေမယ့် ခေါင်မိုးပေါ်မှာ ရှဥ့်နှစ်ကောင် တိုက်ခိုက်နေတာ- စူးစူးဝါးဝါးအော်နေတာ- ပြေးလွှားနေတာကိုသာ ပြောပြီး အဲဒီနောက် သူဟာ ပြုံးလျက် သေဆုံးသွားခဲ့ပါတယ်။

ဒါဟာပဲ သူ့ရဲ့သတင်းစကား ဖြစ်ပါတယ်။ အရာဝတ္ထုများကို သေးငယ်အောင် ဒါမှမဟုတ် ကြီးကျယ်အောင် ပြီးတော့ အရေးမပါတာတွေ အရေးပါတာတွေ ပြုလုပ်မနေပါနဲ့။ ခေါင်မိုးပေါ်မှာပြေးနေတဲ့ ရှဥ့်နှစ်ကောင်လို အရာရာတိုင်းဟာ အရေးကြီးပါတယ်။ ခြားနားမှုမရှိပါ။ ဘ၀ရဲ့ဖြစ်တည်ခြင်းမှာ အားလုံးဟာ တူညီပါတယ်။ ဒါသည်ပင် သူ့ရဲ့ဖီလိုဆိုဖီ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဒါမှမဟုတ် သေးငယ်တဲ့အရာဆိုတာ မရှိပါ။ ဒီအရာ အားလုံးဟာ သင့် အပေါ်မှာ မူတည်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သင်ပြုလုပ်တဲ့အရာအပေါ်မှာ မူတည်ပါတယ်။

ကမ္မဌာန်းထိုင်ခြင်းဖြင့် စတင်ပါ။ ပြီးတော့ အရာအားလုံးဟာ ငြိမ်သက်လာပါလိမ့်မယ်။ ကြည်လင်အေးချမ်းလာပါလိမ့်မယ်။ ချမ်းမြေ့ပျော်ရွှင်လာပါလိမ့်မယ်။ နူးညံ့လာပါလိမ့်မယ်။ ပြီးတော့ ကမ္မဌာန်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘယ်အရာပဲဖြစ်ဖြစ် အဲဒါကို ဘ၀မှာ အပြင်ဘက်သို့ သယ်ဆောင်လာဖို့ ကြိုးစားပါ။ အဲဒါကို ဝေမျှပါ။ အကြောင်းက ဝေမျှထားတဲ့အရာရာတိုင်းဟာ ခိုင်မြဲပါတယ်။

အဲဒီနောက် သင် သေခြင်းရဲ့အထွတ်အထိပ်သို့ ရောက်ရှိပြီလို့ ဆိုတဲ့အခါ 'သေခြင်းမရှိ' - ဆိုတာကို သိလာပါလိမ့်မယ်။ ၀မ်းနည်းခြင်းနဲ့ပတ်သက်တဲ့ မျက်ရည်အတွက် မလိုအပ်တော့ဘဲ - (ပျော်ရွှင်မှုရဲ့မျက်ရည်တော့ ဖြစ်နိုင်တယ် - ဒါပေမယ့် ၀မ်းနည်းမှုမျက်ရည်တော့ မဖြစ်နိုင်) သင်ဟာ Goodbye လို့ ပြောနိုင်တယ်။

ဒါပေမယ့် သင်ဟာ အပြစ်ကင်းစင်ခြင်းမှ စတင်ရပါ့မယ်။ ဒါ့ကြောင့် ပထမဆုံး- သင် သယ်ဆောင်လာတဲ့ အမှိုက်သရိုက်တွေ အားလုံးကို လွှတ်ပစ်ရပါ့မယ်။ ဘ၀ဟာ ရိုးစင်းပါတယ်။ ဒါဟာ ပျော်စရာကောင်းတဲ့ ကပွဲတစ်ခု ဖြစ်ပါတယ်။
ကမ္ဘာကြီးတစ်ခုလုံးဟာ ပျော်ရွှင်မှုများ ကပွဲများဖြင့် ပြည့်နေနိုင်ပါတယ်။ ဒါပေမယ့် ဘ၀ကို ၀မ်းသာမနေသင့်၊ ပြုံးပျော်မနေသင့်၊ ဒါမှမဟုတ် ရယ်မောမနေသင့် ဆိုတာနဲ့ - ပြီးတော့ ဘ၀ဟာ မကောင်းမှုတစ်ခု ဖြစ်တာကြောင့် ဒါဟာ ပြစ်ဒဏ်ပေးခံရခြင်းတစ်ခုသာ ဖြစ်တယ်ဆိုတာကို တွက်ချက်ထားတဲ့သူအချို့ ရှိပါတယ်။

အခြေအနေက - ဒါဟာ ပြစ်ဒဏ်ပေးခံရခြင်းတစ်ခုသာဖြစ်တယ်ဆိုတာ သင့်ကို ဆက်လက်ပြောဆိုပြီးတဲ့ အဲသလိုအခါ - သင်ဟာ အရာဝတ္ထုများကို မှားယွင်းစွာ ပြုလုပ်ခဲ့ပြီးတာကြောင့် သင် ဆင်းရဲဒုက္ခတွေ ခံစားနေရတာ ဖြစ်တယ်လို့ဆိုတဲ့ အဲသလိုအခါ - ပြီးတော့ ဒါဟာ ဆင်းရဲဒုက္ခခံစားဖို့ သင့်ကို ခြေစုံပစ်ဝင်စေတဲ့နေရာ ထောင်အမျိုးအစားတစ်ခု ဖြစ်တယ်လို့ ဆိုတဲ့ အဲသလိုအခါ- ဘယ်လိုအရာနဲ့များ သင် ပျော်ရွှင်နိုင်တော့မှာလဲ?

ဘ၀ဟာ ဆုလာဘ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဒါကို ရှာဖွေပြီးတဲ့သူများ - ဒါနဲ့ထိုက်တန်တဲ့သူများကိုသာ- အဲဒါကို ပေးအပ်တာ ဖြစ်ပါတယ်။ အဲဒါကို သင်က အလှဆင်အလှမပြင်လျင် - သင်ဟာ အဲဒါကို တွေ့ရှိခဲ့ပြီးတဲ့ အတိုင်းမျှသာ ထားမယ်ဆိုလျင်- အဲဒါက အသက်ရှင်ရပ်တည်မှုနှင့် တသီးတခြားဖြစ်နေပါလိမ့်မယ်။ ဆန့်ကျင်နေပါလိမ့်မယ်။ ဒါ့ကြောင့် မသေးငယ်လွန်းသော ပျော်ရွှင်မှု- မပိုလွန်းသောအလှအပ- မနည်းလွန်းသော မွေးကြိုင်တဲ့ရနံ့ အဲဒါကို ကျန်ရစ်စေပါ။


Sunday, January 23, 2011

ခွင့်လွှတ်ခြင်းဖြင့် ပြီးဆုံးစေသည်

ကမ္ဘာအနှံ့ ဘာသာအယူဝါဒအားလုံးက ဒါကို ထောက်ခံထားပါတယ်။ အဲဒါရဲ့အကျိုးတရားနဲ့ ပတ်သက်လို့ ကမ္ဘာတလွှား ဘာသာရေးခေါင်းဆောင်များအကြား တူညီမှု ရှိပါတယ်။ ဘုရားသခင်တိုင်းနဲ့ သူတို့ရဲ့တမန်တော်တွေအားလုံးက အဲဒါကို ဟောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ရှိခိုးဝတ်ပြုဆုတောင်းတဲ့ နေရာများမှာ ဆည်းကပ်ကိုးကွယ်သူများ မကြာခဏရွတ်ဆိုတဲ့ ဆုတောင်းတစ်ခု ဖြစ်ပါတယ်။

ပြီးတော့ ကိုးကွယ်ယုံကြည်သူမဟုတ်သူများကိုလည်း ဒါရဲ့ကြီးမားတဲ့တန်ဖိုးကို လက်ခံယုံကြည်စေပါတယ်။ ဆရာဝန်များက အဲဒါရဲ့ကုသမှု အကျိုးတရားနဲ့ပတ်သက်လို့ လူနာများကို ပြောပါတယ်။ ရှေးခေတ် ယနေ့ခေတ် ဂုရုများက အဲဒီရဲ့ကောင်းကွက်အားသာချက်ကို ပါဝင်ဆင်နွှဲဖို့ ပေါင်မုန့်ကို လှီးဖြတ်ကြပါလိမ့်မယ်။ Pranic ကုသသူများနဲ့ reiki ဆရာများကလည်း ဒါကို စွမ်းအားရှိတဲ့ ကုသခြင်းလက်နက်တစ်ခု ဖြစ်တယ်လို့ ယူဆကြပါတယ်။

ခွင့်လွှတ်ခြင်းဟာ ချစ်ခြင်းမေတ္တာလောက် ရင်သပ်ရှုမောဖွယ်ရာ မဟုတ်တာမှန်ပေမယ့် ဒီအတွက် ဘုရားတရားကိုင်းရှိုင်းဖို့ လုံးဝမလိုအပ်ဘဲ အံ့ဖွယ်ကောင်းတဲ့ အလေ့အထကောင်းတစ်ခု ဖြစ်ပါတယ်။ Oxford English dictionary- မှာ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်လို့ - “လွတ်ငြိမ်းချမ်းသာခွင့်ကို လွတ်လွတ်လပ်လပ် ခွင့်ပြုဖို့။ ဗွေယူစရာ ဒါမှမဟုတ် တင်နေတဲ့အကြွေးများကြောင့် ရသင့်သည်ဟုယူဆတောင်းဆိုခြင်းအားလုံးကို စွန့်လွှတ်ဖို့” လို့ ဖွင့်ဆိုထားပါတယ်။

ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ အဲဒါထက် များစွာပိုမိုပါတယ်။ ခွင့်လွှတ်ခြင်းရဲ့အပြုအမူနဲ့ပတ်သက်လို့ အဆိုးမြင်ဝါဒီများက- အောက်ကျို့ခံတတ်သူနဲ့ သူရဲဘောကြောင်သူများ မတတ်သာသည့်အဆုံး ကျင့်သုံးရတဲ့ - ပျော့ညံ့တဲ့သူမှာ ဖြစ်တည်တာလို့ မြင်ပါတယ်။ “ပျော့ညံ့အားနည်းတဲ့သူဟာ ဘယ်တော့မှ ခွင့်လွှတ်နိုင်စွမ်းမရှိ။ ခွင့်လွှတ်ခြင်းဟာ ခွန်အားရှိတဲ့သူများရဲ့ ပင်ကိုယ်အရည်အချင်း ဖြစ်တယ်” လို့ MK Gandhi က ပြောခဲ့သလို- စွမ်းအားရှိတဲ့သူများကသာ အဲဒါကို ပြုလုပ်နိုင်စွမ်းရှိကြတယ်ဆိုတာကို အသိအမြင်ကြွယ်ဝသူများက ပြောကြပါတယ်။

အပြစ်ကင်းစင်တဲ့ပျော်ရွှင်မှုကို ရရှိပါတယ်။ အကြောင်းက သင်ဟာ သင့်ကို နာကျင်ထိခိုက်စေပြီးတဲ့ လူတစ်ယောက်ကို သင် ခွင့်လွှတ်တဲ့အခါ သင်ဟာ သင်ကိုယ်တိုင် အနုတ်လက္ခဏာဆောင်တဲ့ စွမ်းအင်အားလုံးနဲ့ပတ်သက်လို့ အဆိပ်ဖြေပေးပါတယ်။ သင့်ရဲ့စိတ်ဟာ လွတ်လပ်ပြီးတော့ သင့်ရဲ့ ၀ိညာဉ်နဲ့ ခန္ဓာကိုယ်ကို စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ပါတယ်။

University of Wisconsin မှ လေ့လာမှုအရ - လူများဟာ ခွင့်လွှတ်နေလေလေ သူတို့ဟာ နာမကျန်းဖြစ်ခြင်းရဲ့ ကျယ်ပြန့်တဲ့အတိုင်းအတာမှ ခံစားရမှုနည်းလေလေ ဖြစ်တယ်- လို့ ဆိုထားပါတယ်။ အကျိုးတရားက သူတို့ရဲ့ နှလုံး, သွေးကြောတွေနဲ့ဆက်စပ်နေတဲ့အရာများ၊ အာရုံကြောနဲ့ဆိုင်တဲ့ စနစ်များ လည်ပတ်ရာမှာ ပိုမိုကောင်းမွန်ခြင်း ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်သူလို့ခေါ်တဲ့ ဒေါသနဲ့မကျေချမ်းမှုက ဆင်းရဲဒုက္ခနဲ့ မပျော်ရွှင်မှုကိုသာ အကျွန်ုပ်တို့ဆီသို့ သယ်ဆောင်လာပါလိမ့်မယ်။ “ သင် ခွင့်မလွှတ်လျင် သင်ဟာ ဥပဒေ ချိုးဖောက်သူရဲ့အတွေးများကို ဆက်လက်တွေးနေပါလိမ့်မယ်။ ပြီးတော့ မကျေနပ်မှုများ ဆက်ဖြစ်နေပါလိမ့်မယ်” ဆိုတာက Pranic ကုသတဲ့ဆရာ Choa Koi Sui ကို အထောက်အကူ ပြုခဲ့ပါတယ်။

ခွင့်လွှတ်ခြင်း, ဆုတောင်းခြင်းဖြင့် သင်ဟာ အတွင်းငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုကို ရရှိပါတယ်။ ဝေဒယဉ်ကျေးမှုနောက် လိုက်တဲ့သူများဟာ သူတို့ရဲ့ရန်သူများအတွက်တောင် ပျော်ရွှင်မှုကို ခွင့်ပြုဖို့ ဘုရားသခင်ကို ဆုတောင်းကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ကောင်းကျိုးသုခအတွက်သာမက သူတို့ပြိုင်ဘက်ရန်သူများရဲ့ချမ်းသာကြွယ်ဝမှုအတွက်လည်း ဘုရားသခင်သို့ ဆုတောင်းကြပါတယ်။ ဝေဒပညာရှင်များက အားလုံးသော ၀ိညာဉ်များအကြား မမွေးဖွါးမီ တူညီမှုတစ်ခု၊ ကွင်းဆက်တစ်ခုနဲ့ ကောင်းကင်ဘုံနှင့်ဆိုင်တဲ့ ဆက်သွယ်ပေါင်းစည်းခြင်းကို ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် သင် အခြားသောသူကို မုန်းလျင် သင်ဟာ သင်ကိုယ်တိုင် မုန်းနေသည်သာ ဖြစ်ပါတယ်။

“သင် လူတစ်ယောက်ကို မကြာခဏ ဘယ်လို ခွင့်လွှတ်မလဲ? ၇-ကြိမ်ထိလား?” Jesus Christ ကို သူ့ရဲ့တပည့် Peter က မေးမြန်းခဲ့ပါတယ်။ “ ၇-ကြိမ်တိုင်အောင်လို့ သင့်ကို ငါမပြောခဲ့ဘူး၊ ဒါပေမယ့် အကြိမ်များစွာတိုင်အောင်” လို့ Jesus က ပြန်ဖြေပါတယ်။ Jesus တောင် သူ့ကို ကားစင်တင်အဆုံးစီရင်တဲ့ သူများကို “အဖ ဘုရားသခင်! သူတို့ကို ခွင့်လွှတ်ပါ။ သူတို့လုပ်တဲ့အရာကို သူတို့မသိတဲ့အတွက်ကြောင့်”လို့ ခွင့်လွှတ်ဖို့ ဘုရားသခင်ကို တောင်းပန်ခဲ့ပါတယ်။
ဘုရားသခင်ကိုဆုတောင်းခြင်းမှာ Christians များက “အကျွန်ုပ်တို့ကို ဆန့်ကျင်အပြစ်ပြုတဲ့သူများကို အကျွန်ုပ်တို့က ခွင့်လွှတ်တဲ့အတိုင်း အကျွန်ုပ်တို့ရဲ့အပြစ်များအတွက် အကျွန်ုပ်တို့ကို ခွင့်လွှတ်ပါ”လို့ ဆုတောင်းပါတယ်။

ဒီသတင်းစကားက ရှင်းပါတယ်။ သင် အခြားသူများကိုခွင့်လွှတ်မှသာလျင် သင့်ကိုလည်း ခွင့်လွှတ်ပါလိမ့်မယ်။ Allah ဟာ အလွန်အမင်းခွင့်လွှတ်ခြင်းရှိသူ ဖြစ်ပါတယ်။ Prophet Muhammad က သူတို့ရဲ့မသိမိုက်မဲမှုများအတွက် လူများကို ခွင့်လွှတ်ပါတယ်။ ပြီးတော့ သူ့ရဲ့ရန်သူများအတွက် ခွင့်လွှတ်ဖို့ အမြဲတမ်း အသင့်ဖြစ်ပါတယ်။

ခွင့်မလွှတ်ခြင်းဖြင့် အကျွန်ုပ်တို့ရဲ့နာကျင်မှုပတ်လည်မှာ တစ်သားတည်းရှိမှုကို စိတ်တူသဘောတူဖြစ်မှုကို ဆက်လက်ဖန်တီးနေပါတယ်။ ပြီးတော့ ဒါဟာ ပြန်လည်မွေးဖွားတဲ့အရာ- တန်ပြန်သက်ရောက်လာမယ့်အရာ ဖြစ်တယ်လို့ Buddhists များက ယုံကြည်ကြပါတယ်။ Jainism မှာ ခွင့်လွှတ်ခြင်းကို ယုံကြည်ကိုင်းရှိုင်းသူက စိုက်ပျိုးတဲ့ အဓိကမွန်မြတ်စင်ကြယ်မှုတစ်ခုအဖြစ် တင်ပြထားပါတယ်။ အဆုံးစွန်ခွင့်လွှတ်ခြင်းဟာ ဓမ္မဆိုင်ရာ ထူးခြားတဲ့လက္ခဏာ ၁၀-ချက်ထဲက လက္ခဏာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် Jainsm မှာ ပုံဖော်ထားပါတယ်။

ခွင့်လွှတ်ခြင်းဟာ ကြီးမားတဲ့ခွန်အား ဖြစ်ပါတယ်။ ဒါဟာ ခွင့်လွှတ်တဲ့သူကော ခွင့်လွှတ်ခံရသူပါ နှစ်ဦးစလုံးရဲ့ ဘ၀ကို လုံးဝပြောင်းလဲနိုင်တဲ့ မွန်မြတ်သန့်စင်ပြီးအတ္တကင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။


Thursday, January 20, 2011

အကျိုးတရားက ဘယ်လိုသက်ရောက်ပါစေ အကြောင်းမဟုတ်ပါ- ကြိုးပမ်းအားထုတ်မှုကို မွေ့ လျော်ပါ

အကျွန်ုပ်တို့မှာ အလှိုဆန္ဒများစွာနဲ့ရည်မှန်းချက်များစွာ ရှိကြပါတယ်။ အကျွန်ုပ်တို့ လိုချင်တဲ့အရာကို အမြဲတမ်း အကျွန်ုပ်တို့ မရကြပါ။ အကျွန်ုပ်တို့ထဲမှ အချို့က အကျွန်ုပ်တို့ရရှိတဲ့အရာနဲ့ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် အချို့သူများကတော့ မကျေနပ်မှုများ- အာသာဆန္ဒမပြည့်မ၀မှုများဖြင့် ဆက်လက်တည်ရှိနေကြပါတယ်။ အချို့သူများက မစွန့်လွှတ်နိုင်ကြသေးပေမယ့် သူတို့ဟာ ကြိုးစားနေကြပါတယ်။ ဘယ်ချဉ်းကပ်မှုက မှန်ကန်တဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါသလဲ?

အကျွန်ုပ်က အခြားချဉ်းကပ်မှုကို အကြံပြုပါ့မယ်။ သင်ဟာ အလိုဆန္ဒတစ်ခု ရှိနိုင်တယ်။ အဲဒါကို ဖြည့်ဆည်းဖို့ သင့်ရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုကို စိုက်ထုတ်ပါ။ အချိန်ပေးပါ။ ရင်းနှီးမြှုပ်နှံပါ။ ဒါပေမယ့် အဲဒီဖြစ်ပေါ်လာမဲ့ အကျိုးတရားထက် ပိုမိုကောင်းမွန်တဲ့ လုံးလ၀ီရိယဖြင့် သင့်ကို အမှန်တကယ်ပျော်ရွှင်အောင် ပြုလုပ်ပါ။

ညည်းညည်းညူညူ မကျေနပ်စွာ ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်ပြီး အလိုဆန္ဒများ ရရှိတဲ့အခါမှသာ ပျော်ရွှင်တဲ့သူများ ရှိပါတယ်။ သူတို့မှာပြင်းပြတဲ့စွမ်းပကားမရှိ ဒါမှမဟုတ် စိတ်အားတက်ကြွထက်သန်မှုက အကျိုးအမြတ် ရလဒ်မှာ ပျော်ရွှင်ဖို့ ကျန်ရစ်နေတဲ့ ချန်ထားရစ်တဲ့ - ဤသို့သော အတိုင်းအတာတစ်ခုအတွက် ကြိုးစားအားထုတ်မှုကို ပြုလုပ်ခြင်းဖြင့် သူတို့ကိုယ်ကိုယ်သူတို့ ပင်ပန်းနွမ်းနယ်စေတဲ့သူများရှိပါတယ်။ အကျွန်ုပ်ရဲ့ နည်းလမ်းကတော့ - ဘယ်လိုအကျိုးတရားပဲ သက်ရောက်သက်ရောက် အကြောင်းမဟုတ်ပါ- ကြိုးပမ်းအားထုတ်မှုကို မွေ့ လျော်ပါ- ဆိုတာပဲ ဖြစ်ပါတယ်။

အကျွန်ုပ်ရဲ့ ချဉ်းကပ်မှုဟာ သွားရမည့်ရည်မှန်းချက် နေရာဆီသို့ ချီတက်သည့်ခရီးကို တက်ရောက်ဖို့ ပါဝင်ဆင်နွှဲဖို့ ဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်သို့ရောက်ယင် အကျွန်ုပ်တို့ ပျော်ရွှင်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်သို့ မရောက်ယင်တောင် ဘယ်သူဖြစ်ဖြစ် ပြိုင်ပွဲကို ၀င်ပြိုင်ရခြင်းမှာ ရင်ဖိုရခြင်း ပီတီဖြစ်ရခြင်းရဲ့ ခံစားမှုကို ယူငင်နိုင်ပါတယ်။ ကြည်နူးဖွယ်ကောင်းတဲ့ ပင်ပန်းနွမ်းလျမှုက ခန္ဓာကိုယ်တစ်လျှောက်လုံး ခံစားသိမြင်စေပါတယ်။ အကျွန်ုပ်ရဲ့ပျော်ရွှင်မှုများဟာ ပန်းတိုင်တစ်ခုသို့ ရောက်ရှိခြင်းမှ ဆင်းသက်လာတာ မဟုတ်ပါ။ ဒါပေမယ့် အကျွန်ုပ်ဟာ အဲဒါကို အကျွန်ုပ်ရဲ့ကြိုးစားမှုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဆင်နွှဲခဲ့တဲ့ အပတ်တကုတ် ရုန်းကန်လှုပ်ရှားမှုမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ယခု အကျွန်ုပ်ဟာ သင့်ကိုပြောဆိုခြင်းဖြင့် တိုက်တွန်းပါတယ်။ အကျွန်ုပ်ဟာ အကျွန်ုပ်ရဲ့ သင်ကြားမှုကို နိဂုံး ချုပ်ပြီးဆုံးတဲ့အခါ - သင်က အကျွန်ုပ်ကို တဖြောင်းဖြောင်းမြည်တဲ့သြဘာကို ပေးမှသာလျင် အကျွန်ုပ်ဟာ ပျော်ရွှင်မှုကို ခံစားရလိမ့်မယ်လို့ ဆိုကြပါစို့။ ဒါက အကျွန်ုပ်ဟာ အကျွန်ုပ်ရဲ့သင်ကြားမှုမှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နေတာမဟုတ်ဘူးလို့ ဆိုလိုပါတယ်။ တကယ်တမ်းအတိအကျဆိုရရင်တော့ အကျွန်ုပ်ရဲ့စိတ်ဟာ သီးသန့် တစ်စုံတစ်ရာဖြစ်တဲ့ပန်းတိုင်တစ်ခုကို ပိုင်းဖြတ်ထားတယ်လို့ ဆိုလိုပါတယ်။ တကယ့်ဒီနှီးနွှယ်ဆက်စပ်မှုက အကျွန်ုပ်ရဲ့ သင်ကြားမှုနဲ့ပတ်သက်လို့ အကျွန်ုပ်ရဲ့အကောင်းဆုံးကို ပေးခြင်းမှ အကျွန်ုပ်ကို တားမြစ်နိုင်ပါတယ်။ ပြီးတော့ ဒါဟာ ပန်းတိုင်သို့ အကျွန်ုပ်ရဲ့ရောက်ရှိမှုအတွက် အဟန့်အတားတစ်ခုလို ပြုမူပါတယ်။

ဘောလုံးကို ကစားခြင်းဟာ ပျော်ရွှင်မှုရဲ့အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အောင်နိုင်ခြင်းကတော့ အခြားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပြဿနာက အောင်မြင်မှုဖြင့် ပျော်ရွှင်မှုကို အကျွန်ုပ်တို့ဟာ တစ်ခုတည်းလက်ခံ တန်းတူသဘောထားတာ ဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုနဲ့ဆိုင်တဲ့အတီးအမှုတ်များကို သူတို့ရဲ့ဖျော်ဖြေရေးတင်ဆက်မှုပွဲမှာ ဆွဲဆောင်ထားပါတယ်။ ကာကွယ်ပေးထားပါတယ်။ အားလုံးမှာ တကယ့်လက်တွေ့ကျတဲ့ရည်ရွယ်ချက်ကတော့ သူတို့ဟာ ပရိသတ်ကို သတိမထားမိပါ။ အထွတ်အထိပ်ဖြစ်တဲ့အခိုက်မှာ အဆင့်မှာ လက်ခုပ်သြဘာသံများကို သတိမထားမိပါ။ ဒါပေမယ့် အဆုံးမှာ စီစဉ်သူ စည်းရုံးရေးမှုးများထံမှ လက်ခံရရှိလိမ့်မှာဖြစ်တဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။

သူတို့ပျော်ရွှင်စေတဲ့အရာဟာ သက်ဝင်လှုပ်ရှားနေတဲ့ သူတို့ရဲ့ ဖန်တီးမှုကို သယ်ဆောင်ရာမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှုများ ဖြစ်ပါတယ်။ သြဘာပေးခြင်းရဲ့အသွင်အပြင်မှာ- ငွေရခြင်းရဲ့ပုံစံမှာ နောက်ဆုံးအကျိုးဆက် ရလဒ်မဟုတ်ပါ။ ဒါ့ကြောင့် လုပ်ငန်းစဉ်ကို ပျော်ရွှင်ပါ။ ရွေ့လျားနိုင်စွမ်းပမာဏကို ပျော်ရွှင်ပါ။ ကြိုးပမ်းအားထုတ်မှုကို ပျော်မွေ့ ပါ။

သင့်ဟာ ချောချောမောမောဖြစ်အောင် အလုပ်လုပ်နေတယ်ဆိုတာ- ကြိုးစားပမ်းစားလုပ်ယုံမျှမဟုတ်ဘူးဆိုတာကို သေချာအောင်ပြုလုပ်ပါ။ ရေချိုးကန်မှာ ငါးမဖမ်းပါနဲ့။ ပြေးလွှားစီးဆင်းနေတဲ့စမ်းချောင်းမှာ ဆပ်ပြာမြှုပ်ကို အမြှုပ်ထများပြားလာဖို့ မကြိုးစားပါနဲ့။ အဲဒီအစား စမ်းချောင်းမှာ ငါးဖမ်းပါ။ ရေးချိုးကန်မှာ ဆပ်ပြာမြှုပ်ကို အမြှုပ်ထအောင် ပြုလုပ်ပါ။

သင်ရဲ့ပန်းတိုင်ကို ချင့်တွက်ပါ။ ပန်းတိုင်များသို့ရောက်ရှိရာမှာ ရင်းနှီးမြှုပ်နှံရတဲ့ လုံးလကြိုးပမ်းအားထုတ်မှုရဲ့ အရေအတွက်နဲ့အရည်အသွေးကို အကြမ်းဖျင်းခန့်မှန်းပါ။ ရင်းနှီးမြှုပ်နှံမှုမှ ပြန်လာမယ့်အရာ အတိုင်းအတာပမာဏကို ဂရုတစိုက် တွက်ချက်ပါ။ အဲဒီနောက် အချိုးအစားက သင်ကျေနပ်ဖွယ်ရာအဖြစ် လက်ခံယုံကြည်လျင် သင့်ရဲ့ပန်းတိုင်ဆီသို့ ဆက်သွားပါ။ သင့်ရဲ့ပန်းတိုင်များဆီသို့ ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားပါ။ ဒါဟာ ချောချောမောမောဖြစ်အောင် အလုပ်လုပ်တာ ဖြစ်ပါတယ်။ အသိညဏ်နှင့်ယှဉ်တဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။

ကျရှုံးခြင်းဟာ ဘ၀ရဲ့ ဖြစ်ရပ်မှန် ဖြစ်ပါတယ်။ ဥပမာ အားကစားမှာလို အများနှင့်ယှဉ်ပြိုင်ရတဲ့ အခြေအနေများမှာ တစ်ဖက်ဖက်က ရှုံးကိုရှုံးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အောင်မြင်မှုမှာ ပျော်ရွှင်မြူးထူးတာထက် ဒါမှမဟုတ် ကျရှုံးမှုမှာ ငေးငိုင်မှိုင်တွေနေတာထက် သင့်တော်ကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှုမှာ ဘာ့ကြောင့် မပျော်ရွှင်နိုင်ရတာလဲ?

ဆုံးရှုံးသွားတာကို တနုံ့နုံ့စဉ်းစားနေတာထက်- ကောင်းမွန်သင့်တော်တဲ့အောင်မြင်မှုမှာ ပါဝင်ဆင်နွှဲဖို့အတွက် - အဲဒါဟာ စိတ်ပိုင်းဆိုင်ရာနည်းနာများက အကောင်းဆုံးဖြစ်တယ်လို့ အကျွန်ုပ်ထင်ပါတယ်။ အများနဲ့ယှဉ်ပြိုင်ရတဲ့ ကြိုးပမ်းအားထုတ်မှုကို ဘယ်သူ့ကိုဖြစ်ဖြစ် နောက်ထပ်ဆက်လက်ဆန္ဒပြုချင်တာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မဟာဗျူဟာအတွက် ဖြစ်ပါတယ်။

ကျရှုံးမှုတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ သင်ခန်းစာတစ်ခုလည်း ရှိပါတယ်။ ကျရှုံးမှုတိုင်းဟာ သူတို့ရဲ့သဘောသဘာဝဖြစ်တဲ့ လူသားရဲ့အားနည်းချက်များအတွက် လူများကို သတိပေးဖို့ မဖြစ်မနေမရှိမဖြစ် လိုအပ်ပါတယ်။ အောင်မြင်မှုရဲ ပြတ်သွားခြင်းမရှိတဲ့ ကြိုးတစ်ချောင်းဟာ ပလွှားမှု မာန်မာနကို ဖန်တီးနိုင်ပါတယ်။ ပြီးတော့ မြင့်မြင့်မားမား အောင်မြင့်သူများမှာ မိမိကိုယ်ကိုယ်မိမိနဲ့ပတ်သက်တဲ့ မကျော်လွှားနိုင်တဲ့ စိတ်ခံစားမှုတစ်ခုကို ဖန်တီးနိုင်ပါသေးတယ်။

အချို့နပန်းလက်ဝှေ့စတဲ့အားကစားစတားတွေ ပြောဆိုတဲ့ “ငါဟာ အထူးချွန်ဆုံးသူ” ဆိုတဲ့ ကြွားလုံး လေလုံး ထွားမှုတွေကို သတိရပါ။ တွေ့ နေကျ ပြောနေကျ ဆိုရိုးကို သွားရောက်တဲ့အခါ ဤသို့သောမာန်မာနများက ကြီးမားတဲ့ကျရှုံးခြင်းတစ်ခုရဲ့ ရှေ့ဦးအလျင် ကျရောက်နေပါတယ်။
ဘုရားသခင်အတွက် ကျေးကျွန်အဖြစ် ခံယူခြင်းဟာ ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ကျေးကျွန်အဖြစ် ခံယူခြင်းဟာ လူသားများရဲ့စိတ်နှလုံးသားမှာသာလျင် ဖြစ်ပျက်ပါတယ်။


Tuesday, January 18, 2011

ဘာသာရေးကိုင်းရှိုင်းသူတွေဟာ လူမှုပတ်ဝန်းကျင်နှင့်အံဝင်ခွင်မကျသူတွေလား?

ရုပ်ဝါဒီသမားများက မဖော်ရွေ- လူမှုရေးနားမလည်- အပေါင်းအသင်းကင်းသူ- တရားသေစွဲသူ- ပြီးတော့ အသိ ညဏ်ဆိုင်ရာထိုးထွင်းသိမြင်မှုမှ ကင်းဝေးသူများအဖြစ်- ဘာသာရေးကိုင်းရှိုင်းသူများကို မကြာခဏမြင်ပါတယ်။

ဘာသာရေးကိုင်းရှိုင်းတဲ့သူများဟာ အရက်မသောက်ရ- ဆေးလိပ်မသောက်ရဆိုတဲ့ သဘောထားအမြင် အချို့ ရှိပါတယ်။ သူတို့ဟာ အစားအစာမစားမီ ဆုတောင်းကြပါတယ်။ လိင်ပိုင်းဆိုင်ရာလွတ်လပ်မှုမျိုးစုံကို မျက်မှောင် ကြုတ်ကြပါတယ်။ သူတို့ဟာ အယူသီးအစွဲအလမ်းကြီးပြီး- လက်တွေ့မကျသူများဖြစ်ကာ အိုမင်းဟောင်းနွမ်းတဲ့ အယူအဆအပေါ်မှာ ရပ်တည်ထားပါတယ်။ ဒါ့ကြောင့် ဘာသာရေးကိုင်းရှိုင်းသူများကို လူမှုပတ်ဝန်းကျင်နှင့် အံဝင်ခွင်မကျသူများအဖြစ် ယူဆသတ်မှတ်ကြပါတယ်။

ကျောင်းများ-ကောလိပ်များတွင် သူတို့ရဲ့နဖူးထိပ်မှာ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များကို ၀တ်ဆင်တဲ့ ကျောင်းသားများ- ဒါမှမဟုတ် ဆုတောင်းမှုကို ရွတ်ဆိုတဲ့ကျောင်းသားများကို- အပေါင်းအသင်း ကျောင်းသားများက မကြာခဏ လှောင်ပြောင်သရော်တတ်ပါတယ်။ တစ်ခါတစ်ရံ သူတို့ဟာ သူတို့ရဲ့ဘာသာရေးယုံကြည်မှုအတွက် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများတောင် ပြုလုပ်ခံရနိုင်ပါတယ်။

ကံမကောင်းစွာဖြင့်ပင်- သူတို့ရဲ့ဘာသာတရားအတွက် အကြမ်းဖက်ခြင်း, ခြိမ်းခြောက်ခြင်းဆိုင်ရာ အပြုအမူများဖြင့် အမှန်တကယ် ကျူးလွန်ပြီးပြီဆိုတဲ့ - အလွန်ပြင်းထန်တဲ့သစ္စာစောင့်သိခြင်းကို ထုတ်ဖော်ပြသတဲ့လူများ - ရှိတဲ့နေရာများမှာ အမှုအခင်းအချို့ ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါတွေက ဘာသာရေးကိုင်းရှိုင်းသူများနဲ့ပတ်သက်လို့ လူမှုရေးဆိုင်ရာ ကဲ့ရဲ့အပြစ်ဆိုခြင်းများ, သမုတ်ခြင်းများကို နောက်ထပ် အားကောင်းလာစေပါတယ်။

ဘာသာရေးကိုင်းရှိုင်းသူများဟာ တက္ကသိုလ်ပရိဝုဏ်မှာ- ဗြောင်ကျကျ သူတို့ရဲ့ယုံကြည်မှုကို ဖွင့်ဟတဲ့အခါမျိုးမှာဖြစ်စေ- ဒါမှမဟုတ် အလုပ်လုပ်တဲ့နေရာများ - သက်တူတန်းတူအဖော်အသင်းများထံမှာ ထုတ်ဖော်ပြောဆိုတဲ့အခါမျိုးမှာဖြစ်စေ- လူမှုပတ်ဝန်းကျင်နှင့်အံဝင်ခွင်မကျသူများအဖြစ် သူတို့ကို အမည်တစ်မျိုးမျိုးပေးကြပါတယ်။

အစွန်းရောက်တဲ့ကိစ္စများမှာ- အကြမ်းဖက်ခြင်းဝါဒဆိုင်ရာအပြုအမူများမှတဆင့် တင်းကျပ်တဲ့ဘာသာရေး အခြေခံသဘောတရားကို အတိအကျလိုက်နာသူ ဘာသာရေးအယူဝါဒီများဟာ နောက်ထပ်လူမှုအဖွဲ့အစည်းမှ သူတို့ကိုယ်ကိုယ်တိုင် ဖဲကြဉ်ကင်းကွာသွားစေသည်သာ ဖြစ်ပါတယ်။

ဘာသာရေးကိုင်းရှိုင်းသူများဟာ- သူ့ရဲ့ကြိုးပမ်းအားထုတ်မှုအတွက် တိတိကျကျ အထောက်အကူမပြုတဲ့ ပတ်ဝန်းကျင်တစ်ခုမှာနေထိုင်စေကာမူ- သူရဲ့ယုံကြည်မှုနောက်လိုက်ပါဖို့ သူ့ကို ခွင့်ပြုတဲ့လမ်းတစ်ခုကို လျှောက်လှမ်းရန် ဂရုစိုက်ရပါမယ်။

ဆန့်ကျင့်ဘက်အားဖြင့် လောကီလူသားများဟာ သူ့ရဲ့ပတ်ဝန်းကျင်နဲ့လိုက်ဖက်ရန် သူ့ရဲ့အရောင်များကို အမြဲတမ်း ပြောင်းလဲတတ်တဲ့ လူမှုဆိုင်ရာအရောင်ပြောင်းလဲတတ်သူ ဖြစ်ပါတယ်။ သူဟာ ပုံမှန်ထက်လွန်စွာ ပြောင်းလဲဖို့ အလိုက်သင့် မီးစင်ကြည့်ကတတ်တဲ့သူ ဖြစ်ပါတယ်။

သူဟာ - သူ့ရဲ့စိတ်ဝင်စားမှုကို ကာကွယ်ဖို့, လုံခြုံဖို့ ကျိန်းသေတယ်ဆိုလျင်- အခိုက်အတံ့တစ်ခုရဲ့လိုအပ်ချက် တောင်းဆိုချက်အရ- အရင်းရှင်စနစ်မှ ကွန်မြူနစ်စနစ်သို့ - သူငယ်ချင်းမိတ်ဆွေမှ ရန်သူအဖြစ်သို့- အကောင်းမှ အဆိုးသို့ အချို့အကွေ့များ အသွင်အပြင်များကို ကူးပြောင်းနိုင်ပါတယ်။

ဤသို့သောပတ်ဝန်းကျင်တစ်ခုတွင်- အထူးသဖြင့် ထူးခြားတဲ့သွင်ပြင်လက္ခဏာကိုဆောင်တဲ့ အရောင်ပြောင်းလဲသူများက သူ့ကိုရှောင်နေတဲ့အတွက်, သူနဲ့ခပ်ဝေးဝေးရောက်နေတဲ့အတွက်ကြောင့်- ပုံမှန်အတိုင်းလက်ခံဖို့- ဘာသာရေး ကိုင်းရှိုင်းသူတစ်ယောက်အတွက် ပိုမိုခက်ခဲလာပါတယ်။ ဒါ့ကြောင့် သူဟာ ပတ်ဝန်းကျင်နဲ့အံဝင်ခွင်မကျသူတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမယ့် ဘာသာရေးကိုင်းရှိုင်းတဲ့ လူမှုပတ်ဝန်းကျင်နဲ့အံဝင်ခွင်မကျသူဟာ- သိမြင်တွေးခေါ်ယူဆခြင်းနဲ့ပတ်သက်လို့ သူ့ရဲ့နည်းလမ်းသို့ တစ်နေ့သောအခါ ကမ္ဘာကြီးဟာ ပြန်လည်ချိုးကွေ့ လာလိမ့်မယ်- ဆိုတာကို သိပါတယ်။

သူက -သူတို့တတွေဟာ အပေါ်ယံမှာသာ သာယာပျော်ပါးနေကြခြင်းဖြစ်တယ်ဆိုတာနှင့် အနှစ်သာရအားဖြင့် စိတ်ပိုင်းဆိုင်ရာမြင့်မြတ်မှုအဖြစ် လူတိုင်းကို တွေ့မြင်ပါတယ်။

သို့သော် ဘာသာရေးကိုင်းရှိုင်းသူများဟာ - သူဟာ လူမှုပတ်ဝန်းကျင်နဲ့အံဝင်ခွင်မကျသူတစ်ယောက် ဖြစ်စေကာမူ- အခြားသူများဟာလည်း မတူကွဲပြားခြားနားတဲ့အမျိုးအစားတစ်ခုရဲ့ ပတ်ဝန်းကျင်နဲ့အံဝင်ခွင်မကျသူများ ဖြစ်တယ်- ဆိုတာကို နားလည်ပါတယ်။

သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်နဲ့အံဝင်ခွင်မကျသူများ ဖြစ်ပါတယ်။ သူတို့ဟာ ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် အလွန်အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာမြင့်မြတ်မှုအဖြစ်သနစ်များမှာ ၀င်ဆံ့မှုမရှိပါ၊ လိုက်ဖက်ခြင်းမရှိပါ၊ အံကိုက် မဖြစ်ပါ။ ရုပ်ပိုင်းဆိုင်ရာအဆင့်နဲ့ပတ်သက်လို့ အကျွန်ုပ်တို့ရဲ့နယ်ပယ်အမြင်ဟာ ထွေပြားကျယ်ပြန့်လာလေလေ- အကျွန်ုပ်တို့ စိတ်ပိုင်းဆိုင်ရာအဆင့်နဲ့ပတ်သက်တဲ့နယ်ပယ်ကလည်း ကျယ်ပြန့်များပြားလာလေလေ ဖြစ်ပါတယ်။

မရေမတွက်နိုင်တဲ့ စကြ၀ဠာဆိုင်ရာနှင့် အဲဒါရဲ့ အသေးစားပြိုင်ဘက် လူသားရဲ့ခန္ဓာကိုယ်ကို သိရှိခြင်း- ဒါ့အပြင် အရာရာဟာ သန့်စင်တဲ့စွမ်းအားများ ပါဝင်တယ်- ဆိုတာကို သဘောပေါက်ခြင်းက- နက်နဲသိမ့်မွေ့တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များနဲ့ပတ်သက်လို့ ဖြစ်ပွားစေပါတယ်။ ဒါဟာ Albert Einstein ကဲ့သို့သော သိပ္ပံပညာရှင်များက ထူးခြားနက်နဲဆန်းပြားတဲ့ညဏ်အမြင်ကို သက်ဝင်ယုံကြည်မှုကြောင့် စိတ်ဝင်တစားရှိမှုကြောင့် ဖြစ်ပါတယ်။

အာကာသမှာ ပထမဆုံးအိန္ဒိယ- Captain Rakesh Sharma ဟာ ကမ္ဘာမြေပြင်သို့ သူ့ပြန်ရောက်လာတဲ့အခါ- အဆုံးမရှိတဲ့ အကာသထဲမှာ ယာယီဆိုင်းငံ့ထားတဲ့ အကျွန်ုပ်တို့ရဲ့ အံသြစရာကောင်းတဲ့ အပြာရောင်ကမ္ဘာကို တွေ့မြင်ရတဲ့အခါ- သူဟာ အလွန်အံသြဖွယ်ကောင်းတဲ့ခံစားမှုကို ခံစားခဲ့ရတယ်” လို့ ထုတ်ဖော်ပြောဆိုပါတယ်။
“ငါတို့ရဲ့ ကမ္ဘာ့ဂြိုဟ်ဟာ အလွန်လှပပါတယ်။ ဒါပေမယ့် အဲဒီမှာ လူသားတွေ တိုက်ခိုက်နေကြတယ်ဆိုတာ ယုံနိုင်လောက်ဖွယ် အနေအထား ငါ့မှာ မရှိ” လို့ သူက ဆိုပါတယ်။

အကျွန်ုပ်တို့ဟာ- သမိုင်းမှာမကြုံစဖူးတဲ့ ထွေပြားများပြားလှတဲ့လူသားဆိုင်ရာ အတွေးအမြင်အမျိုးမျိုးရှိတဲ့ နယ်ပယ်တစ်ခုကို အိမ်ရှင်အဖြစ်လက်ခံဆောင်ရွက်ပေးနေတဲ့ ခေတ်တစ်ခုထဲမှာ နေထိုင်နေကြရပါတယ်။
ထောင်ပေါင်းများစွာသော ဘာသာစကားများ- ယဉ်ကျေးမှုများစွာ- အဓိကဘာသာကြီး ၇-ခုက ရာထောင်ပေါင်း များစွာသောဂိုဏ်းကွဲများနှင့် ဘာသာရေးယုံကြည်မှုများကို ခွဲခြားထားပါတယ်။ ပြီးတော့ ကြီးပွားတိုးတက်လာခြင်း တစ်ခုဖြင့် ဤအရာများက ဇာတိမျိုးရိုးဒေသတစ်ခုခုနဲ့သက်ဆိုင်ရာကို ရောနှောထားပြန်ပါတယ်။

ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးရဲ့အကျိုးတရားများကြောင့် ကမ္ဘာကြီးဟာ သေးငယ်လာပါတယ်။ ခြားနားတဲ့မျိုးနွယ်များ- ဘာသာတရားများနဲ့ အုပ်စုအကျိုးစီးပွါးများမှ လူအများနဲ့ပတ်သက်တဲ့ အပြန်အလှန် အကျိုးပြုမှု အတိုင်းအတာကို မကြုံစဖူးပါ။
ဥပမာအားဖြင် US ကဲ့သို့သော တိုင်းပြည်တွင် - ဆက်စပ်ပတ်သက်မှုများ, ဆွေမျိုးများရဲ့ စိတ်ရှုပ်ထွေးစရာ ရောနှောပေါင်းစပ်ခြင်းများကြောင့် - သီးခြားတစ်ဦးချင်းအလိုက် ကိုင်ပိုင်လက္ခဏာများဖြင့် ဘေးကျပ်နံကျပ်-လုံးလားထွေးလားအခြေအနေများဖြင့် နေထိုင်ကြပါတယ်။ ယနေ့ အမေရိကဟာ အဖြူရောင် အမေ- အမဲရောင်အဖေ- စပိန်ဘာသာစကားပြော လက်တင် အမေရိကန်နိုင်ငံသား ဦးလေး- တရုတ် အဒေါ်နဲ့ အိုင်ယာလန် အဘိုးအဘွားဖြစ်တဲ့ သူတစ်ယောက်- ရှိနိုင်ပါတယ်။

ပတ်ဝန်းကျင်နှင့်အံဝင်ခွင်မကျသူများဟာ အကျွန်ုပ်တို့ဝန်းကျင်းအားလုံးနီးပါးမှာ ပြည့်နှက်နေပါတယ်။ ပြီးတော့ ဒါဟာ- အကျွန်ုပ်တို့အားလုံးဟာလည်း ဤသူများကြားထဲ ပတ်ဝန်းကျင်နှင့်အံဝင်ခွင်မကျသူများ ဖြစ်ပါတယ်-လို့ ဆိုလိုပါတယ်။ ယနေ့ လူတိုင်းလူတိုင်း ပတ်ဝန်းကျင်နှင့်အံဝင်ခွင်မကျသူတစ်ယောက် ဖြစ်ပါတယ်။


Friday, January 14, 2011

အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ဘ၀ကို ဖန်တီးသည်

ကောင်းတဲ့အရာအတွက် အမြဲတမ်းစောင့်ဆိုင်းပါ။ အဲဒီအရာဟာ ဖြစ်လာပါတယ်။ အကြောင်းက ဖြစ်ပေါ်လာတဲ့ ဘယ်အရာဖြစ်ဖြစ် အကျွန်ုပ်တို့ ဖန်တီးတာ ဖြစ်ပါတယ်။ တကယ်တော့ အကျွန်ုပ်တို့က အဲဒါကို ဖန်တီးပါတယ်။ အကျွန်ုပ်တို့ဟာ မျိုးစေ့များကို စိုက်ပျိုးပါတယ်။ ဒါပေမယ့် အကျွန်ုပ်တို့ဟာ မျိုးစေ့များကို သတိမမူမရည်ရွယ်ဘဲ စိုက်ပျိုးကြဲချခဲ့ပါတယ်။ ဒါ့ကြောင့် အချို့သောအဖြစ်အပျက်များဟာ မတော်တဆဖြစ်ပြီးတာလို့ အကျွန်ုပ်တို့က တွေးဆကြပါတယ်။ မတော်တဆများဟာ ဘယ်သောအခါမှ မဖြစ်ပျက်ပါ။ အရာရာတိုင်းဟာ ဘယ်တော့မှ မတော်တဆ ဖြစ်ပျက်တယ်ဆိုတာ မရှိပါ။ ဒါဟာ စကြ၀ဠာတစ်ခုဖြစ်ပါတယ်။ ပရမ်းပတာ ဖြစ်နေတာ မဟုတ်ပါ။

တကယ့် လေးနက်တဲ့အန္တိမဥပဒေတစ်ရပ်ရပ်အပေါ်မှာ အရာရာတိုင်းကို အခြေတည်ထားပါတယ်။ တစ်ခုခုဟာ မှားယွင်းသွားတယ်ဆိုတာ မရှိပါ။ ဟုတ်တယ်။ တစ်ခါတစ်ရံ အဲဒီအရာက မှားယွင်းသွားသလို အကျွန်ုပ်တို့ကို ထင်မြင်စေပါတယ်။ အကြောင်းကတော့ အကျွန်ုပ်တို့ဟာ အခြားတစ်စုံတစ်ခုကို မျော်လင့်နေလို့ပါ။

ဒါက ပြဿနာတစ်ခုပါ။ အကျွန်ုပ်တို့ဟာ အရာဝတ္ထုတစ်ခုကို ပြုလုပ်တယ်။ အကျွန်ုပ်တို့ဟာ မျိုးစေ့တစ်ခုကို စိုက်ပျိုးတယ်။ ပြီးတော့ အကျွန်ုပ်တို့ဟာ အခြားတစ်စုံတစ်ခုကို မျော်လင့်တယ်။ အကျွန်ုပ်တို့ဟာ ပန်းအမျိုးအစားတစ်ခုရဲ့မျိုးစေ့များကို စိုက်ပျိုးပြီး အခြားပန်းအမျိုးအစားအချို့ကို မျော်လင့်ကြတယ်။ အဲဒီလိုနဲ့ ပန်းများ ဖြစ်ပေါ်လာတဲ့အခါ အကျွန်ုပ်တို့ကို မချင့်မရဲဖြစ်စေပါတယ်။ ဒါပေမယ့် ပန်းများဟာ မျိုးစေ့များမှ လာတာပါ။ အကျွန်ုပ်တို့ရဲ့ဆန္ဒမှ လာတာမဟုတ်ပါ။

ဒါ့ကြောင့် သတိရပါ။ အကျွန်ုပ်တို့ဟာ စဉ်ဆက်မပြတ် အကျွန်ုပ်တို့ရဲ့ကမ္ဘာကို ဖန်တီးပါတယ်။ မှားယွင်းတဲ့ အရာများဖြစ်ပျက်တော့မယ်ဆိုတဲ့အခါ အမြဲကြောက်ရွံ့ တဲ့သူများ ရှိပါတယ်။ ပြီးတော့ အဲဒီအရာက ဖြစ်လာပါတယ်။ အဲဒီနောက် အဲဒါ ဖြစ်ပျက်လာတဲ့အခါ မှန်ကန်တယ်ဆိုတာ သူတို့ကို သက်သေပြုပါတယ်။ သူတို့ဟာ အဲဒါကို ဖြစ်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ကြောက်လန့်တဲ့သူများဟာ သူတို့ကို ဆုပ်ကိုင်ဖမ်းစားထားတဲ့ ကြောက်မက်ဖွယ်ဖြစ်တဲ့ အခြေအနေများကို အမြဲတမ်း ရှာဖွေနေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာကိန်းအောင်းတဲ့သူများဟာ ချစ်ခြင်းမေတ္တာ ဖူးပွင့်လာတဲ့ အခြေအနေများကို အမြဲတစေ ရှာဖွေနေပါလိမ့်မယ်။ အကြောင်းက ဒီဖြစ်တည်ခြင်းဟာ သင်ရေးဆွဲထားတဲ့အစီအစဉ်ကို သင့်ကို အခွင့်အလမ်းပေးဖို့ ဆက်လက်မောင်းနှင်တွန်းပို့နေလို့ပါ။

ဘ၀ဟာအကျွန်ုပ်တို့ရဲ့ သုတေသနလုပ်ငန်းဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ဘ၀ရဲ့ ဖန်တီးရှင်များ ဖြစ်ပါတယ်။ God ဟာ လူသားကို ဖန်တီးခဲ့တယ်ဆိုခဲ့ယင် ဒါပေမယ့် လွတ်လပ်ခွင့်ကိုတော့ မဖန်တီးခဲ့ပါ။ တကယ်ပဲ အတွင်းမှာ အဓိကအရေးပါ အနှစ်သာရဖြစ်တဲ့ လွတ်လပ်ခွင့်တစ်ခု ရှိပါတယ်။ ယခု သင်ဟာ ဘ၀မှာ သင်နဲ့ ပတ်သက်လို့ သင်ဖြစ်စေချင်တဲ့အရာကို ရွေးချယ်ဖို့ သင့်သဘောအတိုင်း ဖြစ်ပါတယ်။

ဖြစ်ရပ်တစ်ခုကို အခြားဖြစ်ရပ်တစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။ အခြေအနေတစ်ခုက အခြားအခြေအနေ တစ်ခုသို့ ဦးတည်ပါတယ်။ ဒီနောက် သင်ဟာ ဖြည်းဖြည်းချင်း ယုံမှားဖွယ်မရှိတဲ့ ဖြစ်လာရန်သေချာလောက်တဲ့ လမ်းကြောင်းတစ်ခုကို ယူပြီးပါပြီ။ အဲဒီနောက် အခြားရွေးချယ်စရာ နည်းလမ်းအားလုံးကို ဘေးချိတ်ရပ်ဆိုင်းပစ်ပါတော့တယ်။

ကလေးငယ်တစ်ယောက်ကို မွေးဖွားလာတဲ့အခါ ရွေးချယ်စရာအားလုံးကို လမ်းဖွင့်ပေးထားပါတယ်။ သူဟာ လုံးဝ လွတ်လပ်ပါတယ်။ သူဟာ ဂီတသမား- ကဗျာဆရာ- နပန်းသတ်သူ- နိုင်ငံရေးသမား- တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။ သူဟာ ဘယ်လိုအရာကိုပဲဖြစ်စေ ဖြစ်နိုင်ပါတယ်။ Adolf Hitler ဒါမှမဟုတ် မြတ်ဗုဒ္ဓအဖြစ် ဘာမဆို ဖြစ်နိုင်တာပါ။ ဒါပေမယ့် အနှေးနဲ့အမြန်ဆိုသလိုပဲ ရွေးချယ်မှုများ ဆိုက်ရောက်လာဖို့ လမ်းစ ပျိုးပေးပါတယ်။ ပြီးယင်တော့ သူဟာ စိတ်ချသေချာလောက်တဲ့ ဦးတည်ရာတစ်ခုဖြင့် လှုပ်ရှားဖို့ စတင်ပါတယ်။ ဒီနောက်မှာ အဲဒီဦးတည်ထားတဲ့အရာက သူ့ရဲ့ကမ္ဘာအဖြစ် ဆက်လက် တည်ရှိနေပါတော့တယ်။

ဒါ့ကြောင့် အမြဲတမ်း သတိရပါ။ သင့်နဲ့ပတ်သက်လို့ ဖြစ်ပျက်ခဲ့ပြီးတဲ့ဘယ်အရာဖြစ်ဖြစ် အဲဒါနဲ့ပတ်သက်တဲ့ အကြောင်းတရားက သင့်ကို ဖြစ်စေခဲ့ပြီးတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သင့်ကို ဖြစ်ပျက်စေခဲ့ပြီးတဲ့ နာကျင်မှု ဒုက္ခတွေနဲ့ပတ်သက်လို့ - အကြောင်းတရားကြောင့် - သင်ဟာ ဖြစ်တယ်ဆိုတာကို စိတ်ထိခိုက်မှု ဖြစ်ရပါတယ်။ သင် ၀မ်းနည်းစွာခံစားရပါတယ်။ ဒါပေမယ့် ၀မ်းနည်းစွာခံစားဖို့ မလိုအပ်ပါ။ အကြောင်းက အဲဒီအရာမှတဆင့် သင်ဟာ သဘောပေါက်နားလည်ခြင်းတစ်ခုဆီသို့ ဆိုက်ရောက်လာပါတယ်။ ပြီးတော့ ဖြစ်ရပ်များဟာ နောက်ထပ်တစ်ဖန် တူညီတဲ့နည်းလမ်းကို မလိုက်ပါဖို့ သင့်အတွက် လိုအပ်ပါတယ်။

အဲဒီနောက် သတိရဖို့ဒုတိယအရာတစ်ခုကတော့ ထိခိုက်ခံရတဲ့နာကျင်မှုတိုင်းအတွက် ဒါမှမဟုတ် ဖြစ်ပျက်ခဲ့တဲ့အရာတိုင်းအတွက် အမြဲတမ်းကျေးဇူးတင်ပါ။ အကြောင်းက ကြီးပွားတိုးတက်မှုအတွက် သာယာကြည်နူးမှုများ တစ်ခါတစ်ရံ မလိုအပ်ပါ။ ဒါပေမယ့် ထိခိုက်နာကျင်မှုများကိုတော့ ရံခါများမှာ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဖြစ်ပျက်နေတဲ့ ဘယ်အရာဖြစ်ဖြစ် တိုးတက်ကြီးပွားဖို့အတွက် အဲဒါကို အခွင့်အရေးတစ်ခုဖြစ်အောင် ပြုလုပ်ပါ။ အလွန်မြင့်မားတဲ့ အချို့အရာအတွက် စတင်တက်လှမ်းရာတစ်ခုအဖြစ် အဲဒီအခွင့်အရေးကို အသုံးပြုပါ။

မိတ်ဆွေသူငယ်ချင်းတစ်ယောက် သေဆုံးသွားတဲ့အတွက် နာကျင်မှုဖြစ်တယ်။ မချိတင်ကဲဝေဒနာခံစားရတယ်။ ဆင်းရဲ ဒုက္ခအတိရောက်တယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးကို အသုံးပြုပါ။ သေခြင်းနဲ့ပတ်သက်လို့ ကမ္မဌာန်းကို ရှုမှတ်ပွားများပါ။ သင့်ရဲ့သူငယ်ချင်းမိတ်ဆွေသေဆုံးမှုက သေဆုံးခြင်းသဘောရှိတဲ့ တကယ်အရေးပါတဲ့ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်လို့ သင့်ကို နှိုးဆော်သတိပေး အမှတ်ရစေခဲ့တာ ဖြစ်ပါတယ်။

ဘ၀ဟာ သေးငယ်တဲ့အရေးအရာလေးတစ်ခု ဖြစ်ပါတယ်။ ခုနှစ်ဆယ့်ငါး(၇၅)နှစ်ဆိုတဲ့ အရေးအရာလေး အတွင်းမှာ - သုံးပုံပုံယင် တစ်ပုံက အိပ်ခြင်းဖြင့် - အခြားတစ်ပုံက စားသောက်ဖို့ ပေါင်မုန့်နဲ့ထောပတ်ကို ရှာဖွေခြင်းဖြင့်- နောက်တစ်ပုံက ဆင်ခြင်ညဏ်ကင်းမဲ့စွာ အဓိပ္ပါယ်မဲ့ အသုံးမကျတဲ့ မိုက်မဲမှုများဖြင့်……….ဒါက ကြီးကျယ်လှတဲ့အရာတစ်ခုတော့မဟုတ်။ သေခြင်းတရားနဲ့နှိုင်းစာလျင် ဒါဟာ ဘာမှတော့မဟုတ်ပြန်။ သေခြင်းတရားဆိုတာကတော့ ကမ္ဘေကမ္ဘာ အဆုံးမရှိပါပဲ။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်