Friday, February 25, 2011

နှင်းဆီပန်းတစ်ပွင့်ဟာ နှင်းဆီပန်းတစ်ပွင့် မဟုတ်တော့တဲ့အခါ

ညှိုးနွမ်းနေတဲ့ နှင်းဆီပန်းတစ်ပွင့်- တွန့်ရှုံ့သွားနေတဲ့ အသားအရေ- ဖြူရောင်သန်းနေတဲ့ ဆံနွယ်- အရွယ်ရောက်လာနေတဲ့ လူရွယ်- ဒီအရာအားလုံးက အကျွန်ုပ်တို့ကို ဘ၀ဆိုင်ရာဖြစ်ရပ်မှန်တစ်ခုကို သတိရစေပါတယ်။ ပြောရရင် အဲဒီအချက်ကတော့ “မမြဲခြင်း” ဖြစ်ပါတယ်။ ဘ၀ဆိုင်ရာ ဒီဖြစ်ရပ်မှန်က သင့်ကို တစ်ချိန်လုံး ဒုက္ခပေးပြဿနာ လုပ်နေပြီလား? သင့်ကို နက်နက်ရှိုင်းရှိုင်း အတွင်းကျကျ မွှေနှောက်နေပြီလား?

ဒီကာလမှာ သင်ဟာ ကံကောင်းပါတယ်။ အကြောင်းက သင့်အတွက် ဗုဒ္ဓတစ်ပါး မွေးဖွါးနိုင်ခဲ့လို့ပါ။ အကျွန်ုပ်တို့ အားလုံးက သိဒ္ဓတ္ထဘုရားလောင်းဟာ ဗုဒ္ဓတစ်ပါး ဘယ်လို ဖြစ်လာတယ်ဆိုတဲ့ ဖြစ်စဉ်ကို သိကြပါတယ်။ အကြောင်းက သူအို သူနာ သူသေဆိုတဲ့ တကယ့်အဖြစ်အပျက်က သူ့ကို နက်နက်နဲနဲ ရတက်မအေး တုန်လှုပ်ချောက်ချားအောင် ပြုလုပ်ခဲ့ပါတယ်။ ဘ၀နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို သူ့ကို လှုံ့ဆော်ခဲ့ပါတယ်။ ပြီးတော့ သူ့ကို နိဗ္ဗာန်သို ဦးတည်စေခဲ့ပါတယ်။

စူးစမ်းလေ့လာကြည့်ကြပါစို့! - အကျွန်ုပ်တို့အသားအရေဟာ ဆွဲဆောင်မှုကင်းတယ် နှစ်လိုဖွယ်ညှို့ဓာတ်မှ ကင်းတယ်ဆိုတဲ့ အချက်- ဒါမှမဟုတ် အကျွန်ုပ်တို့ဟာ နှစ်- ၂၀၊ နှစ်- ၃၀ ကြာချင်ကြာသလောက် အကျွန်ုပ်တို့ရဲ့ လုပ်ငန်းဆောင်တာများ၊ အိမ်ထောင်စုများနဲ့ပတ်သက်လို့ စီမံကွပ်ကဲမှု များစွာမလုပ်နိုင်ခဲ့ဘူးဆိုတဲ့ အချက်- ဒီအချက်များမှာ မှန်ကန်ပါတယ်လို့ ခံစားနေရပါသလား? ဒါက “မဟုတ်”လို့ ဖြေရမှာပါ။ တကယ်တော့ အကျွန်ုပ်တို့ရဲ့ ဒုက္ခခံစားနေရခြင်းက “အပြောင်းအလဲ”ကို ကြည်ဖြူစွာလက်သင့်မခံ အသိအမှတ်မပြုခြင်းမှာ ရှိနေပါတယ်။

အကျွန်ုပ်တို့ ဘာ့ကြောင့် အပြောင်းအလဲကို ထိန်းထား အောင့်ထား ခုခံတာထားပါသလဲ? ဒါက အကျွန်ုပ်တို့ဟာ ဘ၀ဆိုင်ရာ လှပကောင်းမွန်တဲ့ ထူးထူးခြားခြား အတွေ့အကြုံများ မျက်ခြည်ပြတ် ပျောက်ဆုံးသွားမှာကို ကြောက်လန့်စိုးရိမ်ကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ, သာယာမှုအလိုဆန္ဒ, အရေးပါအရာရောက်မှု, ကျေနပ်အားရပျော်ရွှင်မှု, သက်သောင့်သက်သာရှိမှု, ပြီးတော့ အကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးတဲ့ ဘ၀ဆိုင်ရာ အခြားတင့်တယ်လှပခြင်းအရာအားလုံး……. အကျွန်ုပ်တို့ဟာ အဲဒါတွေကို ဘ၀ရဲ့ ရက်စက်တဲ့ လှိုင်းလုံးအားလုံးဆီသို့ မျောပါမသွားစေချင်ပါ။

အကျွန်ုပ်တို့အတွက် “အသစ်” ပါလို့ ပွေ့ ပိုက်ထား ဆုပ်ကိုင်ထားနိုင်တဲ့အရာကို အကျွန်ုပ်တို့ဟာ တကယ်တော့ မသိပါ။ အတတ်မပြောနိုင်တဲ့ မရေရာမသေချာမှုနဲ့ပတ်သတ်တဲ့ စိုးရိမ်ကြောက်လန့်မှုက အပြောင်းအလဲကို တောင့်ထားအောင့်ထားခုခံ တားထားဖို့ အကျွန်ုပ်တို့ကို ဆက်လက်မောင်းနှင်တွန်းပို့နေပါတယ်။

အဲဒါနဲ့ပြောင်းပြန် - “ မြဲခြင်း” ဟာ ဘ၀ရဲ့သဘာဝတရားဖြစ်ခဲ့တယ်ဆိုလျင် - ဒီနောက် နာကျင်မှု, မသာယာမှု, ဒေါသ, မကျေနပ်မှု, ကြောက်လန့်မှု, ခံပြင်းမှုနှင့် နှစ်လိုဖွယ်မရှိတဲ့ အတွေ့အကြုံများဆိုင်ရာ တစ်ခုလုံးဟာ ထပ်တလဲလဲ အဆက်မပြတ်သွားနေသေးတယ်ဆိုလျင်- အပြင်ပန်းအပေါ်ယံအားဖြင့် အကန့်အသတ်မရှိ ဆိုတာက ဘာပါလဲ? ဒါက ငရဲအိုးထဲမှာ ငြိနေ မိနေ သောင်တင်နေခြင်းပဲ ဖြစ်ပါလိမ့်မယ်။

နှစ်ပေါင်း ၂၅၀၀- အကြာက ဗောဓိပင်အောက်မှာ သီတင်းသုံးနေတဲ့မြတ်ဗုဒ္ဓဟာ
“ဒါတွေ ဖြစ်တယ်။ အကြောင်းက အဲဒါတွေကြောင့်ပါ။ ပြီးတော့ ဒါတွေ မဖြစ်ခဲ့ဘူးဆိုလျင် အဲဒါတွေက ဖြစ်လာမှာမဟုတ်ပါ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒသုတ်ကို ဟောကြားခဲ့ပါတယ်။ မှန်ကန်တဲ့ပျော်ရွှင်မှုကို အရာရာပြောင်းလဲတဲ့ အသိပညာမှာ မြစ်ဖျားခံပါတယ်။ အပြောင်းအလဲဟာ ပြောင်းလဲတဲ့တစ်စုံတစ်ရာကို တရားဝင်လုပ်ပိုင်ခွင့်ကို အပ်နှင်းဖို့- ဖွဲ့စည်းတည်ထောင်ဖို့ ထွက်ခွါသွားနေတဲ့ အခြေခံအကြောင်းတရားလို ဖြစ်ပါတယ်။

ဇီဝဗေဒဆိုင်ရာပြောင်းလဲလာတဲ့အခါ သင့်ရဲ့အသားအရေဟာ ပြောင်းလဲလာပါတယ်။ ဒါကို အကျွန်ုပ်တို့ သိရှိပါတယ်။ ဘာ အကြောင်းတရားက ပြောင်းလဲဖို့ ဆက်နွှယ်မှုကို ဖြစ်စေတာပါလဲ? လူတစ်ယောက်ဆီသို့ သင်ခံစားနေရတဲ့ စိတ်ခံစားမှုဟာ- အချိန်ရဲ့အဲဒီအခိုက်မှာ သင် ပွေ့ ပိုက်ဆုပ်ကိုင်ထားတဲ့ သိမြင်နားလည်ခြင်းအပေါ် မူတည်ပါတယ်။

ဘ၀ဟာ ပိုလို့ပိုလို့ အတွေ့အကြုံတွေကို လက်လွှတ်လိုက်တဲ့အခါ သင်ရဲ့သိမြင်နားလည်ခြင်းဟာ ဆက်လက် ပြောင်းလဲနေပါတယ်။ ချစ်ခြင်းမေတ္တာ, တွယ်တာမှု, ခင်မင်ရင်းနှီးမှုဟာ ဘ၀တစ်လျှောက်လုံး ဆက်လက် ပြုလုပ်သွားပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ သူတို့ကို ပြုစုပျိုးထောင်ပေးတဲ့ ဘ၀အပြောင်းအလဲ အပေါ်မှာလည်း တာဝန်ယူဆုံးဖြတ်ပါတယ်။ ပြီးတော့ အချိန်နှင့်အတူ ပြောင်းလဲဖြစ်ပေါ်ပါတယ်။

ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက် မိတ်ဖက်များအကြား ဆက်နွှယ်မှုဟာ အဲဒါ စတင်တည်ခဲ့တဲ့နေရာ အစပြုခဲ့တဲ့နေရာ ဘယ်တော့မှ မဟုတ်ပါ။ ဒါက နှစ်ပေါင်းများစွာ ဖြတ်သန်းခြင်းဖြင့် ပြောင်းလဲပါတယ်။ မရှိမဖြစ်လိုအပ်လျင် အသိပညာနိုးကြားခြင်းကို အဲဒါဆီသို့ သယ်ဆောင်လာပါတယ်။ အဲဒါက ပျော်ရွှင်မှုနှင့် ရင်းနှီးခင်မင်မှုကို သင့်ထံသို့ ပေးဖို့ အလားအလာ ရှိပါတယ်။ အသိပညာနိုးကြားမှုမရှိလျင်တော့ ဆက်နွှယ်မှုဟာ နာကျင်မှုနှင့် မသာယာမှုထဲသို့ ဆုတ်ယုတ်ကျဆင်းသွားစေပါတယ်။

မြတ်ဗုဒ္ဓဟောကြားတဲ့အရာဖြစ်တဲ့အမှန်တရားကို အကျွန်ုပ်တို့ သတိပြုမိတဲ့အခါ အကျွပ်န်ုပ်တို့ဟာ ရှင်းလင်းလာပါတယ်။ အကျွန်ုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းလာပါတယ်။ အကျွန်ုပ်တို့ ဘယ်သူကို အပြစ်တင်ရမှာလဲ? အမှန်တကယ် အကျွန်ုပ်တို့ရဲ့ မပျော်ရွှင်မှုအတွက် တရားခံဖြစ်နိုင်တာက ဘာပါလဲ?

ဒီအသိပညာက စတင်ထွက်ပေါ်လာတဲ့အခါ အရုဏ်ကျင်းမိုးလင်းသွားတဲ့အခါ အချို့ အမြစ်တွယ်နေတဲ့ မချိတင်ကဲဝေဒနာ, စိတ်ပျက်ခြင်းနှင့် အလွမ်းအဆွေးများက အကျွန်ုပ်တို့အပေါ် တာဝန်ယူစောင့်ရှောက်မှုကို လျော့နည်းပျောက်ဆုံးသွားစေပါ တော့တယ်။

အကျွန်ုပ်တို့အားလုံးမှာ အရာရာတိုင်းအပေါ် တကယ့်ပါဝါအတွက် အော်မြည်နေတဲ့အကျွန်ုပ်တို့မှာ - ပုန်းကွယ်နေတဲ့ ထိန်းချုပ်ထားတဲ့ တမူထူးတဲ့ လူထူးလူဆန်းတစ်ယောက် ရှိပါတယ်။
အကျွန်ုပ်တို့အားလုံးမှာ အခြေအနေတိုင်းမှာ -တကယ့်အကောင်းဆုံး-အတွက် စွဲလမ်းတောင့်တနေတဲ့ အကြိုက်ဆုံး ဦးစားပေးအရာတစ်ခု ရှိပါတယ်။
အကျွန်ုပ်တို့အားလုံးမှာ ချစ်သူတစ်ဦးထံမှ တုန့်ပြန်အဖြေပေးမယ့် အကောင်းဆုံးအတွက် သတိထားနေတဲ့ ကျွန်ုပ်တို့မှာ ချစ်သူတစ်ယောက်ရှိပါတယ်။ အကျွန်ုပ်တို့ရဲ့ဆာလောင်မှုကို အမြဲတမ်း နှိပ်ကွပ်နိုင် ငြှိမ်းသတ်နိုင်တယ်ဆိုတာကို သင် ဘယ်လို တွေးထင်ထားပါသလဲ?

အဲဒါကို မနှစ်သိမ့်နိုင်သည်သာ ဖြေဖျောက်မတင်းတိမ်းနိုင်သည်သာလျင် ဖြစ်ပါတယ်။ ဒါ့ကြောင့် မြတ်ဗုဒ္ဓဟာ စွဲလမ်းခြင်းဥပါဒါန်အားလုံး နဲ့ပတ်သက်လို့ အလျော့ပေးကျေနပ်အောင်ပြုလုပ်ခြင်းအနေဖြင့် လွတ်မြောက်မှုကို ဟောကြားထားပါတယ်။ ဒါဟာ နောင်အခိုက်အတံ့မှာ ဖြစ်တာမဟုတ်ပါ - ဘ၀ဟာ ဒီအခိုက်အတံ့မှာပဲ ဖြစ်တဲ့ဆိုတဲ့အရာကို အကျွန်ုပ်တို့ သိမြင်တဲ့အခါ - အကျွန်ုပ်တို့ရဲ့ စွဲလမ်းခြင်းဥပါဒါန်များကို အလျော့ပေးကျေနပ်အောင် ပြုလုပ်နိုင်ပါတယ်။

အစဉ်ထာဝရ ရှိရင်းစွဲအတိုင်း တည်ရှိနေသော်ငြားလည်း နှင်းဆီပန်းတစ်ပွင့်ဟာ နှင်းဆီပန်းတစ်ပွင့် မဟုတ်တော့ပါ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်