Wednesday, March 31, 2010

Kanheri Caves

These are Buddhist caves or monasteries where monks practiced their austerities around the first century AD. And unlike the artistic extravagance of Elephanta, they are spartan and bare. Situated in the heart of Mumbai's National Park, the complex contains more than a hundred tiny cells cut into the flank of a hill, each fitted with a stone plinth that evidently served as a bed. There is also a congregation hall supported by huge stone pillars that contains the dagoba, a kind of Buddhist shrine. And if you pick your way up the hill you will find channels and cisterns that are remnants of an ancient water system that channeled rainwater into huge urns. In fact, Kanheri is probably the only clue to the rise and fall of Buddhism in Western India.

Kanheri Caves
The 2nd and 9th century Buddhist Caves comprising of Chaityas (temple) and Viharas (monasteries) are situated here. How to get there; 6kms. Off Borivali railway station on the western railway. Victoria gardens





















Tuesday, March 30, 2010

ဘုံဘေတက္ကသိုလ်အကြောင်း တစေ့တစောင်း



“ ကလျာဏပုရသည် မဟာရဋ္ဌတိုင်း၌ တည်ရှိသောမြို့ဖြစ်သည်။ ခေတ်သစ်ပဉ္စိရမဏ္ဍမြို့ဖြစ်၍ ဘုံဘေနယ်အလယ်ပိုင်းတွင် တည်ရှိလေသည်။ မဟာရဌတိုင်းသည် မဟာဓမ္မရက္ခိတထေရ် အမှုးပြုသည့် ရဟန္တာငါးပါးတို့ သာသနာပြုခဲ့သည်။ယခုအခါ မဟာရဋ္ဌတိုင်းကို မဟာရာရှ်တရာ(Maharashtra)ပြည်နယ်ဟု ခေါ်သည်။(စာမျက်နှာ-၅၃)။ မဟာဓမ္မရက္ခိတထေရ်သည် မဟာရဋ္ဌတိုင်း၊ ပဉ္စိရမဏ္ဍမြို့သို့ ကြွပြီးလျင် လူအပေါင်းတို့အား နာရဒဇာတ်တော်ကြီးကို ဟော၍ သာသနာပြုတော်မူသည်ဟု အဋ္ဌကထာများ၌ ဖော်ပြထားသည်။ ပဉ္စိရမဏ္ဍမြို့သည် ကေလာသမြစ်အရှေ့ဘက်၌တည်ရှိသည့် ကလျာဏီမြို့ဖြစ်၏။ကလျာဏီမြို့ သည် နာမဒ(Narmada)မြစ်၊ ဘရုကစ္ဆ(Bharukaccha)သင်္ဘောဆိပ်မှ တောင်ဖက်မိုင်ပေါင်း(၁၀၀)အဝေးတွင် တည်ရှိလေသည်။ မဟာရဋ္ဌ(Maharashtra)တိုင်းသည် ၀န၀ါသီတိုင်းမှ အနောက်မြောက်ဘက်တွင် ရှိလေ သည်။ (စာမျက်နှာ-၁၀၈)။(မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ။ဆရာတော် ဦးသြဘာသ၊ သာဝတ္ထိမြန်မာကျောင်း)”

အထက်ပါ သမိုင်းဆိုင်ဖော်ပြချက်များအရ ယခုဘုံဘေသည် ရှေးခေတ်မည်သည့်တိုင်းမြို့ဖြစ်သည်ကို သိရှိနိုင်ပြီး ဖြစ်သည်။ ထိုမဟာရဋ္ဌတိုင်း ယခုအခါ မဟာရာရှ်တရာ(Maharashtra)ပြည်နယ်၊ ဘုံဘေမြို့တွင် မြန်မာရဟန်းတော်များ ပညာ သင်ကြားနေသော နေရာမှာ (၂)နေရာ ရှိပါသည်။ တစ်ခုမှာ ဘုံဘေတက္ကသိုလ်ဖြစ်ပြီး အခြားတစ်ခုမှာ စောမယကောလိပ်ဖြစ်ပါသည်။ ဘုံဘေဘားမားသစ်ကုမ္မဏီဆိုသည့်စကားလုံးများ၊ အံ့မောင်(မဟာဝိဇ္ဖာ-ဘုံဘေ)၊ အရှင်အရိယဓမ္မ(ဘုံဘေ)ဆိုသည့်ကလောင်များ၊ စာရေးဆရာကြီး ဦးရွှေအောင်ကဲ့သို့သော နိုင်ငံကျော် ပုဂ္ဂိုလ်များ၊ ကမ္ဘာကျော် ကမ္မဌာန်းနည်းပြ ဆရာကြီး ဂိုလ်အင်ကာ၊ ဆရာကြီး တည်ထောင်ထား သော အီဂတ်ပူရီဓမ္မရိပ်သာနှင့် ရွှေတိဂုံဘုရားထက် အနည်းငယ်သာ ညဏ်တော်နိမ့်သော ဂလိုဘယ်ဘုရားကြီး များကလည်း ရှိနေပြန်ရာ မြန်မာလူမျိုးများအဖို့ ဘုံဘေ(mumbai)သည် အတော်ရင်းနှီးပြီးသား ဖြစ်ပါသည်။ ဘောလီဝုဒ်ကဲ့သို့သော ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သည့်နေရာနှင့် လူများစွာကိုသေဆုံးစေခဲ့သော မွမ်ဘိုင်အကြမ်းဖက်မှုက ကမ္ဘာကျော်သွားစေပြန်ရာ စီးပွါးရေးမြို့တော်ဖြစ်သော ဘုံဘေကိုကား သိရှိသူ များလိမ့်မည်ဟုသာ ထင်ပါသည်။

ဘုံဘေတွင် လူဦးရေ တရားဝင် ၁၈-သန်း ရှိသည်ဟု ဆိုသော်လည်း တရားမ၀င်သည့်လူများနှင့်ပါ ပေါင်းလိုက်ပါက သန်း ၂၀-ကျော်ခန့် ရှိသည်ဟု ဆိုပါသည်။လူဦးရေ အလွန်ထူထပ်သော ဤမြို့ကြီးတွင် မြန်မာကျောင်းသားရဟန်းတော်များမှာ ဘုံဘေတက္ကသိုလ်နှင့်စောမယကောလိပ်တို့တွင် တက်ရောက်ပညာသင်ကြားနေကြပါသည်။

ဘုံဘေတက္ကသိုလ်သည် ယခုအခါ ကာလိန-အရပ်တွင် တည်ရှိသည့် အသစ်တည်ဆောက်ထားသော တက္ကသိုလ် ဖြစ်ပါသည်။ စာရေးဆရာကြီးများဖြစ်သည့် ဦးရွှေအောင်၊ ဦးအံ့မောင် တို့တက်ရောက်ခဲ့သော မူလတက္ကသိုလ် ကြီးတွင် ရှေးဟောင်းအဆောက်အဦးများအား ထိန်းသိမ်းထားပြီး တက္ကသိုလ်ဆိုင်ရာရုံးခန်းများသာ ဖွင့်လှစ်ထားရှိပါတော့သည်။ တက္ကသိုလ်ဆိုင်ရာ ရုံးကိစ္စမှန်သမျှအတွက် ထိုတက္ကသိုလ်ဟောင်းသို့ မဖြစ်မနေ သွားရောက် လုပ်ကိုင်ကြရမည်ဖြစ်ပါသည်။

ဘုံဘေတက္ကသိုလ်သစ်တွင် အမ်အေနှင့် အမ်အေအထက်ကြီးသော အတန်းများသာ ထားရှိပြီး အချို့သောရုံးကိစ္စများကိုကား ထိုတက္ကသိုလ်သစ်ကြီးထဲတွင်ပင် ပြီးစီးအောင် ဆောင်ရွက်နိုင်ပါသည်။ ထိုတက္ကသိုလ်ကြီးထဲတွင် စာသင်သားရဟန်းများအဖို့ အဆောင်ရရန် အလွန်ခက်ခဲသည်ဟု သိရှိရပါသည်။

ထိုပီအိပ်ခ်ျဒီကျောင်းသားများမှာ သီဟိုလ်မှအမ်အေဘွဲ့ရများ၊ မြန်မာနိုင်ငံ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ အမ်အေဘွဲ့ရများ၊ နယူဒေလီမှ အမ်အေဘွဲ့ရများ ဖြစ်ပါသည်။ တက္ကသိုလ်ကြီးထဲတွင် ဌာနပေါင်းများစွာရှိရာ မြန်မာကျောင်းသားအများစုမှာ ဖီလိုဆော်ဖီဌာနတို့တွင် တက်ရောက်သင်ကြားနေကြခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

ဘုံဘေတက္ကသိုလ်တွင် ပီခ်ျဒီအတွက် ကျောင်းဆက်သွယ်လိုသော ပုဂ္ဂိုလ်များသည် အဓိကအားဖြင့် အမ်အေပြီးစီးသူ ဖြစ်ရပါမည်။ ဘာသာပြန်ပြီးသောအစိုးရဓမ္မာစရိယအောင်လက်မှတ်(သို့မဟုတ်)သာသနတက္ကသီလဓမ္မာစရိယအောင်လက်မှတ်နှင့် အခြားသော တက္ကသိုလ်ကောလိပ်တို့မှ ဘီအေအတန်းနှင့်ညီမျှသော အောင်လက်မှတ်နှင့် အမှတ်စာရင်းများ၊ အမ်အေအောင်လက်မှတ်နှင့်အမှတ်စာရင်းများသည် အဓိကမပါမပြီးသော အချက်အလက်များဖြစ်ပါသည်။ အခြားတက္ကသိုလ်များကဲ့သို့ ဘီအေအောက် ငယ်သော အခြားအတန်းလက်မှတ်များနှင့် အမှတ်စာရင်းများကို မလိုအပ်ပါ။

ကျမ်းကြီးကျပ်သူ စူပါဗိုက်ဆာ ရရှိဖို့ရန်မှာမူ ဂိုက်လုပ်မည့်ဆရာထံတွင် ကျောင်းသားများအား နောက်ထပ် လက်ခံရန် နေရာ ရှိ-မရှိအပေါ်တွင် မူတည်နေပါသည်။ လက်ခံရန်အတွက် နေရာ ရှိသေးလျင် မြန်မာကျောင်းသားများအတွက် အခြေအနေကောင်းနိုင်ပါသည်။ သို့သော် ဌာနဆိုင်ရာရုံးလုပ်ငန်းများကား အခက်အခဲများနှင့် မကြာခဏတွေ့ကြုံရသည်ဟု သိရှိရပါသည်။ တက္ကသိုလ်ဆိုင်ရာ စာရွက်စာတမ်းများကိုကား ကျောင်းသားဟောင်းများထံ မေးမြန်းကြည့်ရှုခြင်းအားဖြင့် ပို၍ အစဉ်ပြေနိုင်ပါသည်။ ရုံးကိစ္စလုပ်ထုံးလုပ်နည်းံများမှာ တစ်ဦးနှင့်တစ်ဦး မတူသည်များလည်း တွေ့ရှိရပါသည်။

မွမ်ဘိုင်းတွင် လေ့လာမိသလောက်မှာ ပညာတတ်ရာထူးအဆင့်မြင့်သောသူ အများစုမှာ အခြားဘာသာဝင်များဖြစ်ရာ အချို့အပိုင်းကဏ္ဍများ၌ အခက်အခဲများရှိနိုင်သည်ကို ခန့်မှန်းနိုင်ကြလိမ့်မည်ဟု ထင်ပါသည်။

စာရေးသူတို့ စောမယကောလိပ်သည် ဘုံဘေတက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ကောလိပ်ဟု ဆိုနိုင်ပါသည်။ သို့သော် ဌာနအစိတ်အပိုင်းတစ်ခုနေနှင့်သာ ဘုံဘေတက္ကသိုလ်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပီအိပ်ခ်ျဒီ ကျောင်းပြီးသူများအား ဘွဲ့လက်မှတ်များကို ဘုံဘေတက္ကသိုလ် မှပင် ပေးအပ်ပါသည်။ ဤကောလိပ်၌ လက်ရှိ မြန်မာကျောင်းသားရဟန်းတော် အားလုံးမှာ ပီခ်ျဒီကျောင်းသားများ ဖြစ်ပါသည်။
ကျောင်းသားအများစုမှာ သီဟိုလ်မှ အမ်အေဘွဲ့ရများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှ အမ်အေဘွဲ့ရများ၊ နယူဒေလီ၊ ပန်ဂျပ်တို့မှ အမ်အေဘွဲ့ရများ ဖြစ်ပါသည်။

စောမယကောလိပ်သည် management -နှင့် engineering-၌ နာမည်ကြီးသည်ဟု သိရှိရပြီး ကျောင်းသားအများစုမှာ အမ်အေအတန်းအောက် ငယ်သောကောလိပ်ကျောင်းသားများ ဖြစ်ပါသည်။ စာရေးသူတို့သည် ထိုကောလိပ်ကြီးထဲတွင် ဌာနပေါင်းများစွာမှ ဗုဒ္ဓဇင်း(Buddhism) ဌာနတွင် ပညာသင်ယူနေကြခြင်း ဖြစ်ပါသည်။ ဤကောလိပ်တွင် ဆက်သွယ်လိုသောကျောင်းသားများသည်လည်း ဖော်ပြခဲ့ပြီးသောဘုံဘေတက္ကသိုလ်၏ အချက်အလက်များနှင့် အတူတူပင် အပြည့်အစုံ ပါလာရန်လိုအပ်ပါသည်။

ကျမ်းကြီးကြပ်သူ စူပါဗိုက်ဆာဂိုက်များမှာ အများအားဖြင့် ပါဠိဌာနနှင့်ဖီလိုဆိုဖီဌာနတို့မှ ဖြစ်သည်။ စောမယကောလိပ်ရှိ စူပါဗိုက်ဆာများမှာ ဘုံဘေတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ဆရာအများစု ပါဝင်ပါသည်။ ဤဗုဒ္ဓဇင်းဌာနတွင် ဗီယက်နမ်၊ ထိုင်း၊ သီရိလင်္ကာ၊ မြန်မာတို့မှ ကျောင်းသားများ အများဆုံးဖြစ်ပါသည်။

Monday, March 29, 2010

Elephanta caves
















Elephanta lsland is situated about 11 kms northwest of Apollo Bunder near Gateway of India, the departure point for ferries to the famous caves.

Elephanta is about 1050 hectores in extant at high tide. It is a range of trap two and a half kilometers in length and about 173 meteres above sea level. The island, which has a coast line of 7 kms, consists of two hillocks separated by a narrow valley and once full of mangraoves, but now on the decline. The rocky out crop found on the island is made up of trap, a form of basalt.

There are three small village viz. Raj Bunder, Shet Bunder and Mora Bunder located over the island and still inhabited by people, population roughly being 1600. Farming and fishing is the chief occupation of the habitant people here.

This island was known as “Gharapuri” in the ancient Literarure. The first component denotes the Gharis or Guruvasv i.e. the sudra priests of shaivite temple. The second ‘puri’ denotes ‘town’. Thus the Gharapuri it would mean the town of the ‘Ghari Priests’.

In Parkrit the world ghara means fort or fortification wall in Sanskrit it is called prakara. Which signify that it was once a fortress city. It is an apporopriate title for the island. According to 11th Century inscription on the copper vessel, this place was known as ‘Sripuri’, meaning wealthy town or town of abundant wealth.

A daily boat service operates between the Gateway of india and Elephanta. The launch drops passengers in the N-W of the island at a pier of separated concrete blocks (New Jetty). There is a miniature train for going from the pier to the foot of the hill. The Caves are a quarter mile off, you have to climb 120 steps to reach the cave temples.

An Archaeological Offeircer is available near the entrance to the Caves. This monuments is under the protected and control of superintending Archaeologist, Archaeological survy of india, mini circle, Mumbai.

Tuesday, March 23, 2010

ရောဟိဏီမြစ်မှ ဖြတ်သန်းစီးဆင်းသွားသော ငြိမ်းချမ်းရေးစကားလုံးများ



``လောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်။ ရန်တုံ့မမူခြင်းဖြစ်သာလျင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။` ဓမ္မပဒ၊ယမက၀ဂ်၊ကာဠယက္ခိနီဝထ္ထု၊

ရေသည်လူသားတို့အတွက်လည်း လိုအပ်၏။ တိရိစ္ဆာန်တို့ အတွက်လည်း မရှိမဖြစ် ဖြစ်၏။ သစ်ပင်တို့အတွက်လည်း ကင်းကွာ၍ မရသောအရာ ဖြစ်၏။ ရေမရှိလျင် လူ, တိရိစ္ဆာန်, သစ်ပင်တို့သည် အသက်ရှင်ရပ်တည်ရန် စွမ်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်လည်း ရေသည် လူ, တိရိစ္ဆာန်, သစ်ပင်တို့ကို စိုးမိုးအနိုင် ယူလျက် ရှိချေ၏။ ကမ္ဘာကြီးတွင် ရေထုသည် မြေထုထက် ပို၍များပြားပါ၏။ သို့သော် လူသားတို့ တိုက်ရိုက် အသုံးပြုနိုင်သောရေကား အလွန်နည်းလှချေ၏။ ထို့ကြောင့် ရေဖြင့် အသက်ရှင်နေထိုင်ကြရသော သတ္တ၀ါအရာဝတ္ထုတို့မှာ ရေအတွက် ငြင်းခုံကြရ၏။ ခိုက်ရန်ဖြစ်ကြရ၏။ တိုက်ခိုက်ကြရ၏။ အချို့ကား အသက်ကိုပင် စတေး၍ တိုက်ပွဲဝင်ကြရ၏။

မှန်၏။ အရာဝတ္ထုတစ်ခုသည် အသုံးမ၀င်ပါက ယင်းကို အမှီပြု၍ သက်ရှိသက်မဲ့တို့သည် ပြဿနာကို ပေါက်ဖွားစေကြမည် ကြီးထွားစေကြမည် မဟုတ်ချေ။ သို့သော် အရာဝတ္ထု တစ်ခု သည် အသုံးဝင်သည်ဆိုပါက ထိုအသုံးဝင်မှုကြောင့်ပင် ယင်းကို အကြောင်းပြုကာ သက်ရှိသက်မဲ့တို့သည် မလိုလားအပ်သောပြဿနာကို ဖန်တီးကြ၏။ ဤ၌ သက်ရှိသက်မဲ့တို့ အတွက် ရေသည် အသုံးဝင်သောအရာဟု ဆိုပါလျင်…….

ရောဟိဏီမြစ်သည် ကောလိယနှင့်ကပိလ၀တ်ပြည်တို့၏အကြားတွင် တည်ရှိသောမြစ်ဖြစ်၏။ မြစ်တို့၏ သဘာဝအရ ဤမြစ်ရေတို့သည် ငြိမ်းချမ်း စွာဖြင့်ပင် တသွင်သွင်စီးဆင်း၍ နေပါ၏။ ထိုမြစ်ရေသည် ပူလောင်သူတို့ ရေချိုးပါက အေးမြ၏။ ဆာလောင်သူတို့ သောက်သုံးပါက အမောကို ပြေစေ၏။ ညစ်နွမ်းသူတို့ ဆေးကြောပါက သန့်ရှင်းစေ၏။ စိုက်ပျိုးရေအဖြစ် အသုံးပြုပါက အပင်တို့အား အသက်ရှင်ကြီးထွားမှုကို ပေး၏။ သို့ဖြစ်၍ ဤမြစ်ရေသည် လူ၊ တိရိစ္ဆာန်နှင့် သစ်ပင်ပန်းမာန်တို့ကို အကျိုးပြုလျက် ရှိ၍ နေပါ၏။ ထို့ကြောင့် လည်း ဤမြစ်ရေကို အားကိုးကြ၊ အလေးထားကြ၊ မြတ်နိုးတန်ဖိုးထားကြခြင်း ဖြစ်ပါ၏။

လောက၌ အားကိုးမှုများ (သို့တည်းမဟုတ်) အလေးထားမှုများကြောင့် ထိုအားကိုးခံ အလေးထားခံ အရာများသည် အားကိုးသော အလေးထားသော ပုဂ္ဂိုလ် အရာဝတ္ထုတို့ထံသို့ ဘေးအန္တရာယ်အသွင်ဖြင့် ရံခါ ၀င်ရောက်လာတတ်၏။ ဤသည်ကိုပင် ဒေသနာတော်များ၌ ``ဇာတံ သရဏတော ဘယံ - အားကိုးမှု အလေးထားမှုများကြောင့် ဘေးသည် ကျရောက်လာတတ်၏” ဟုဆိုထားခြင်း ဖြစ်၏။

ယခုလည်း ကောလိယနှင့် ကပိလ၀တ်တို့သည် ရောဟိဏီမြစ်ရေကို အားကိုးကြ၏။ ထိုသို့ လူသားတို့ အားကိုးကြသော ဤမြစ်ရေသည် အားကိုး သော အလေးထားသော လူသားတို့အား တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲဝင်ရန် အသင့်အနေထား ဖြင့် တစ်ဖန်ပြန်လည်၍ ခြိမ်းခြောက်လာ၏။ အေးမြသော ဤ မြစ်ရေသည်၊ ငြိမ်းချမ်းသော ဤမြစ်ရေသည်၊ သန့်စင်သော ဤမြစ်ရေသည် နှစ်ပြည်ထောင်ပြည်သူပြည်သားတို့၏ အဇ္ဈတ္တသန္တာန်၌ ဆာလောင်နေသော လောဘ၀မ်းကို မဖြည်းဆည်းပေးနိုင်တော့။ ပူလောင်နေသော ဒေါသမီးကို မအေးမြစေနိုင်တော့။ ညစ်နွမ်းနေသော မောဟအညစ်အကြေးကို မသန့်ရှင်း စေနိုင်တော့။ လူသားတို့၏ သန္တာန်မှာ လောဘမီး တို့ကလည်း ဆူပွက်၊ ဒေါသမီးတို့ကလည်း ပေါက်ကွဲ၍ မောဟမီးတို့ကလည်း လောင်မြိုက်၍သာ နေကြတော့၏။

ဤသို့ဆိုလျင် အသုံးဝင်ပါသည် အကျိုးပြုပါသည်ဟုဆိုသော ဤမြစ်ရေ သည် ယခုအခါမှာတော့ အသုံးဝင်မှု အကျိုးပြုမှု မပေးနိုင်ရုံမျှမက သက်ရှိ လောကနှင့် သက်မဲ့လောကတို့အား ဆုတ်ယုတ်ပျက်ပြားစေရန်ပင် ဘေးရန် အန္တရာယ်အသွင်ဖြငြ့်ခိမ်းခြောက်နေ၏။ အေးမြခြင်းသဘောတရားမှ သွေဖည်း သွားခဲ့၏။ ငြိမ်းချမ်းခြင်းသဘောမှ မျက်ကွယ်ပြုခဲ့၏။

အမှန်အားဖြင့် ရေသည် မီး၏ဆန့်ကျင်ဘက် ဖြစ်၏။ ရေများရေနိုင် မီးများမီးနိုင်ဟု ဆိုထားသည် မဟုတ်ပါလော့။ ယခု မီးသည် ရေထက် သာလွန်သွားပြီ ဖြစ်၏။ သို့သော် ယင်းမီး ကား လောဘ, ဒေါသ, မောဟဟူသော မီးတို့တည်း။ ရောဟိဏီမြစ်ရေသည် ဤမီးတို့ကို မအေးမြစေနိုင်၊ မငြိမ်းသက်စေနိုင်တော့။ ပကတိမြစ်ရေတို့ဟူသည် ပကတိမီးကိုသာ အေးမြစေနိုင်၊ ငြိမ်းသက်စေနိုင်စွမ်းရှိကြ၏။

လူသားတို့သန္တာန်၌ ပေါက်ဖွားလာသော လောဘ, ဒေါသ, မောဟမီးတို့ကိုကား အေးမြရန်၊ ငြိမ်းသက်ရန် စွမ်းနိုင်ကြမည် မဟုတ်ချေ။ ထို့ကြောင့်လည်း လူသားတို့၏ သန္တာန်မှပေါက်ဖွားလာသော လောဘ, ဒေါသ, မောဟမီးတို့ကို ပေါက်ဖွားလာသူ လူသားတို့ကိုယ်တိုင်ပင် ငြိမ်းသက်မှ အေးငြိမ်းမည် ဖြစ်သည့်အကြောင်းကို ``ရေကြောင့် ဖြစ်ပေါ်လာသော ရွှံညွန်ုကို ရေဖြင့် ဆေးကြောစင်ကြယ်ရသကဲ့သို့ စိတ်ကြောင့် ဖြစ်ပေါ်လာသော လောဘ, ဒေါသ, မောဟ-ဟူသော စိတ်အညစ် အကြေးတို့ကို စိတ်ဖြင့်ပင် ဆေးကြောစင်ကြယ်စေကြရမည်´’ ဟု ပါဠိတော်များ၌ တွေ့ရှိကြရခြင်း ဖြစ်၏။

ဤပြဿနာကို စတင်ဖန်တီးသူများကား ကောလိယနှင့် ကပိလ၀တ်မှ လယ်သမားများဖြစ်၏။ တစ်ဖက်ကလည်း မြစ်ရေကို သူတို့ဖက်သို့ သွင်းယူစိုက် ပျိုးမှသာလျှင် ကောက်စပါးပင်တို့ အသက်ရှင်သန်ခွင့် ရကြမည်ဟုဆို၏။ အခြားတစ်ဖက်ကလည်း မြစ်ရေကို သူတို့ဖက်က သုံးစွဲခြင်းဖြင့်သာ ကောက်စပါးပင်တို့ ရှင်သန်ခွင့် ရကြမည်ဟုဆို၏။ ဤသို့ဖြင့် သူ့ဖက်ကိုယ့်ဖက် ရေတစ်စက်မျှ အပါမခံကြဘဲ ငြင်းခုံကြယင်း အဝေမတည့်ကြတော့။

ထိုအခါ လယ်သမားများသာမက သူတို့၏ မိသားစုများလည်း ပါလာ၏။ သူတို့၏ ဆွေးမျိုးအသိုင်း အ၀ိုင်းများလည်း စွက်ဖက်လာ၏။ သူတို့ကို အုပ်ချုပ်သည့် လူတန်းစားများလည် မနေနိုင်တော့။ သို့ဖြစ်၍ မိသားစု တစ်စုမှသည် ရွာတစ်ရွာ၊ ရွာမှသည် နိဂုံးသို့ ကူးဆက်လာ၏။ နိဂုံးမှသည် မြို့ငယ်သို့၊ မြို့ငယ်မှသည် မြိုကြီးသို့ ပျံ့နှံ့လာ၏။ မြို့ကြီးမှသည် မင်းနေပြည်တော်တိုင်အောင် ပေါက် ကြားလာ၏။ ဤသို့ဖြင့် လယ်သမားတို့ထံမှ ပေါက်ဖွားလာသော မီးစလေး တစ်ပွင့်သည် ပြည်လုံးကျွတ်တိုင်အောင် သောသောညံ၍ တစ်စတစ်စ ကူးဆက်ကာ လောင်မြိုက်လာခဲ့၏။

ဖြစ်ထိုက်ပါပေ၏။ မိဘ,ဆွေမျိုး, အုပ်ချုပ်သူ လူတန်းစား ဤသူတို့သည် ဆက်စပ်နေကြသည်မဟုတ်ပါလား။ ဤသို့သော အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး စုစုစည်းစည်းဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေ အထားဖြစ်နေသည်ကို လောကီအမြင်ဖြင့်ကား မျိုးချစ်စိတ်ဓာတ် ပြင်းထန် သည်ဟု ဆိုလိုပါက ဆိုလိုနိုင်ပါပေ၏။ ဤသည်ကိုပင် သွေးသည်ရေထက် ပြစ်၏ဟု ဆိုထားကြခြင်း ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေကာမူ ကောလိယနှင့် ကပိလ၀တ်ပြည်သူ ပြည်သားတို့အဖို့ ဤရောဟိဏီမြစ်ရေကိုသာ စစ်မှန်သော အားကိုးအားထားမှုကို အပြုခံနိုင်သော အရာများဟု နားလည်လက်ခံထားကြ၏။ သို့အတွက်ကြောင့်လည်း ဤမြစ်ရေ အတွက် ငြင်းခုံရန် ၀န်မလေးကြ။ တိုက်ခိုက်ရန် မတွန့်ဆုတ်ကြ။ နောက်ဆုံး အနေနှင့် အသက်ကိုစတေးရန်ပင် သူတို့ဘ၀ကို စွန့်လွှတ်ထားပြီး ဖြစ်ကြ၏။ ``အမုန်းတရားဖြင့် အမုန်းတရားကို မငြိမ်းအေးနိုင်။ အေးချမ်းမှုဖြင့်သာလျင် မငြိမ်းချမ်းမှုကို အေးမြစေနိုင်၏´´ဟု ကောလိယနှင့်ကပိလ၀တ် ပြည်သူပြည် သားတို့ နားမလည်ကြ။ လက်မခံလိုကြ။

ဘုရားရှင်တို့မည်သည် နေ့စဉ် မိုးသောက်သောအခါ ကယ်ချွတ်ရမည့် သတ္တ၀ါတို့အတွက် သတ္တလောကကို ကြည့်မြဲ ဖြစ်၏။ ထို့အခါ ကျွတ်ထိုက် သောသတ္တ၀ါတို့သည် ဗုဒ္ဓ၏ ဉာဏ်ကွန်ယက်အတွင်း လာ၍ထင်မြဲ ဖြစ်၏။ ဤယနေ့ မိုးသောက်၌လည်း ဗုဒ္ဓသည် ပြုနေကြအတိုင်း သတ္တလောကကို ကြည့်ရူတော်မူခဲ့၏။ ထိုအခါ ကပိလ၀တ်ပြည်သား မိမိ၏ ဆွေတော်မျိုးတော် များနှင့်တကွ ကောလိယပြည်သားတို့၏ ဖြစ်လတ္တံသော စစ်မီးကို မိမိ၏ ဉာဏ်ကွန်ယက်အတွင်း လာ၍ ထင်ခဲ့၏။ ဤမီးကို ငြိမ်းနိုင် မငြိမ်းနိုင် ဆက်လက်၍ ဆင်ခြင်သည့်အခါမှာတော့ ငြိမ်းသတ်နိုင်မည့်အရေးနှင့် နောက်ဆက်တွဲ ကောင်းကျိုးတို့ကိုပါ မြင်တော်မူခဲ့ပေ၏။

ထို့ကြောင့် ထိုနေ့ ညနေချမ်းအခါမှာ တစ်ပါးတည်း ကျောင်းတော်မှ ထွက်တော်မူ၍ နှစ်ပြည်ထောင် စစ်သည်တို့၏အကြား ကောင်ကင်ယံမှာ ထက်ဝယ်ဖွဲခွေ တည်နေတော်မူ၏။ ထိုနှင့်တစ်ဆက်တည်းဖြင့် ၀န်းကျင်တစ်ခုလုံး အမိုက်တိုက်ကို ဖြစ်စေပြီး ရောင်ခြည်တော်များ ကွန်မြူးစေလျက် ကိုယ်ထင်ရှား ပြတော်မှုခဲ့၏။

ယင်းအခိုက် တခဏချင်းအတွင်းမှာပင် အဖြစ်အပျက်တို့သည် ပြောင်း ပြန်ဖြစ်ကုန်၏။ နှစ်ဖက်စစ်သည်တို့၏ လက်နက်တို့သည် မြေပေါ်သို့ ၀ပ်ဆင်းကုန်၏။ စစ်သည်စစ်သားတို့၏ အသံတို့သည် တိတ်ဆိတ်ကုန်၏။ လှုပ်ရှားမှုမှန်သမျှတို့သည် ရပ်တံ့ကုန်၏။ ၀န်းကျင်တစ်ခုလုံးသည် အပ်ကျသံပင် မကြားရတော့။ မှန်၏။ နှစ်ပြည်ထောင်သားတို့သည် အမိုက်တိုက်ကို ဖြိုခွင်း လာသော သဗ္ဗညူတဉာဏ်ရှင်ကို တွေ့မြင်ရသောအခါမှာတော့ သူတို့၏ ပူလောင်မှုများသည် တဒင်္ဂငြိမ်းအေးကုန်၏။ ဆာလောင်မှုများသည် ပစ္စုပ္ပန် အခိုက်အတန့်၌ သူတို့၏သန္တာန်မှ ကင်းဝေးကုန်၏။ အမိုက်မှောင် ဖုံးလွှမ်း နေသော အသိဉာဏ်တို့သည် တခဏအတွင်း လင်းလက်ကုန်၏။ သို့ဆိုလျင် သူတို့သည် ရောင်ခြည်သမ်းလာသော အငြိမ်းဓာတ်၏အောက်သို့ ရောက်ရှိနေ ပြီဖြစ်၏။

ရောင်ခြည်သမ်းလာသော ထိုအငြိမ်းဓာတ်သည်ပင် သူတို့အား အေးမြ မှုကို ပေးလျင်၊ မွတ်သိပ်မှုကို ပြေစေလျင် ရောင်ခြည်သမ်းလာသော ထိုအငြိမ်း ဓာတ်၏ ဖန်တီးရှင်သည် ပူလောင်မှု မရှိသူ၊ ဆာလောင်မှုမှ ကင်းသူ၊ အလင်း ကိုရသူသာ ဖြစ်ရမည်ဖြစ်၏။ သို့မှသာ ယင်းမှဖြာကျလာသော အငြိမ်း ဓာတ်တို့သည်လည်း အေးမြမည်ဖြစ်၏။

ဒေသနာတော်များ၌ ဆိုထားသော `‘မိမိကိုယ်တိုင် ပထမဦးစွာ အငြိမ်းဓာတ်ကို ရပြီးသူ ဖြစ်ရမည်။ မိမိကိုယ်တိုင် အငြိမ်းဓာတ်ကို ရပြီးမှသာ တစ်ပါးသူတို့အား အငြိမ်းဓာတ်ကို ပေးရမည်။´´ ဟူသော စကားသည် အထက်ပါ အငြိမ်းဓာတ်ပိုင်ရှင်အား ထောက်ခံလျက် ရှိပေ၏။ ဤ၌ သူတို့ထံသို့ ကျရောက်လာသော အငြိမ်းဓာတ် ဖန်တီးရှင်သည် လောကသုံးပါးမှာ အေးမြမှုနှင့် ပတ်သက်၍ ပြောရန်မရှိ။ အေးမြ သောပုဂ္ဂိုလ်တို့ တွင် အအေးမြဆုံးသောပုဂ္ဂိုလ်သာဖြစ်၏။ ဆာလောင်မှု ကင်းသည်နှင့် ပတ်သက်၍ ပြောရန်အကြောင်းမရှိ။ ဆာလောင်မှု ကင်းသောာပုဂ္ဂိုလ်တို့တွင် ဆာလောင်မှု အကင်းဆုံးသော ပုဂ္ဂိုလ်သာ ဖြစ်၏။ ထို့အတူ ကြည်လင်ခြင်းနှင့် ဆက်စပ်၍ သိရန်မလို။ ကြည်လင်းပါသည်ဟုဆိုသော ပုဂ္ဂိုလ်တို့တွင် အကြည်လင်းဆုံးသော ပုဂ္ဂိုလ်သာ ဖြစ်လေ၏။ သို့အတွက်ကြောင့်လည်း သူတို့သည် စစ်မှန်သော ရောင်ခြည်သမ်းလာသည့် အငြိမ်းဓာတ်၏အောက်၌ စစ်မှန်သော အငြိမ်းဓာတ်၏ အေးမြမှုကို ရရှိနေခြင်းဖြစ်ပေ၏။

ထို့နောက်မှာတော့ ဗုဒ္ဓမြတ်စွာသည် ကောင်းကင်မှ သက်ဆင်းကာ သဲစု၌ ခင်းအပ်သော မြင့်မြတ်သောနေရာ၌ သီးတင်းသုံးတော်မူလာ၏။ ယင်းသို့ သီးတင်းသုံးတော်မူပြီး နောက်ဝယ် နှစ်ပြည်ထောင်သားတို့အား…….

- အဘယ်ကို မှီ၍ ခိုက်ရန်ဖြစ်ကြကုန်သနည်း?
ရေကိုမှီ၍ ခိုက်ရန်ဖြစ်ကြပါကုန်၏။
- ရေသည်အဘယ်မျှလောက် အဖိုးထိုက်ပါသနည်း?
နည်းသောအဖိုးထိုက်ပါ၏။
- မြေသည် အဘယ်မျှ အဖိုးထိုက်ပါသနည်း?
မြေသည် အဖိုးအတိုင်းမသိ ထိုက်ပါ၏။
- မင်းတို့သည် အဖိုးအဘယ်မျှ ထိုက်ကုန်သနည်း?
မင်းတို့သည်ကား အဖိုးအတိုင်းမသိ ထိုက်တန်ပါကုန်၏။
- အဘယ်ကြောင့် အဖိုးမထိုက်သောရေကို အမှီပြု၍ အဖိုးများစွာထိုက်သော မင်းတို့ကို ဖျက်ဆီးကုန်ဘိသနည်း။ ခိုက်ရန်ဖြစ်ခြင်း၌ စိတ်ချမ်းသာခြင်းမည်သည် မရှိ-ဟု အမေးအဖြေများ ပြုတော်မူလျက် မိန့်ကြားတော်မူခဲ့ပါ၏။

သို့ဖြင့် မြတ်ဗုဒ္ဓသည် လောက၌ တန်ဖိုးရှိပါသည်ဟုဆိုသော အရာ တို့တွင် လူဘ၀၏အသက်ရှင်နေထိုင်ခွင့်ရရှိမှုသည် မည်သည့်တန်ဖိုးနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ကြောင်းကို အမေးအဖြေ အဆင့်အဆင့်ဖြင့် လူသား၏တန်ဖိုး ကို မြှင့်တင်ခဲ့ပါ၏။
ထို့နောက် ဆက်လက်ကာဖြင့်----

ယံ ပုဗ္ဗေ တံ ၀ိသောဓေတိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ၊
မဇ္စျေ နော ဂဟေဿတိ၊ ဥပသန္တော စရိဿတိ။

အို-- ခိုက်ရန်ဖြစ်နေကြသူအပေါင်းတို့--
ရှေးကဖြစ်ခဲ့ကြပြီးသော အချင်းချင်းခိုက်ရန်ဖြစ်ပွါးမှုများကို သင်ပုန်းချေပြီး ဖြစ်ကြမယ် ဆိုလျှင်---
နောင်ဖြစ်သောအနာဂတ်ကာလမှာ အချင်းချင်းခိုက်ရန် ဖြစ်ပွါးမှုများကို အသစ်တစ်ဖန်ပြန်လည်၍ မဖြစ်ပွါးစေကြဘူး ဆိုလျှင်--
ယခုမျက်မှောက် ပစ္စုပန်အချိန်မှာလည်း အချင်းချင်းခိုက်ရန် ဖြစ်ပွါးမှုများကို လက်သင့်မခံ ပယ်လှန်ရှောင်ရှာကြမယ် ဆိုလျှင်---
သင်တို့သည် ငြိမ်းချမ်းစွာဖြင့် ကျင်လည်ကျက်စား သွားလာနေထိုင်ကြရ ပေလိမ့်မည် -
ဟု မိန့်တော်မူပြန်ပါ၏။

ကောလိယနှင့်ကပိလ၀တ်တို့ တာစူးနေသောအရာကား စစ်မီးလျံ တို့တည်း။စစ်မီးလျံတို့သည် ရေကိုအကြောင်းပြု၍ဖြစ်ပေါ်လာခဲ့၏။ သို့သော် ဤအခါမှာတော့ ရေသည်အဓိကမဟုတ်တော့။ မိမိ၏အတ္တ, မိမိ၏မိသားစု, မိမိ၏ဆွေးမျိုး, မိမိ၏အုပ်ချုပ်သူ, မိမိ၏တိုင်းသူပြည်သား, မိမိတို့၏နယ်ပယ် ဒေသ ဤအရာတို့သည် ရောဟိဏီမြစ်ရေအပေါ် ဖုံးအုပ်သွားတော့၏။ရေသည် ဤအရာတို့၏ ဖုံးကွယ်မှုအောက်၌ ပျောက်ကွယ်လုမတတ် ဖြစ်သွားတော့၏။

မြတ်ဗုဒ္ဓ၏ ဤမိန့်တော်မူချက်၏ နောက်၌ကား နှစ်ပြည်ထောင်သားတို့သည် အားကိုးထိုက်အလေးထားထိုက်သောအရာကို တွေ့မြင်လာခဲ့၏။ အငြိမ်းဓာတ် အစစ်အမှန်တို့၏ သဘောသဘာဝကို ရှာတွေ့ခဲ့၏။ အငြိမ်းဓာတ်ပိုင်ရှင်တို့၌ ရှိသင့်ရှိထိုက်သည့် အနေအထားတို့ကို နားလည်လာခဲ့၏။

မှန်၏။ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ မပူလောင်ခြင်း၊ မဆာလောင်ခြင်း၊ စင်ကြယ်ခြင်း၊ မြင့်မြတ်ခြင်း ဤသည်တို့သည် စစ်မှန်သော အငြိမ်းဓာတ်မှ ရရှိလာသော အကျိုးကျေးဇူးများသာဖြစ်၏။ လောက၌ ဤအငြိမ်းဓာတ်မျိုးကို ပေးနိုင်၊ ဝှေငှနိုင်သူမှာလည်း သူကိုယ်တိုင်သည် အစဉ် အေးမြနေသူဖြစ်၏။ ငြိမ်းချမ်းနေသူဖြစ်၏။ ပူလောင်မှုတို့ စိုးစဉ်းမျှ မရှိသူ ဖြစ်၏။ မွတ်သိပ်မှုတို့မှ ထာဝရ ကင်းသူဖြစ်၏။ ညစ်နွမ်းမှုတို့မှ အမှန်တကယ် သန့်စင်ပြီးသူ ဖြစ်၏။ သို့ဖြစ်၍ အငြိမ်းဓာတ်တို့၏သဘာဝနှင့် အငြိမ်းဓာတ်ပိုင်ရှင်သည် တစ်ထပ် တည်း တစ်သားတည်း ဖြစ်နေရမည်ဖြစ်၏။

သို့ဆိုပါက ဖော်ပြပါ အချက်များနှင့် ညီညွတ်ပြည့်စုံနေသူမှာ လောက၌…..မှတစ်ပါး အခြားမရှိချေ။ ထိုသူကား လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် မြတ်ဗုဒ္ဓပင်တည်း။

ဤသို့ဆိုလျှင် မိမိ၏ရွာ၊ မိမိ၏မြို့၊ မိမိ၏တိုင်းနိုင်ငံ၊ မိမိတို့၏ကမ္ဘာကြီးအား အေးချမ်းမှုကို ပေးနိုင်ရန် ကြိုးစား အဖြေရှာနေကြသော ပုဂ္ဂိုလ်တို့အတွက်၊ သို့မဟုတ် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော ပုဂ္ဂိုလ်တို့အတွက်၊ ထို့ထက် တစ်ဆင့်တက်၍ ဆိုရပါမူ စစ်မှန်သော အငြိမ်းဓာတ်ကို ပေးဝေလိုသူတို့အတွက် တစ်ခုသော အတိုင်းအတာအထိ …………

ထို့နောက်မှာတော့ ကောလိယနှင့်ကပိလ၀တ်ပြည်ကြားရှိ ရောဟိဏီမြစ်သည် သွေးစီးသောရေတို့မဟုတ်ဘဲ ပကတိကြည်လင် အေးမြသော ရေတို့ဖြင့် တသွင်သွင်စီးဆင်းလျက် ……………….။ ။

Sunday, March 21, 2010

AJANTA CAVES



Ajanta lies at a distance of 100 kilometers from Aurangabad in the heart of the Deccan plateau- the oldest land mass in the India subcontinent. The spot is secluded and the marvelous caves have been excavated on a perpendicular rock face rising up from the curving Waghora river, hidden from public view by a thick jungle.
A vast majority of the 1,200 odd rock-cut temples in India are located in the western part of peninsular India. This concentration of temples is explained both by the ancient trade routes as well as by the availability of basaltic trap rock suitable for craving. Interestingly, rock architecture began not in western India but in the eastern region. Emperor Ashok (270-230 BC), the greatest of the Mauryas, was the first to commission their excavation. The earliest caves were scooped out in the Barabar hills near Gaya and gifted to Ajivika and Jaina saints. The activity was taken up in western India around the second century BC. The first phase continued up to the second century AD and represents the exertions of the patrons of Hinayana (the early school of Buddhism which charted the lesser career to salvation). Buddha, the great master, is represented during this period with a symbol- a stupa (literally, burial mound), an umbrella, an empty throne , the Bodhi tree or the sandals.
From the second to the sixth century AD, adherents of Mahayana (the later school of Buddhism, also called the Greater Vechicle) patronized this work. The Buddha could now be shown in a human form and it is this period that Ajanta celebrates so gloriously. The Hindus took to building cave temples in the early sixth century AD at Jogeshwari near Bombay, and at the port city of Elephanta, later shifting to Ellora. The Jainas followed in their wake in the ninth century AD. After flourishing for over a thousand years, this art form lost its popularity, perhaps with the advent of structural temples.
Although the caves at Ajanta were dug out over a period of six centuries, most of those representing the Mahayana phase-those decorated more lavishly and with a profusion of human figures-were excavated between circa 465 AD and 500 AD. In fact, most of this was accomplished during the reign of a single Vakataka king, Harishena (AD 460-478). He is the one referred to as the ‘moon among princes’ in the inscription found in cave 17 at Ajanta. The Vakatakas were a Brahmin dynasty whose main branch had established a matrimonial alliance with the imperial Guptas (4th- 6th century AD). Ajanta, however, is the achievement of the Bassim branch which had begun to outshine the main line by the fifth century AD. Although the king himself was not a Buddhist, many of his ministers and rich merchants were followers of Buddhism.
He himself seems to have been more than merely tolerant, in fact much inclined and sympathetic to the new faith which had by now ceased to be severely ascetic. Another inscription at Ajanta refers to the cave residences of the monks ‘affording enjoyment of well known comforts in all seasons’.









ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်