Saturday, September 24, 2011

ရိုးသားပွင့်လင်းမှုနှင့် လူမှုဆက်ဆံရေးပရိယာယ်


အကျွန်ုပ်တို့ အမြဲတမ်းပြောပြီးတာက- ရိုးသားပွင့်လင်းခြင်းဟာ အကောင်းဆုံးပေါ်လစီဖြစ်တယ်- ပြီးတော့ လိမ်ညာ လှည့်စားဖို့ ပြုလုပ်တာဟာ အဆိုးဝါးဆုံးအရာ ဖြစ်တယ်- ဆိုတာပါ။

ဒါက- အခြေအနေများစွာမှာ တည်ငြိမ်ညင်သာမှု (ဒါမှမဟုတ်) အကောင်းဆုံးငြိမ်သက်သိမ်မွေ့မှုကို ထိန်းထားဖို့- လူမှုဆက်ဆံရေး ပရိယာယ်ကြွယ်ဝဖို့နဲ့- လိမ္မာပါးနပ်စွာ သတိထားဆင်ခြင်ရမဲ့ ပြဿနာများကို ကိုင်တွယ်ဖို့- ဒီအတွက် အကောင်းဆုံး အိုင်ဒီယာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ အရွယ်ရလာတဲ့အမျှ အကျွန်ုပ်တို့ သဘောပေါက်လာတဲ့အရာ ဖြစ်ပါတယ်။

ရိုးသားပွင့်လင်းမှုနှင့် လူမှုဆက်ဆံရေးပရိယာယ်ရဲ့ ပိုင်းခြားတဲ့စည်းနယ်သတ်မျဉ်းကတော့ ပါးလွှာသေးသွယ်တဲ့ လိုင်းတစ်ခုပါ။ ဘယ်အချိန် ရိုးသားပွင့်လင်းရမယ်ဆိုတာနဲ့- အကျွန်ုတို့ရဲ့ လူမှုဆက်ဆံရေးပရိယာယ်ကြွယ်ဝတဲ့ အကောင်းဆုံးအရာမှာ ဘယ်အချိန်ဖြစ်ရမယ်ဆိုတာကို ဆုံးဖြတ်ချက်ချရာမှာ- အကျွန်ုပ်တို့ ဂရုစိုက်ရပါ့မယ်။ အကျွနု်ပ်တို့ဟာ တကယ်ပဲ ရိုးသားပွင့်လင်းမှု ဖြစ်သင့်သလား (ဒါမှမဟုတ်) အဆင်ပြေချောမွေ့မှုရဲ့ အကြောင်းတရားတစ်ခု အနေဖြင့် အမှန်တရားကို အသုံးပြုသင့်သလား- ဆိုတာကို အကျွန်ုပ်တို့ ဆုံးဖြတ်ချက်ချရမှာလည်း ဖြစ်ပါတယ်။

အကျွန်ုပ်တို့ရဲ့ဆက်ဆံရေးဟာ ပြည့်ပြည့်၀၀ ရိုးသားပွင့်လင်းမှုကို တောင်းဆိုပါတယ်။ ဒါမှမဟုတ်ယင် အကျွန်ုပ်တို့ ကျဉ်းထဲကျပ်ထဲသို့ ရောက်ကြရပါတယ်။

ဥပမာ- အိမ်ထောင်စုမှာ- သက်တမ်းအရင့်ဆုံးဖြစ်သူ Suresh-ဟာ- အသစ်ဖြစ်တဲ့ ထမင်းဟင်းချက်ပြုတ်သူရဲ့ အရသာမကောင်းတဲ့ ဖန်တီးမှုများကို- ထင်မြင်ချက်ပေးရာမှာ အတော့်ကို လူမှုဆက်ဆံရေးပရိယာယ် ကြွယ်ဝခဲ့ပါတယ်။ သူချက်လိမ့်မယ်ဖြစ်တဲ့ ဘယ်ဟာပဲ ဖြင့်ဖြစ် ချက်တဲ့သူကို အမြဲတမ်းပြောလိမ့်မယ်ဖြစ်တဲ့ အရာကတော့- အစားအစာတွေက “မဆိုးပါဘူး”ဆိုတာပဲ ဖြစ်ပါတယ်။ Suresh-ဟာ သူခပ်ထည့်လိုက်တဲ့ သာမန်မျှဖြစ်တဲ့ အစားအစားအတွက်- ချက်တဲ့သူကို အပြစ်ရှာဝေဖန်ခြင်းကို ရှောင်ရှားပါလိမ့်မယ်။

ကြော်လှော်ချက်ပြုတ်ခဲ့တဲ့အရာဟာ စားမရလုနီးပါးဖြစ်ခဲ့တဲ့အခါ- အခြေအနေက လိုရင်းသို့ရောက်ဖို့အတွက် ပိုမိုဆိုးဝါးလာခဲ့ပါတယ်။ Surensh ဟာ- နောက်ထပ် အဲဒါကို ခံနိုင်ရည်မရှိတော့ပါ။ ပြီးတော့ ဒီလိုဆိုးဝါးတဲ့ အရသာရှိတဲ့စားစရာကို တည်ခင်းခြင်းအတွက်- ချက်ပြုတ်သူကို ပွက်လောရိုက်အော်ဟစ်ခဲ့ပါတယ်။ ချက်ပြုတ်သူကို အံ့အားသင့်သွားစေခဲ့ပါတယ်။

အဲဒီနေ့မှ ရှေ့ဆက်ပြီး- Surensh - က လူမှုဆက်ဆံရေးပရိယာယ်အရ ဆင်သေကို ဆိတ်ရေဖြင့် ဖုံးဖို့ကြိုးစား ပြီးခဲ့တဲ့ အရာရာတိုင်းဟာ- ကြီးမားတဲ့ အက်ကြောင်းများကို ပြဖို့ စတင်ခဲ့ပါပြီ။ နေ့စဉ်တိုက်ခိုက်မှုများနှင့် ငြင်းခုံမှုများဟာ မင်းမူလျက်ဖြစ်လာပါတယ်။ ပြီးတော့ ပါးလွှာသေးမျှင်တဲ့နေ့တစ်နေ့- ချက်ပြုတ်သူဟာ အလွယ်တကူ ထွက်ခွါသွားခဲ့ပါတယ်။

ဒါ့ကြောင့် လူမှုဆက်ဆံရေးပရိယာယ် (ဒါမှမဟုတ်) ရိုးသားပွင့်လင်းမှုမှကင်းခြင်းဟာ အကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးမှာ ယိုယွင်းဆိုးရွား လာမှုကို ဦးတည်နိုင်ပါတယ်။ လုံးဝပွင့်ပွင့်လင်းလင်းဖြစ်ဖို့ သင် ဆုံးဖြတ်ချက်ချခြင်း မတိုင်မီ- သင်ဟာ သတိကြီးစွာ- သင့်ရဲ့အပြုအမူ များရဲ့အကျိုးဆက်အားလုံးကို ဝေဖန်ဆန်းစစ်ရပါ့မယ်။

ရှင်သန်မှုဘ၀ဟာ ရိုးသားပွင့်လင်းမှုနှင့် လူမှုဆက်ဆံရေးပရိယာယ်ရဲ့ ကောင်းမွန်တဲ့ ရောစပ်သမမွှေပြီးတဲ အရာတစ်ခုကို အလိုရှိပေမဲ့- ဘယ်အချိန်ရိုးသားပွင့်လင်းရမယ်ဆိုတာ- ဘယ်အချိန် လူမှုဆက်ဆံရေး ပရိယာယ်ကြွယ်ဝရမယ်ဆိုတာက- ခက်ခဲကြမ်းတမ်းတဲ့ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ အကျွန်ုပ်တို့ပြုလုပ်တဲ့ ဘယ်အရာဖြစ်ဖြင့် အကျွန်ုပ်တို့ကို သာယာဖြောင့်ဖြူးအောင်ပြုလုပ်ရပါ့မယ်။ ငြိမ်းချမ်းအောင်၊ ပျော်ရွှင်အောင် ပြုလုပ်ရပါ့မယ်။

လူမှုဆက်ဆံရေးပရိယာယ်ကြွယ်ဝတဲ့သူတစ်ယောက်ဟာ- မကွယ်မထောင့် တဲ့တိုး ဗြောင်ဖြစ်တဲ့အမှန်တရားကို ပြောဆိုခြင်းရဲ့ အတွေးစိတ်ကူးများမှာ- လွန်ကဲစွာ အလေးပေးလိမ့်ပေမဲ့- သူ့အလိုဆန္ဒကိုဆန့်ကျင်လျှက် လူမှုဆက်ဆံရေးပရိယာယ် ကြွယ်ဝဖို့ အတင်းအဓမ္မ မရမကလုပ်ခိုင်းတဲ့အခါ- ရိုးသားပွင့်လင်းတဲ့လူတစ်ယောက်ဟာ မပြေလည်မှုကို ခံစားရပါလိမ့်မယ်။ ဂနာမငြိမ် ဖြစ်ပါလိမ့်မယ်။ အခြေအနေကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကလည်း အရှုံးအနိုင်ပေါ်နိုင်တဲ့အရာပေါ်မှာ- ချိန်ခွင်ညှာပေါ်ရှိတဲ့ အရာပေါ်မှာ တည်မှီပါတယ်။

သင်ဟာ ရိုးသားပွင့်လင်းချင်လျင်- သင့်ရဲ့သူဌေးကိုဆန့်ကျင်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုချင်လျင် - သင်ဟာ သင့်ရဲ့အလုပ် ဆုံးရှုံးမယ် ဆိုတာ အကောင်းဆုံး ပြင်ဆင်ထားပါ။ သင်ဟာ သင့်ရဲ့သူငယ်ချင်းကို သူနှင့်ပတ်သက်လို့ သင် မကြိုက်နှစ်သက်တဲ့အရာကို ပြောဆိုလျင်- အဲဒါက သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းဖြစ်မှုကို အဆုံးသတ်နိုင်ပါတယ်။

သင်ဟာ စိတ်မချမ်းမြေ့ဖို့ (ဒါမှမဟုတ်) နောင်တ အဲဒါတွေမဖြစ်တော့မဲ့ အကျိုးဆက်ကို လက်ခံဖို့ အရန်သင့် ဖြစ်တဲ့အချိန်- အဲဒီနောက် သင်ဟာ ရိုးသားပွင့်လင်းနိုင်ပါတယ်။ အကျွန်ုပ်တို့ဟာ မြင်သာတဲ့ အမှန်တရားကို သိရှိတဲ့အခါ- အကျွန်ုပ်တို့ ဘာ့ကြောင့် လူမှုဆက်ဆံရေး ပရိယာယ်ကြွယ်ဝလာတာလဲ? လူမှုဆက်ဆံရေး ပရိယာယ်ဟာ- အခြားသူများနှင့် အကျွန်ုပ်တို့ကိုယ်ကို ထိခိုက်အနာတရဖြစ်ခြင်းကို ရှောင်တိမ်းဖို့- အကျွန်ုပ်တို့က အသုံးပြုတဲ့ အမြဲတမ်း လွတ်မြောက်တဲ့ တံခါးပေါက်တစ်ခု ဖြစ်ပါတယ်။

“ငါဟာ ဖိုးဝကြီး ဖြစ်နေသလား?” လို့ ယောင်္ကျားလေးက သူရဲ့ရည်းစားမိန်းကလေးကို မေးမြန်းတဲ့အခါ- “ဟုတ်တယ်-နင်ဟာ အလေးချိန် အများကြီး တိုးလာတယ်”လို့ မိန်းကလေးက ရိုးသာပွင့်လင်းစွာ ပြန်ဖြေပါတယ်။ တစ်စုံတစ်ယောက်ဟာ သူမရည်းစားရဲ့ တန်ပြန်တုန့်ပြန် ဖြစ်ပေါ်လာမဲ့အရာများကို ကောင်းကောင်း စိတ်ကူးကြည့်နိုင်ပါတယ်။

ဒါပေမယ့် မိန်းကလေးဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုလျင်- ပြီးတော့ သူ့ကို စစ်မှန်တဲ့ချစ်ခင်မှုကြောင့် သူမ ရည်းစားရဲ့အမျက်ဒေါသကို ရင်ဆိုင်လျင်- ဒါက ၀ိတ်ထိန်းထားခြင်းရဲ့ အချက်ကို အလေးအနက်ထားလိမ့်မယ် - ဆိုတာ ဖြစ်နိုင်ဖွယ် အလားအလာရှိပါတယ်။

လူမှုဆက်ဆံရေးပရိယာယ်ဟာ အကျွန်ုပ်တို့ကို ရေတို ကာကွယ်အာမခံပါတယ်။ ဒါပေမယ့် ရေရှည်အကျိုးအမြတ်နှင့် အမြဲတစေ တိုးတက်မှု အမြတ်အစွန်းများကို သယ်ဆောင်လာတာကတော့ ရိုးသားဖြောင့်မတ်မှုပဲ ဖြစ်ပါတယ်။

ပြည့်ပြည့်၀၀ရိုးသားပွင့်လင်းဖို့ သင်ဟာ သင်ကိုယ်တိုင်-“ငါ ဘာ့ကြောင့် အမှန်တရားကို ပြောဆိုဖို့ ၀န်လေး ကြောက်ရွံ့တာလဲ?”- ဆိုတာ စုံစမ်းရပါ့မယ်။ လူမှုဆက်ဆံရေးပရိယာယ်ဟာ အကျွန်ုပ်တို့ရဲ့ မိမိကိုယ်ကိုယ် ကာကွယ်ခြင်းနှင့် မိမိရှင်သန်မှုအတွက် ကြိုးပမ်းခြင်းပဲ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ရဲ့အတ္တဟာ ရိုင်းပျစော်ကားမှုနှင့် ပြစ်တင်ဝေဖန်မှုကို ကြည်ဖြူစွာ လက်သင့်ခံဖို့- အလွန်ပဲ နုနယ်ပါတယ်။ အထိမခံ ကွဲအက်လွယ်ပါတယ်။ အလုပ်မှာ (ဒါမှမဟုတ်) အိမ်မှာ အမှန်တရားကို ပြောဆို နေခြင်းဖြင့်- အကျွန်ုပ်တို့အချို့ဟာ ဟန်ချက်ပျက်အောင် ဆတ်ဆော့ချင်ကြပါလိမ့်မယ်။ အကျွန်ုပ်တို့ဟာ ထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်တိမ်းချင်ကြပါတယ်။

သို့သော်လည်း ရိုးသားပွင့်လင်းမှုနှင့် လူမှုဆက်ဆံရေးပရိယာယ်ဟာ နှစ်ဦးနှစ်ဖက် သီးသန့်မူပိုင်တော့ မဟုတ်ပါ။ အနားမသီနိုင်တာတော့ မဟုတ်ပါ။ အဲဒါက- ပွတ်တိုက်ခြင်း ပွတ်ရှခြင်းမရှိဘဲ မှန်ကန်တဲ့ယဉ်ကျေးဖွယ်ရာရှိခြင်းဖြင့် မှန်ကန်တဲ့အချိန်မှာ- အမှန်တရားကို ပြောဆိုဖို့ လမ်းကြောင်းနှင့် ရဲရင့်ခြင်းသတ္တိကို ယူဆောင်ပါတယ်။

Thursday, September 22, 2011

အဆုံးအဖြတ် မရှိတော့သော


လက်မှိုင်ချခြင်းနှင့် စိတ်ပျက်လက်ပျက် မပျော်မရွှင်ဖြစ်ခြင်းဟာ- အကျွန်ုပ်တို့ရဲ့နေ့စဉ်ဘ၀များမှာရင်ဆိုင်ဖို့ အကျွန်ုပ်တို့ ရောက်ရှိလာတဲ့- တကယ်တွေ့နေကျ ဖြစ်နေကျ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်များ အတွင်းမှာ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့ အကဲဖြတ်စီရင်ချက်ဆိုင်ရာ ချဉ်းကပ်မှုရဲ့ အကျိုးဆက် တစ်ခုအဖြစ်- ဒီစိတ်ခံစားချက်များဟာ တက်ကြွပြင်းထန်လာပါတယ်။

အကျွန်ုပ်တို့အားလုံးမှာ သူ့ကိုယ်၌ကိုယ်က အမှုရင်ဆိုင်ရခြင်း စစ်ဆေးစီရင်ခြင်းကို ဦးစီးဦးရွက်ပြုစီမံခန့်ခွဲတဲ့- မွေးရာပါနဂိုရှိရင်းစွဲ တရားရေးစနစ်တစ်ခု ရှိပါတယ်။ သဘောမကျတဲ့တစ်စုံတစ်ခုက ဖြစ်ပျက်လျင်ဖြစ်ပျက်ချင်း (ဒါမှမဟုတ်) အကျွန်ုပ်တို့ရဲ့အတ္တကို ထိခိုက်ခံရတဲ့အခါ- တရားစွဲဆိုခြင်းအက်ဥပဒေဟာ စတင်ပါတယ်။ ပုံမှန်အားဖြင့် အောက်ပါ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက် လေးခုထဲက တစ်ခုခုကို ဖြတ်သန်းသွားလေ့ရှိပါတယ်။

(၁) I am okay, you are not okay;

(၂) I am not okay, you are okay;

(၃) I am not okay, you are not okay;

(၄) I am okay and you are okay, too.

ဒီဆုံးဖြတ်ချက်များမှာ “You”ဟာ လူတစ်ယောက်- အခြေအနေတစ်ခု- အဖြစ်အပျက်တစ်ခု- ဂြိုဟ်ရဲ့အနေ အထား ဖြစ်နိုင်ပါတယ်။ လက်တွေ့အားဖြင့် မိမိပင်ကိုမူလရဲ့အပြင်ဘက် တစ်စုံတစ်ခုမျှသာပါ။

ပထမဆုံးအဆုံးအဖြတ်ကို သူတို့ရဲ့စိတ်အတွင်းရှိခုံသမာဓိအဖွဲ့က အမိန့်ချမှတ်တဲ့ လူအများဟာ- ထုံးစံအတိုင်း တစ်ကိုယ်ကောင်းအတ္တသမားများပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်မိမိ ပြန်လည်ဆန်းစစ်နေသူများ မဟုတ်ပါ။ မာကျော ခက်တရော်ရှိသူများ ဖြစ်ပါတယ်။ ထိုင်းထုံစွာ လေ့လာ သင်ယူနေသူများ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုတကယ်ရှိပေမယ့်- အဓိကအားဖြင့် မိမိကိုယ်ကိုယ် မျက်နှာသားပေး လိုက်လျောခွင့်လွှတ်ပြီး- အကြံပြုချက် အဆိုပြုချက်များအတွက် လွယ်လွယ်ကူကူ လိုလိုလားလား ရှောရှောရှုရှု လက်ခံတတ်တာတော့ မဟုတ်ပါ။

သူတို့ဟာ ခွကျကျ တထူးတဆန်းဖြစ်တဲ့ ကြံကြံဖန်ဖန်ဖြစ်ရပ်များကိုလည်း စီမံကွပ်ကဲ လက်ထဲမှာ ထားရှိနိုင် ပါတယ်။ ပြီးတော့ ပြဿနာများစွာ လူများစွာနဲ့ ပတ်သက်လို့ အစဉ်သဖြင့် မကျေမနပ် ညည်းတွားနေပါတယ်။ သူတို့ဟာ တစ်ခါတစ်ရံ ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်ပါတယ်။ မာန်တက်မောက်မာနိုင်ပါတယ်။ သူတို့ဟာ အတော်အသင့် ဖန်တီးနိုင်စွမ်း ထွင်ညဏ်ရှိပါတယ်။ ဆန်းသစ်ပြောင်းလဲ အသစ်ထွင်နိုင်ပါတယ်။ သို့သော် သူတို့ဟာ တစ်ခါ တစ်လေဖြစ်တဲ့ ဆုတ်ဆိုင်းမှုတစ်ခုနောက်မှာတောင်- စိတ်ရဲ့ အပြုသဘောအပေါင်းလက္ခဏာ ဆောင်တဲ့ အခြေအနေ တစ်ခု- ကြွင်းကျန်ရစ်ပါတယ်။

ဒုတိယ အဆုံးအဖြတ်ကို သူတို့ရဲ့စိတ်အတွင်းရှိခုံသမာဓိအဖွဲ့က အမိန့်ချမှတ်တဲ့ ပုဂ္ဂိုလ်ဟာ- မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ပတ်သက်လို့ နည်းပါးနိမ့်ကျတဲ့သူများ ဖြစ်ပါတယ်။

သူတို့ဟာ နာရီးများစွာအတွက် မိမိကိုယ်ကိုယ်မိမိ ချင့်ချိန်စဉ်းစား ပြန်လည် ဆန်းစစ်ပါလိမ့်မယ်။ ပြီးတော့ မကြာခဏ ဖိစီးနှိပ်စက်မှုစွဲလမ်းခြင်း အလေ့ရှိပါတယ်။ သူတို့ဟာ သင်ယူဖို့ စစ်မှန်တဲ့အလိုဆန္ဒရှိတဲ့အတိုင်း သူတို့ရဲ့အမှားများမှ သင်ယူပါလိမ့်မယ်။ သို့သော်လည်း သူတို့ဟာ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျ ခြင်းဆိုင်ရာ ပြင်းပြင်းထန်ထန်ခံရသည့်အချိန် ဖြစ်လေ့ဖြစ်ထ ဖြစ်လွယ်လေ့ရှိပါတယ်။ ပြီးတော့ ဆုတ်ဆိုင်းမှု တစ်ခုမှ နာလန်ထူပြန်မတ်လာဖို့ ကာလအကြာကြီး ယူပါတယ်။

တတိယအမျိုးအစားကတော့ လက်ခံစဉ်းစားပေးခြင်းရဲ့အဆုံးသတ်မှာ ဖြစ်ကြတဲ့ သူများကို- သူရဲ့ဝေဖန် ထောက်ကွက်များက စိတ်တိုစရာကောင်းနိုင်တဲ့- အဆိုးမြင်ဝါဒီပဲ ဖြစ်ပါတယ်။

သူတို့ဟာ မှန်ကန်တဲ့တစ်စုံတစ်ခုကို ရှာဖွေနိုင်ပုံယုံမျှတောင် မပေါ်ပါ။ သူတို့ဟာ နားပူနားဆာတကျည်ကျည် လုပ်တဲ့ အမျိုးအစားများ ဖြစ်နိုင်ပါတယ်။ ပြီးတော့ မကြာမကြာ ဖန်တီးနိုင်စွမ်းထွင်ညဏ်ရှိသူများ မဟုတ်ပါ။ သူတို့ဟာ ဘယ်အကြောင်းဖြစ်ဖြစ် သူတို့ရဲ့သက်သောင့်သက်သာ ဇိမ်ကျနေတဲ့ သတ်မှတ်နယ်မြေဇုံများကနေ အနည်းဆုံး စွန့်စားပုံတော့ ပေါ်ပါတယ်။ ပြီးတော့ ….သူတို့ရဲ့ မလိုလားဘဲ အင်တင်တင်ဝန်လေးနေခြင်းကို - မိမိကိုယ်ကိုယ် အခွင့်အရေးယူ ချမှတ်ပြဌာန်းထားတဲ့အားရကျေနပ်မှုကို- လက်ခံနိုင်စွမ်းရှိတဲ့ ပေးနိုင်တဲ့ လုံခြုံစိတ်ချမှုအာမခံချက်ဆိုင်ရာ အကန့်အသတ်နယ်နိမိတ်ကို လိုလားပုံပေါ်ပါတယ်။

လူအများရဲ့ နောက်ဆုံးအမျိုးအစားကတော့ Edison အမျိုးအစားပဲ ဖြစ်ပါတယ်။

သူတို့ဟာ သူတို့ရဲ့ကျရှုံးမှုအတွက် အခြားတစ်ဦးတစ်ယောက်ကိုဖြစ်စေ သူတို့ကိုယ်သူတို့ဖြစ်စေ- ဘယ်တော့မှ ပြစ်တင်ရှုတ်ချ ပြစ်ဒဏ်ချမှတ် ကြိတ်မှိတ်ခံစားလိမ့်မယ်မဟုတ်ပါ။ သူတို့ဟာ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ် ရှိပါတယ်။ ပြီးတော့ စွန့်စားဝံ့ပါတယ်။ သူတို့ဟာ ဘ၀အတွက် မကုန်ခမ်းနိုင်တဲ့ အလိုဆန္ဒ ရှိပုံပေါက်ပါတယ်။ သူတို့ဟာ ထုံးစံအတိုင်း ဖန်တီးနိုင်စွမ်းထွင်ညဏ် ရှိပါတယ်။ သူတို့ဟာ မယုံနိုင်လောက်အောင်ထူးခြားတာက အပြုသဘောဆောင် အကောင်းဘက်မြင်တာဖြစ်ပြီး မဆုတ်မနစ်ဇွဲသန်မှုပဲ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့ဟာ အောင်မြင်လာတဲ့အခါ ကိုယ့်ကျိုးကြည့် တကယ့်အတ္တဆန်လာသူ ဖြစ်လာနိုင်ပါတယ်။ အကြောင်းက ပင်ကိုယ်အားဖြင့် သူတို့မှာ သူတို့ကိုယ်ကိုယ်သူတို့နဲ့ပတ်သက်လို့ ကြီးကျယ်ချဲ့ကားဖောင်းပွတဲ့ သဘောထား ခံယူချက်တစ်ခု ရှိနေလို့ ဖြစ်ပါတယ်။

သိပ်အဆင့်မြင့်သူများနှင့် ဖီလိုဆော်ဖာများကတော့ လေးခုမြောက်အမျိုးအစားကို ကျော်လွှားနိုင်သူများပဲ ဖြစ်ပါတယ်။ သူတို့ဟာ စိတ်အတွင်းရှိခုံသမာဓိအဖွဲ့တစ်ခုကို ဘယ်တော့မှ မထားရှိတဲ့ ညဏ်အလင်းရှင်များ ဖြစ်ပါတယ်။ သက်ဆိုင်ပါဝင်ခြင်းမရှိဘဲ လေ့လာစောင့်ကြည်ယုံမျှသာဖြစ်တဲ့ လေ့လာအကဲခတ်တဲ့သူက- စိတ်အတွင်းရှိ ခုံသမာဓိအဖွဲ့ကို ပြန်လည်အစားထိုး အသစ်လဲပါတယ်။

သူတို့ဟာ “လက်တွေ့လုပ်သူဘ၀-ပြုလုပ်သူအဖြစ်” တစ်ခုခုရှိတာနဲ့ပတ်သက်လို့ မယုံကြည်ပါ။ ပြုလုပ်သူအဖြစ်- ဟာ ပြုလုပ်ဖို့ ပြုမူဆောင်ရွက်ဖို့ မတတ်နိုင်ခြင်း မဟုတ်ပါ။ ပြုလုပ်သူအဖြစ်- ဟာ မိမိအပြုအမူရဲ့ အလိုဆန္ဒအကျိုးဆက်ကို အကျိုးသက်ရောက် ဖြစ်ထွန်းစေဖို့- စွမ်းပကား ပိုင်ဆိုင်မှုရှိခြင်းရဲ့- ယုံကြည်လောက်ဖွယ် အနှစ်သာရပဲ ဖြစ်ပါတယ်။ အပြုအမူများကို အစပြုတဲ့ရည်ရွယ်ချက်(အမြင်အကြား စိတ်ခံစားမှု (ဒါမှမဟုတ်) ကိုယ်ကျိုးအတ္တဆိုင်ရာ လူသားတွေရဲ့ အားရကျေနပ်မှု) တစ်ခုဆီသို့ မကြာခဏ ရှေးရှုဦးတည်ပါတယ်။

နောက်ဆုံးအမျိုးအစားက အနည်းငယ် မိမိကိုယ်ကို မျက်နှာသာပေး လိုက်လျောခွင့်လွှတ်မှုမှ ကင်းတဲ့ သူအများအဖြစ် ဖွဲ့စည်းပါဝင်ပါတယ်။ သူတို့ဟာ များစွာအတ္တကင်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ တာဝန်ရှိသည့်အရာကို ပြုလုပ်ခြင်းဖြင့် စီစဉ်ခင်းကျင်းပြရုံမျှသာ ဖြစ်ပြီး- မနာလိုဝန်တိုခြင်း- အကဲဖြတ်စီရင်ချက်ချခြင်း တစ်ခုခုမရှိတော့ဘဲ- အကျိုးရလဒ်ကို လက်ခံယုံမျှသာ ဖြစ်ပါတယ်။

တင့်တိမ်ရောင်ရဲကျေနပ်မှုဟာ အသိတရားခေါင်းထဲဝင်လာခြင်းရဲ့ အခြင်အရာတစ်ခုပဲ ဖြစ်ပါတယ်။ လူအများ အပေါ်မှာဖြစ်စေ- အခြေအနေများအပေါ်မှာဖြစ်စေ- (ဒါမှမဟုတ်) မိမိကိုယ်ကိုယ်မှာ ဖြစ်စေ- အဆုံးအဖြတ် တစ်ခုကို ဖြတ်သန်းခြင်း မရှိတော့ဘဲ- ဘ၀ကို နေထိုင်ခြင်းဟာ စိတ်ပျက်လက်ပျက်မပျော်ရွှင်ခြင်းနှင့် မျော်လင့်ချက် ပျက်သုဉ်းခြင်းမှ လွတ်မြောက်ခြင်း ၀ဋ်ကျွတ်ခြင်းပဲ ဖြစ်ပါတယ်။

Seattle’s letter to the President of USA

When the US government inquired about the buying of tribal lands from Seattle, the chief of the American Indian tribe inhabiting in modern Seattle in Washington State, he is said to have sent a marvelous letter to the President.

The letter shows how far the so-called ‘aborigines’ are considerate towards nature and the environment, and how profoundly they feel that life is connected to all forms of nature. Chief Seattle, being one of the last to speak of moral values coming down from the Paleolithic age, voices his great concern over the issue, in about 1852, at a time when the problems of the greenhouse effect of global warming had not yet been heard of.

The following is an excerpt from his letter;

“ The President of Washington sends words that he wished to buy our lands. But how can you buy or sell the sky? The land? The idea is strange to us. If we do not own the freshness of the air and the sparkle of the water, how can you buy them?”

“Every part of this earth is sacred to my people. Every shining pine needle, every sandy shore, every mist in the dark woods, every meadow, every humming insect, all are holy in the memory and experience of my people.”

“We know the sap which course through the trees, we know the blood that courses through our veins. We are part of the earth and it is part of us. The perfumed flowers are our sisters. The bear, the deer and the great eagle, all these are our brothers.

The rocky crests, the dew in the meadow and the body heat of the pony and man, all belongs to the same family. The shining water that moves in the streams and the rivers is not just water but the blood of our ancestors.

If we sell you our land you must remember that it is sacred. Each ghostly reflection in the clear waters of the lakes tells of events and memories in the life of my people. The water’s murmur is the voice of my father’s father.”

“The rivers are my brothers. They quench our thirst. They carry our canoes and feed our children. So you must give to the rivers the kindness you would give to any brother.”

“If we sell you our land remember that the air is precious to us, that the air shares its spirit with all the life it supports. The wind that gave our grandfather his first breath also receives his last sigh. The wind also gives our children the spirit of life. So if we sell you our land you must keep it apart and sacred, as a place where man can go to taste the wind that is sweetened by the meadow flowers.”

He foreshadows what we as individuals as well as nations would do in our technological age by polluting air, water, food and environment.

“Will you teach your children what we have taught our children? That this is our mother? What befalls the earth befalls all sons of the earth.”

“This we know, that earth does not belong to man, man belongs to the earth. All things are connected like the blood that unites us all. Man did not weave the web of life, he is merely a strand in it. Whatever he does to the web, he does to himself.”

He continues further to stress the monotheistic belief common to them as well as to Christians.

“One thing we know, our God is also your God. The earth is precious to him and to harm the earth is to heap contempt on its creator.”

“Your destiny is a mystery to us. What will happen when the buffaloes are all slaughtered? The wild horses tamed? What will happen when the secret corners of the forest are heavy with the scent of many men and the view of the ripe hills is blotted by talking wires?

Where will the thicket be? Gone! Where will the eagle be? Gone! And what is it to say goodbye to swift pony and the bunt? The end of living and the beginning of survival. When the last red man has vanished with his wilderness and his memory is only shadow of a cloud moving across the prairie, will these shores and forests still be there? Will there be any of the spirit of my people left?”

“We love this earth as a newborn loves its mother’s heartbeat. So, if we sell you our land, love it as we have loved it. Care for it as we have cared for it. Hold in your mind the memory of the land as it is when you received it. Preserve the land for all children and love it as God loves all.”

As Chief Seattle predicted, has not the end of living and the fight for survival begun?



Adapted from Power of Myth pp. 34, 35

By Josap Cambell with Bill Moyers

An Approach to Buddhist Social Philosophy-238-241

Thursday, September 15, 2011

စောင့်ဆိုင်းခြင်းနှင့် စောင့်ကြည့်ခြင်း


လူသားသဘာဝရဲ့ အလွန်လှပတဲ့ပုံပန်းသွင်ပြင်တစ်ခုဟာ တစ်စုံတစ်ခုအတွက် စောင့်ဆိုင်းဖို့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ တစ်စုံတစ်ခု (ဒါမှမဟုတ်) ကျန်တဲ့ အခြားတစ်ခုခုအတွက် အမြဲတမ်း စောင့်ဆိုင်းနေပါတယ်။

သို့ပေမယ့် စောင့်စားခြင်းကို သဘောမတွေ့ မနှစ်မြို့ဖွယ်ဖြစ်တဲ့ သက်ဝင်လှုပ်ရှားမှုတစ်ခုအဖြစ် ရှုမြင်ဖို့ မဟုတ်ပါ။ သင်ဟာ ဘယ်လို စောင့်ဆိုင်းရမယ်ဆိုတာ သိရှိရပါ့မယ်။ စောင့်ဆိုင်းခြင်းအတွက် ခြားနားတဲ့နည်းလမ်းများ- တမူထူးတဲ့ အကြောင်းတရားများ ရှိပါတယ်။

အကျွန်ုပ်တို့ မျက်မှောက်မှာ ဘယ်လိုနေထိုင်တယ်ဆိုတာ မသိဘဲ အမြဲတမ်း စောင့်ဆိုင်းနေတဲ့အခါ- ဒါက အကျွန်ုပ်တို့ရဲ့ ပျင်းရိတဲ့ သဘောသဘာဝရဲ့ ထင်ဟပ်မှုပုံရိပ်တစ်ခု ဖြစ်ပါတယ်။ သင် ပျင်းရိ လေလေ- သင်ကိုယ်တိုင်နဲ့ ပတ်သက်လို့ သင်ဟာ များစွာ သတိမပြုမိလေလေ- အပြင်ပန်း ပုံပန်း ဟန်ပန်အလိုက်- သင့်ရဲ့ အပေါ်ယံမျက်နှာပန်းသဘာဝနှင့်လိုက်၍- သင်ဟာ အပေါ်ယံမျက်နှာပြင် ပေါ်မှာ နေထိုင်လေလေ-ဖြစ်ပါတယ်။ ပြီးတော့ သင်ဟာ အလွယ်တကူ စောင့်ဆိုင်းလေ့ ရှိပါတယ်။

ဒါက ဖင့်နှေးခြင်း ဖြစ်ပါတယ်။ ဒီဖင့်နှေးခြင်းမှာ- တစ်ဦးတစ်ယောက်က အကျွန်ုပ်တို့ အလိုရှိတဲ့ အရာ တွေ လာရောက်ပြီး အကျွန်ုပ်တို့ကို ပေးလိမ့်မယ်ဆိုတာ မျော်လင့်လျှက်- ပြောင်းလဲဖို့ အကျွန်ုပ်တို့ဟာ အမြဲတမ်း တစ်စုံတစ်ခုကို စောင့်ဆိုင်းကြပါတယ်။ လူသားသဘာဝက အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။

သင်ဟာ သင်ကိုယ်တိုင် လေ့လာစောင့်ကြည့်လျင်- နေ့တိုင်း မီနစ်တိုင်းမှာ ဘ၀ဟာ အမြဲတမ်း သင့်ရဲ့တံခါးဝကို ခေါက်နေတယ်ဆိုတာ သင် တွေ့မြင်ပါလိမ့်မယ်။ ဒါက ပြောင်းလဲဖို့ သင့်ကို ပြောနေပါတယ်။ ဒါပေမယ့် သင်ဟာ ပြောင်းလဲဖို့ သတ္တိမရှိပါ။ (သင်ဟာ တိုက်ဆိုင်ဖြစ်ပျက်လာတဲ့ အပြောင်းအလဲကို စောင့်ဆိုင်းနေပါတယ်။) သင်လိုချင်တဲ့အပြောင်းအလဲ တထေရာတည်း သင် ဖြစ်လိမ့်မယ် မဟုတ်ပါ။

အကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းချင်ကြတယ်၊ ညီညွတ်ချင်ကြတယ် ပြီးတော့ ပျော်ရွှင်ချင်ကြပါတယ်။ ဒါပေမယ့် စင်စစ်မတော့ ဒီအရာများ ကို အောင်မြင်ခြင်းအတွက် ဘယ်လောက်လောက်များ အလုပ် လုပ်ကြပါသလဲ?

သဘာဝတရားဟာ မကြာခဏ ကြိုဆိုလက်ခံနိုင်တဲ့အဆုံးပိုင်းကို ရောက်လာပါတယ်။ လူသားရဲ့ ပြုဖွယ်ဆောင်တာ သက်ဝင်လှုပ်ရှားမှုက အရင်းအမြစ်များနှင့်ပတ်သက်လို့ ကိုယ့်ကျိုးရှာ အမြတ်ထုတ်ခြင်းကို ပေါ်ပေါက်စေပါတယ်။ သာဓကအားဖြင့် ပတ်ဝန်းကျင် ညစ်ညမ်း စေခြင်းများပါ။

သဘာဝတရားက သင့်ကို ပြောင်းလဲစေချင်ပါတယ်။ ဒါပေမယ့် သင်က မပြောင်းလဲပါ။ သင်ဟာ စောင့်ဆိုင်းနေပါတယ် (ဘာအတွက်လဲ?)။ ပြီးတော့ အခြေအနေအဖြစ်အပျက်တွေက ထိန်းမနိုင် သိမ်းမရ ဖြစ်တဲ့အခါ ဘေးဒုက္ခတွေ ဖြစ်ပျက်နိုင်ပါတယ်။ အဲဒါတွေကို သဘာဝ (ဒါမှမဟုတ်) လူကလုပ်တာလို့ သတ်မှတ်ပါ။ ( ဖြစ်ရပ်မှန်ကတော့ ပတ်ဝန်းကျင်ဟာ သူ့ရဲ့ခံနိုင်စွမ်းအတိုင်းအတာ ရှိတယ်ဆိုတာ- ပြီးတော့ တစ်နေ့ အကျွန်ုပ်တို့ဟာ စိန်ခေါ်တဲ့အခြေအနေများနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ပါ။)

တစ်ခါတစ်ရံ အဲဒါက လုံးဝအံ့သြခြင်းကို အကျွန်ုပ်တို့ကို ဖမ်းဆွဲထားပါတယ်။ (အဲဒါက သွေးလန့် စိတ်ချောက်ချားခြင်းတစ်ခုလို လားပါတယ်။) ရုတ်တရက်ဖြစ်ပွါးတဲ့ကပ်ဘေးများ တိုက်ဆိုင်ဖြစ်ပျက်ပြီး အကျွန်ုပ်တို့ဟာ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အပြည့်အ၀ ပြင်ဆင်မထားပါ။ ဒါပေမယ့် တစ်ခါတစ်ရံ မှာတော့ အကျွန်ုပ်တို့ဟာ ဒီရုတ်တရက်ဖြစ်ပွါးတဲ့ကပ်ဘေးများမှ သင်ယူကြရပါတယ်။ ပြီးတော့ အကျွန်ုပ်တို့ ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်မှာ- အပြောင်းအလဲနဲ့ပတ်သက်လို့ လားရောက်စေဖို့ ခြေလှမ်း များကို ယူရာမှာတောင် အဲဒါမှ သင်ယူကြရပါတယ်။

သင်ဟာ စုပေါင်းလုပ်ဆောင်ရမယ်ဆိုတာ- ပူးတွဲဆောင်ရွက်ရမယ်ဆိုတာ- သည်းခံမှုကို လေ့ကျင့်ရမယ်ဆိုတာ- ဆက်နွှယ်ပတ်သက် ရမယ်ဆိုတာ- သင် နားလည်သဘောပေါက်တဲ့တစ်နေ့- အဲဒီနေ့မှာ ဘ၀ရဲ့လမ်းအသစ်တစ်ခု စတင်ခြင်း ဖြစ်လာပါတယ်။

သင်ဟာ သည်းခံမှုမရှိလင့်ကစား- ပူးပေါင်းဆောင်ရွက်မှုမရှိလင့်ကစား- ငိုညည်းတယ်- ငြီးငြူတယ်ဆိုလျင်- သင်ဟာ သင့်ကို လှုပ်နှိုး တံခါးခေါက်ဖို့ အကြီးမားဆုံးနဲ့ ပါဝါအများဆုံး တူကို အသုံးပြုဖို့- သဘာဝကို ခွင့်ပြုလမ်းဖွင့်ပေးလိမ့်မယ် ဆိုတာ-မှတစ်ပါး- ဘာတစ်ခုမျှ ဖြစ်ပေါ်လာလိမ့်မယ်မဟုတ်ပါ။

စောင့်ဆိုင်းရခြင်းဟာ ကောင်းပါတယ်ဆိုပေမယ့် ဘယ်လို စောင့်ဆိုင်းရမယ်ဆိုတာ သင်က သိရှိမှသာပါ။ Aurobindo Ashram ရဲ့မိခင်က ပြောပါတယ်။ အဲဒါကတော့ သင်ဟာ ဘယ်လိုစောင့်ဆိုင်းရမယ် ဆိုတာကို သင် သိတဲ့အခါ- သင်ဟာ သင့်ဘက်ခြမ်းမှာ အချိန်ကို ထားရှိပါတယ်။ သင့်မှာ အချိန်ရှိပါသေးတယ်။ (အချိန်ဟာ သင်နှင့်အတူ လာပါတယ်။) သည်းခံမှု တိတ်ဆိတ်ငြိမ်သက်မှုဖြင့် ဘယ်လို စောင့်ဆိုင်းရမယ်ဆိုတာ သင်ယူပါ။

အများအားဖြင့် ကြောက်ရွံထိတ်လန့်တဲ့စွမ်းအင်များ- တင်းကြပ်မှုများအပြည့်ဖြင့် အဲဒီလို အကျွန်ုပ်တို့ စောင့်ဆိုင်းတဲ့အခါ- အကျွန်ုပ်တို့ ဟာ ဟန်ချက်မညီ ဖြစ်သွားပါတယ်။ အကျွန်ုပ်တို့ စောင့်ဆိုင်းနေတဲ့အခါ အကျွန်ုပ်တို့မှာ အဲဒီစောင့်စားခြင်းကို သည်းခံမှုမရှိပါ။

အပြောင်းအလဲအတွက် စောင့်ဆိုင်းနေခြင်းနှင့် သည်းခံမှုဖြင့်စောင့်စားနေခြင်းအကြား ခြားနားမှုဟာ- နောက်ပိုင်းမှာ သင့်ကို ယုံကြည် မျော်လင့်ထားတဲ့အရာကို သင် ပြုလုပ်ပြီးပြီဆိုတာ ဖြစ်ပါတယ်။ သင့်ဟာ သင်ရဲ့တာဝန်ကို လုပ်ပြီးပါပြီ။

အဲဒီနောက် သည်းခံမှုဖြင့် စောင့်ဆိုင်းနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ဘက်ခြမ်းမှာ အချိန်ကို ထားရှိနိုင်ပါတယ်။ အချိန်ရှိနိုင်ပါသေးတယ်။ အဲဒါက ဘ၀မှာ သင့်ကို အကောင်းဆုံး အမြန်ဆုံး အခွင့်အလမ်းကို ပေးနိုင်ပါတယ်။ အဲဒီအချိန်လမ်းခရီးဟာ သင့်ရဲ့ partner-ဖြစ်လာပါတယ်။ ပြီးတော့ အလိုဆန္ဒရှိတဲ့ အကျိုးဆက်တွေ ရရှိဖို့ သင့်ကို ကူညီပါတယ်။

သင်မှာ အလိုဆန္ဒတစ်ခုရှိတယ်ဆိုလျင် သင်ဟာ သည်းခံမှုလည်း ရှိရပါလိမ့်မယ်။ ရှိသင့်ပါတယ်။ မျိုးစေ့တိုင်းဟာ ပေါက်ဖွါးချင်ကြ ပါတယ်။ ဒါပေမယ့် အပင်ကြီးတစ်ပင် ဖြစ်ထွန်းလာတယ်ဆိုတာ သည်းခံမှုဖြင့်သာလျင် တဖြည်းဖြည်း ကြီးထွားလာပါတယ်။

သို့သော်ငြားလည်း- ဖြစ်မြဲပုံမှန်- အဲဒီအပြောင်းအလဲကို သယ်ဆောင်လာဖို့ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းခြင်း- (ညစ်ပတ်ရှုပ်ပွ ကမောက်ကမအခြေအနေများကို လာရောက်ဆေးကြောသုတ်သင် သန့်ရှင်းဖို့ အခြားတစ်ဦးတစ်ယောက်ကို စောင့်ဆိုင်းခြင်း- သင့်တော်တဲ့ခြေလှမ်းကို ယူဆောင်ရန် ပဏာမခြေလှမ်းကို ယူဖို့ အခြားတစ်ဦး တစ်ယောက်ကို စောင့်ဆိုင်းခြင်း)- လို့ ဆိုလိုအဓိပ္ပါယ်ရတဲ့ အပြောင်းအလဲကို အကျွန်ုပ်တို့ စောင့်ဆိုင်းနေကြပါတယ်။

ဒါဟာ အတောမသတ်နိုင်တဲ့ စောင့်ဆိုင်းခြင်းပဲ ဖြစ်ပါတယ်။

Friday, September 9, 2011

ပဋိပက္ခသည် ဖန်တီးနိုင်စွမ်းအတွက် လိုအပ်သောအရာ ဖြစ်သည်

MK Gandhi- ဟာ တောင်အာဖရိကနိုင်ငံနေစဉ် ရထားတစ်စင်းမှ သူ့ကို အပြင် ကန်ထုတ်ခံရတဲ့အခါ ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့ ရှိခဲ့ပါတယ်။ အဲဒါက “အဖြစ်အပျက်များကို လျစ်လျူရှု၍ဖြစ်စေ၊ ငြိမ်းချမ်းရေးမှာ သက်ရှင်နေထိုင်၍ဖြစ်စေ… (ဒါမှမဟုတ်) ပဋိပက္ခထဲဝင်ရောက်၍ဖြစ်စေ၊ ထပ်တလဲလဲ နှောင့်ယှက်မှုများ၊ အခက်အခဲများကို ရင်ဆိုင်၍ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခြင်းများရဲ့ ဖြစ်နိုင်ခြေများကို ရင်ဆိုင်၍ဖြစ်စေ” တစ်ခုခုကို ရွေးချယ်ရပါ့မယ်။ သူဟာ နောက်ပိုင်း ဒုတိယတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ?

ငြိမ်းချမ်းရေးနှင့်အေးအေးဆေးဆေး နေထိုင်ခြင်းဟာ ဘ၀ရဲ့နောက်ဆုံးရည်မှန်းချက် ဖြစ်ခဲ့တယ် ဆိုတာ-- ပြီးတော့ ဒီရည်မှန်းချက်ကို အောင်မြင်ဖို့ အကောင်းဆုံးလမ်းဟာ ပဋိပက္ခနဲ့ ပတ်သက်တဲ့ အခြေအနေများကို ရှောင်ရှားဖို့ဖြစ်ခဲ့တယ်ဆိုတာ-- သူ့ကို ဟောပြောပြသခဲ့တဲ့ ဂုရုတစ်ယောက် သူ့မှာ မရှိခဲ့ဘူးလား? ဘာ့ကြောင့် သူဟာ ဝေးရာသို့ မလျှောက်လှမ်းခဲ့သလဲ? ခေါင်းရှောင်မသွားခဲ့သလဲ? လုပ်ဖို့ မငြင်းဆန်ခဲ့တာလဲ?

Dalai Lama- ဟာ တိဘက်တွင် ငြိမ်းချမ်းရေးမှာ သက်ရှင်နေထိုင်ရေးထက် သင့်တော်တဲ့ မိမိတိုင်း ပြည်က ကြာမြင့်စွာ ခွဲခွါနေရခြင်း ဘ၀နေထိုင်မှုပုံစံကို ရွေးချယ်ခဲ့ပါတယ်။ သူကိုယ်တိုင်ဟာ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးတရားတွေ ဟောကြားခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေးမှာ ရှင်သန်နေထိုင်ရခြင်းက ပဋိပက္ခရဲ့အခြေအနေများကို ရှောင်ရှားဖို့ လိုအပ်ခဲ့တယ်ဆိုတာ မသိရှိခဲ့ဘူးလား?

Aung Sun Suu Kyi- ဟာ အထိန်းသိမ်းခံခဲ့ရမှာမဟုတ်။ Winston Churchill- ဟာ ကမ္ဘာ့စစ်ထဲ ပူးပေါင်းပါဝင်ရဖို့ အကြောင်းရှိမှာမဟုတ်။ Nelson Mandela- ဟာ တစ်ကိုယ်တည်း အကျဉ်းချခြင်းကို ခံစားရမှာမဟုတ်။ Julius Nyerere- ဟာ Idi Amin နှင့် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ဖို့ရာ ရှိလိမ့်မယ် မဟုတ်။

ငြိမ်းချမ်းရေးမှာ ရပ်တည်နေပေမယ့် ပဋိပက္ခကို ထွေးပိုက်ပွေ့ဖက်ပြီးတဲ့ လူအများနဲ့ပတ်သက်လို့ စာရင်းက အရှည်ကြီးပါ။ မှတစ်ပါးအခြား.. သူတို့ဟာ အဲဒါကို အရှုံးပေးအညံ့ခံဖို့ထက် သင့်တော်တဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်ပြီးရပ်တည်ဖို့ ရဲရင့်ခြင်းသတ္တိရှိပါတယ်။

နှစ်သက်မြတ်နိုးစရာကောင်းတဲ့ အိန္ဒိယဆိုင်ရာဝတ္ထု Ramayana နဲ့ Mahabharata နှစ်ခုစလုံးဟာ စစ်ပွဲပုံပြင်များပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပုံပြင်များမဟုတ်ပါ။ တရားရုံးမှာ Krishana- ဟာ Draupadi- ရဲ့ မျက်နှာပျက်အရှက်တကွဲဖြစ်ရခြင်းနဲ့ပတ်သက်တဲ့ ဖြစ်ရပ်ကို မသိကျိုးကျွန်ပြုဖို့ Pandavas- ကို မပြောဆိုခဲ့ပါ။ သူဟာ စစ်ပွဲသို့သွားဖို့ သူတို့ကို အားပေးတိုက်တွန်းခဲ့ပါတယ်။ Gita- က ပြောပါတယ်--“ အမှန်တရားကို ထိန်းသိမ်းဖို့ စစ်ပွဲမှာပါဝင်ခြင်းဟာ စစ်သည်ရဲမက်တစ်ယောက်အတွက် ရွေးချယ်ရမယ့်ကိစ္စ မဟုတ်။ ဒါဟာ သူ့ရဲ့တာဝန်ပဲ ဖြစ်တယ်”။

Islam- က ပြောပါတယ်။ “ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းရဲ့ နည်းလမ်းတစ်ခုအဖြစ်-- ဖိနှိပ်ချုပ်ချယ်မှုက အကဲစမ်း စမ်းသပ်လာတဲ့အခါ-- တိုက်ခိုက်မှုဟာ တရားမျှတမှုအတွက် ထိန်းသိမ်းဖို့ ဖြစ်တဲ့အခါ-- Jihad- မှာ ပူးပေါင်းပါဝင်ခြင်းဟာ muslim- တစ်ယောက်ရဲ့ တာဝန်ဖြစ်ပါတယ်”။

ပဋိပက္ခနှင့် ပဋိပက္ခတစ်ခုကို ဖြေရှင်းခြင်းရဲ့ နည်းလမ်းများအကြား အကျွန်ုပ်တို့ကို ဇဝေဇ၀ါရှုပ်ထွေးစေခဲ့ပါတယ်။

အကျွန်ုပ်တို့ မမှန်မကန် ယူဆခဲ့တာကတော့ - ငြိမ်းချမ်းရေးကို ချစ်တဲ့သူတစ်ယောက်အဖြစ် Gandhi-ဟာ ပဋိပက္ခရဲ့အခြေအနေကို ရှောင်ရှားပြီးခဲ့ရမယ်ဆိုတာ ဖြစ်ပါတယ်။ သို့သော် အခြားတစ်ဖက်မှာ သူဟာ ပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ Bhagat Singh- ဟာ ခိုက်ရန်ဒေါသရန်လိုမှုကို ရွေးချယ်စဉ် Gandhi- ဟာ ငြိမ်းချမ်းရေးလက်နက်ကို အသုံးပြုဖို့ ကြိုးစားခြင်းမှတစ်ပါး-- သူတို့နှစ်ယောက်ဟာ ပဋိပက္ခနှင့်ဆက်ဆံ သက်ဆိုင်ပတ်သက်ဖို့ သူတို့ ကိုယ်ကိုယ်သူတို့ အသင့် ဖြစ်နေပါတယ်။

သိပ္ပံပညာရှင်၊ အနုပညာရှင် (ဒါမှမဟုတ်) ပရော်ဖက်ဆာတစ်ယောက်ရဲ့တာဝန်ဟာ အသိပညာဆိုင်ရာ ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်များကို ဆန့်ကျင်လျှက်-- ပဋိပက္ခမှာ ပါဝင်ဖို့လည်း ဖြစ်ပါတယ်။ အကန့်အသတ် ရှိတဲ့အသိပညာဆိုင်ရာ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ကျေးကျွန်ဘ၀ရဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

Albert Einstein- ဟာ သိပ္ပံဆိုင်ရာ အသိပညာရဲ့နယ်နိမိတ်များကို လမ်းဖွင့်ပေးခဲ့ပါတယ်။ James Joyce- ဟာ စာပေနဲ့ပတ်သက်တဲ့ကမ္ဘာမှာ နည်းတူမခြား ပြုလုပ်ခဲ့ပါတယ်။ ဖန်တီးနိုင်စွမ်းအားနဲ့ ပတ်သက်လို့ ကန့်သတ်ချုပ်ချယ်ခြင်းကို သူဟာ အဲဒါတွေကို မြင်ယင်မြင်သလောက် ရေးသား ခြင်းဆိုင်ရာ ဥပဒေများကို ဆန့်ကျင်ခဲ့ပါတယ်။Picasso- နှင့် M F Husanin- ဟာ အနုပညာမြင်ကွင်းမှာ လက်ခံထားတဲ့ဥပဒေများကို ကျော်လွန်တဲ့ နယ်ပယ်ကို စူးစမ်းလေ့လာခဲ့ပါတယ်။ Mother Teresa- ဟာ စောင့်ရှောက်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆကို ပြန်လည်အနက်အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။

သူတို့အထဲက လူတိုင်းလူတိုင်းဟာ ဝေဖန်ခြင်းငြင်းခုံခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့အလုပ်နဲ့ပတ်သက်တဲ့သဘာဝကို အခိုင်အမာလက်ခံယုံကြည်ထားခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့အမြင်ကို ဖြည့်ဆည်းလေ့ရှိတဲ့ နည်းစနစ်များကို နားလည်သဘောပေါက် ထိန်းသိမ်းလေ့ရှိပါတယ်။ သူတို့ဟာ ဆက်လက်စိတ်ပါဝင်စားမှုကို ထိန်းသိမ်းထားပါတယ်။

အကျွန်ုပ်တို့ ချစ်မြတ်နိုးတဲ့ သူအများ-- အကျွန်ုပ်တို့ ၀တ်ပြုကိုးကွယ်တဲ့ အရာများမှာတောင် ပြည့်ဝ ကုံလုံတဲ့ လုံလောက်ပြည့်စုံမှုအဖြစ် ဖြစ်တည်ခြင်းကို ငြင်းပယ်ခဲ့ပြီးပြီဆိုတာ… ပြီးတော့ ဖြစ်တည်ခြင်းကို ကြီးကျယ်ပြန့်ကားလာဖို့အတွက် ပဋိပက္ခမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ပြီးပြီဆိုတာ… သည်အရာမှ ကောက်ချက်ချနိုင်သည်သာ ဖြစ်ပါတယ်။ သူတို့ဟာ အကျွန်ုပ်တို့ဘ၀ရဲ့ရည်ရွယ်ချက်ကို ပြန်လည် ဖွင့်ဆိုရှင်းပြပြီးပါပြီ။

အကျွန်ုပ်တို့ဘ၀ရဲ့ရည်ရွယ်ချက်ဟာ ပြုသမျှနုရတဲ့ မလှုပ်မယှက်ငြိမ်နေတဲ့ လက်သင့်ခံခြင်းမှာ ရှင်သန် နေထိုင်ဖို့မဟုတ်ပါ။ ဖန်တီးနိုင်စွမ်းအလို့ငှါ ပဋိပက္ခနဲ့ ထိတွေ့မှုရှိဖို့ပဲ ဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းဟာ ဘ၀ရဲ့ရည်ရွယ်ချက် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ဟာ ၀ိညာဉ်အသီးသီးနှင့် စုပေါင်းထားတဲ့သိစိတ်ကို ရှေ့တိုးတက်လှမ်းဖို့ ဖြစ်ပါတယ်။

ဒီနေရာမှာ သတိပေးတဲ့စကားလုံး တစ်လုံးကတော့… အကျွန်ုပ်တို့ဟာ ပဋိပက္ခက တရားမျှတသလား မမျှတဘူးလား- ဆိုတာ သိဖို့ရန်အလို့ငှါ… စိတ်ပိုင်းဆိုင်ရာအရ အကျွန်ုပ်တို့ကိုယ်ကို ပထမဆုံး ကျေအေးပြီးပြတ် အေးငြိမ်းစေရမယ်ဆိုတာ… ဖြစ်ပါတယ်။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်