Friday, October 8, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၆)



(၄) ပဋိပက္ခသည် ပထမသင်္ဂါယနာတင်ခြင်းဆီသို့ ဦးတည်သည်။

ပဋိပက္ခဟာ မြတ်ဗုဒ္ဓကျမ်းစာများအတွက် ပထမသင်္ဂါယနာတင်ခြင်းဆီသို့ ဦးတည်ပါတယ်။ ပြီးနောက် သင်္ဂါယနာတင်ခြင်းဆီသို့ လွှမ်းမိုးမှုတစ်ခု ရှိပါတယ်။ သည်ပြဿနာကို ထည့်သွင်းစဉ်းစားရာတွင် အောက်ပါ မေးခွန်းများကို ဖြေကြားရန် အရေ့းကြီးပါတယ်။

(က) မြတ်ဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သုံးလအကြာ မြတ်ဗုဒ္ဓ၏ဒေသနာတော်များ ပြဌာန်းရန်အလို့ငှါ ရဟန်းတော်များ ဘာ့ကြောင့် အစည်းအဝေးရှိခဲ့ပါသလဲ။

(ခ) “သင် မငိုသင့်ဘူး၊ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံခြင်းဟာ ကောင်းတယ်။ အကြောင်းက တစ်စုံတစ်ခုသော အရာဝတ္ထုဟာ မှားယွင်းတယ်။ တစ်စုံတစ်ခုသောအရာဝတ္ထုဟာ မှန်ကန်တယ်။ တစ်စုံတစ်ခုသော အရာဝတ္ထုကို ပြုလုပ်သင့်တယ်။ တစ်စုံတစ်ခုသောအရာဝတ္ထုကို မပြုလုပ်သင့်ဘူး” ဟု မြတ်ဗုဒ္ဓကို ဝေဖန်လျက် အရှင်သုဘဒ္ဒက ရဟန်းများသို့ ပြောဆိုခဲ့ပါတယ်။ အရှင်သုဘဒ္ဒရဲ့ဒီစကားကို အရှင်မဟာကဿပထေရ်က ကြားခဲ့ရပါတယ်။

ဒီအခါ “ မမှန်ကန်သော အရာဝတ္ထုများ ပျံ့နှံ့မှုမှ တားမြစ်ရန်၊ မှန်ကန်သောအရာဝတ္ထုများ ဆုတ်ယုတ်သွားခြင်းမှ တားမြစ်ရန် ၀ိနည်းကို ပြင်ဆင်တည်းဖြတ်သင့်တယ်” လို့ သူ့ကို စိုးရိမ်ပူပန်များ ဖြစ်စေခဲ့ပါတယ်။ အရှင်မဟာကဿပထေရ် ပြောသည်မှာ “ အ၀ိနယက ပျံ့နှံလိမ့်မယ်။ ၀ိနယက ပျောက်ကွယ်လိမ့်မယ်။ အဓမ္မ၀ါဒီက အာဏာပါဝါကို ရရှိလိမ့်မယ်။ ဓမ္မ၀ါဒီက သြဇာပါဝါ ဆုံးရှုံးလိမ့်မယ်။ အ၀ိနယက တိုးပွါးလာလိမ့်မယ်။ ၀ိနယက ဆုတ်ယုတ်သွားလိမ့်မယ်” ဆိုတာ ဖြစ်ပါတယ်။

အကြောင်းအကျိုးအရ အရှင်မဟာကဿပထေရ်ဟာ အရှင်သုဘဒ္ဒရဲ့စကားလုံးများကို တဖန် မှီငြမ်းကိုးကားခဲ့ပါတယ်။ သံဃာဟာ ရာဇဂြိုလ်မြို့အနီး၊ ဝေဘာရတောင်၊ သတ္တပဏိလိုဏ်ဂူမှာ မြတ်ဗုဒ္ဓ၏ဒေသနာတော်များကို တည်းဖြတ်သုတ်သင်ရန် စတင်ခဲ့ပါတယ်။ ဒါဟာ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးနောက် သုံးလအကြာ ပထမဆုံးသင်္ဂါယနာကို ပြုလုပ်ခြင်းအကြောင်းအတွက် တကယ့်ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက် ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီကိစ္စမှာ ပထမဆုံးသင်္ဂါယနာအတွက် ပဋိပက္ခဟာ မရှိမဖြစ် လိုအပ်ခဲ့ပြီး အရေးပါတယ်ဆိုတာကို ထောက်ခံရန် ဖြစ်နိုင်ချေ ရှိပါတယ်။ သံဃာ့အုပ်စုတွင် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခရဲ့အကြောင်းကို စုံစမ်းစစ်ဆေး မကြည့်လျင် အရှင်မဟာကဿပထေရ်အတွက် ပထမဆုံးသင်္ဂါယနာကို စတင်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါ။






(၅) ပဋိပက္ခသည် စီးပွါးရေးတိုးတက်မှုဆီသို့ ဦးတည်သည်။

ကူဋဒန္တသုတ်အလိုအရ ဘုရင်မဟာဝိဇိတဟာ ဥစ္စာရတနာများစွာ ပိုင်ဆိုင်ပြီး သူအသက်ရှိနေသမျှကာလပတ်လုံး အဲဒီအရာတွေကို ထိန်းသိမ်းထားချင်တယ်။ ဒါ့ကြောင့် သူ့အလိုအရ သူ့ကို အရာရာကို ပေးနိုင်သူများအဖြစ် ယုံကြည်ထားတဲ့တမန်များ ကျေနပ်စေဖို့ သူဟာ ယဇ်ပူဇော်မှုကို ပြုလုပ်ချင်ပါတယ်။

ဒီကိစ္စမှာ ဗြဟ္မဏဖြစ်တဲ့ ဘုရင်ရဲ့ပုဏားက ဒီလို အကြံပြုထားပါတယ်။ “သူတို့ရဲ့လိုအပ်ချက်များကို နားမလည်ခဲ့လျင်တောင် ဘုရင်ရဲ့နှလုံးသားဟာ သူ့တိုင်းသူပြည်သားများပဲ ဖြစ်ပါတယ်။” ဒါ့ကြောင့် သူတို့အထဲမှ အချို့က သူ့ကို သဘောမတူကြောင်းဆန့်ကျင်ကန့်ကွက်လိမ့်မယ်။ သူ့ပိုင်ဆိုင်မှုများကို ဖျက်ဆီးလိမ့်မယ်-ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်ရဲ့အကြံပေးပုဂ္ဂိုလ်က “ငါတို့တိုင်းပြည်မှာ ငါတို့ကို နှိပ်စက်ငြှင်းပန်းတဲ့ ရန်သူများနဲ့ တို့အိမ် တို့ရွာ တို့မြို့မှာ ခိုးသူများ ရှိပါတယ်။ သင်ဟာ ဘုရင်တစ်ဦးအနေနဲ့ တလေးတစားပြုမူ ဆောင်ရွက်လျင် ဤအရာဟာ မှန်ကန်တဲ့အရာကို ပြုလုပ်တာမည်ပါတယ်” ဆိုတာကို ပြောပါတယ်။ ဒီအပြင် ဘုရင်ရဲ့အကြံပေးက ဘ၀င်ကျလောက်အောင် ဆွေးနွေးခဲ့ပါတယ်။ “သတ်ခြင်း၊ အကျဉ်းချခြင်း၊ ဒဏ်တပ်ခြင်း၊ အပြစ်ပေးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းဖြင့် ခိုးသူကဲ့သို့သော ရန်သူများကို နှိမ်နှင်းခြင်းဟာ ခိုးသူများကို အမှန်တကယ် အမြစ်ပြတ် ပယ်သတ်ခြင်းမဟုတ်။ အကြောင်းက အဖမ်းမခံရတဲ့ ကြွင်းကျန်တဲ့ ခိုးသူများဟာ ဆက်လက် ပြုမူပါလိမ့်မယ်။”

အခြားနည်းလမ်းဖြင့် ဘုရင်ရဲ့အကြံပေးက စီမံခန့်ခွဲရေးဆိုင်ရာနည်းပညာနှင့် စီးပွါးဆိုင်ရာ တိုးတက်မှုများရဲ့ ဖြစ်စဉ်များကို အကြံပြုပါတယ်။

(က) ကြိုးစားအားထုတ်သူများအတွက် စိုက်ပျိုးမွေးမြူရန် မျိုးရိက္ခာများ၊ ကျွဲနွားများကို ကိုယ်ကိုယ်တိုင် ရပ်တည်နိုင်သည့်အထိ သူတို့ကို ထောက်ပံ့ပေးခြင်း၊ ဤသို့ဖြင့် ဆင်းရဲသည့် လူတန်းစားအတွက် နိုင်ငံတော်က စီးပွါးရေးကို တည်ဆောက်သင့်ကြောင်း။

(ခ) လယ်သမားများထံမှ ထုတ်ကုန်များ၊ ကုန်ပစ္စည်းများကို ၀ယ်ယူခွင့်ပြုရန် ရုပ်ပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်းဖြင့် အလယ်တန်းလွှား အထက်တန်းလွှားများအတွက် နိုင်ငံတော်က စီးပွါးရေးကို တည်ဆောက်သင့်ကြောင်း။ ဒါဟာ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို အလှည့်ကျ ပြုလုပ်ပေးခြင်းအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဟု ဆိုထားပါတယ်။

(ဂ) လူအများကို လုပ်ကျွေးရန်၊ တိုင်းပြည်ကို ဆက်လက်တိုးတက်ရန် စားသောက်စရာများကို ကမ်းလှမ်းခြင်း၊ လုပ်ခကြေးငွေများကို တိုးမြှင့်ပေးခြင်းဖြင့် တိုင်းပြည်အုပ်ချုပ်တဲ့သူဟာ မင်းမှုထမ်းများကို ဆွဲဆောင်သင့်ကြောင်း။

ဒီပြဿနာကို ထည့်သွင်းစဉ်းစားရာတွင် တိုင်းပြည်တိုးတက်ရန် မူဝါဒနှစ်ခုနှင့် ရှေ့ဆက်လက်ခြင်းရဲ့ အရေးပါမှုကို တွေ့မြင်နိုင်ပါတယ်။ ဘုရင်ရဲ့အကြံပေးက ဤသို့ သုံးသပ်ထားပါတယ်။ “ နိုင်ငံသားများ ကြိုးစားအားထုတ်ပြီး သူတို့ရဲ့အလုပ်အပေါ်မှာ စိတ်ကိုနှစ်မြှုပ်ထားတဲ့ ဘယ်အချိန်မဆို ကန့်သတ်ဘောင်ခတ်မထားပါနဲ့။ အခြားသူများရဲ့ အခွင့်အရေးများကို စီးပိုးပြီးအခွင့်အရေးမယူပါနဲ့။ ဒါဆိုယင် သူတို့ရဲ့တိုင်းပြည်အတွင်းရှိ လူအများဟာ အနှောင့်အယှက်ကင်းစွာ နေထိုင်နိုင်စွမ်း ရှိကြလိမ့်မယ်။ လူအများဟာ ပျော်ရွှင်ချမ်းမြေ့ကြလိမ့်မယ်။ မိသားစုများဟာ ကျေနပ်အားရမှုများ ရရှိကြလိမ့်မယ်” ။





(၈) နိဂုံး

အကျဉ်းချုပ်လျင် ဗုဒ္ဓ၀ါဒီများအမြင်မှ ပဋိပက္ခဟာ ဤကမ္ဘာတွင် သဘာဝဖြစ်စဉ်နှင့် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ အကြောင်းကတော့ လူသားသတ္တ၀ါရဲ့ ဆင်းရဲဒုက္ခနှင့် လူ့အဖွဲ့အစည်းများရဲ့ ဆင်းရဲဒုက္ခများဟာ တစ်လမ်းတည်း ဖြစ်နေလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာမှာ ပဋိပက္ခမရှိတဲ့ တစ်ခုတည်းဖြစ်တဲ့ သီးသန့်ဖြစ်တဲ့ အရာရှိပါတယ်။ အဲဒါကတော့ နောက်ဆုံးပန်းတိုင် နိဗ္ဗာန်ပါပဲ။

နောက်ထပ် အထက်ပါဆွေးနွေးချက်မှ ဓမ္မဒိဌာန်ကျကျပြောဆိုရလျင် ပဋိပက္ခဟာ လူသားသတ္တ၀ါရဲ့ အတွင်းပိုင်းဆိုင်ရာ တန်ဖို့းရဲ့တိုးတက်မှုဆီသို့ ဦးတည်ပါတယ်။ အဲဒီနောက် ပုဂ္ဂလိကဆန်ဆန်ပြောရလျှင် ပဋိပက္ခဟာ ၀ိနည်းကို တည်ထောင်ခြင်း၊ ပထမသင်္ဂါယနာတင်ခြင်းဆီသို့ ဦးတည်ပြီး စီးပွါးရေးတိုးတက်မှုဆီသို့လည်း ဦးတည်ပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာမှာ ပဋိပက္ခဟာ အကောင်း , အဆိုး အရာဝတ္ထု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပဋိပက္ခကို အကျွန်ုပ်တို့ ဘယ်လိုရှု့မြင်ကြည့်မှာလဲ? အကျွနုပ်တို့ဟာ ခြားနားထားတဲ့ မူမတူသော်လည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်သည်ဟု ခံယူထားတဲ့ လူ့အဖွဲ့အစည်းအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်