Thursday, October 20, 2011

သင့်ရဲ့အိမ်နီးနားချင်းကို ချစ်ဖို့အကြောင်း


အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်ကို ချစ်သလို- ကျွန်ုပ်တို့ရဲ့အိမ်နီးနားချင်းကို ဘာ့ကြောင့် အကျွန်ုပ်တို့က ချစ်သင့်ပါ သလဲ? အကြောင်းက ပြုလုပ်ဖို့ သင့်တင့်လျောက်ပတ်တဲ့အရာများ ဖြစ်နေလို့ပါ။
သင့်ရဲ့အိမ်နီးနားချင်းကို ချစ်ခြင်းဟာ- ဘေးချင်းကပ်အဲဒီသူများနဲ့ပတ်သက်လို့- သင်ရှိတဲ့ရွေးချယ်မှု သုံးခုထဲက- ပထမဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ပထမဆုံးရွေးချယ်မှုက ချစ်ခြင်းမေတ္တာ၊ ဒုတိယရွေးချယ်မှုက အမုန်းတရား၊ ပြီးတော့ တတိယရွေးချယ်မှုက ဥပေက္ခာပြုခြင်း ဒီသုံးခုပါ။
တတိယရွေးချယ်မှုကို စတင်ခြင်းဖြင့် ရွေးချယ်မှု အသီးသီးကို စတင်ကြပါစို့။ သင်ရဲ့အိမ်နီးနားချင်းကို သင်ဟာ မချစ်ချင်ဘူး ထင်ပါတယ်။ အကြောင်းက ဆိုးဝါးလို့ပါ။ ဒါပေမယ့် သူ့ကို သင်ဟာ မမုန်းချင်းသေးပါဘူး။ အကြောင်းက သင်ဟာ ကောင်းမွန်တဲ့သူတစ်ယောက်၊ ပြီးတော့ သင်ဟာ ဆန့်ကျင်ဘက်စိတ်ခံစားချက်များကို ရှောင်ရှားပါတယ်။ ဒါ့ကြောင့် သင်ဟာ သင့်ရဲ့အိမ်နီးနားချင်းကို ဥပေက္ခာပြုပါတယ်။
ဒါပေမယ့် ဥပေက္ခာပြုခြင်း- စိတ်မပါခြင်းက အေးစက်စက်နိုင်တဲ့ ဖော်ရွေမှုကင်းတဲ့ခံစားချက်တစ်ခုပါ။ စိတ်မပါခြင်းဟာ အမုန်းတရားက ငြင်းပယ်ဆန့်ကျင်သလောက် ဆန့်ကျင်ငြင်းပယ်ပါတယ်။ အမုန်းတရားနဲ့ စိတ်မပါမှုအကြား လိုင်းဟာ- တကယ်ပါးလွှာပါတယ်။ ခြေသလုံးအိမ်တိုင် အိမ်မဲ့ရာမဲ့ သင့်ရဲ့အိမ်နီးနားချင်းကို သင် တွေ့ဆုံလျင်- သင်က သူ့ကို မသိကျိုးကျွန်ပြုလျင်- ဒါဟာ ပြုလုပ်ဖို့- ကောင်းတဲ့လက်ခံနိုင်တဲ့အရာတစ်ခုတော့ မဖြစ်နိုင်ပါ။
သင့်ရဲ့ အိမ်နီးနားချင်းကို ချစ်ဖို့- ပထမဆုံးနဲ့အကောင်းဆုံးဖြစ်တဲ့ ရွေးချယ်မှုနှင့်အတူ- သင့်ကို ချန်ထားရစ်ခဲ့တဲ့- ဒုတိယ ရွေးချယ်မှုတစ်ခု အမုန်းတရားကတော့- သင့်ရဲ့ အိမ်နီးနားချင်းကို ထိခိုက်ယင်ထိခိုက်သလောက်- သင့်ကို ထိခိုက်နစ်နာစေပါလိမ့်မယ်။ တကယ်တော့- စိတ်ဆိုးစရာအိမ်နီးနားချင်းတစ်ယောက်ကို ချစ်ခြင်းဟာ- ခက်ခဲပုံပေါက်သလောက် အဲဒါက မခက်ခဲပါ။ ဒါက လူကို လေးစားခြင်း၊ ပြီးတော့ သင်ဟာ သင့်ရဲ့ပိုင်ဆိုင်မှုကို အလိုဆန္ဒရှိလျင်ရှိသလောက်- သူ့ရဲ့လိုအပ်ချက် အလိုဆန္ဒနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားခြင်း- လို ရိုရိုးလေး ဆိုလိုပါတယ်။
သင်ဟာ သင်ရဲ့အိမ်နီးနားချင်းကို ပထမဆုံး မချစ်မချင်း- သင်ဟာ သင့်ကိုယ်ကိုယ် ချစ်နိုင်စွမ်းရှိလိမ့်မယ် မဟုတ်ပါ။ သင်ဟာ အဲဒါကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ- အကျွန်ုပ်တို့ဘ၀ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုကတော့- အကျွန်ုပ်တို့အိမ်နီးနားချင်းများရဲ့ဘ၀ရဲ့ အစိတ်အပိုင်းအပေါ်မှာ အမြဲတမ်း အာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။
သင်ဟာ သင်ကိုယ်တိုင် အချို့မေးခွန်းများကို မေးခွန်းထုတ်ပြီး မေးမြန်းစုံးစမ်းကြည့်ပါ။ ပြီးလျင်- သင့်ရဲ့အိမ်နီးနားချင်းများဟာ သင့်ရဲ့ကိုယ်ပိုင်ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုအတွက် ဘယ်လောက်အရေးကြီးတယ်- ဆိုတာ အဖြေများမှ သင် တွေ့မြင်ရပါလိမ့်မယ်။
ပြီးတော့ သင်ဟာ သင့်ရဲ့အနီးနားဆုံး အိမ်နီးနားချင်းကို ချစ်ရာမှာ တကယ်ပဲ ရပ်တံ့ မရနိုင်တော့ပါ။ သင်ဟာ သင့်ရဲ့အိမ်နီးနားချင်းရဲ့ အိမ်နီးနားချင်းကိုလည်း ချစ်ဖို့ လားရောက်ပြီးဖြစ်ပါတော့တယ်။ ပြီးတော့သင့်ရဲ့အိမ်နီးနားချင်းရဲ့ အိမ်နီးနားချင်းရဲ့ အိမ်နီးနားချင်း- အဲဒီနောက် ချစ်ခြင်းမေတ္တာရဲ့ အ၀န်းအ၀ိုင်းဟာ- အုပ်စု- နိုင်ငံ- လူမျိုး- တိုက်- စကြ၀ဠာ တစ်ခုလုံး လွှမ်းခြုံပြီး အဲဒီကိုကျော်လွန်လျှက်- ဒီခြားနားမှုများကို လက်အောက် ထည့်သွင်းဖွဲ့စည်းလျှက် ကျယ်ပြန့်နှံ့စပ် သွားပါတော့တယ်။
သင်ရဲ့နှလုံးသားဟာ အလွန်ပဲ အရေးပါကြီးကျယ်ပြီး ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝနေပါတယ်။ အကြောင်းက ချစ်ဖို့ နှလုံးသားရဲ့ စွမ်းရည်ဟာ အနှိုင်းမဲ့ဖြစ်ပါတယ်။ အဲဒါက ဘုရားသခင်ကဲ့သို့ ဖြစ်ပါတယ်။
ပြောင်းပြန်- မုန်းဖို့ သင့်ရဲ့နှလုံးသားရဲ့စွမ်းရည်ဟာ အကန့်အသတ်ခံထားရပါတယ်။ မုန်းဖို့ အနှိုင်းမဲ့ချစ်ခြင်းမေတ္တာရဲ့ ရွှေစည်းမျဉ်းကို ကျင့်သုံးခြင်းကို ကြိုးစားကြည့်ပါ။ ပြီးလျင် သင်ဟာ သင်ကိုယ်တိုင် အစိတ်စိတ်အမွှာမွှာ ကွဲသွားတာ- ခြေပစ်လက်ပစ် ဖြစ်သွားတာ- ယူကျုံးမရဖြစ်ရတာကို တွေ့ရပါလိမ့်မယ်။ ဒါက သင်ဟာ ချစ်ရမည်ကဲ့သို့- မုန်းဖို့ အကန့်အသတ်ကင်းတဲ့စွမ်းရည်, အတိုင်းအဆ မရှိတဲ့စွမ်းရည် မရှိ- ဆိုတာကြောင့် ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာက သင့်ကို ပျော်ရွှင်မှု- ပါဝါ- အောင်မြင်မှုကို ပေးပြီး- အမုန်းကတော့ ၀မ်းနည်းမှု- ပါဝါကင်းမှု- ရှုံးနိုမ့်မှုကို သယ်ဆောင်လာလို့ ဖြစ်ပါတယ်။
ဘာသာတရားအသီးသီးက- သူတို့ရဲ့ဒေသနာတော်များရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်- သင့်ရဲ့အိမ်နီးနား ချင်းများနဲ့ ပတ်သက်လို့ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်တင်ပြကြပါတယ်။ ဒါပေမယ့် သင်ဟာ- သင့်အိမ်နီးနားချင်းကို ချစ်ဖို့ ဘာသာရေးလူ ဖြစ်ရမည်မဟုတ်ပါ။ အကြောင်းက သင့်အိမ်နီးနားချင်းဆိုင်ရာချစ်ခြင်းမေတ္တာဟာ- ထိပ်တန်းလူသားရဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ဘယ်အယူဝါဒ ဘယ်ဘာသာနှင့်ဖြစ်ဖြင့် သေချာပေါက် ဖက်တွယ်တုပ်နှောင်ထားဖို့မဟုတ်ပါ။
“ သင့်ရဲ့နှလုံးသားအားလုံးနှင့်- သင့်ရဲ့ဝိညာဉ်အားလုံးနှင့်- သင့်ရဲ့စိတ်အားလုံးနှင့်- သင့်ရဲ့ Godကို ချစ်ပါ” ဒါက ပထမဆုံးနဲ့ အရေးကြီးဆုံး ဒေသနာတော် ဖြစ်ပါတယ်။ ပြီးတော့ ဒုတိယအရေးကြီးဆုံးဖြစ်တဲ့ဒေသနာတော်က- “သင်ကိုယ်တိုင်ကဲ့သို့ သင့်ရဲ့အိမ်နီးနားချင်းကို ချစ်ပါ”-ဆိုတာပါ။ အခြားဒေသနာတော်အားလုံး ဒီဒေသနာနှစ်ခုအပေါ်မှာ တည်ပါတယ်။ ဒါဟာ Christianity က “Love Thy Neighbour” ဆိုင်ရာ ရွှေစည်းမျဉ်းကို ဘယ်ပုံဘယ်နည်းဖော်ပြတယ်ဆိုတာ ဖြစ်ပါတယ်။
Hindus- က “တစ်ဦးတစ်ယောက်ဟာ မိမိကိုယ်တိုင်နာကျင်လိမ့်မယ်ဖြစ်တဲ့အရာကို- အခြားသူများကို ဘယ်သောအခါမှ မပြုလုပ်သင့်”- ဆိုတာကို ယုံကြည်ပါတယ်။ Islam- ပြောတာက- “သင်တို့ထဲက တစ်ယောက်ကမှ- သူဟာ သူကိုယ်တိုင်အတွက် ချစ်တဲ့အရာကို- သူဟာ သူ့ရဲ့ညီနောင်များအတွက် ချစ်သည့်အထိ- ယုံကြည်သူတစ်ဦး မဟုတ်ပါ” ဆိုတာ ဖြစ်ပါတယ်။ Sikh- ယုံကြည်မှုက သင့်ကို ဆက်ဆံစေချင်တဲ့အတိုင်း အခြားသူများကို ဆက်ဆံဖို့ သင့်ကို မျော်လင့်တောင်းဆိုပါတယ်။
အဲဒါရဲ့ကိုယ်ပိုင်အတ္တအတွက် မကောင်းတဲ့ဘယ်အရာဘဲဖြစ်ဖြစ်- အခြားသူများအထိ အဲဒါက မပြုလုပ်တဲ့အခါ- အဲဒီ သဘာဝက ကောင်းမွန်သည်သာလျင်ဖြစ်တယ်- ဆိုတာဟာ - Zoroastrian- ရဲ့ပညတ်ချက်တစ်ခု ဖြစ်ပါတယ်။ Buddhist- က “သင်ကိုယ်တိုင် မနာကျင်ချင်တဲ့အရာနဲ့ သူများကို မထိခိုက်ပါနဲ့” ဆိုတာ ပြောပါတယ်။ Confucius- ပြောတာကတော့- သင် သူတို့ကို သင့်ကို မပြုလုပ်စေချင်တဲ့အရာကို- အခြားသူများကို မပြုလုပ်ပါနဲ့- ဆိုတာပါ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်