Thursday, December 30, 2010

Tuesday, December 21, 2010

အပျက်သဘောဆောင်သော အားအင်များအတွက် ဖြေဆေးတစ်ခုအဖြစ် ချစ်ခြင်းမေတ္တာ

ခံယူချက်နှစ်ခုဟာ ဘာသာတရားအားလုံးနဲ့သက်ဆိုင်ပါတယ်။ ဘာသာတရားတိုင်းမှာ အမြင့်မြတ်ဆုံးတန်ဖိုး တစ်ခုအဖြစ် ငြိမ်းချမ်းရေးကို အတည်ပြုထားပါတယ်။ အဲဒါအပြင် ဘာသာတရားတိုင်းက ပထမဆုံးအနေနဲ့ ဘုရားသခင်တို့ရဲ့ ပင်ကိုယ်အရည်အချင်းအဖြစ် ချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုပါတယ်။ ဘာသာတရားတိုင်းဟာ ဤကဲ့သို့ ချစ်ခြင်းမေတ္တာနဲ့ငြိမ်းချမ်းရေးအကြား ဆက်စပ်မှုကို အလိုလိုသိပါတယ်။ ချစ်ခြင်းမေတ္တာဟာ သူကိုယ်တိုင်က ငြိမ်းချမ်းရေးရဲ့ကောင်းချီးမင်္ဂလာအဖြစ် ဖော်ပြပါတယ်။

Christian များတွင် ကမ္ဘာလောကအတွက် God ရဲ့ ချစ်ခြင်းမေတ္တာကို လှစ်ဟပြဖို့ လာရောက်သူ jesus ကို ငြိမ်းချမ်းရေးရဲ့ ဦးသျှောင်မင်းသားအဖြစ် ယူဆထားပါတယ်။ သူဟာ သူရဲ့တပည့်တပန်းများကို ရင်ကြားစေ့ပေးသူ ငြိမ်းချမ်းရေးတမန်များဖြစ်ဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ jesusဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုကို ဖန်တီးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာမွေးရာပါတာဝန်ကို လက်ကိုင်ပြုဖို့ ဖြစ်တယ် - ဆိုတာကို ရှင်းရှင်းလင်းလင်း ပြုလုပ်ခဲ့ပါတယ်။

Hindu ဆုတောင်းပတ္ထနာပြုသူအားလုံးနီးပါးဟာ Om Shanti ကို သုံးကြိမ်မြောက်ပြန်ကျော့ခြင်းဖြင့် ငြိမ်းချမ်း ရေးဆုတောင်းပတ္ထနာကို ရွတ်ဆို အဆုံးသတ်ကြပါတယ်။ နာမည်က အရိပ်လက္ခဏာပြတဲ့အတိုင်း Islam ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ဘာသာတစ်ခု ဖြစ်ပါတယ်။ Jainism နဲ့ Buddhism က အမြင့်မားဆုံးကို ချီးကျူးဂုဏ်တင်ဖို့ ငြိမ်းချမ်းရေးကို အခိုင်အမာနေရာ ယူထားပါတယ်။

Sikhism တွင် မနှစ်မြို့ဖွယ်ရာကောင်းတဲ့အင်အားသုံးမှုများကို အတိုက်အခံပြုခြင်း ရဲစွမ်းသတ္တိက - သူ့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပဓာနအချက်အချာရဲ့ အကဲဖြတ်တိုင်းတာခြင်းတစ်ခုဖြစ်သည်အားလျော်စွာ - ငြိမ်းချမ်းရေးနဲ့ တရားမျှတခြင်းကို အခြေခံအခိုင်အမာ ပြုခြင်းမှ အရင်းခံအစပြုထားပါတယ်။

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ အရင်းအမြစ်များက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆင်ခြင်တွေးခေါ်မှုစနစ် ယုတ္တိဗေဒသို့ ဘယ်လို လာရောက်ပါ့မလဲ? … ဒါကို နားလည်သဘောပေါက်ဖို့ အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်နဲ့ နယ်ပယ်စွန်းကို ဂရုပြုအလေးထားမှတ်သားရပါ့မယ်။ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ ကျမ်းဂန်ဆိုင်ရာအရဖြစ်စေ - အချစ်နယ်ထဲရှိ ချစ်သူကြင်သူများအဖြစ်ထက် ပိုလွန်နားလည်သဘောပေါက်ရပါ့မယ်။

စိတ်နှလုံးသားဆိုင်ရာချစ်ခြင်းမေတ္တာဟာ ဆက်ဆံရေးကို အထောက်အကူပြုပါတယ်။ ချစ်ခြင်းမေတ္တာဟာ လူအများအကြား ခိုင်မာစေသောအင်အားတစ်ခု ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ဇောင်းပေးထားတဲ့သူများဟာ အခြားသူများနဲ့ပတ်သက်တဲ့ သူတို့ရဲ့ချဉ်းကပ်မှုများမှာ ပဋိပက္ခထက် ငြိမ်းချမ်းရေးကို ပိုမိုနှစ်သက်ကြပါတယ်။ ဆန္ဒရှိကြပါတယ်။

အမုန်းတရားကလွှမ်းမိုးချယ်လှယ်နေတဲ့သူများဟာ မိမိနေအိမ်မှာ လူမှုဆက်ဆံရေးဆိုင်ရာ ပဋိပက္ခများဖြင့် များစွာ ရှိနေပါတယ်။ ငြိမ်းချမ်းရေးက သူတို့ကို ငြီးငွေ့စိတ်ကုန်စေပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ အဆင့်မှာ အမုန်းတရားဟာ နိုင်ငံများအကြား အဆက်မပြတ် ပိုမိုဆိုးရွားစေပါတယ်။ ပြီးတော့ စစ်ပွဲသို့ တွန်းပို့ပြီး ရက်စက်ကြမ်းကြုတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြုလုပ်ပါတယ်။

ဘာသာတရားအတွင်း ချစ်ခြင်းမေတ္တာဟာ ခန်းခြောက်လာတဲ့အခါ…အဲဒါက communalism ကို မလွန်ဆန်နိုင် ဖြစ်လာပါတယ်။ အဆက်ဖြတ်ခြင်းနဲ့ပတ်သက်တဲ့ သားကောင်သို့ ဆုတ်ယုတ်ကျဆင်းသွားစေပါတယ်။ ဖဲကြဉ် စိမ်းကားခြင်းရဲ့သြဇာခံအဖြစ်သို့ ယိုယွင်းဆုတ်ယုတ်လာပါတော့တယ်။

စိတ်ထဲမှာ ချစ်ခြင်းမေတ္တာဟာ အမှန်တရားအတွက် ထက်သန်ပြင်းပြလာပါတယ်။ မမှန်တရားက ကျွန်ပြုခြင်းကို ငြင်းဆန်တဲ့ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာဟာ ငြိမ်းချမ်းရေးဆိုင်ရာခိုင်မာမှုနဲ့ တစ်သားတည်း ဖြစ်ပါတယ်။ အဲဒါနဲ့ ပြောင်းပြန်က အကြမ်းဖက်ခြင်းဆိုင်ရာသဘောတရားများနဲ့သာမက အားလုံးသောစစ်ပွဲဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကလည်း သူတို့ရွေးချယ်ထားတဲ့လက်နက်များနည်းတူ မမှန်တရားကို ကိုင်ဆောင်ထားပါတယ်။

အကျွန်ုပ်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုမှာ ငြိမ်းချမ်းရေးအတွက် မွေးရာပါနှစ်သက်မြတ်နိုးမှုဟာ ဝေဒခေတ် ဆုတောင်းခြင်းများမှာ ပုံဖော်ထားပါတယ်။ အဲဒါကတော့ .. အကျွန်ုပ်တို့ကို အမှောင်မှ အလင်းသို့ - မမှန်တရားမှ အမှန်တရားသို့ - သေဆုံးခြင်းမှ မသေသည်၏အဖြစ်အမတဆီသို့ ဦးတည်ခွင့်ပြုပါ - ဆိုတာ ဖြစ်ပါတယ်။

အမှောင်နဲ့သေခြင်းဟာ မမှန်တရားရဲ့ အစဉ်အလာရိုးရာဖြစ်တဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါဟာ တရားမျှတမှုနဲ့ နည်းလမ်းတကျဖြစ်မှုကို အခိုင်အမာပြုလာတဲ့ အမှန်တရားအတွက် ချစ်ခြင်းမေတ္တာဆိုင်ရာလှုံ့ဆော်တဲ့ ထက်သန်ပြင်းပြမှုပဲ ဖြစ်ပါတယ်။

တရားမျှတမှုဟာ လူ့အဖွဲ့အစည်းကို အားဖြည့်ထား, ခါးတောင်းကျိုက်ထား, မောင်းတင်ထားတဲ့ ဓမ္မဆိုင်ရာ အနှစ်သာရ ဖြစ်ပါတယ်။ ဓမ္မဟာ ငြိမ်းချမ်းရေးနဲ့စကားပရိယာယ် အနက်တူ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ စစ်ပွဲများ ဒါမှမဟုတ် ပဋိပက္ခများရဲ့ ပျက်ကွက်ခြင်းမျှသာ မဟုတ်ပါ။
Shalom နဲ့ပတ်သက်တဲ့ Jewish ရဲ့ အယူအဆက ရည်ညွှန်းတဲ့အတိုင်း သဘောပေါက်နားလည်နိုင်စွမ်းရှိတဲ့ ပြည့်စုံကျယ်ပြန့်သောသုခရဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

အတ္တမှာ ချစ်ခြင်းမေတ္တာဟာ ကရုဏာအဖြစ် သူရဲ့ ထုတ်ဖော်ပြသမှုကို တွေ့ရပါတယ်။ ဘာသာတိုင်းမှာ ဆန်းသစ်ပြီးတိုးတက်ဦးမည့်အလားအလာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ သူတော်ကောင်းတရားတစ်ခုအဖြစ် ကရုဏာကို ချီးကျူးဂုဏ်ပြုထားပါတယ်။ ဒါဟာ အကျွန်ုပ်တို့လူ့လောကဆိုင်ရာ ကျွေးမွေးပြုစုသူ သန့်စင်မွမ်းမံပေးသူ ဖြစ်ပါတယ်။ လူသားရဲ့ဝိညာဉ်မှာ သူရဲ့ပုံရိပ်ကို ရှာဖွေတွေ့ရှိတဲ့ ဒါဟာ ထာဝရဘုရားသခင်ရဲ့ ပင်ကိုယ်အရည် အချင်းပဲ ဖြစ်ပါတယ်။

ကရုဏာက စစ်လှုံ့ဆော်ခြင်းကို အမြစ်ဖျက်ချေမှုန်းသုတ်သင်တယ်ဆိုတာကို - မှတ်ကျောက်တင်ဖို့ လိုအပ်တယ်ဆိုလျင်….ဂရိတ် Ashokaရဲ့ဘ၀ဟာ သက်သေဖြစ်ပါတယ်။ ကရုဏာဟာ ငြိမ်းချမ်းရေးအတွက် ရှေးဦးကြိုတင် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ လူသားတစ်ယောက်က သူတို့ရဲ့ယဉ်ကျေးမှုနဲ့ သဘောထား အမြင်မှာ ကရုဏာကို စွန့်လွှတ်သည်နှင့်တပြိုင်နက် သူတို့ဟာ ပဋိပက္ခနဲ့ ရက်စက်ကြမ်းကြုတ်မှုအရသာကို လျှာတွေ့လာပါတယ်။ ဒါ့ကြောင့် စစ်ပွဲအတွက် အာသာပြင်းပြမှုက သူတို့ရဲ့မျက်လုံးများထဲမှာ သူ့ရဲ့ရှု့ချင်စဖွယ် - လိုချင်စဖွယ်ဖြစ်တဲ့ ငြိမ်းချမ်းရေးကို လက်လွှတ်လိုက်ရပါတော့တယ်။

ချစ်ခြင်းမေတ္တာရှိတဲ့နေရာမှာ အလုပ်အကျွေးပြုဖို့ ကြည်ကြည်ဖြူဖြူလိုလိုလားလားရှိပါတယ်။ စိတ်အားထက်သန်မှုတောင် ရှိပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ ဆုတ်ယုတ်လျော့ပါးမှုဟာ service ဖြစ်တဲ့ စိတ်ဓာတ်အတွက် အကြီးအကျယ် ထိခိုက်ပျက်စီးစေပါတယ်။ စိတ်မ၀င်စားခြင်း စိတ်မပါခြင်းဟာ service ကို ငြီးငွေ့ခြင်းအသွင်သို့ ပြောင်းသွားစေပါတယ်။ အမုန်းတရားက ဒဏ်တပ်ခြင်းဖြင့် အဲဒါကို ဖောက်ပြန်ပျက်စီးသွားစေပါတယ်။

work ကို အလေးအမြတ်ထားပါတယ်။ ဒါပေမယ့် သူ့ရဲ့မြင့်မြတ်သန့်စင်မှုကို ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ ၀န်းကျင်တစ်ခုအတွင်းမှာပဲ တွေ့ကြုံခံစားနိုင်ပါတယ်။ Service ဟာ work ထက် ပိုမိုပါတယ်။ အဲဒါဟာ work ရဲ့ ကြားခံ ဆက်သွယ်ရေးနည်းလမ်းမှတဆင့် အတူတကွ အကျွန်ုပ်တို့ပိုင်ဆိုင်ခြင်းရဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။ Service ဟာ အခြားသူများရဲ့သဘောထားနဲ့ပတ်သက်တဲ့ အကျွန်ုပ်တို့ရဲ့ ထုတ်ပြန်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
လူသတ်ခြင်းများနဲ့ ဖျက်ဆီးခြင်းများဟာ; - ဘီလူးသဘက်စီးတဲ့ အမုန်းတရားများက လှုံ့ဆော်တဲ့ work များ ; - work များ ဖြစ်ပါတယ်။ စစ်ပွဲများက ရက်စက်ကြမ်းကြုတ်မှုရဲ့ အစွဲအလမ်းဖြင့် Service ကို သွတ်သွင်းပါတယ်။

စိတ်ပိုင်းဆိုင်ရာများက ငြိမ်းချမ်းရေးနဲ့တိုးတက်မှုဆီသို့ service ကို စိတ်ကိုင်ညွှတ်မှု ရှိစေပါတယ်။ စိတ်အားသန်စေပါတယ်။ ဇောင်းပေးထားပါတယ်။
အဲဒါဟာ လူ့အဖွဲ့အစည်းကို အာဟာရဖြစ်စေတဲ့အခါ အားဖြစ်စေတဲ့အခါ ချစ်ခြင်းမေတ္တာဟာ ငြိမ်းချမ်းရေးအတွက် - သဘာဝဥတုရာသီ - ယုတ္တိရှိစွာ စနစ်တကျဖွဲ့စည်းထားတဲ့ အဆောက်အဦး ဖြစ်လာပါတယ်။ လူအများထဲမှာ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတစ်ခုနဲ့ နှစ်မြှုပ်ထားခြင်းကို ပြုစုပျိုးထောင်ခြင်း မရှိဘဲ ငြိမ်းချမ်းမှုနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုကို ဖန်တီးရန်မဖြစ်နိုင်ပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ရှု့ထောင့် ဖြစ်ပါတယ်။

မတူတာကတော့ လောကီယူဆချက်များက ငြိမ်းချမ်းရေးဟာ ထိတ်လန့်ကြောက်ရွံ့စရာများရဲ့ ချိန်ခွင်ညှာညီမျှမှု နှစ်ဖက်ညီမျှမှုမှ အကျိုးဆက်ဖြစ်တယ်ဆိုတာကို ဆုပ်ကိုင်ထားပါတယ်။ ဒီယုတ္တိဖြင့် စစ်ပွဲများရဲ့မကျော်လွှားနိုင်ခြင်းက ငြိမ်းချမ်းရေးသို့ ဦးတည်စေပါတယ်။

စစ်ပွဲများတွင် အောင်နိုင်သူများမရှိ - ကမ္ဘာမှာ ငြိမ်းချမ်းရေးက အောင်မြင်လိမ့်မယ် - ဆိုတာကို ကမ္ဘာ့နိုင်ငံများက သိကြပါတယ်။ သို့သော်လည်း သန်းပေါင်းများစွာသောအသက်တွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက ဆုံးရှုံးခဲ့ကြရပါတယ်။ အာဖရိကနိုင်ငံများမှာ လူအများကို ဖျက်ဆီးဖို့ အဆက်မပြတ် ဖြစ်နေတဲ့ ပဋိပက္ခများစွာက ဒီယူဆချက်ကို ထင်ရှားစေပါတယ်။

ဖြစ်ချင်တော့ .. စစ်ပွဲသို့ သူ့ရဲ့ချဉ်းကပ်နည်း ကိုင်တွယ်ဖြေရှင်းနည်းများကို ပုံဖော်တဲ့ ပါဝါရဲ့စံနမူနာကလည်း ငြိမ်းချမ်းရေးအတွက် ကမ္ဘာရဲ့ရှာဖွေမှုကို ပုံဖော်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဟာ စစ်ပွဲများအကြား ဖြစ်စဉ် တစ်ခုအနေဖြင့် ဆက်လက်ကျန်ရှိနေပါတယ်။ ဒါပေမယ့် လူသားဘ၀နဲ့ ကောင်းကျိုးသုခအတွက် တည်ငြိမ်တဲ့ အခြေအနေများကိုတော့ ချန်ရစ်ခြင်းမရှိပါ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အကျယ်တ၀င့်ဟောပြောချက်များ အတွက် အိန္ဒိယရဲ့ ဆောင်ရွက်မှုဟာ ငြိမ်းချမ်းရေးဆိုင်ရာ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံပေါ်မှာ ဆုံမှတ်ထား ရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာအမြင်တစ်ခုမှ ငြိမ်းချမ်းရေးကို သူကိုယ်တိုင်အတွင်းမှာ ပန်းတိုင်တစ်ခုအနေဖြင့် လက်ကိုင် မပြုနိုင်ဘူး-ဆိုတာ သိသာမြင်သာပါတယ်။ ငြိမ်းချမ်းရေးဟာ လုံးဝဥဿုံသဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါကို ပြောဆိုဖို့.. ညှိနိုင်းဆွေးနွေးမှု - ဆက်ဆံရေး - အမှန်တရား - တရားမျှတမှု - ကရုဏာ - service နဲ့ တိုးတက်မှု - အားလုံးကိုလည်းပဲ ပြုစုပျိုးထောင်မှသာလျင် - ခိုင်မာအောင်ပြုလုပ်မှသာလျင် အဲဒါကို နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ပါဝါနဲ့ ပတ်သက်တဲ့ယဉ်ကျေးမှုမှ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုသို့ ရွှေ့ပြောင်းတဲ့ စံနမှုနာ တစ်ခုလို့ ယူဆသတ်မှတ်ပါတယ်။ ဤအကြောင်းကြောင့်ကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုနဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုအကြား စိတ်ပိုင်းဆိုင်ရာ အညမညအချင်းချင်း ဆက်နွှယ်နေမှု ဖြစ်ပါတယ်။


Thursday, December 16, 2010

ငြိမ်းချမ်းရေးလမ်း- စစ်ပွဲရဲ့အဆိပ်ဖြေဆေးအနေဖြင့် ချစ်ခြင်းမေတ္တာ

MAHATMA Gandhi က “ ငြိမ်းချမ်းရေးအတွက် လမ်းမရှိဘူး။ ငြိမ်းချမ်းရေးသည် လမ်းပဲ ဖြစ်တယ်” ဆိုတဲ့ လက်ဖျားခါလောက်တဲ့ အမှန်တရားကို ပေးပါတယ်။ စစ်ပွဲတည်းဟူသောနွံအိုင်ထဲမှာ နစ်မြုပ်နေတဲ့ တိုင်းပြည်များအတွက် ဒီမျက်စိဖွင့်ပေးလိုက်ခြင်းက မျော်လင့်ချက်ရဲ့အချက်ပြမီး ဖြစ်နိုင်ပါတယ်။

US မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုသမိုင်းကြောင်းကို သဘောထားကွဲစေပြီး ခါးခါးသီးသီးဖြစ်စေပြီး ဖြစ်ပါတယ်။ Vietnam ငြိမ်းချမ်းရေးလှုပ်ရှားမှုက တရှဲရှဲတဖျစ်ဖျစ်မည်ပြီးတဲ့နောက် အနှစ် ၃၀-အကြာ - ငြိမ်းချမ်းရေးကို အမှန်တကယ် အထောက်အကူပြုသည့်တိုင်အောင် သမ္မတလောင်းကိုယ်စားလှယ်တစ်ယောက်အတွက် နိုင်ငံရေးကိုယ့်ကိုယ်ကို အဆုံးစီရင်မှုအဖြစ် အဲဒါကို ယူဆနေဆဲဖြစ်ပါတယ်။

စစ်ဆန့်ကျင်ရေး နောက်ခံရှိတဲ့ Senator Kerry က အဲဒီအချက်ကို ဖုံးကွယ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။
စစ်ပွဲကို ခေါင်းရှောင်ဖို့အတွက် နောက်ခံရှိတဲ့ President Bush က သဘောထားတင်မာသူဖြစ်ခြင်းဖြင့် အဲဒီအချက်ကို ဖုံးကွယ်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

ကိုယ်စားလှယ်လောင်းနှစ်ယောက်လုံးဟာ ရွေးစရာတစ်ခုအဖြစ် ငြိမ်းချမ်းရေးကို ကမ်းလှမ်းဖို့ ပျက်ကွက်ပြီး ဖြစ်ပါတယ်။
ဒါဟာ “စစ်ပွဲက ငြိမ်းချမ်းရေး လမ်း ဖြစ်တယ်”လို့ အချက်အချာကျတဲ့ဝါဒရေးရာအပေါ်မှာ သဘောတူကတည်းက ဖြစ်ပါတယ်။
( ဒါဟာ Iraq ကို ဆန့်ကျင်တဲ့ ထင်ရှားတဲ့ စစ်ပွဲ- ပြီးနောက် အကြမ်းဖက်သမားများနဲ့ပတ်သက်တဲ့ အထွေထွေစစ်ပွဲ မဟုတ်ခဲ့ဘူးဆိုလျင်)။ ဒီလိုအမြင်အတိုင်းလုပ်ဆောင်ခဲ့မယ်ဆိုလျင် အကြမ်းဖက်ခြင်းများဆီသို့သာ ဦးတည်နိုင်ပါတယ်။

- ငြိမ်းချမ်းရေးဟာ သူကိုယ်တိုင် အတွင်းမှာရော သူတိုယ်တိုင်အနေဖြင့်ပါ လမ်းဖြစ်တယ် - ဆိုတာကို နိုင်ငံတစ်ခုက သဘောပေါက်တဲ့အခါမှသာ ကြာရှည်ခံတဲ့ငြိမ်းချမ်းရေးကို အောင်မြင်တယ် - လို့ Gandhi က ထောက်ပြညွှန်ပြပြောဆိုခဲ့တာဟာ မှန်ကန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနည်းလမ်းက ဘာဖြစ်စေလိမ့်မှာလဲ? ….. စစ်ပွဲက သယ်ဆောင်လာတဲ့ ကျေနပ်မှုအားလုံးအတွက် အစားထိုးသည့်အရာများကို စီစဉ်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းက အောင်မြင်နိုင်သည်သာ ဖြစ်ပါတယ်။

တရားဝင်အရ နိုင်ငံတစ်ခုဖြစ်သည်အားလျော်စွာ စစ်ပွဲကို ကန့်ကွက်ပါတယ်။ ဒါပေမယ့် အပေါ်ယံမျက်နှာပြင်အောက်မှာ စစ်ပွဲက ကျေနပ်နှစ်သက်ဖွယ်ရာ ဖြစ်နေတယ်ဆိုတာကို ရှင်းလင်းလာပါတယ်။

အားလုံးထဲက ပထမဆုံးအနေနဲ့ စစ်ပွဲဟာ သက်တောင့်သက်သာရှိတဲ့- နေသားတကျဖြစ်တဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။ အခြားအလေ့အကျင့်များလို - အကျွန်ုပ်တို့ဖြတ်ရမည်ဆိုတာ တတွတ်တွတ်ပြောနေသည့်တိုင်အောင်- ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် ဆက်သောက်သူတစ်ယောက်က စီကရက်တစ်လိပ်ကို လက်ကမ်းတဲ့ နည်းလမ်းကဲ့သို့ - အဲဒါကို အကျွန်ုပ်တို့က ကမ်လှမ်းနိုင်ပါတယ်။

Vanity Fair-ကို ဆီလျော်အောင်ပြုပြင်ထားတဲ့ Mira Nair ရုပ်ရှင်မှာ - အမျိုးသမီးတစ်ယောက်က ပါတီတစ်ခုတွင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ဘ၀င်ခိုက်လျက် ထင်မြင်ချက်ပေးပါတယ်။ အဲဒါကတော့ “စစ်ပွဲဟာ ယောကျာင်္းသားများအတွက် နှစ်လိုဖွယ်ဖြစ်ပါတယ် - ကောင်းပါတယ်။ အဲဒါဟာ မြေဆီမြေလွှာကို လွှဲပြောင်း ပေးလိုက်သလို- လက်အပ်လိုက်သလို ဖြစ်ပါတယ်” ဆိုတာပါ။
ဒါ့ကြောင့် စစ်ပွဲဟာ, ယောင်္ကျားသားများ ကျူးကျော်ရန်စဖို့အတွက် ထွက်ပေါက်တစ်ခု ကြိုတင်စီမံထားပုံ ပေါ်ပါတယ်။

နိုင်ငံရေးကိုယ်စားလှယ်လောင်းနှစ်ယောက်ဟာ ငြိမ်းချမ်းရေးပြည့်ဝစေခြင်း-ဖြည့်ဆည်းမှုနဲ့ပတ်သက်လို့ ပြောဆိုဖို့ စတင်နိုင်ပါသလား? …. အကျွန်ုပ်တို့ဟာ အဲဒါတွေကို မှန်သည်ဟုမှတ်ယူသော်လည်း ၉/၁၁ - မတိုင်မီ ဒီအရာတွေဟာ တကယ်လုံလောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးအနေဖြင့် တစ်စုံတစ်ယောက်ဟာ အသက်ရှုချောင်ပါတယ်။ အခြားသူများနဲ့ ခိုင်မြဲစွာချည်နှောင်ဖို့ ချိတ်ဆက်ပေးဖို့အတွက် လမ်းဖွင့်ပေးရန်-ခွင့်ပြုရန် နေရာရှိပါတယ်။ ငြင်းခုံဆွေးနွေးမှုများဟာ အသီးသီးသော ဘက်အတွက် အပြန်အလှန်လေးစားမှုနဲ့ ဆက်လုပ်ကြပါတယ်။

Gandhi - ဟာ - ငြိမ်းချမ်းရေးလမ်းက - ဆင်းရဲဒုက္ခများ၊ ဖိနှိပ်ချုပ်ချယ်မှုများကို နိဂုံးချုပ်တယ် - ရန်သူ တစ်ယောက်ကို ယှဉ်၍ စစ်ဖက်ပြိုင်နေခြင်းမဟုတ် - ဒါပေမယ့် မှားယွင်းမှုများအတွက် သက်သေခံခြင်း-သက်သေပြုခြင်းဖြစ်တယ် - ညှာတာထောက်ထားမှုကို အခွင့်အရေးပေးခြင်းနဲ့ - သူတို့ရဲ့ စိတ်ရှည်သည်းခံတဲ့ အလုပ်များကို ပြုလုပ်ဖို့ ဖြစ်နေကျတွေ့နေကျလူ့သဘောသဘာဝများကို လမ်းဖွင့်ပေးခြင်းဖြစ်တယ် - ဆိုတာကို ပြဖို့ နောက်ထပ်တိုး၍ သွားခဲ့ပါတယ်။

Nelson Mandela နဲ့ Mother Teresa တို့ဟာ ကြီးမားကျယ်ပြန့်ပြီး အလွန်နက်ရှိုင်းတဲ့ အရာဝတ္ထုများကို အောင်မြင်ဖို့ အလားအလာရှိတဲ့လမ်းတစ်ခု ဖြစ်ဖို့ သက်သေပြတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ခြားနားတဲ့ အသွင်အပြင်အပေါ်မှာ နေထိုင်ခဲ့ပါတယ်။

တစ်ဦးချင်းအလိုက် ငြိမ်းချမ်းရေးလမ်းကို ဖော်ထုတ်တဲ့အခါ မျက်မြင်ကိုယ်တွေ့  ခန္ဓာကိုယ်ထဲရှိ တကယ့် ဆဲလ်ထဲသို့ နိမ့်ဆင်းပြောင်းလဲသွားပါတယ်။ Mother Teresa ရဲ့ ရုပ်ရှင်တစ်ခုကို အစဉ်လိုက်မဟုတ်ဘဲ အလျဉ်းသင့်သလို အကြောင်းအရာကိုပြတဲ့ လက်တွေ့ သုတေသီတစ်ဦးက - သူတို့ရဲ့ကိုယ်ခံအားများဟာ ချက်ချင်းလက်ငင်း တုံပြန်အဖြေပေးခဲ့တယ်- ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

IGA-လို့ခေါ်တဲ့ immunoglobulin တစ်ခုနဲ့ပတ်သက်တဲ့ တိုးတက်မှုက - ချစ်ခြင်းမေတ္တာကိုဖော်ထုတ်ခြင်း-ထိတွေ့ခြင်းဟာ ခန္ဓာကိုယ်ရဲ့ခုခံ ကာကွယ်ခြင်း- အကာအကွယ်ကို အမှန်တိုးပွါးစေတယ် - ဆိုတာကို သက်သေပြုထားပါတယ်။

အကြောင်းအရာများက Mother Teresa ကို ထောက်ခံသလား မထောက်ခံဘူးလား - သဘောကျသလား သဘောမကျဘူးလား - ဆိုတာနဲ့ ပတ်သက်လို့ ဂရုမစိုက်ဘဲ-ထည့်သွင်းမစဉ်းစားဘဲ ဒီအဖြစ်အပျက်များဟာ ဖြစ်ပျက်ခဲ့တာပါ။ ဒါဟာ အကျွန်ုပ်တို့ကိုယ်တိုင် အပါအ၀င် အရိုးသားဆုံးဖြစ်ဖို့ အချိန် ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ တရားမျှတတဲ့ အခွင့်အရေး- အကြောင်းတိုက်ဆိုင်မှု- ကံကောင်းထောက်မမှုကို ငြိမ်းချမ်းရေး လမ်းသို့ ခွင့်ပြုပြီး ပေးထားပြီးမဟုတ်ပါ။ - ငြိမ်းချမ်းရေးလမ်းဟာ စစ်ပွဲရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်- စစ်ပွဲရဲ့အခြားတစ်ဖက်မှာရှိတယ်- ဆိုတဲ့ အခြေအနေအရပ်ရပ် အရာရာတိုင်းကို နှစ်မြှုပ်ထားတဲ့ အစစ်အမှန် ရိုးသားမှုကို လိုအပ်ပါတယ်။
Gandhi ရဲ့ ချစ်မြတ်နိုးစရာကောင်းတဲ့တန်ဖို့များကတော့ ရိုးရိုးရှင်းရှင်း အကြမ်းမဖက်ခြင်းထက် ပိုလွန်တဲ့ အဟိံ သ ပဲ ဖြစ်ပါတယ်။

အဟိံသဟာ ဘ၀ကို လေးစားမြတ်နိုးပြီး - လူသားများဆိုင်ရာ စက္ခုပသာဒအမြင်တစ်ခုဟာ - တစ်ဦးတစ်ယောက်ကိုမျှ ခြွင်းချန်ကြဉ်ဖယ်ထားခြင်းမရှိဘဲ - တစ်ဦးတစ်ယောက်ကိုမျှ သင့်ရဲ့ရန်သူအဖြစ် ပြုလုပ်ခြင်းမရှိဘဲ - သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ မွေးရာပါအခွင့်အရေးကို စူးစမ်းရှာဖွေဖို့ - ဒီကမ္ဘာမြေပေါ်မှာ ဒီနေရာမှာ ပို့ထားတာ - ရှိစေတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလမ်းဟာ မြင့်မြတ်ခြင်းဆီသို့ ဦးတည်နိုင်ပါတယ်။ ဆုတ်ယုတ်နိမ့်ဆင်းသွားတဲ့ နှလုံးသားများဖြင့် အကျွန်ုပ်တို့က လေ့လာသင်ကြားနေတဲ့အခါ - စစ်ပွဲရဲ့လမ်းဟာ အကျွန်ုပ်တို့ အလွန်ချစ်မြတ်နိုးတဲ့ တန်ဖိုးများအတွက် မနှစ်မြို့စရာကောင်းတဲ့ ဆင်းရဲမွဲတေခြင်းဆီသို့သာ ဦးတည်နိုင်ပါတယ်။


အဟိံသ , ချစ်ခြင်းမေတ္တာအတွက် ထိရောက်သောတွန်းအား တစ်ခု

အဟိံသနဲ့ပတ်သက်တဲ့ အယူဝါဒဟာ အပြုအမူ, အပြောအဆို, အတွေးအကြံများနဲ့ အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ထိန်းသိမ်းလျက် ထိရောက်သောကရုဏာနဲ့ ရှင်သန်နေထိုင်ခြင်းကို သွယ်ဝိုက်ညွှန်းဆိုပါတယ်။
အမှန်တရားနဲ့ပတ်သက်တဲ့ အန္တိမအဆုံးမှာတော့ ယုံကြည်မှုဟာ သဘောတရားဆိုင်ရာ စိတ်ကူးစိတ်သန်းများအပေါ်မှာ အခြေမခံပါဘူး။ အမှန်တရားကို ရှာဖွေဖို့ လူသားရဲ့အကောင်းမွန်ဆုံး အဆင်ပြေဆုံး အနေအထားအတွက် ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။

မဟာဝီရဟာ အားလုံးသောပိုင်ဆိုင်မှုများကို စွန့်လွှတ်ကျောခိုင်းခဲ့ပါတယ်။ အစားအစာအတွက် အလှုခံစားလျှက်၊ အိုမဲ့အိမ့်မဲ့ဖြစ်လျှက်၊ ခြိုးခြံချွေတာရေးနဲ့ပတ်သက်လို့ ပြင်းထန်ကြမ်းတမ်းမှုကို အောင့်အီးသည်ခံ ကြံ့ကြံ့ခံလျက် လှည့်လည်သွားလာနေတဲ့ ဖုန်းတောင်းယာစကာတစ်ယောက်ရဲ့ အထီးကျန်တကိုယ်တော်ဘ၀ကို ရပ်တည်နေထိုင်ဖို့ စီစဉ်ထားရှိပါတယ်။

ဥပုသ်စောင့်ခြင်းဖြင့် သူဟာ ခက်ခဲမလွယ်ကူဆင်းရဲကျပ်တည်းတဲ့ အရာအားလုံးကို ပစ်ပယ်ထားရှိလိုက်သလို ခန္ဓာကိုယ်နဲ့ဆက်စပ်နေတဲ့ ပူပန်သောကဖြစ်နေရတာမှန်သမျှကိုလည်း စွန့်လွှတ်ခဲ့ပါတယ်။ Self ရဲ့သဘာဝကို နားလည်သဘောပေါက်ဖို့ ဖြစ်တည်နေရခြင်း၏အမှန်တရားနဲ့ပတ်သက်လို့ ၁၂-နှစ်ကြာ ကမ္မဋ္ဌာန်းထိုင်လျှက် လှည့်လည်သွားလာနေခဲ့ပါတယ်။
ပြင်းထန်တဲ့ဒဏ်ခတ်ခြင်းဖြင့် ၁၂-နှစ်ကြာပြီးတဲ့နောက်မှာတော့ အဆုံးမရှိ အနန္တဖြစ်သော၊ အပြီးသတ်လုံးဝပြည့်စုံသော၊ အဆုံးစွန်ပြည့်ဝသော Kevala Jnana ခေါ်တဲ့ အမြင့်မားဆုံး အသိပညာကို ရရှိခဲ့ပါတယ်။

သကျမုနိဂေါတမဟာ သစ္စာ (Satya) ကို ရှာဖွေရာမှာ လှည့်လည်စားသောက်တဲ့ အသက်မွေးဝမ်းကျောင်းပြုသူရဲ့ ဘ၀ကို ရွေးချယ်ခဲ့ပါတယ်။ သူဟာ စိတ်ရဲ့အရေးပါတဲ့အခြေအနေနဲ့ ဆင်ခြင်သုံးသပ်လေ့ရှိတဲ့ သိခြင်းအဆင့် ၄-မျိုးမှာ ကျွမ်းကျင်ပိုင်နိုင်ပါတယ်။

ပထမယာမ်မှာ ဗုဒ္ဓဂေါတမဟာ သူတို့ရဲ့ကိုယ်ပိုင်ရှေ့ဘ၀အသီးသီးကို ထုတ်ဖော်တဲ့ ပထမဆင့်ကို ရရှိခဲ့ပါတယ်။ ပကတိဖောက်ထွင်းမြင်နိုင်ခြင်းမှာ အစဉ်အတိုင်း သူတို့ကို မြင်ခဲ့ပါတယ်။

ဒုတိယယာမ်မှာ ဖန်တီးခံသတ္တ၀ါအားလုံးရဲ့ ပြန်လည်မွေးဖွါးခြင်းနဲ့ အနာရောဂါသံသရာနဲ့ပတ်သက်လို့ အမှန်တရားကို ထိုးထွင်သိမြင်နိုင်တဲ့ နတ်မျက်စိကို ရရှိခဲ့ပါတယ်။ လောကဓာတ်တစ်ခုလုံးဟာ အဖန်ဖန် ထပ်ဖြစ်နေတဲ့ မွေးခြင်းနဲ့သေခြင်းသံသရာရဲ့ ဆင်းရဲဒုက္ခကို ရောင်ပြန်ဟပ်နေတဲ့ ကြေးမုံမှန်ကဲ့သို့ သူ့ကို ပုံပေါ်စေပါတယ်။ သူဟာ ကောင်းတဲ့ကံ အကောင်း နဲ့ မကောင်းတဲ့ကံ ဆင်းရဲ့ဒုက္ခနဲ့ပတ်သက်တဲ့ လည်နေခြင်းများအကြား အပြန်အလှန်သက်ရောက်မှုကို မြင်ပါတယ်။

တတိယယာမ်မှာ တတိယမြောက် သိမြင်ခြင်းကို ရရှိခဲ့ပါတယ်။ အဘိညာဉ်ခြောက်ပါးနဲ့တကွ “ ဒါဟာ ဒုက္ခ ဖြစ်တယ်။ ဒါဟာ ဆင်းရဲဒုက္ခရဲ့ ရင်းမြစ်ဖြစ်တယ်။ ဒါဟာ ဆင်းရဲဒုက္ခကို ငြိမ်းချုပ်စေခြင်းဖြစ်တယ်။ ဒါဟာ လွတ်မြောက်ရန် ဦးတည်တဲ့လမ်း ဖြစ်တယ်’’-ဆိုတဲ့ သစ္စာလေးပါးကို သူဟာ သိမြင်ပါတယ်။ ဒါသည်ပင် အလို ဆန္ဒများ မျိုးသုဉ်းတိမ်ကောသွားခြင်း ဖြစ်ပါတယ်။

လေးခုမြောက်သိမြင်ခြင်းမှာ - ဘ၀ဖြစ်တည်မှုရဲ့အယူအဆကို ဘောင်သွင်းထားတဲ့ - ပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်တဲ့ -အခြေခံသဘောတရားကို သူဟာ သဘောပေါက်ခဲ့ပါတယ်။

M K Gandhi အလိုအရတော့ အားလုံးသောယုံကြည်မှုများဟာ အမှန်တရားကို သိမြင်စေခြင်းတစ်ခုနဲ့ တည်ဆောက်ထားပါတယ်။ ဒါပေမယ့် အပြစ်အနာအဆာရှိတဲ့ မပြည့်စုံတဲ့လူများက အဲဒါတွေကို ဖန်တီးလာတဲ့အခါ အဲဒါတွေဟာ မမှန်တရားတွေနဲ့ ရောစပ်နေပါတော့တယ်။ ဒါ့ကြောင့် အပြစ်အနာအဆာများနဲ့ အမှားများ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ယုံကြည်မှုအားလုံးနဲ့ပတ်သက်လို့ စမ်းသပ်ထားတဲ့မှန်ကန်မှုက ဆွဲဆောင်သိမ်သွင်းသွားတဲ့အခါ အဲဒါဟာ အားလုံးသောဘာသာတရားများရဲ့ စကြ၀ဠာဆိုင်ရာ စိတ်ဓာတ်ကို လက်ခံလာပါတော့တယ်။ ဒါဟာ သွာဓမ္မ (sarvadharma) - ကို အစပျိုးဖို့ သူ့ကို လှုံ့ဆော်တဲ့ သစ္စာ(Satya)အတွက် သူ့ရဲ့ရှာဖွေမှုပဲ ဖြစ်ပါတယ်။ သူရဲ့တရားကျင့်ရာနေရာများမှာ ဒါတွေကို သံပြိုင် ရွတ်ဆိုပါတယ်။ သီဆိုကြပါတယ်။

အဟိံသကို တန်ဖိုးထားခြင်းနဲ့ပတ်သက်တဲ့ Gandhi ရဲ့ နက်နဲတဲ့ ကတိက၀တ်များဟာ သူ့ရဲ့ အမှန်တရားကို ရှာဖွေမှုအတွက် သဘာဝဆိုင်ရာ သက်တမ်းတိုးပေးခြင်းကဲ့သို့ သူ့ထံသို့ ရောက်လာပါတယ်။ အကြိမ်ကြိမ် စမ်းသပ်ပြီးတဲ့နောက် Gandhi က အဟိံသဟာ မမှားနိုင်တဲ့ တွန်းအားတစ်ခု ဖြစ်ပြီး - အဟိံသနဲ့ သစ္စာဟာ အကျွန်ုပ်တို့ရဲ့ ပင်ကိုယ်သဘာဝ အစိတ်အပိုင်းဖြစ်တယ် - ဆိုတာကို ကောက်ချက်ချပါတယ်။

အကျွန်ုပ်တို့ရဲ့ ပင်ကိုယ်သဘာဝအစိတ်အပိုင်းဟူသည်..
“ တိရစ္ဆာန်တစ်ကောင်လို လူဟာ အကြမ်းဖက်ပါတယ်။ အဲဒီနောက် ၀ိညာဉ်ကဲ့သို့ အကြမ်းမဖက်ပါဘူး။ အကြမ်းဖက်ခြင်းဟာ အရိုင်းအစိုင်းဘီလူးတိရစ္ဆာန်တို့ရဲ့ဥပေဒသဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဟာ မွန်မြတ်သန့်စင်တဲ့ဥပဒေသတစ်ခုကို ရိုးကျိုးလိုက်နာမှု လိုအပ်သလို ၀ိညာဉ်ရဲ့ အရှိန်အ၀ါကိုလည်း ကျိုးနွံနာခံမှု လိုအပ်ပါတယ်” ဆိုတာ ဖြစ်ပါတယ်။

Gandhi ရဲ့ ဝေါဟာရမှာတော့ အဟိံသဟာ သစ္စာရဲ့အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်ခြင်းနဲ့ပတ်သက်လို့ မရှိခြင်းကင်းမဲ့ခြင်း မဟုတ်ပါ။ ဒါပေမယ့် အကြင်နာကရုဏာကဲ့သို့ အဟိံသဟာ ချစ်ခြင်းမေတ္တာအတွက် ထိရောက်သောတွန်းအား တစ်ခု ဖြစ်ပါတယ်။

တပသီအကျင့်ရှိသူ မဟာဝီရက ခြိုးခြံချွေတာတဲ့အကျင့်နောက်ကို လိုက်ပါခဲ့ပါတယ်။ မြတ်ဗုဒ္ဓကတော့ အလယ်အလတ်လမ်းစဉ်နောက်ကို လိုက်ခဲ့ပါတယ်။ Gandhi ကတော့ အဟိံသနဲ့ သစ္စာတို့ရဲ့ အယူအဆကို တစ်ဖန်ပြန်လည်လို့ သွားရောက်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလဲ အဲဒါကို အောင်မြင်စွာ အသုံးပြုခဲ့ပါတယ်။


Monday, December 13, 2010

ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာသည် အားလုံးထံသို့ ပျော်ရွှင်မှုကို သယ်ဆောင်လာသည်

အကျွန်ုပ်တို့အားလုံးက အကျွန်ုပ်တို့ဟာ အချစ်ခံချင်ကြသလို ချစ်တတ်ကြတယ်ဆိုတာကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့အပြစ်ကင်းစင်ခြင်း လွှမ်းခြုံထားတဲ့ အကျွန်ုပ်တို့မိခင်ရဲ့ ချစ်ခြင်းမေတ္တာဖြင့် လုံခြုံစိတ်ချရတဲ့ဘ၀ကို စတင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ စဉ်းစားဖွယ်ရာ မေခွန်းတော့ မဟုတ်ခဲ့ပါ။ ဒါပေမယ့် အဲဒီအချိန်ကို ကျော်လွန်သွားခဲ့ပြီးတော့ အကျွန်ုပ်တို့ဟာ ပို၍ပို၍ မယုံကြည် မသေချာ မရေမရာ ဖြစ်လာပါတယ်။

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့လမ်းကြောင်းမှာ Deepak Chopra က ပြောပါတယ်။ အဲဒါကတော့ စိတ်ပိုင်း ဆိုင်ရာအရသက်ဝင်ယုံကြည်မှုကို အကျွန်ုပ်တို့ရဲ့ဆက်နွှယ်မှုထဲသို့ ပြန်လည်သယ်ဆောင်လာခြင်းဖြင့် အကျွန်ုပ်တို့ဟာ နက်ရှိုင်းပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ကမ္ဘာတစ်ခုကို ရှာဖွေနိုင်ပါတယ်။
သူ ပြောတာက “သင့်တို့ရဲ့ဘ၀တစ်ခုလုံးအတွက် ပြည့်ပြည့်၀၀အချစ်ခံရဖို့နဲ့ အပြည့်အ၀ချစ်တတ်ဖို့ သင်တို့ကို ဖန်တီးခဲ့တယ်” ဆိုတာ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ ဂရန်ချပေးဖို့တရားဝင်ခွင့်ပြုချက်အတွက် ချစ်ခြင်းမေတ္တာကို ရယူဖို့ စတင်တဲ့အခါ - ဘ၀နဲ့ပတ်သက်လို့ ပိုင်ဆိုးပိုင်နင်းတစ်ဦးတည်းမူပိုင် ရယူဖို့ စတင်တဲ့အခါ - ဒီအခါမှာစလို့ ပြဿနာက စတင်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ချစ်တဲ့သူများ (အကျွန်ုပ်တို့ရဲ့ကလေးများ- ဇနီးသားသမီးများ - သူငယ်ချင်းများ) နဲ့ပတ်သက်တဲ့ စိတ်ကြိုက်လွတ်လပ်ခွင့်များ - နယ်ပယ်များကို ပိတ်ပင်ငြင်းပယ်ပါတယ်။

အမှုမဲ့အမှတ်မဲ့ သတိလက်လွတ် အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာကို သတ်ဖြတ်ဖို့ စတင်ပါတော့တယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ချစ်တဲ့သူများရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဟန့်တားထားတဲ့အခါ အကျွန်ုပ်တို့ကိုယ်တိုင်အတွက်လည်းပဲ အကျဉ်းသားဘ၀ကို ဖန်တီးပါတယ်။

Osho က “ အချုပ်အချယ်ကင်းတဲ့ လွတ်လပ်မှုဟာ ချစ်ခြင်းမေတ္တာထက် တန်ဖို့မြင့်တဲ့ အရာတစ်ခု ဖြစ်တယ်”လို့ ပြောပါတယ်။ ချစ်ခြင်းမေတ္တာဟာ ထိန်းချုပ်ဟန့်တားပြီး အခြားသူများရဲ့နယ်ပယ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာတဲ့အခါ အဲဒီအရာက ထိန်းချုပ်ဟန့်တားခံရပါတယ်။

ချစ်ခြင်းမေတ္တာဟာ လေပြည်လေညှင်းများဖြင့် လွတ်လပ်အချုပ်အချယ်ကင်းတဲ့နယ်ပယ်မှာ ဖွင့်ဖြိုးဝေဆာပါတယ်။ အကျွန်ုပ်တို့ဟာ မှန်ကန်တဲ့ချစ်ခြင်းမေတ္တာရဲ့သဘာဝကို သဘောပေါက်လျင်သဘောပေါက်ချင်း အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာဖြင့် လဲပြိုကျခြင်းမရှိနိုင်တော့ဘဲ အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာဖြင့် အမှန်တကယ် မြင့်တတ်လာပါတော့တယ်။ ဒီအခိုက်မှာပဲ ချစ်ခြင်းမေတ္တာဟာ ခြွင်းချက်မရှိ ဖြစ်လာပါတယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ချစ်ခြင်းမေတ္တာကို ပေးပါတယ်။ ပြီးတော့ အဲဒါကို လက်ခံတဲ့သူအားလုံးအတွက် အလွန်ဝမ်းမြောက်ပျော်ရွှင်ရပါတယ်။ အကြောင်းကတော့ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်တိုင် ရင်ဖွင့်ထားတဲ့ ဒီနည်းလမ်းကြောင့်ဖြစ်ပါတယ်။

Oshoက ပြောပါတယ်။ တိမ်တိုက်များမှာ မိုးရေများပြည့်နေတဲ့အခါ အဲဒါတွေက မိုးရွာချခြင်းဟာ သူ့တိုရဲ့ အခြေအနေလိုအပ်ချက်အရ ဖြစ်ပါတယ်။ အလားတူ အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာများ ပြည့်ဝလာတဲ့အခါ အားလုံးသို့ အကျွန်ုပ်တို့ရဲ့ချစ်ခြင်းမေတ္တာကို ပေးအပ်ဖို့ဟာ အကျွန်ုပ်တို့ရဲ့ လိုအပ်ချက်အရ ဖြစ်ပါတယ်။

ဒီနောက် အကျွန်ုပ်တို့ဟာ အပြန်အလှန်အားဖြင့် ချစ်ခြင်းမေတ္တာကို လက်ခံသလား လက်မခံဘူးလားဆိုတာ အကျွန်ုပ်တို့ကို မပတ်သက် မသက်ဆိုင်စေပါ။

အကျွန်ုပ်တို့ဟာ ရိုးရိုးရှင်းရှင်းပေးခြင်းကို ကြည်နူးသာယာပျော်ရွှင်ပါတယ်။ ခြွင်းချက်သဘောဆောင်တဲ့ ချစ်ခြင်းမေတ္တာဟာ တပ်မက်တွယ်တာမှုသံယောဇဉ် ဖြစ်ပါတယ်။ ဒါက နှောင်ကြိုးဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒါက စိတ်ရဲ့လှည့်စားမှုတံလျှပ်ကဲ့သို့အရိပ်အယောင်တစ်ခုလည်း ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ လွတ်လပ်ကင်းရှင်းချင်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တစ်ကိုယ်တော်အထီးတည်း နေထိုင်ဖို့ ရဲဝံ့စွာရင်ဆိုင်နိုင်စွမ်းရှိတဲ့ လုံလောက်တဲ့သတ္တိရှိပါသလား? .......အကျွန်ုပ်တို့ဟာ အဖော်မဲ့အထီးကျန်မှုကို ကြောက်ကြပါတယ်။ အကျွန်ုပ်တို့ဟာ လွတ်နေ- အားလပ်နေ- မသိမ်းပိုက်ဘဲနေတော့မှာကို ကြောက်ကြပါတယ်။

အကျွန်ုပ်တို့ဟာ ချစ်ခြင်းမေတ္တာကို ရှာဖွေဖို့အတွက် ပြင်ပမှာ ရှာဖွေနေကြပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ တွယ်တာတပ်မက်မှုကို ရှာဖွေနေတာဖြစ်နိုင်ပါတယ်။
တစ်လျှောက်လုံးလုံး အကျွန်ုပ်တို့ရဲ့လိုအပ်ချက်ဟာ တွယ်တာတပ်မက်မှု ဖြစ်နေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ အဲဒါ(တပ်မက်တွယ်တာမှု)ကို ရရှိဖို့လမ်း (ငါးစာ-တည်ကြက်) ဖြစ်ခဲ့ပါတယ်။ ခြွင်းချက်မရှိသောချစ်ခြင်းမေတ္တာဟာ တပ်မက်တွယ်တာမှု ဖြစ်လာလိမ့်မည်မဟုတ်ပါ။

ဒါပေမယ့် သင့်ရဲ့ပါတနာကို “အကျွန်ုပ်ကိုသာ ချစ်ပါ” လို့ သင်ပြောတဲ့အခိုက် သင်ဟာ သူမကို ပိုင်ဆိုင်ဖို့ စတင်ပါတယ်။ အဲဒီနောက် ပိုင်ဆိုင်ခြင်းဖြင့် သင်ဟာ အသုံးချဖို့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် သင့်ရဲ့ ချစ်သူကို ပြောင်းလဲရုပ်လုံးဖော်နေပါတယ်။ Immanuel Kant က ပြောပါတယ်။ နည်းလမ်းတစ်ခုလို အခြားသူများကို သတ်မှတ်သဘောထားခြင်းဟာ မကောင်းယုတ်မာတဲ့အပြုအမူတစ်ခု ဖြစ်ပါတယ်။

အခြားစကားလုံးမှာတော့ လူသားတစ်ယောက်လို သင်ဟာ သင့်ရဲ့ အားရကျေနပ်မှုအတွက်- သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒအတွက် - သင့်ရဲ့ အခြားတစ်စုံတစ်ခုအတွက် - သင့်ရဲ့ချစ်သူကို သင် ရှုမြင်လျင် သင်ဟာ သင့်ရဲ့ပါတနာကို ရုပ်ဝတ္ထုပစ္စည်းတစ်ခုတိုင်အောင် လျော့နည်းအောင်လျှော့ချလိုက်တာ ဖြစ်နေပါတယ်။

သင်ဟာ အကျဉ်းသားဘ၀မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မလွဲဧကန် နောက်ဆုံးမှာ သင်ဟာ အချုပ်အချယ်ကင်းတဲ့ စိတ်ကြိုက်လွတ်လပ်ခွင့်ကို ဆန္ဒရှိလာပါလိမ့်မယ်။ သင်ရှိပြီးတဲ့အရာက သင့်ကို ငြီးငွေ့စိတ်ကုန်စေပါလိမ့်မယ်။ သင် ရှိပြီးမဟုတ်တဲ့အရာအတွက် သင့်ကို တမ်းတစေပါလိမ့်မယ်။ ဒါမှမဟုတ် သင်ဟာ သင့်ရဲ့ပါတနာကို ပိုင်ဆိုင်နေစဉ် - အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်နေစဉ်တောင် လွတ်လပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။

Osho ကပြောပါတယ်။ “အကျွန်ုပ်ဟာ လွတ်လပ်တဲ့သူတစ်ဦး ဖြစ်ချင်တယ်။ ဒါပေမယ့် အကျွန်ုပ်က သင့်ကို ပိုင်ဆိုင်ချင်တယ်။ သင်က သင့်ရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းထားချင်ပေမယ့် အကျွန်ုပ်ကို ပိုင်ဆိုင်နေဆဲ ဖြစ်တယ်။ ဒါဟာ ယှဉ်ပြိုင်အားထုတ်မှု ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ တစ်ဦးကိုတစ်ဦး ထိန်းသိမ်းရပါမယ်။ အကျွန်ုပ်တို့ဟာ မှီခိုရခြင်းကင်းတဲ့လွတ်လပ်တဲ့သူ -လွတ်လပ်တဲ့စိတ်ကဲ့သို့ ရွေ့လျားလှုပ်ရှားရပါမယ်။
အကျွန်ုပ်တို့ဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းအတူတကွ လာနိုင်ပါတယ်။ အကျွန်ုပ်တို့ဟာ တစ်ဦးကိုတစ်ဦး ပေါင်းရောနိုင်ပါတယ်။ ဒါပေမယ့်တစ်ဦးကိုတစ်ဦး မပိုင်ဆိုင်ပါ။ အဲဒီနောက် နှောင်ကြိုးမရှိတော့ပါ။ ပြီးတော့ တွယ်တာတပ်မက်မှု မရှိတော့ပါ။”

ချစ်ခြင်းမေတ္တာဟာ ပိုင်ဆိုင်ခြင်းနဲ့ မလိုတမာဖြစ်ခြင်းမှ ကင်းရှင်းတဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှုရှိုက်တဲ့အခါ ချစ်ခြင်းမေတ္တာဟာ ကောင်းချီးမင်္ဂလာတစ်ခု ရောက်ရှိလာပါတယ်။ တကယ့်အောင်ပွဲအခမ်းအနားက ရောက်ရှိလာပါတယ်။
အကဲဖြတ်စီရင်ချက်ချတော့မည်မဟုတ်ပါ။ ပြစ်တင်ဝေဖန်တော့မည်မဟုတ်ပါ။ မျော်လင့်စောင့်စားတော့မည် မဟုတ်ပါ။ ကန့်သတ်ထိန်းချုပ်ဖို့ကြိုးစားတော့မည်မဟုတ်ပါ။

စိတ်နှလုံးသားဟာ လွတ်လွတ်လပ်လပ်ကင်းကင်းရှင်းရှင်းသာလျင် ရှင်သန်ကြီးထွားလာနိုင်ပါတယ်။ ပြီးတော့ ခြွင်းချက်မရှိသောချစ်ခြင်းမေတ္တာဟာ အချုပ်အချယ်ကင်းစွာလွတ်လပ်ခွင့်ကို ဖြည့်ဆည်းပံ့ပို့ပေးပါလိမ့်မယ်။

Osho က ပြောပါတယ်။ “အကျွန်ုပ်ရဲ့သတင်းစကားဟာ biology နဲ့ theologyရဲ့ ဟိုမှာဘက်ကို ကျော်လွန်သွားပါတယ်။ လူအများနှင့်သာလျင်မဟုတ်ဘဲ တိရစ္ဆာန်များ- သစ်ပင်များ- ငှက်များ- တိမ်တိုက်များ- ကြယ်တာရာများဖြင့် ဖြစ်နိုင်လျင်ဖြစ်နိုင်သလောက် ချစ်ခြင်းမေတ္တာဟာ သင့်ရဲ့ အသိညဏ်ဆိုင်ရာ မျှဝေခြင်းမှတစ်ပါး- အခြားမရှိပါ။”


Saturday, December 11, 2010

ငြိမ်းချမ်းရေး သို့မဟုတ် အကြမ်းဖက်မှု …. သင့်ရဲ့ ရွေးချယ်မှုကို ပြုလုပ်ပါ

နည်းပညာအရ အကျွန်ုပ်တို့ဟာ နယ်နိမိတ်မရှိတဲ့ကမ္ဘာတစ်ခုအတွင်းမှာ နေထိုင်နေပါတယ်။ အမှန်အာဖြင့် ဘယ်လိုပဲဖြစ်ပါစေ အကျွန်ုပ်တို့ဟာ ဇာတ်- ဘာသာရေးနဲ့ ပထ၀ီအနေအထားများရဲ့ အုဌ်တံတိုင်းများက ခွဲခြားထားတဲ့ အကန့်တစ်ခုအတွင်းမှာ အသက်ရှင်ရပ်တည်နေကြရပါတယ်။

ကြီးမားတဲ့ဖန်တီးစွမ်းဆောင်နိုင်မှုတစ်ခုကို ရရှိခြင်းအဖြစ် သတင်းအချက်အလက်ဆိုင်ရာ ပေါက်ကွဲမှုများကို အကျွန်ုပ်တို့ဟာ လက်ခံအသိအမှတ်ပြုထားပါတယ်။ အသိပညာအခြေခံတဲ့လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် အကျွန်ုပ်တို့ကိုယ်ကိုယ် ထုတ်ဖော်ပြခြင်းဖြင့် ဂုဏ်ယူကြပါတယ်။

သတင်းအချက်အလက်ဆိုင်ရာ အစုအပုံများဖြင့် အကျွန်ုပ်တို့ ၀န်ပိနေသည်အားလျော်စွာ အကျွန်ုပ်တို့ဟာ ၀ိရောဓိတစ်ခုကို ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ အသိကင်းမဲ့တဲ့အဆင့်ဟာလည်းပဲ ကြီးထွားနေတယ် ဆိုတာကို အကျွန်ုပ်တို့ဟာ တွေ့ရှိသိမြင်ရသလို - အကျွန်ုပ်တို့မှာ သတင်းအချက်အလက်များ စုပုံနေတဲ့ နှုန်းထားက အကျွန်ုပ်တို့ရဲ့အသိပညာများ တိုးတက်လာနေတာနဲ့ အချိုးအစားညီမျှမှု မရှိ- ဆိုတာပဲ ဖြစ်ပါတယ်။

လက်တွေ့  - ပြီးတော့ အသက်ရှင်ရပ်တည်မှုနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ ဘယ်လောက်လောက်များ သိနားလည်ပါသလဲ?

လောကီအသိပညာများကို စုဆောင်းနေခြင်းက အသိပညာပိုင်းဆိုင်ရာ (ဓမ္မနဲ့ပတ်သက်တဲ့ အသိပညာ) အလွန်အရေးပါတဲ့ အမျိုးအစားတစ်ခုအတွက် ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားတဲ့ ကျုံးတစ်ခုလို ပြုမူနေပါတယ်။

ဓမ္မကို မသိနားမလည်မှုဟာ တစ်ဦးချင်းအလိုက် စိတ်ပိုင်းဆိုင်ရာတင်းကျပ်မှုများနဲ့ ရောစပ်နေပါတယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံမှုအတွင်း တစ်ယောက်တစ်ပေါက်သဘောထားကွဲလွဲမှုကို ဖန်တီးနေပါတယ်။ ယုံကြည်အားထားရတဲ့ အထောက်အကူစနစ်တစ်ခုလို မိသားစုဆိုင်ရာ တစ်မျိုးတစ်ဘာသာထူးခြားတဲ့ ၀ိသေသလက္ခဏာများရဲ့ ပြောင်းလဲခြင်းအတွက် တာဝန်ရှိတဲ့ တရားခံဖြစ်ပါတယ်။

ပို၍ပို၍ လူတွေဟာ ကြောက်လန့်မှု-အမုန်းတရားနဲ့ အကြမ်းဖက်မှုများဖြင့် ပြုမူဆောင်ရွက်နေကြပါတယ်။ ဒီဆန့်ကျင်ဘက်အတွေးများဟာ တစ်ဦးကိုတစ်ဦး ဆက်ဆံရေးမှာဖြစ်စေ- လူမှုရေးတက်ကြွမှုမှာဖြစ်စေ ဘ၀ရဲ့နယ်ပယ်အားလုံးနီးပါးမှာ ပျံ့နှံဝင်ရောက်နေပါတယ်။

ရှည်လျားစွာကာလကတည်းက လူသားသတ္တ၀ါအားလုံးရဲ့ အခြေခံဦးတည်ရည်မှန်ချက်ရရှိဖို့ ကြိုးစားနေတဲ့အရာဟာ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ဖြစ်ပါတယ်။ ဒီပန်းတိုင် အောင်မြင်မှုဆီသို့ အိန္ဒိယ ဖီလိုဆိုဖီကျောင်းများအားလုံးက ဓမ္မကို ရှာဖွေခြင်းဆိုင်ရာ ၀ိဇ္ဖာပညာရပ်နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်စေခြင်းကို ထောက်ခံအားပေးထားပါတယ်။

ဓမ္မကို မြင်ခြင်းဖြင့် မမြင်သေးတာကို မြင်လာပါတယ်။ မသိသေးတာကို သိလာပြီး သံသယအားလုံးကို ဖျက်ဆီးပါတယ်။ ဒါပေမယ့် ဓမ္မကို သိဖို့ အကျွန်ုပ်တို့အတွင်းရှိ မမှန်ကန်တဲ့ဖော်ပြချက်များကို ခါချရပါမယ်။ မှားယွင်းတဲ့အတွေးများက ဖြစ်တဲ့အရာအတွက် အသိအမှတ်ပြုရပါမယ်။

ဒါဟာ တစ်ဦးနဲ့တစ်ဦး၊ လူမှုအဖွဲ့အစည်းနဲ့ယုံကြည်မှုများအကြား ခြားနားမှုအားလုံးကို ပပျောက်သွားစေဖို့ နည်းလမ်းဖြစ်ပါတယ်။ ဖော်ပြပါ အဖြစ်အပျက်ဇာတ်ကြောင်းက ထင်ဟပ်ပြသလိုပဲ တန်ဖိုးများက ပတ်သက်ဆက်နွှယ်နေပါတယ်။

ဗြဟ္မဏပုဏ္ဏားတစ်ဦးဟာ Godavari မြစ်ရှိ ဘာသာရေးဆိုင်ရာရေထဲမှာ ဓလေ့ထုံးစံနဲ့အညီရေနစ်ခြင်းကို ရယူပြီးတဲ့နောက် အိမ်သို့ပြန်လာခဲ့ပါတယ်။ သူဟာ စိပ်ပုတီးကို စိပ်လျှက် မန္တာန်များကို ရွတ်ဆိုနေပါတယ်။ လမ်ပေါ်ရောက်တဲ့အခါ သူဟာ လဲကျသေဆုံးနေတဲ့မြည်းတစ်ကောင်ကို တွေ့ပါတယ်။ ကြည့်ရတာတော့- စက်တပ်ယာဉ်တစ်ခုခုရဲ့ လတ်တလောအဖြစ်အပျက်ကြောင့် သေဆုံးပုံပေါ်ပါတယ်။

အမြင်အာရုံများက အလွန်အမင်း အနှောင့်အယှက်ပေးလျှက် သူဟာ မှတ်ချက်ချပါတယ်။ “ ဒီအပြစ်မဲ့တဲ့ တိရစ္ဆာန်ကိုသတ်တဲ့သူဟာ ကျိန်းသေ ငရဲကို သွားလိမ့်မယ်။” ဒါကို သူ ဆဲရေးတိုင်းထွာနေစဉ် တစ်ဦးတစ်ယောက်ဟာ သူ့နောက်က ပေါ်လာပြီး သူ့ပခုံးပေါ်ကို အသာအယာပုတ်လိုက်ပါတယ်။ သူဟာ ဗြဟ္မဏပုဏ္ဏားကို သတင်းပေးပါတယ်။ “သင့်ရဲ့ သားအရင်းက မြည်းကို သတ်ခဲ့ပါတယ်။”

ဗြဟ္မဏပုဏ္ဏားက ပြန်ပြောပါတယ်။ “ တကယ်တော့ တိရစ္ဆာန်ကို ရှင်ခြင်းနဲ့သေခြင်းရဲ့ ကွင်းဆက်ဖြစ်ရပ်မှ တာဝန်ရပ်စဲပေးတာ ဖြစ်ပါတယ်။ ဒါကို လွယ်ကူချောမွေ့စေတဲ့သူဟာ ကျိန်းသေကောင်းကင်ဘုံသို့ သွားပါလိမ့်မယ်။”

ဓမ္မကို ရှာဖွေဖို့ ကြိုးစားအားထုတ်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးကို ရှာဖွေခြင်းဟာ ကောင်းကင်မှာ ငှက်ရဲ့ခြေရာကို ရှာဖွေသကဲ့သို့ ဖြစ်ပါတယ်။ ဓမ္မကို ရှာဖွေဖို့ဖြစ်စဉ်များဟာ ရိုးရှင်းပါတယ်။ ဒါပေမယ့် လက်တွေ့ကျင့်သုံးမှုနဲ့ မဆုတ်မနစ်တဲ့လုံ့လတော့ လိုအပ်ပါတယ်။

ပထမဆုံး - ဘ၀ရဲ့အကျွပ်န်ုပ်တို့ပန်းတိုင်ဟာ ပျော်ရွှင်ခြင်း-ငြိမ်းချမ်းခြင်းနဲ့ အတိသုခတို့ ပါဝင်တယ်ဆိုတာကို ယုံကြည်ဖို့လိုအပ်ပါတယ်။

ဒုတိယ - အပြုအမူတိုင်းကို အကျိုးသက်ရောက်တဲ့အပေါ်မှာ ပုံရိပ်ထင်ဖို့ - အကျွန်ုပ်တို့ရဲ့ စကားလုံးများက အခြားသူများနဲ့ပတ်သက်လို့ ဖွင့်ထား, ၀တ်ဆင်ထားတော့မယ်ဆိုတာကို ထင်ဟပ်ပြဖို့ - အကျွန်ုပ်တို့ဟာ သူတို့အပေါ်မှာ အကောင်းအဆိုး ခံစားချက်များကို ကူညီနိုင်ပါသလား? ဆိုတာကို - အကျွန်ုပ်တို့ဟာ နံနက်နဲ့ည နေ့စဉ် အနည်းဆုံး ၁၅-မိနစ် အခွင့်ပေးဖို့ လိုအပ်ပါတယ်။

တတိယ - အကျွုနိုပ်တို့ဟာ အခြားရောင်းရင်းအပေါင်းအသင်းလူသားများအပေါ်မှာ တယုတယခင်မင် ကြင်နာမှု အကျိုးသက်ရောက်တဲ့နည်းလမ်းကို ထင်ဟပ်တုန့်ပြန့်ဖို့ ဖြစ်ပါတယ်။

စတုတ္ထ - အကျွန်ုပ်တို့ဟာ အမှန်တရားကို အသိအမှတ်ပြုလက်ခံဖို့နဲ့နားထောင်ကြားနာဖို့ အကျွန်ုပ်တို့ကိုယ်တိုင် ယဉ်ပါးသွားဖို့ လိုအပ်ပါတယ်။

ခွဲခြမ်းစိတ်ဖြာမှု ဒါမှမဟုတ် နေ့စဉ်လက်တွေ့ကျင့်သုံးမှုသည်သာလျင် အကျွနုပ်တို့ကို အမှန်တရားဆီသို့ ယူနိုင်ပါတယ်။

Heraclitus ရဲ့စကားကို ကိုးကားခြင်းဖြင့် အကျွန်ုပ်ရဲ့စကားကို နိဂုံးချုပ်ချင်ပါတယ်။
“ လူတစ်ယောက်ဟာ ရွှေကို မက်မောတောင့်တလိုချင်လျင် သူဟာ အဲဒီအရာကို တူးဖော်ယူရပါ့မယ်။ ဒါမှမဟုတ် ကောက်ရိုးနဲ့ တင်းတိမ်ကျေနပ်ရပါ့မယ်။ လူတစ်ယောက်ဟာ ပုလဲလုံးကို လိုချင်လျင် ပင်လယ်ထဲသို့ နက်စွာ ငုပ်လျိုရပါ့မယ်။ ဒါမှမဟုတ်ယင် ပင်လယ်ကမ်းစပ်ရှိ ကျောက်စရစ်ခဲများနဲ့ ရောင့်ရဲကျေနပ်ရပါ့မယ်။”

အကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေးနဲ့ ညီနောင်ရင်းချာပမာ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို အဓွန့်ရှည်ကြာအောင် ပြုလုပ်ချင်သလား? ဒါမှမဟုတ် အကျွန်ုပ်တို့ဟာ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ အမြဲတမ်းပေါ်ပေါက်အောင် ပြုလုပ်ချင်သလား? - ဒါဟာ အကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုပါပဲ။

Monday, December 6, 2010

ကိုယ်တိုင် သိမှုမှတဆင့် ငြိမ်းချမ်းရေးကို ရှာဖွေပါ

ယနေ့ အကျွန်ုပ်တို့ ပတ်ဝန်းကျင်ကို ကြည့်ရှု့မယ်ဆိုလျင် စစ်ပွဲများ- အကြမ်းဖက်ခြင်းများ - အကယ်၍ တိုက်ရိုက်မပြုမူခဲ့သည့်တိုင်အောင် အကျွန်ုပ်တို့ကို လွှမ်းမိုးဖို့ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ အကျိုးသက်ရောက်မှုများက အစိတ်စိတ်အမြွာမြွာဖြိုခွဲထားတဲ့ ကမ္ဘာတစ်ခုကို အကျွန်ုပ်တို့ဟာ တွေ့ရပါလိမ့်မယ်။

ယနေ့ စိတ်နဲ့ပတ်သက်တဲ့အခြေခံကျကျ မေးခွန်းတစ်ခုကတော့ - ဒီဒုက္ခများရဲ့အဆုံးတစ်ခုကို ဆိုက်ရောက်စေဖို့ ကမ္ဘာမှာ ငြိမ်းချမ်းရေးကို ဘယ်နည်းလမ်းက အောင်မြင်ရရှိစေနိုင်မလဲ - ဆိုတာ ဖြစ်ပါတယ်။

အချို့ရာစုနှစ်အကြာက လူသားသတ္တ၀ါများဟာ သူတို့ရဲ့ကြီးပွါးတိုးတက်မှုနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ ဘက်ခြမ်းမှာ လုံလောက်တဲ့ အရေးစိုက်မှုကို ပေးဖို့ နိုးကြားနေဆဲဖြစ်ခဲ့ပါတယ်။ အိန္ဒိယရှိ လူအများဟာ ဝေဒခေတ်ရဲ့ဟိုမှာဘက်ကိုပြန်သွားတဲ့ စိတ်ပိုင်းဆိုင်ရာအမွေအနှစ်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတစ်ခု ရှိနေခြင်းအတွက် ဂုဏ်ယူကြပါတယ်။

ကမ္ဘာတစ်ဝန်းလုံး စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့လူ့အဖွဲ့အစည်းများ - များများထုတ်များများသုံးတဲ့လူ့အဖွဲ့အစည်းများရဲ့ သိသာထင်ရှားစွာ အရေးပါလာမှုဟာ - ဥစ္စာစီးပွါးအတွက်၊ စီးပွါးကိုရှားမှီးမှုအတွက်နည်းလမ်းများဆိုင်ရာ - အတွေးစိတ်ကူးများ၊ သဘောတရားများနဲ့ပတ်သက်တဲ့ လှိုင်းလုံးသစ်တစ်ခုကို အဲဒါနှင့်အတူ သယ်ဆောင်လာပါတယ်။

ကမ္ဘာ့ရဲ့စက်မှုပိုင်းဆိုင်ရာနဲ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာများရဲ့ အံမခန်းဖွယ်ရာများနဲ့ပတ်သက်လို့ အထွတ်အထိပ် ဖြစ်နေတဲ့ ယနေ့အခါမှာ - ဒီတိုးတက်ကြီးပွားမှုရဲ့အစိတ်အပိုင်းတစ်ခုကို ရရှိပြီးတဲ့သူများမှာ ရောင့်ရဲကျေနပ်မှုများမရှိသလို ဆင်းရဲတဲ့မြင်ကွင်းများက အဆုံးသတ်တယ်မရှိ - ဆိုတာကို အကျွန်ုပ်တို့ဟာ တွေ့မြင်ကြရပါတယ်။

အမှန်စင်စစ် ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ သဘောတရားအပေါ်မှာအခြေခံတဲ့လူမှုအဖွဲ့အစည်းအသစ် - ချမ်းသာဆင်းရဲမှုများအကြား အမြဲတမ်းကျယ်ဝန်းနေတဲ့ကွာဟချက်တစ်ခု- ဒါတွေက အကျွန်ုပ်တို့ကို ဒုက္ခပေးနေ ဖိစီးနေတဲ့ - စစ်ပွဲများ၊ အကြမ်းဖက်ဝါဒများရဲ့ အကြောင်းရင်းမြစ်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာရဲ့အစိတ်အပိုင်းတော်တော်များများမှာ ဘာသာရေးအယူသီးမှုများ ခေါင်းထောင်မြင့်တက်လာခြင်းက -ငြိမ်းချမ်းရေးဖြစ်တဲ့ - ဘာသာတရားအားလုံးရဲ့လေးနက်တဲ့အကြောင်းတရားဖြစ်တဲ့ - ဘာသာရေးဆိုင်ရာ စစ်မှန်တဲ့ အနက်အဓိပ္ပါယ်ကို နားလည်ခြင်းနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ရဲ့ ဆုံးရှုံးမှုများကို ပြသနေပါတယ်။

ဒီနောက် ယနေ့အချိန်မှာ စိတ်ရဲ့ငြိမ်းချမ်းရေးကို ရရှိဖို့ နည်းလမ်းက ဘားများပါလဲ? ဤလောကဓာတ်တွင်းရှိ အဖြစ်သနစ်များတွင် အကျွန်ုပ်တို့ရဲ့နေရာကို ရှာဖွေဖို့ အကျွန်ုပ်တို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

မြတ်ဘုရားက- “အားလုံးသော ဘ၀ဖြစ်တည်မှုဟာ အချိန်ပိုင်းမျှသာခံတဲ့ ခဏပန်းဖြစ်စဉ်များ ဖြစ်တယ်” – “ဘ၀ဟာ လျှက်တစ်ပြက်လျှက်စီးလက်ခြင်းကဲ့သို့ ဖြစ်တယ်”-ဆိုတာကို မိန့်ကြားထားပါတယ်။

အကျွန်ုပ်တို့မှာ အချင်းချင်းတိုက်ခိုက်ခြင်းဖြင့် အဲဒါကို ဖြုန်းတီးပစ်ဖို့ - ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုများကို ရယူသိုမှီးခြင်းဖြင့်သာလျင် အကျွန်ုပ်တို့ရဲ့စွမ်းရည်များကို အလဟဿဖြစ်စေခြင်းဖြင့် အဲဒါကို ဖြုန်းတီးပစ်ဖို့ - မရေမရာလှတဲ့ ဤကဲ့သို့သောတိုတောင်းတဲ့ဘ၀တစ်ခု ရှိပါတယ်။………………..

ငြိမ်းချမ်းမှုကို ရရှိဖို့နဲ့ ပျော်ရွှင်မှုကို ရယူဖို့ မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးမှုရဲ့လမ်းကို လိုက်ပါဖို့ ဒါဟာ အရေးကြီးတဲ့တန်ဖိုး ဖြစ်ပါတယ်။
အကျွန်ုပ်တို့ဟာ မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးမှုရဲ့ဖြစ်စဉ်ကို စတင်တဲ့အခါ အကျွန်ုပ်တို့ဟာ အဲဒီအရာထဲသို့ အကျွန်ုပ်တို့ရဲ့တစ်စုတစ်ပေါင်းတည်းဖြစ်ခြင်းကို ထားရပါ့မယ်။ အကျွန်ုပ်တို့မှာ viveka- ကောင်းကျိုး ဆိုးပြစ်ခွဲခြားသိမြင်တတ်တဲ့စိတ်က အမှန်နဲ့အမှားအကြား ကွဲပြားခြားနားမှုကို သိမြင်ဖို့ ပါဝါဖြစ်ပါတယ်။ အကျွန်ုပ်တို့မှာ အံဖွယ်ကောင်းတဲ့လိုအပ်ချက်ရဲ့တစ်စွန်းတစ်စဖြစ်တယ်ဆိုတာကို ပြောဆိုနိုင်ပါတယ်။

မိမိကိုယ်ကိုယ်စုံစမ်းစစ်ဆေးမှုရဲ့ပထမဆုံးဖြစ်စဉ်ဟာ မိမိရဲ့အတွေးများ-အလိုဆန္ဒများ-ခံစားချက်များကို စောင့်ကြည့်ပြီး အဲဒါတွေကို သိနေဖို့ ဖြစ်ပါတယ်။ ဒီသိမှုဟာ မရှိမဖြစ်လိုအပ်ပြီး ဒါဟာ အကျွန်ုပ်တို့ရဲ့ အတွေးများနဲ့ ခံစားချက်များကို တန်းတူသဘောထားဖို့ - အကျွန်ုပ်တို့ရဲ့စိတ်ကို ပျိုးထောင်လေ့ကျင့်ပေးသည့်အနေဖြင့် - ကျင့်သားရဖို့ လူတစ်ယောက်အတွက် အချိန်များစွာ ယူနိုင်ပါတယ်။

မြတ်ဘုရားကပြောပါတယ်။ စိတ်ဟာ အသိတရားလမ်းကြောင်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်နိုင်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ အသိထူးဆီသို့ လမ်းနဲ့ပတ်သက်လို့ ကြီးမားတဲ့ ပို့ဆောင်ပေးတဲ့ယာဉ် ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ သူ့ရဲ့စိတ်သွားနေတဲ့အရာကို သိလျင်သိချင်း လူတစ်ယောက်ကို ဆင်းရဲ့ဒုက္ခမျိုးစုံကို ငြိကပ်အောင်ပြုလုပ်တဲ့ အတွေးများ ခံစားချက်များနဲ့ဆက်စပ်ပေးဖို့ သူဟာ ရှေ့ဆက်သွားနိုင်ပါတယ်။

မိမိကိုယ်ကိုယ်စုံးစမ်းမှုနဲ့ပတ်သက်တဲ့ လမ်းကြောင်းရဲ့ဒုတိယအစိတ်အပိုင်းမှာတော့ မိမိကိုယ်ကိုယ် သိမြင် သဘောပေါက်ခြင်းရဲ့လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားတဲ့ အလိုဆန္ဒများ၊ ခံစားချက်များ- အတွေးများကို အမြစ်ပါမကျန် ဖယ်ရှားဖို့ ဖြစ်ပါတယ်။ လူတစ်ယောက်တွေ့ကြုံခဲ့ပြီးတဲ့ ကြောက်လန့်မှုများ- စိုးရိမ်သောကများ- စိတ်ကျခြင်းများ-အမျက်ဒေါသများ-နဲ့ အခြားဆန့်ကျင်ဘက် ခံစားမှုအားလုံးကို ဒီနည်းလမ်းဖြင့် အမြစ်ဖြတ်နိုင်ပါတယ်။

ဒါဟာ ဒီကမ္ဘာလောကမှာ အလွန်ခက်ခဲတဲ့တာဝန်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို လက်ခံဖို့နဲ့ မိမိရဲ့အားနည်းချက်ကို ရင်ဆိုင်ရဖို့ ထိုက်တန်တဲ့ကြိုးစားအားထုတ်မှုပဲ ဖြစ်ပါတယ်။ အမှန်စင်စစ် ကမ္ဘာမှာ ဒါဟာ အားလုံးသောစိတ်ပိုင်းဆိုင်ရာဒေသနာတော်များရဲ့ ဗဟိုချက်မမှာ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ မိမိကိုယ်ကိုယ်စုံစမ်းခြင်းရဲ့ဒီလမ်းကြောင်းထဲသို့ တိုးတက်လာတဲ့အခါ အကျွန်ုပ်တို့ဟာ ကမ္မဌာန်းတရားများမှတဆင့်- ဒါမှမဟုတ် နတ်တစ်ဦးတစ်ယောက်- သင်္ကေတတစ်ခုကဲ့သို့ ဒါမှမဟုတ် ရုပ်ဝတ္ထုတစ်ခုဖြင့်တောင် - အချို့အရာများအပေါ်မှာ စိတ်ကိုတည်ဆောက်ထားခြင်းမှတဆင့် - အကျွန်ုပ်တို့ရဲ့ စိတ်ကို ဆိတ်ဆိတ်နေခြင်းဆိုင်ရာကျင့်သုံးမှုကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

အကျွန်ုပ်တို့ဟာ ကရုဏာ-သနားခြင်းကဲ့သို့ မြင့်မားတဲ့ခံစားချက်အချို့အပေါ်မှာ တည်ဆောက်နိုင်ပါတယ်။ ဒါဟာ ကမ္မဌာန်းထိုင်ဖို့ တကယ်ကောင်းတဲ့နည်းလမ်းများဖြစ်ပါတယ်။

မဟာယာနဗုဒ္ဓဘာသာကျောင်းများမှာတော့ ဗောဓိသတ္တရဲ့ - ဒါမှမဟုတ် သူကိုယ်တိုင်အတွက်သာလျင်မဟုတ် ဒါပေမယ့် သက်ရှင်နေထိုင်တဲ့သတ္တ၀ါတိုင်းအတွက် - နိဗ္ဗာန်ကိုရှာဖွေတဲ့သူတစ်ယောက်ရဲ့ တကယ့် အနှစ်သာရဖြစ်တဲ့လက္ခဏာတစ်ရပ်အဖြစ် - ကရုဏာကို ဖော်ပြထားပါတယ်။

ဒီကရုဏာရဲ့အဓိက ရုပ်သွင်အင်္ဂါဟာ - တစ်ဦးတစ်ယောက်က အခြားအာရုံခံစားနိုင်စွမ်းရှိတဲ့သတ္တ၀ါများရဲ့ဒုက္ခကို သက်သာရာရစေဖို့ တွေးခေါ်သလို - ကိုယ်ကိုယ်တိုင်နိဗ္ဗာန်သို့မ၀င်ရောက်မီ သူတို့ရဲ့လွတ်မြောက်မှုအတွက် အလိုဆန္ဒရှိတယ -ဆိုတာ ဖြစ်ပါတယ်။

မိမိကိုယ်ကိုယ်စူးစမ်းစစ်ဆေးခြင်းရဲ့ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် စိတ်ရဲ့ငြိမ်းသက်မှုကို မိမိတို့ဟာ တဖြည်းဖြည်းတိုးတက်နိုင်ပါတယ်။ အဲဒီနောက် အကျွန်ုပ်တို့ကိုယ်တိုင်အတွင်းမှာ ငြိမ်းချမ်းမှုကို ခံစားရတဲ့ အချိန်အခါတစ်ခု ရောက်ရှိလာပါတယ်။ အဲဒီနောက် အလွန်ငြိမ်းအေးတဲ့နည်းလမ်းများမှာ တွေးခေါ်နိုင် ပြုမူနိုင်ပြီး အတွင်းပဋိပက္ခများ မရှိတော့ပါ။

လူသားများရဲ့ဘ၀ဟာ မြင့်ချီနှိမ့်ချီ ပြည့်နှက်နေပါတယ်။ ယနေ့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တရားကို ဆုပ်ကိုင်တဲ့အရာဟာ မနက်ဖြန်အတွက် ကောင်းတာကို ဆုပ်ကိုင်နိုင်ကောင်းမှ နိုင်ပါလိမ့်မည်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့အတွင်းမှ ငြိမ်းချမ်းမှုကို ရှာဖွေနေတဲ့ဘ၀တစ်ခုဟာ ရည်ရွယ်ချက်-အတွက်သာလျင် ဖြစ်သင့်သည်မဟုတ် - ဒါပေမယ့် ဘ၀ရဲ့အခြားအခြေခံအားလုံးကို ဦးတည်နိုင်တဲ့ မရှိမဖြစ် လိုအပ်တဲ့သတ်မှတ်ချက်အပေါ်မှာ - ဦးတည်ဖို့ လိုအပ်ပါတယ်။


အခက်အခဲအကျပ်အတည်းကာလ ဖြတ်သန်းကျော်လွန်တဲ့ လမ်း

ဘ၀မှာ မကြာခဏ မမျော်လင့်တဲ့အလှည့်အပြောင်းများနဲ့ တွေ့ကြုံရပါတယ်။ ဒါဟာ သောကပဋိဒေ၀များနဲ့ နာကျင်မှုများက တစ်ဦးတစ်ယောက်ကိုမှ ချမ်းသာမပေးဘူးဆိုတဲ့ စကြ၀ဠာဆိုင်ရာအမှန်တရားတစ်ခု ဖြစ်ပါတယ်။
ဒီနောက် အဲဒါတွေဆိုက်ရောက်လာတဲ့အခါ အကျိုးဆက်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများက လပေါင်းများစွာ - အချို့ နှစ်နဲ့ချီ၍တောင် ကြာနိုင်ပါတယ်။ အကျွန်ုပ်တို့ ယုံကြည်တဲ့ အရေးစိုက်ထားတဲ့သူများမှ သစ္စာဖောက်ခြင်းများ၊ ဖောက်ပြန်ခြင်းများနဲ့ လှည့်စားခြင်းများကို ဘယ်တော့မှ ကြိုတင်မမျော်မှန်းနိုင်- ကြိုတင်မတွက်ဆနိုင်ပါဘူး။

ဒါပေမယ့် တကယ့်ဒီစိတ်ဒဏ်ရာနဲ့ပတ်သက်တဲ့ အတွေ့အကြုံများက ဘ၀ရဲ့အလှည့်အပြောင်းများလည်း ဖြစ်ပါတယ်။ အတွေ့အကြုံများ ဒါမှမဟုတ် သူ့ဟာသူဖြစ်ပျက်နေခြင်းများက အဲဒါနဲ့ပတ်သက်လို့ သင်သိမြင် နားလည်ထားသလောက် အရေးပါချင်မှလဲပါပါလိမ့်မယ်။ ဖြစ်ပျက်ပြီးတဲ့အရာများကို သင်ကိုင်တွယ် ဖြေရှင်းဖို့နည်းလမ်းကတော့ ခြားနားအောင်ပြုလုပ်တဲ့အရာပဲ ဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်များဖြစ်ပွားလာတဲ့အခါ သင့်ရဲ့စိတ်နဲ့နှလုံးသားများဟာ ဆုံးရှုံးရလေခြင်းဆိုတဲ့ခံစားချက်များ၊ မျော်လင့်ချက်ကင်းမဲ့မှုများ၊ အရှုံးပေးလိုစိတ်များ လွှမ်းမိုးလာပါလိမ့်မယ်။ အကြွင်းအကျန်များကို ဖြေရှင်းခြင်းမပြုလျင် အဲဒီစိတ်ဒဏ်ရာအတွေ့အကြုံများက ခနာကိုယ်ရဲ့ရှိရင်းစွဲ ကိုယ်ခံအားများကို ဖုံးဖိ သိုသိပ်ထားနိုင်ပါတယ်။ ပြီးနောက် သင့်ကို အားနည်းတဲ့မကျန်းမာမှုများ-ရောဂါများကို ချန်ထားခဲ့နိုင်ပါတယ်။

ပထမဆုံးအခိုက်အတံ့ဟာ ဘယ်လောက်ပဲဆိုးဝါးနေပါစေ အကြောင်းမဟုတ်ပါ။ လတ်တလောဖြစ်ခြင်းများ- အခြေအနေများဟာ နောက်ဆုံးမဟုတ်သလို သေဆုံးခြင်းလည်းမဟုတ်ပါ။ ပုဂိုလ်ရေးဆိုင်ရာ စိတ်ဒဏ်ရာ ဒါမှမဟုတ် ခံစားမှုပိုင်းဆိုင်ရာ အနှောင့်အယှက်များဟာ ကျော်လွှားလို့ မရနိုင်တာတော့မဟုတ်ပါ။
ဤသို့သော လတ်တလောဖြစ်တဲ့ အလွန်ပြင်းထန်တဲ့အခက်အခဲများကို ကျော်လွှားဖို့အတွက် သည်းခံဖို့- နားလည်မှုပေးဖို့ လိုအပ်ပါတယ်။ အတောင့်တဆုံး ကြီးမားတဲ့ရုပ်ပုံကားချပ်ကို ချက်ချင်းလက်ငင်း ကျော်လွန်ကြည့်တဲ့ သိမှုတစ်ခုကို လိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအရ ပြဿနာအားလုံးနဲ့ အနှောင့်အယှက်အားလုံးဟာ လူများ-အဖြစ်အပျက်များ-နေရာများမှတဆင့် ပြုမူလုပ်ဆောင်တဲ့- ဘ၀မှအကျွန်ုပ်တို့အတွက် သင်ခန်းစာမျှသာ ဖြစ်ပြီး အကျွန်ုပ်တို့ရဲ့ ကိုယ်တိုင် ဆင့်ကဲဖြစ်စဉ်များဆီသို့ ဦးတည်နေပါတယ်။
ဘ၀မှာ full stop-များ ဆိုတာ မရှိပါ။ comma-များသာ ရှိပါတယ်။

အကျွန်ုပ်တို့ရဲ့သင်ခန်းစာများကို အဆောတလျင်သင်ယူလေလေ အကျွန်ုပ်တို့ရဲ့ဘ၀ဟာ နောက်ထပ်လိုက်ဖက်တဲ့ပုံစံတစ်ခုမှာ ရှေးတိုး ရွေ့လျားနိုင်လေလေ ဖြစ်ပါတယ်။ ပုဂိုလ်ရေးအကျပ်အတည်း ချောမွေ့မှုများနဲ့ ပတ်သက်လို့ ရုပ်ပိုင်းဆိုင်ရာ-စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများမှတဆင့် လမ်းကို ပြုလုပ်ဖို့ နားလည်သဘောပေါက်နိုင်တဲ့ အချို့အဆင့်များ ရှိပါတယ်။

ပထမဆုံး သင့်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ နာကျင်မှုများ- တလွဲထင်မှုများနဲ့ အမှားမှားအယွင်းယွင်း ဖြစ်မှုများကို လက်ခံပါ။ ဖိစီးနေတဲ့အခြေအနေနဲ့ပတ်သက်လို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ရုပ်ပိုင်းဆိုင်ရာအရ သင်ကိုယ်တိုင် ပြုပြင်ဖို့ - သင်ရဲ့ ဘ၀ဟာ ယာယီအခိုက်အတံ့ တင်ကြိုမခန့်မှန်းနိုင်တဲ့ စိတ်ဒဏ်ရာအဖြစ်အပျက်များကို ထက်အောက် ပြောင်းပြန် လှည့်လည်နေပြီ ဆိုတာကို လက်ခံဖို့ - သင်ဟာ လိုအပ်ပါတယ်။

မိမိကိုယ်ကိုယ် ကြီးပွါးတိုးတက်မှုအတွက် အခွင့်အရေးများနဲ့ သင်ခန်းစာများဟာ အခြေအနေသစ်အတွင်းမှာ တည်တယ်ဆိုတာာကို ယုံကြည့်ဖို့ သင်ဟာ လိုအပ်ပါတယ်။ သင်ဟာ သင့်ရဲ့သင်ခန်းစာများကို သင်ယူနိုင်ပြီး အကောင်းဆုံးဖြစ်ဖို့- အပျော်ရွှင်ဆုံးဖြစ်ဖို့နဲ့ တစ်ဦးချင်းအလိုက် ကိုယ်တိုင်အသိ များစွာဖြစ်ဖို့- တိုးတက်ဖြစ်ထွန်းနိုင်တယ်-ဆိုတာကို ယုံကြည်ဖို့ လိုအပ်ပါတယ်။

ဒုတိယအနေနဲ့ သောကဗျာပါရများနဲ့ နာကျင်မှုများဟာ အချိန်ယူတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုတာကို လက်ခံဖို့။ လူအသီးသီးဟာ ခြားနားစွာ နာကျင်မှုများကို တွေ့ကြုံကြရပါတယ်။ ပြီးယင် ခြားနားတဲ့ နည်းလမ်းများဖြင့် ခြားနားတဲ့ လှုံဆော်မှုကို ပြုမူကြပါတယ်။ ဒါပေမယ့် လတ်တလောဖြစ်တဲ့ စိတ်ဒဏ်ရာနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်များရဲ့ အကျိုးဆက်တစ်ခုလို ခံစားခဲ့ရတဲ့ စိတ်ခံစားရမှုအချို့ဟာ တွေ့နေကျ ဖြစ်နေကျ ဖြစ်ပါတယ်။

ငြင်းပယ်မှုများ-ဒေါသများ-ကြောက်လန့်မှုများနဲ့ အိပ်မပျော်တဲ့ပြဿနာများ-စားချင်စိတ်ကုန်ဆုံးနေတဲ့ဖြစ်စဉ်များကဲ့သို့ စိတ်ကျရောဂါလက္ခဏာများ - နေ့စဉ်တာဝန်များကိုပြီးမြောက်အောင်ပြုလုပ်ရာမှာ အခက်အခဲများ- ဒါတွေဟာ အကျွန်ုပ်တို့တောက်လျှောက်ဖြတ်သန်းလာတဲ့အဆင့်များပဲ ဖြစ်ပါတယ်။

ကြေကွဲဝမ်းနည်းခြင်း-ဒါမှမဟုတ် အိနြေ္ဒဆည်တဲ့ဖြစ်စဉ်များဟာ အချိန်ယူတယ်ဆိုတာကို အသိအမှတ်ပြုဖို့ အလွန်အရေးကြီးပါတယ်။ တစ်ခါတစ်ရံ လပေါင်းများစွာ- ဒါမှမဟုတ် ဖြတ်သန်းဖို့ အချိန်များစွာ ယူပါတယ်။

တတိယအနေနဲ့ စိတ်သက်သာရာရဖို့အတွက် အချိန်ကိုရှာဖွေပါ။ မိသားစု ဒါမှမဟုတ် ချစ်တဲ့သူ တစ်ဦးဦးထံမှ အကူအညီရယူပါ။ ၀မ်းနည်းပူဆွေးနေတဲ့အချိန်အတောအတွင်း သက်သာရာရခြင်းကို ရှာဖွေဖို့အတွက် သင့်အတွက်အကောင်းဆုံးဖြစ်တဲ့အရာများကို ရွေးထုတ်ပါ။

သဘာဝနဲ့ ရင်းရင်းနှီးနှီူးနီးနီးကပ်ကပ်အချိန်ကို အသုံးပြုခြင်း ဒါမှမဟုတ် ရှေးဖြစ်ဟောင်းပြန်ပြောင်း သတိရသောအားဖြင့် ရှေးကဟောင်းနွမ်းသွားတဲ့စာများ ဓာတ်ပုံများကို လျှောက်လှန်ကြည့်ခြင်းများဟာ ကျိုး ကြောင့်သင့်လျော်တဲ့ရွေးစရာများပဲ ဖြစ်ပါတယ်။

သော့ချက်ဟာ အတွင်းသို့ အဲဒါတွေကို သွတ်သွင်းမျိုသိပ်မည့်အစား သင့်ရဲ့ ၀မ်းနည်းမှုများ-နာကျင်မှုများ ဖော်ပြဖို သင့်ကို ခွင့်ပြုတဲ့ဘယ်အရာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ ဖြစ်ပါတယ်။ အတောင့်တဆုံး သင်ချစ်တဲ့ တစ်ဦးတစ်ယောက်နဲ့ အချိန်ကို အသုံးပြုပါ။

သုတေသနသမားများကတော့ အဓိကအခရာကျတဲ့ ဆက်စပ်မှုကို ထပ်ခါတလဲလဲ လက်တွေ့ပြသပြီးပါပြီ။ အဲဒါကတော့ အကျွန်ုပ်တို့ရဲ့လူမှုရေးအထောက်အကူစနစ်များရဲ့ စွမ်းအားနဲ့ - အသီးသီးသောပုဂိုလ်ရေးဆိုင်ရာ ဖိအားများအောက်မှာ - အကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိမှု အကြား - အဓိကကျတဲ့ချိတ်ဆက်ပေးမှုပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေဖြင့် ပဋိပက္ခများနဲ့ပြဿများရဲ့ဖြေရှင်းမှုကို အောင်မြင်အောင်ကြိုးစားပါ။ ပုံမှန်အားဖြင့် အကျွန်ုပ်တို့ရဲ့ဝမ်းနည်းမှုများ သောကများရဲ့အကြောင်းဟာ - စိတ်ဒဏ်ရာကိုတွေ့ကြုံနေစဉ် အကျွန်ုပ်တို့ဟာ ဒါကို ရှင်းရှင်းလင်းလင်း မကြည့်ရှု့နိုင်လင့်ကစား - အကျွန်ုပ်တို့ကိုယ်တိုင်ပြုလုပ်တဲ့အရာမှ ဖြစ်ပါတယ်။

အရှုပ်အထွေးများရဲ့အကြောင်းဟာ ဖြစ်နိုင်ခြေအားဖြင့် အကျွန်ုပ်တို့ရဲ့ရွေးချယ်ချက် ဒါမှမဟုတ် အကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်များနဲ့ ပတ်သက်နေတဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

သတိရဖို့က အကြောင်းပြချက်များနဲ့ပတ်သက်လို့ ငြင်းပယ်ခြင်းများဟာ ပျောက်ကင်းခြင်း ဒါမှမဟုတ် ဖြေရှင်းခြင်းဆီသို့ ဦးမတည်နိုင်ပါ။
လက်သင့်ခံခြင်းက နားလည်သဘောပေါက်ထားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရှင်းလင်းစွာ သိမြင်နားလည်ခြင်းတစ်ခု- သင့်တော်တဲ့အပြောင်းအလဲအတွက် ခိုင်မာတဲ့ မှတ်ချက်တစ်ခု- ဒါဟာ အဖြေ ဖြစ်ပါတယ်။

ဆုတောင်းခြင်းနဲ့ကမ္မဌာန်းထိုင်ခြင်းဟာ ပုဂိုလ်ရေးဆိုင်ရာပြဿနာများကို ကျော်လွှားနိုင်ဖို့ တကယ့်ကူညီတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ အဲဒါတွေဟာ တည်ငြိမ်မှုကို သယ်ဆောင်လာပြီး အတွင်းသန့်ရှင်းအောင် ပြုလုပ်ခြင်းကို ခွင့်ပြုပါတယ်။

သင် ရင်ဆိုင်နေရတဲ့အရာဟာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများရှိနေတဲ့ အထိခိုက်ခံရတဲ့နှလုးသားတစ်ခု ဖြစ်နေမယ်ဆိုယင် အရိုးကျိုးပဲ့နေခြင်း ဒါမှမဟုတ် အခြားရုပ်ပိုင်းဆိုင်ရာ အပယိကဖျားနာမှုများထက် အလွန် အလွန် သတိထားဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ ချည့်နဲ့သွားတဲ့နှလုံးသားကို ကုသဖို့ လက်တွေ့ကျတဲ့အကြံပြုချက်တွေ ရှိပါတယ်။

ပထမဆုံး ဆောင်ဖို့က -ငြိမ်ငြိမ်သက်သက်နေထိုင်ပါ။ သင်ကိုယ်တိုင် သိမ်မွေ့စွာ ပြုမူဆက်ဆံပါ။ သင်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို အသိအမှတ်ပြုပါ။ လက်ခံပါ။ နာကျင်မှုဖြင့်နေထိုင်ပါ။ အဲဒါကို မငြင်းပယ်ပါနဲ့။ ကုသဖို့ အချိန်ယူပါ။ မိသားစုနဲ့ချစ်တဲ့သူထံမှ နှစ်သိမ့်မှုကို လက်ခံပါ။ အရေးကြီးတဲ့ဆုံးဖြတ်ချက်များပြုလုပ်ရာမှာ ဂရုစိုက်ပါ။ ပဋိပက္ခများကို ဖြေရှင်းဖို့ ကြိုးစားပါ။

အဲဒီနောက် ယခု ဆောင်ဖို့က-အထိတ်တလန့်မဖြစ်ပါနဲ့။ ထိခိုက်မှု ဒါမှမဟုတ် အမှားကို မငြင်းပါနဲ့။ အပျက် သဘောဆောင်တဲ့ဆန့်ကျင်ဘက်အရာတွေအပေါ်မှာ မနေထိုင်ပါနဲ့။ အထီးတည်းမနေထိုင်ပါနဲ့။ ပရမ်းပတာ ဖရိုဖရဲအခြေအနေနဲ့ ထိခိုက်နာကျင်မှုများကို ဖန်တီးတဲ့ ရွေးချယ်မှုမျိုး ဒါမှမဟုတ် အဆုံးအဖြတ်မျိုးကို မပြုလုပ်ပါနဲ့။ သင့်ရဲ့ အမှားကို ၀န်ခံဖို့မကြောက်ပါနဲ့။ ဒါမှမဟုတ် အကူအညီယူဖို့ မကြောက်ပါနဲ့။ အဖြစ်ချင်ဆုံး- အလိုချင်ဆုံး - ယုံကြည်မှုကို မဆုံးရှုံးစေပါနဲ့။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်