အလုပ်လုပ်ကိုင်ပြီး စိတ်ဖြင့် ရလဒ်ကို ပစ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် အောင်မြင်ခဲ့ပါတယ်။ ပညာရှိက အများအကျိုးအတွက် အလုပ် လုပ်ပါတယ်။ ပညာမဲ့သူကတော့ သူ့တို့ရဲ့အကျိုးတရားအတွက် (ဒါမှမဟုတ်) သူတို့ရဲ့ အနီးအနားနဲ့ ချစ်ခင်သူများအတွက်သာ အလုပ်လုပ်ပါတယ်။
လယ်သမားတစ်ယောက်က သူ့ရဲ့စိုက်ကွင်းထဲမှာ သူ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတဲ့ အခွင့်အာဏာရှိပါတယ်။ ဒါပေမယ့် သီးနှံရိတ်သိမ်း ချိန်မှာတော့ အခွင့်အာဏာမရှိပါ။ Krishna- က Arjuna- ကို “Yoga- ဟာ ပထမဆုံး ကြိုးစားမှုဖြင့် ကျွမ်းကျွမ်းကျင်ကျင် အလုပ် လုပ်နေတယ်”- လို့ ပြောပါတယ်။
အလုပ်က ပြင်ပမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်တဲ့ အကျွန်ုပ်တို့ရဲ့ သဘောထားက အတွင်းမှာ ဖြစ်ပါတယ်။ အခြား သဘောထားအမျိုးအစားတစ်ခုက အဲဒါကို သာယာနှစ်လိုဖွယ်ရာ ဖြစ်အောင် ပြုလုပ်ခိုက်- အချို့သော သဘောထားက အလုပ်ဟာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်တယ်ဆိုတဲ့ ခံစားမှုဖြစ်အောင် အကျွန်ုပ်တို့ကို ပြုလုပ်ပါတယ်။ မှန်ကန်တဲ့သဘောထားကို စိုက်ပျိုးခြင်းဖြင့်- အကျွန်ုပ်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ဖြစ်လာပါတယ်။ ဒါဟာ တရားအားထုတ်ခြင်း တစ်မျိုး ဖြစ်ပါတယ်။
တစ်ခါတုန်းက ရွာတစ်ရွာမှာ လူအချို့ဟာ ဘုရားကျောင်းဆောင်တစ်ခုကို တည်ဆောက်ရာမှာ ပါဝင်ကြပါတယ်။ အဲဒီမှာ ဖြတ်သွားတဲ့ ပညာရှိတစ်ယောက်က “သင် ဘာလုပ်နေတာလဲ”- လို့ ကျောက်တုံးခွဲဖြတ်နေတဲ့သူတစ်ယောက်ကို မေးမြန်းပါတယ်။
အလုပ်သမားက ခံပြင်းခြင်းဖြင့် ပြန်ပြောပါတယ်။ “သင်ဟာ ကျောက်တုံးခွဲဖြတ်နေတာကို မမြင်ဘူးလား?။ ကျွန်ုပ် လက်များကို ကြည့်ပါ။ အလုပ်ဟာ ဒုက္ခဘုံ ဖြစ်တယ်။ ပြီးတော့ ဆိုးဝါးတဲ့အကြောင်းတရားများကို ပြုလုပ်ဖို့- သင်ဟာ ကျွန်ုပ် လုပ်နေတဲ့အရာကို အကျွန်ုပ်ကို မေးခဲ့တယ်”။
ပညာရှိက မေးမြန်းပါတယ်။ “သင် ကျောက်တုံး ခွဲဖြတ်နေတာကို ငါမြင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဖြစ်လာတော့မယ့်အရာကို အကျွန်ုပ်ကို သိခွင့်ပြုပါ”။ ကျောက်တုံးဖြတ်သမားက ပြန်ပြောပါတယ်။ သူမှာ ပြောစရာမရှိဘူးဆိုတာ။ သူ့ကို စိတ်မ၀င်စားစေခဲ့ဘူး ဆိုတာပါ။
ပညာရှိက နောက်ထပ် အခြားသူတစ်ယောက်ဆီသွားပြီး -“သင် ဘာလုပ်နေတာလဲ?”- လို့ တူညီတဲ့မေးခွန်းကို မေးမြန်းပါတယ်။ သူက ပြန်ပြောပါတယ်။ “ဒီနေရာမှာ ငါဟာ ကျောက်တုံးကို ခွဲဖြတ်နေတယ်။ ဒါက ငါ့အလုပ်ဖြစ်တယ်။ ၈-နာရီကြာ အလုပ်အတွက် ကျွန်ုပ်ဟာ Rs- ၁၀၀ ရပါတယ်။ ကျွန်ုပ်မှာ ဂရုစိုက်စောင့်ရှောက်ဖို့ ဇနီးနဲ့သားသမီးကလေးတွေ ရှိတယ်။ ကျွန်ုပ်ဟာ ကျွန်ုပ်တာဝန်ကို လုပ်နေတာပါ”။
ပညာရှိက သူကို မေးပါတယ်။ “သင်ဟာ ဒီနေရာမှာ ဖြစ်လာမယ့်အရာကို သိပါသလား?” သူက ပြောပါတယ်။ “သိပါတယ်။ သူတို့ဟာ ဘုရားကျောင်းတစ်ခုကို ပြုလုပ်နေတယ်- လို့ သူတိုက ပြောပါတယ်။ ကျွန်ုပ်ဟာ လုပ်ခရနေသမျှ ကာလပတ်လုံး- ဘုရားကျောင်းတစ်ခု ဖြစ်စေ- အကျဉ်းထောင်တစ်ခုဖြစ်စေ- တည်ဆောက်နေတဲ့ ဘယ်အရာဖြစ်ဖြစ်- အဲဒါက အကျွန်ုပ်အတွက် အကြောင်းတရား ဘယ်လိုဖြစ်စေပါသလဲ?”
အဲဒီနောက် ပညာရှိဟာ ကျောက်တုံးခွဲဖြတ်နေတဲ့ တတိယမြောက်အလုပ်သမားဆီသွားပြီး တူညီတဲ့မေးခွန်းကို မေးခွန်း ထုတ်ပါတယ်။ သူက ပြန်ပြောပါတယ်။ “ကျွန်ုပ်တို့ ဘုရားကျောင်းတစ်ခု တည်ဆောက်နေပါတယ်”။ ဒီနေရာမှာ ဘုရားကျောင်းမရှိပါ။ နှစ်စဉ် ပွဲတော်အခါ အကျွန်ုပ်တို့ဟာ နောက်ရွာတစ်ရွာကို ခရီးကြမ်းနှင်ရပါ့မယ်။ သင် သိသလား- အကျွန်ုပ်ဟာ ကျောက်တုံးကို ထိုးနှက်တဲ့အခါတိုင်း- အံသြစရာကောင်းတဲ့ မြူးဇစ်ကို ကြားရပါတယ်။ ဘုရားကျောင်းလုပ်ငန်းဟာ ပျော်ပွဲရွှင်ပွဲကျင်းပတဲ့စိတ်ထားနဲ့- မစည်းကားတဲ့ ခြောက်ကပ်ကပ်ရွာကို ရင်းနှီးမြုပ်ထားပြီးပါပြီ။
ပညာရှိက မေးမြန်းပါတယ်။ “ဘယ်လောက်လောက်ကြာ ဒီပရောဂျက်မှာ အလုပ်လုပ်ရမှာလဲ?”။ သူကပြောပါတယ်။ မနက်ပိုင်း သူဟာ နိုးထသည်နှင့်တပြိုင်နက်- အချိန်ဇယားက သူရဲ့ပူပန်ရခြင်းအကြောင်း မဟုတ်ပါ။ သူဟာ အလုပ်အတွက် အဆင်သင့်ဖြစ်ပြီး ကျောက်တုံး ခွဲဖြတ်ခြင်းကို စတင်ခဲ့ပါတယ်။
သူက- သူဟာထမင်းစားချိန် ခေတ္တအနားယူလျက် ဒီနေရာမှာ တစ်နေု့လုံး အသုံးပြုခဲ့တယ်- ဆိုတာကို ပညာရှိကို ပြောပါတယ်။ “ ညမှာ အိမ်သွားပြီးအိပ်တဲ့အခါ- ကျွန်ုပ်အိမ်မက်ထဲမှာ ဒီတည်ဆောက်မှုနှင့်ပတ်သက်လို့ ကျွန်ုပ် စိတ်ကူးပါတယ်။ ပြီးတော့ ကျွန်ုပ် လုပ်ရတဲ့အလုပ်မှာ ပျော်ရွှင်တယ်- ကျွန်ုပ်ဟာ တကယ် ကံထူးတယ်- ဆိုတာကို ကျေးဇူးတင်စွာ ခံစားရတယ်လို့ သူက ပြောပါတယ်။
တူညီတဲ့အလုပ်ကို ပြုလုပ်နေတဲ့လူသုံးယောက်ဟာ ခြားနားတဲ့ သဘောထားများ ရှိပါတယ်။ ပထမသူက အဲဒါဟာ ငရဲ- ဒုက္ခဘုံလို့ တွေးပါတယ်။ ဒုတိယလူက သူ့ရဲ့တာဝန်ကဲ့သို့ သူ့ရဲ့အလုပ်ကို ထင်ပါတယ်။ သို့သော်လည်း တတိယ အလုပ်သမားက- သူလုပ်နိုင်စွမ်းသောအရာဟာ မင်္ဂလာတစ်ပါးဖြစ်တယ်- ဆိုတာ တွေးပါတယ်။
အလုပ်ကိုယ်၌ကိုယ်က ပင်ကိုယ်အားဖြင့် အရည်အသွေးများရှိခဲ့လျင်- အကောင်း (ဒါမှမဟုတ်) အဆိုးရှိခဲ့လျင်- အဲဒီနောက် ဒီလူ သုံးယောက်ဟာ တူညီတာကို ခံစားရပြီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစစ်အမှန်အားဖြင့်- အလုပ်သက်သက်က အကောင်း (ဒါမှမဟုတ်)အဆိုး မဟုတ်ပါ။ အဲဒါက အကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ပေးတဲ့ အလုပ်မဟုတ်ပါ။ ဒါပေမယ့် အတော်သိမ်မွေ့ တဲ့ တစ်စုံတစ်ခုပါ (ဒါက အလုပ်ဆီသို့ အကျွန်ုပ်တို့မှာရှိတဲ့ စိတ်သဘောထားပါ)။