Thursday, December 16, 2010

အဟိံသ , ချစ်ခြင်းမေတ္တာအတွက် ထိရောက်သောတွန်းအား တစ်ခု

အဟိံသနဲ့ပတ်သက်တဲ့ အယူဝါဒဟာ အပြုအမူ, အပြောအဆို, အတွေးအကြံများနဲ့ အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ထိန်းသိမ်းလျက် ထိရောက်သောကရုဏာနဲ့ ရှင်သန်နေထိုင်ခြင်းကို သွယ်ဝိုက်ညွှန်းဆိုပါတယ်။
အမှန်တရားနဲ့ပတ်သက်တဲ့ အန္တိမအဆုံးမှာတော့ ယုံကြည်မှုဟာ သဘောတရားဆိုင်ရာ စိတ်ကူးစိတ်သန်းများအပေါ်မှာ အခြေမခံပါဘူး။ အမှန်တရားကို ရှာဖွေဖို့ လူသားရဲ့အကောင်းမွန်ဆုံး အဆင်ပြေဆုံး အနေအထားအတွက် ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။

မဟာဝီရဟာ အားလုံးသောပိုင်ဆိုင်မှုများကို စွန့်လွှတ်ကျောခိုင်းခဲ့ပါတယ်။ အစားအစာအတွက် အလှုခံစားလျှက်၊ အိုမဲ့အိမ့်မဲ့ဖြစ်လျှက်၊ ခြိုးခြံချွေတာရေးနဲ့ပတ်သက်လို့ ပြင်းထန်ကြမ်းတမ်းမှုကို အောင့်အီးသည်ခံ ကြံ့ကြံ့ခံလျက် လှည့်လည်သွားလာနေတဲ့ ဖုန်းတောင်းယာစကာတစ်ယောက်ရဲ့ အထီးကျန်တကိုယ်တော်ဘ၀ကို ရပ်တည်နေထိုင်ဖို့ စီစဉ်ထားရှိပါတယ်။

ဥပုသ်စောင့်ခြင်းဖြင့် သူဟာ ခက်ခဲမလွယ်ကူဆင်းရဲကျပ်တည်းတဲ့ အရာအားလုံးကို ပစ်ပယ်ထားရှိလိုက်သလို ခန္ဓာကိုယ်နဲ့ဆက်စပ်နေတဲ့ ပူပန်သောကဖြစ်နေရတာမှန်သမျှကိုလည်း စွန့်လွှတ်ခဲ့ပါတယ်။ Self ရဲ့သဘာဝကို နားလည်သဘောပေါက်ဖို့ ဖြစ်တည်နေရခြင်း၏အမှန်တရားနဲ့ပတ်သက်လို့ ၁၂-နှစ်ကြာ ကမ္မဋ္ဌာန်းထိုင်လျှက် လှည့်လည်သွားလာနေခဲ့ပါတယ်။
ပြင်းထန်တဲ့ဒဏ်ခတ်ခြင်းဖြင့် ၁၂-နှစ်ကြာပြီးတဲ့နောက်မှာတော့ အဆုံးမရှိ အနန္တဖြစ်သော၊ အပြီးသတ်လုံးဝပြည့်စုံသော၊ အဆုံးစွန်ပြည့်ဝသော Kevala Jnana ခေါ်တဲ့ အမြင့်မားဆုံး အသိပညာကို ရရှိခဲ့ပါတယ်။

သကျမုနိဂေါတမဟာ သစ္စာ (Satya) ကို ရှာဖွေရာမှာ လှည့်လည်စားသောက်တဲ့ အသက်မွေးဝမ်းကျောင်းပြုသူရဲ့ ဘ၀ကို ရွေးချယ်ခဲ့ပါတယ်။ သူဟာ စိတ်ရဲ့အရေးပါတဲ့အခြေအနေနဲ့ ဆင်ခြင်သုံးသပ်လေ့ရှိတဲ့ သိခြင်းအဆင့် ၄-မျိုးမှာ ကျွမ်းကျင်ပိုင်နိုင်ပါတယ်။

ပထမယာမ်မှာ ဗုဒ္ဓဂေါတမဟာ သူတို့ရဲ့ကိုယ်ပိုင်ရှေ့ဘ၀အသီးသီးကို ထုတ်ဖော်တဲ့ ပထမဆင့်ကို ရရှိခဲ့ပါတယ်။ ပကတိဖောက်ထွင်းမြင်နိုင်ခြင်းမှာ အစဉ်အတိုင်း သူတို့ကို မြင်ခဲ့ပါတယ်။

ဒုတိယယာမ်မှာ ဖန်တီးခံသတ္တ၀ါအားလုံးရဲ့ ပြန်လည်မွေးဖွါးခြင်းနဲ့ အနာရောဂါသံသရာနဲ့ပတ်သက်လို့ အမှန်တရားကို ထိုးထွင်သိမြင်နိုင်တဲ့ နတ်မျက်စိကို ရရှိခဲ့ပါတယ်။ လောကဓာတ်တစ်ခုလုံးဟာ အဖန်ဖန် ထပ်ဖြစ်နေတဲ့ မွေးခြင်းနဲ့သေခြင်းသံသရာရဲ့ ဆင်းရဲဒုက္ခကို ရောင်ပြန်ဟပ်နေတဲ့ ကြေးမုံမှန်ကဲ့သို့ သူ့ကို ပုံပေါ်စေပါတယ်။ သူဟာ ကောင်းတဲ့ကံ အကောင်း နဲ့ မကောင်းတဲ့ကံ ဆင်းရဲ့ဒုက္ခနဲ့ပတ်သက်တဲ့ လည်နေခြင်းများအကြား အပြန်အလှန်သက်ရောက်မှုကို မြင်ပါတယ်။

တတိယယာမ်မှာ တတိယမြောက် သိမြင်ခြင်းကို ရရှိခဲ့ပါတယ်။ အဘိညာဉ်ခြောက်ပါးနဲ့တကွ “ ဒါဟာ ဒုက္ခ ဖြစ်တယ်။ ဒါဟာ ဆင်းရဲဒုက္ခရဲ့ ရင်းမြစ်ဖြစ်တယ်။ ဒါဟာ ဆင်းရဲဒုက္ခကို ငြိမ်းချုပ်စေခြင်းဖြစ်တယ်။ ဒါဟာ လွတ်မြောက်ရန် ဦးတည်တဲ့လမ်း ဖြစ်တယ်’’-ဆိုတဲ့ သစ္စာလေးပါးကို သူဟာ သိမြင်ပါတယ်။ ဒါသည်ပင် အလို ဆန္ဒများ မျိုးသုဉ်းတိမ်ကောသွားခြင်း ဖြစ်ပါတယ်။

လေးခုမြောက်သိမြင်ခြင်းမှာ - ဘ၀ဖြစ်တည်မှုရဲ့အယူအဆကို ဘောင်သွင်းထားတဲ့ - ပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်တဲ့ -အခြေခံသဘောတရားကို သူဟာ သဘောပေါက်ခဲ့ပါတယ်။

M K Gandhi အလိုအရတော့ အားလုံးသောယုံကြည်မှုများဟာ အမှန်တရားကို သိမြင်စေခြင်းတစ်ခုနဲ့ တည်ဆောက်ထားပါတယ်။ ဒါပေမယ့် အပြစ်အနာအဆာရှိတဲ့ မပြည့်စုံတဲ့လူများက အဲဒါတွေကို ဖန်တီးလာတဲ့အခါ အဲဒါတွေဟာ မမှန်တရားတွေနဲ့ ရောစပ်နေပါတော့တယ်။ ဒါ့ကြောင့် အပြစ်အနာအဆာများနဲ့ အမှားများ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ယုံကြည်မှုအားလုံးနဲ့ပတ်သက်လို့ စမ်းသပ်ထားတဲ့မှန်ကန်မှုက ဆွဲဆောင်သိမ်သွင်းသွားတဲ့အခါ အဲဒါဟာ အားလုံးသောဘာသာတရားများရဲ့ စကြ၀ဠာဆိုင်ရာ စိတ်ဓာတ်ကို လက်ခံလာပါတော့တယ်။ ဒါဟာ သွာဓမ္မ (sarvadharma) - ကို အစပျိုးဖို့ သူ့ကို လှုံ့ဆော်တဲ့ သစ္စာ(Satya)အတွက် သူ့ရဲ့ရှာဖွေမှုပဲ ဖြစ်ပါတယ်။ သူရဲ့တရားကျင့်ရာနေရာများမှာ ဒါတွေကို သံပြိုင် ရွတ်ဆိုပါတယ်။ သီဆိုကြပါတယ်။

အဟိံသကို တန်ဖိုးထားခြင်းနဲ့ပတ်သက်တဲ့ Gandhi ရဲ့ နက်နဲတဲ့ ကတိက၀တ်များဟာ သူ့ရဲ့ အမှန်တရားကို ရှာဖွေမှုအတွက် သဘာဝဆိုင်ရာ သက်တမ်းတိုးပေးခြင်းကဲ့သို့ သူ့ထံသို့ ရောက်လာပါတယ်။ အကြိမ်ကြိမ် စမ်းသပ်ပြီးတဲ့နောက် Gandhi က အဟိံသဟာ မမှားနိုင်တဲ့ တွန်းအားတစ်ခု ဖြစ်ပြီး - အဟိံသနဲ့ သစ္စာဟာ အကျွန်ုပ်တို့ရဲ့ ပင်ကိုယ်သဘာဝ အစိတ်အပိုင်းဖြစ်တယ် - ဆိုတာကို ကောက်ချက်ချပါတယ်။

အကျွန်ုပ်တို့ရဲ့ ပင်ကိုယ်သဘာဝအစိတ်အပိုင်းဟူသည်..
“ တိရစ္ဆာန်တစ်ကောင်လို လူဟာ အကြမ်းဖက်ပါတယ်။ အဲဒီနောက် ၀ိညာဉ်ကဲ့သို့ အကြမ်းမဖက်ပါဘူး။ အကြမ်းဖက်ခြင်းဟာ အရိုင်းအစိုင်းဘီလူးတိရစ္ဆာန်တို့ရဲ့ဥပေဒသဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဟာ မွန်မြတ်သန့်စင်တဲ့ဥပဒေသတစ်ခုကို ရိုးကျိုးလိုက်နာမှု လိုအပ်သလို ၀ိညာဉ်ရဲ့ အရှိန်အ၀ါကိုလည်း ကျိုးနွံနာခံမှု လိုအပ်ပါတယ်” ဆိုတာ ဖြစ်ပါတယ်။

Gandhi ရဲ့ ဝေါဟာရမှာတော့ အဟိံသဟာ သစ္စာရဲ့အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်ခြင်းနဲ့ပတ်သက်လို့ မရှိခြင်းကင်းမဲ့ခြင်း မဟုတ်ပါ။ ဒါပေမယ့် အကြင်နာကရုဏာကဲ့သို့ အဟိံသဟာ ချစ်ခြင်းမေတ္တာအတွက် ထိရောက်သောတွန်းအား တစ်ခု ဖြစ်ပါတယ်။

တပသီအကျင့်ရှိသူ မဟာဝီရက ခြိုးခြံချွေတာတဲ့အကျင့်နောက်ကို လိုက်ပါခဲ့ပါတယ်။ မြတ်ဗုဒ္ဓကတော့ အလယ်အလတ်လမ်းစဉ်နောက်ကို လိုက်ခဲ့ပါတယ်။ Gandhi ကတော့ အဟိံသနဲ့ သစ္စာတို့ရဲ့ အယူအဆကို တစ်ဖန်ပြန်လည်လို့ သွားရောက်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလဲ အဲဒါကို အောင်မြင်စွာ အသုံးပြုခဲ့ပါတယ်။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်