Monday, February 21, 2011

လေထဲက ချစ်ခြင်းမေတ္တာ

ဤကမ္ဘာလောကဓာတ်မှာ ဖွင့်ဆိုရှင်းမပြနိုင်တဲ့ တစ်စုံတစ်ခုရှိတယ်ဆိုလျင် အဲဒါကတော့ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။ သင်ဟာ ချစ်ခြင်းမေတ္တာကို ပုံဖော်နိုင် သရုပ်ဖော်နိုင်တယ်ဆိုလျင် ဒီနောက် ဒါဟာ အမှန်တရားမှ အလွန်ဝေးကွာလွန်းလှပါတယ်။ သင်ဟာ ပန်းများကို ပေးပါတယ်။ သင်ဟာ ပွေ့ ဖက်ပါတယ်။ သင်ဟာ ၀ပ်စင်းပါတယ်။ သင်ဟာ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် အချို့အရာများကိုတော့ သိမြင်ခွင့်မပေးဘဲ ဆက်လက်ချန်ရစ်ထားဆဲ ဖြစ်ပါတယ်။

တစ်ခါတုန်းက “အသင် အကျွန်ုပ်ကို ဘယ်လောက်လောက်ချစ်တယ်ဆိုတာ အကျွန်ုပ်ကို ပြောပြပါ” လို့ Rama က Hanuman ကို မေးမြန်းခဲ့ပါတယ်။ Hanuman က “My Lord! အကျွန်ုပ်ဟာ သင့်အတွက် အကျွန်ုပ်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ မစွမ်းနိုင်ပါ။ သင် တွေ့မြင်ချင်ပါသလား? အကျွန်ုပ်ဟာ အကျွန်ုပ်ရဲ့နှလုံးသားကို ဆုတ်ဖြဲဖွင့်ဟပြီး သင့်ကို ပြပါ့မယ်”။

သင့်ရဲ့ဘ၀တစ်လျောက်လုံးအတွက် သင့်ရဲ့ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်လောက်နက်နက်ရှိုင်းရှိုင်းရှိတယ် ဆိုတာ ဖော်ပြဖို့ သင်ကြိုးစားလျင်တောင် သင်ဟာ အဲဒါကို အပြည့်အ၀ ဖော်ပြနိုင်မှာမဟုတ်ပါ။ သင်ဟာ စိုးစဉ်း အနည်းငယ်ဖြစ်တဲ့ဖော်ပြချက်ကိုသာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရိပ်ခနဲမြင်ခြင်း, ဖျက်ခနဲ ကြည့်ခြင်းမျှသာ ဖြစ်နိုင်ပါတယ်။

ချစ်ခြင်းမေတ္တာက သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ Satvik, Rajsik, Tamsik တို့ ဖြစ်ပါတယ်။ Satvikဆိုတဲ့ချစ်ခြင်းမေတ္တာက အပြန်အားဖြင့် တစ်စုံတစ်ခုကို လိုလားမျော်လင့်မထားတဲ့အရာ ဖြစ်ပါတယ်။
Rajsikဆိုတဲ့ ချစ်ခြင်းမေတ္တာကတော့ စိတ်ဂနာမငြိမ်ရောဂါထခြင်းနှင့် တစ်စုံတစ်ခုကို ပြန်လည်ရရှိဖို့ တွဲထား ပေါင်းစပ်ထားတဲ့ ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။
Tamsikဆိုတဲ့ ချစ်ခြင်းမေတ္တာကတော့ အရာဝတ္ထုတွေကို ဖျက်ဆီးယုံမျှသာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအရာဝတ္ထုသုံးမျိုးမှ လွတ်ကင်းရှင်းလင်းတဲ့ချစ်ခြင်းမေတ္တာကတော့ ဘုရားသခင်တို့ရဲ့ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။

လောကီချစ်ခြင်းမေတ္တာဟာ ပင်လယ်သမုဒ္ဒရာတစ်စင်းလို ဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်တစ်စင်းမှာတောင် အောက်ဆုံးကြမ်းပြင်ဆိုတာ ရှိပါတယ်။ ဘုရားသခင်နှင့်ဆိုင်တဲ့ချစ်ခြင်းမေတ္တာကတော့ အကန့်အသတ်ကင်းတဲ့- အဆုံးမရှိအနန္တဖြစ်တဲ့ ကောင်းကင်လို ဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာရဲ့အောက်ခြေကြမ်းပြင်မှ ဧရာမကျယ်ပြော လှတဲ့ကောင်းကင်တိုင်အောင် ၀ဲပျံမြင့်တက်ပါတယ်။ သင် တစ်ဦးတစ်ယောက်ကို ချစ်ခြင်းမေတ္တာသက်ဝင်တဲ့အခါ သူတို့မှာ သင် ဘာကိုချစ်ခြင်းမေတ္တာ သက်ဝင်တာပါလဲ? သူတို့ရဲ့ အဆင့်အတန်းကိုလား ? ပင်ကိုယ် အရည်အချင်းကိုလား? ဒါမှမဟုတ် လူသားအဖြစ်ကိုလား?

မကြာခဏဆိုသလို ချစ်ခြင်းမေတ္တာဟာ လျော့လာနည်းလာတတ်ပါတယ်။ အရေးမကြီးဟု ထင်မြင်လာပါတယ်။ ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့မိခင်ကို ချစ်မြတ်နိုးပါတယ်။ အဲဒီနောက် ကလေးငယ်ဟာ အရွယ်ရောက်လာတာနှင့်အမျှ ဆုံချက်အဖြစ် ယခု သူဟာ သူငယ်ချင်းများ- ဇနီး ဒါမှမဟုတ် ခင်ပွန်း- သားသမီး ကလေးများ အပေါ်မှာ ဖြစ်လာတဲ့အခါ သူ့မိခင်အတွက် ချစ်ခြင်းမေတ္တာဟာ လျော့နည်းမှေးမှိန်အားပျော့လာပါတယ်။ သို့သော်လည်း ဘုရားသခင်တို့နှင့် ဆိုင်တဲ့ချစ်ခြင်းမေတ္တာကတော့ အခိုက်အတံ့တိုင်းမှာ တိုးတက်ကြီးထွားနေပါတယ်။

ပညာရှိတစ်ယောက်, သူတော်စင်တစ်ဦးနှင့်အတူတကွ တည်ရှိနေခြင်းက သင့်ကို ဘယ်တော့မှ စိတ်ကုန်စရာ အခြေအနေ ဖြစ်စေနိုင်မှာ မဟုတ်ပါ။ သင် အချိန်ကို အသုံးပြုတဲ့နေ့တိုင်း နက်ရှိုင်းမှုဟာ ပိုလို့ အတွဲညီ လိုက်ဖက်လာတယ်လို့ ထင်ရပါတယ်။ သူတော်စဉ်တစ်ဦးနှင့်အတူတကွ သင်အချိန်ကို အသုံးပြုတဲ့ အခိုက်အတံ့တိုင်း သွေးသား ဆက်စပ်မှုက ပိုလို့ပိုလို့ နက်နဲနက်နဲလာတယ်လို့ သင်ထင်ရပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ ဒီအမျိုးအစားမှာတော့ ဘယ်တော့မှ ကျိုးပျက်ကွဲပေါက်သွားခြင်း မရှိပါ။ အဲဒါက ဘယ်တော့မှ သေးသိမ်အောင် ဆုတ်ယုတ်လျော့နည်းလာအောင် မလုပ်ပါ။ ဘုရားသခင်တို့နှင့်ဆိုင်တဲ့ချစ်ခြင်းမေတ္တာက အလွန်သန့်စင်ပါတယ်။ အလွန်နုးညံ့ သိမ်မွေ့ပါတယ်။ အဲဒါကို ဖော်ပြဖို့ရာ မစွမ်းနိုင်ပါ။ အဲဒါကို တွေ့ကြုံခံစားနိုင်သည်သာ ဖြစ်ပါတယ်။

ညဏ်မမီတဲ့အရာကို နားမလည်နိုင်ပါ။ အဲဒါတွေကို ဖွင့်ဆိုရှင်းပြဖို့ မစွမ်းနိုင်ပါ။ ဒါပေမယ့် နေထိုင်နိုင်ပါတယ်။ “Sukshmataram Anubhavarupam”, ဒါဟာ ထူးထူးခြားခြားအတွေ့အကြုံဆိုင်ရာ အမျိုးအစား ဖြစ်ပါတယ်။ သင်ဟာ အဲဒါနှင့် နေထိုင်နိုင်ပါတယ်။ သင်ဟာ အဲဒါကို ရှိနိုင်ပါတယ်။ သင်ဟာ ကျေးဇူးတင်ရှိခြင်းမျက်ရည်ဖြင့် ယိုစီးနိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ အဲဒါကို ဖော်ပြသိမြင်စေဖို့ မစွမ်းနိုင်ပါ။ တစ်ဦးတစ်ယောက်နှင့် သင်ဟာ အဲဒါကို အပြည့်အ၀ ခွဲဝေမပေးနိုင်ပါ။

ဒီချစ်ခြင်းမေတ္တာဟာ တကယ့် အကြွင်းမဲ့ ချွင်းချက်မရှိ ဖြစ်ပါတယ်။ ဒါဟာ အခြားသူများရဲ့အပြုအမူပေါ်မှာ မူမတည်ပါ။ ဒါဟာ အခြားသူများရဲ့ပင်ကိုယ်အရည်အချင်းအပေါ်မှာ မူမတည်ပါ။ သူတို့ဟာ သင့်ကို ပြုလုပ်တဲ့အရာ, သူတို့ဟာ သင့်ကို ပြုလုပ်ခြင်းမရှိတဲ့အရာအပေါ်မှာ မူမတည်ပါ။ သင်ဟာ ချစ်ခြင်းမေတ္တာ ထားယုံမှတစ်ပါး မဖြစ်နိုင်တော့တဲ့အတွက်ကြောင့် သင်ဟာ ချစ်ခြင်းမေတ္တာသက်ဝင်နေမှာပဲ ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့တကယ့်သဘာဝဖြစ်တဲ့အတိုင်း သင့်မှာ အခြားရွေးချယ်စရာမရှိပါ။

နေမင်းလို တောက်ပအလင်းရောင်ပေးခြင်းမျှထက် အခြားရွေးချယ်စရာ မရှိပါ။ နေဟာ တိမ်များကိုကျော်လွန်ပြီး အမြဲ တောက်ပနေပါတယ်။ တောက်ပခြင်းမှ ရပ်တံ့သွားအောင် တစ်စုံတစ်ခုကမျှ မစွမ်းဆောင်နိုင်ပါ။ နေကြတ်ခြင်း လကြတ်ခြင်းဖြစ်တဲ့ အခါမှာတောင် အဲဒီအရိပ်ဟာ နေမှ အလွန်ဝေးကွာသွားပါတယ်။ နေကို ထိတွေ့ခြင်း မရှိပါ။

အလားတူ သင့်ရဲ့ဘ၀မှာ ချစ်ခြင်းမေတ္တာတွင် နှောင့်ယှက်မှုလို့ ထင်ရတဲ့အရာအားလုံးဟာ- သန့်ရှင်းစင်ကြယ်တဲ့ , အကြွင်းမဲ့ ချွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာဖြစ်တဲ့ သင့်ရဲ့သဘာဝကို အဝေးသို့ ယူဆောင်သွားခြင်း မရှိပါ။

သဘောရိုးစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို လက်ခံရရှိဖို့စွမ်းရည်ဟာ ချစ်ခြင်းမေတ္တာကို ပေးအပ်ဖို့စွမ်းရည်နှင့်အတူ လားရောက်လိုက်ပါလာပါတယ်။ ဒါ့ကြောင့် တစ်ဦးတစ်ယောက်က ချစ်ခြင်းမေတ္တာအများအပြားကို ဖော်ပြ သိမြင်စေတဲ့အခါမှာ မကြာခဏပါပဲ သင်ဟာ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို မသိပါ။

သင်ချစ်ခြင်းမေတ္တာသက်ဝင်တယ်ဆိုတဲ့ ခံစားတွေ့ကြုံမှုက သင့်ကို ဗဟိုပြုလေလေ ပြီးတော့ သင်က သိနားလည်လေလေ - သင်ဟာ မည့်သည့်အပြုအမူမျိုးကဖြစ်စေ ဖော်ပြတဲ့ ချစ်ခြင်းမေတ္တာရဲ့ ဘယ်အတိုင်းအတာ ပမာဏမျိုးကိုမဆို နှလုံးသားတည်းဟူသောနေအိမ်မှာ ထိတွေ့ခံစားမိလေလေ ဖြစ်ပါတယ်။ နက်နက်ရှိုင်းရှိုင်း အတွင်းသို့ ၀င်ကြည့်လျင်--- ချစ်ခြင်းမေတ္တာဟာ ခံစားမှုနှင့်ဆိုင်တဲ့ စိတ်ထိခိုက်လှုပ်ရှားမှုတစ်ခု မဟုတ်ဆိုတာ သင်သိလာပါတယ်။ ဒါဟာ သင့်ရဲ့ တကယ့်ဘ၀ဖြစ်တည်ခြင်းပဲ ဖြစ်ပါတယ်။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်