Monday, April 11, 2011

မိသားစု -; ရည်ညွှန်းကိုးကားဖို့ စံ

အကျွန်ုပ်တို့ဘ၀မှာ ဆက်နွှယ်မှုတွေ ပြည့်နှက်နေပါတယ်။ အဲဒါတွေမှတဆင့် အကျွန်ုပ်တို့ဟာ ဘ၀ရဲ့ဆန့်ကျင်ဘက်အရာများနှင့် အပြုသဘောဆောင်တဲ့အသွင်အပြင်များကို နားလည်သဘောပေါက်ပါတယ်။ ဒါ့ကြောင့် အကျွန်ုပ်တို့ဟာ သဘာဝဆက်နွှယ်မှုက ပေးစွမ်းနိုင်တဲ့ အခွင့်အရေးများအတွက် အခွင့်ကောင်းယူ အသုံးချခြင်းနှင့်ပတ်သက်လို့ ဒါမှမဟုတ် အကျွန်ုပ်တို့ရဲ့ရှင်သန်ရပ်တည်မှုဆိုင်ရာ ရှေးရှုးဦးတည်ရာများမှာ ပုံဖော်တဲ့ တိုးတက်ရင့်သန်လာတဲ့ ဆက်နွှယ်ရေးများနဲ့ပတ်သက်လို့ - သတိထားရပါ့မယ်။

ဥပမာ… သင့်မိသားစုဟာ သင်ရဲ့ ပထမဆုံးသော ရည်ညွှန်းကိုးကားစရာ စံ ဖြစ်ပါတယ်။ သင်ဟာ သူတို့နှင့် သင့်ရဲ့ နေ့များစွာ ညများစွာကို အသုံးပြု အချိန်ကုန်လွန်စေပါတယ်။ သင်ဟာ သူတို့နှင့် ချိုမြသော - ခါးသက်သော အတွေ့အကြုံများကို မျှဝေပါတယ်။ ဒီအဓိပ္ပါယ်မှာတော့ သင်ရဲ့မိသားစုဟာ သင့်ရဲ့လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်ရဲ့ များစွာအရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

သင်ဟာ သင်က သင့်ရဲ့မိသားစုထံမှ လက်ခံရယူတဲ့ သင်ခန်းစာအမျိုးအစားတိုင်းကို အခွင့်ကောင်းယူ အသုံးချ သင့်ပါတယ်။ သင်ဟာ သင့်ရဲ့မိသားစုမှာ အချို့အဖြစ်အပျက်များဟာ လိုချင်ဖွယ်ရာမဟုတ် - ဆိုတဲ့ အရာကို သင် တွေ့ မြင်လျင် သင်ဟာ စာနာနားလည်မှုကို ပြသရပါ့မယ်။ သင့်ရဲ့မိသားစုဟာ အကောင်းဆုံးတစ်ခု မဟုတ်လျင်တောင် မိသားစုဖြစ်နေဆဲဖြစ်တယ် - ဆိုတာကို တန်ဖိုးထားရပါ့မယ်။ အကြောင်းက သင်ဟာ ပြင်ပကမ္ဘာကို ၀င်ပြီး မကျေနပ်ဖွယ်အခြေအနေအမျိုးအစားအားလုံးကို နဖူးတွေ့ ဒူးတွေ့ ပက်ပင်းကြုံ ထိတွေ့တဲ့အခါ မိသားစုအပြင်ဘက် အလွန်ခက်ခဲတဲ့ ဘ၀ကို တွေ့ရှိပါတော့တယ်။

မကျေနပ်ဖွယ်ကောင်းတဲ့အတွေ့အကြုံများဟာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်ဆိုတာ လက်ခံပါ။ ပြီးတော့ အဲဒါတွေမှ ရှောင်ရှားလို့မရဘူးဆိုတာကို လက်ခံပါ။ သင့်ရဲ့မိသားစုဟာ သင့်ရဲ့မိသားစုမျှသာမဟုတ်ပါ။ သင့်အတွက် လေ့ကျင့်မှုသင်တန်ရဲ့ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်မှာတော့ သင့်ရဲ့မိသားစုဟာ သင့်ရဲ့အနာဂတ်အတွက် လုပ်ငန်းတစ်ရပ်ကို စတင်တက်လှမ်းရာ ဖြစ်ပါတယ်။ သင့်ရဲ့ကျောင်းဟာ သင့်အတွက် သမာရိုးကျဖြစ်တဲ့ တရားဝင်ဖြစ်တဲ့ ပညာရေးရဲ့ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ သင့်ရဲ့မိသားစုကတော့ တရားဝင်မဟုတ်တဲ့ ရင်းနှီးဖော်ရွေတဲ့ ပညာရေးရဲ့ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီနောက် နှစ်ခုလုံးဟာ အညီအမျှ တန်းတူအရေးကြီးပါတယ်။

ဥပမာ သင်ဟာ သင့်မိသားစုရဲ့အဖွဲ့ဝင်တစ်ယောက်မှ ဆန့်ကျင်ဘက်အတွေ့အကြုံတစ်ခုကို လက်ခံရရှိလျင် - မရှိမဖြစ်လိုအပ်တဲ့ ပထမဆုံး လေ့ကျင့်ရေးသင်ခန်းစာတစ်ခုအဖြစ် အဲဒါကို ရယူပါ။ အကြောင်းက တစ်နေ့ သင့်ရဲ့အိမ်မှ အပြင်ကို ထွက်ခွါဖို့ ပြီးတော့ လူ့အဖွဲ့အစည်းမှာ နေထိုင်ဖို့ သင်ဟာ ဦးတည် လျာထားပြီးသား ဖြစ်နေလို့ပါ။ အဲဒီနောက် လူ့အဖွဲ့အစည်းမှာ သင်ဟာ ဆန့်ကျင်ဘက်အတွေ့အကြုံများနဲ့ ပတ်သက်တဲ့ တူညီတဲ့အတွေ့အကြုံအမျိုးအစားများကို လက်ခံရရှိပါလိမ့်မယ်။

သင်ဟာ လူ့အဖွဲ့အစည်းမှာ နေထိုင်ဖို့နဲ့ အလိုက်သင့်ပြုမူနေထိုင်ဖို့အလို့ငှါ မိသားစုဘ၀မှာ ဆန့်ကျင်ဘက် အတွေ့အကြုံများကို လက်ခံဖို့နဲ့ သည်းခံဖို့ ကြိုးစားပါ။ ဒီအဓိပ္ပါယ်မှာတော့ သင့်ရဲ့မိသားစုဟာ သင့်အတွက် ကောင်းချီမင်္ဂလာတစ်ခု ဖြစ်ပါတယ်။ မိသားစုဟာ ပြင်ဆင်ပြီးတဲ့လူတစ်ယောက် ဒါမှမဟုတ် အရွယ်ရောက် ရင့်ကျက်လာတဲ့လူတစ်ယောက် အဖြစ် လူ့အဖွဲ့အစည်းထဲသို့ သင့်ကို ပို့ဆောင်ပါတယ်။

လူတိုင်းက တရားဝင်ပညာရေး သမာရိုးကျဖြစ်တဲ့ပညာရေးဟာ အနာဂတ်အတွက် အရေးကြီးတယ် ဆိုတာကို သိကြပါတယ်။ ကောင်းမွန်တဲ့ တရားဝင်ပညာရေးမရှိဘဲ ကောင်းမွန်တဲ့အလုပ်အကိုင်ရရှိဖို့ မဖြစ်နိုင်ပါ။ ဒါပေမယ့် အားလုံးသော ၀ိုင်းချာပတ်နေတဲ့ ဘ၀ရပ်တည်မှုအရ ပညာရေးဟာ အရာရာတိုင်းရဲ့ အစ အဆုံး အဓိကပဲ အသက်ပဲတော့ မဟုတ်ပါ။ ဘ၀ရဲ့အကောင်းဆုံးသော အရည်အသွေးအတွက် တစ်စုံတစ်ခုကို သင်ဟာ ပိုလို့လိုအပ်ပါတယ်။ အဲဒါကတော့ တရားဝင်မဟုတ်တဲ့ ရင်းနှီးဖော်ရွေတဲ့ လွတ်လွတ်လပ်လပ်ဖြစ်တဲ့ ပညာရေးပဲ ဖြစ်ပါတယ်။

လူတိုင်းအတွက် မိသားစုဟာ တရားဝင်မဟုတ်တဲ့ပညာရေးရဲ့ ဗဟိုချက်မ ဖြစ်ပါတယ်။ ဒီတက္ကသိုလ်ထဲသို့ ၀င်ခွင့်ရဖို့ သင်ဟာ ၀င်ကြေးရဲ့ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ပေးဖို့ မလိုအပ်ပါ။ ဒါက လူတိုင်းက ကောင်းကောင်းသိတဲ့ အချက် - သဘာဝက , မွေးဖွားခြင်းက ကံဇာတာပါပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် တရားဝင်မဟုတ်တဲ့ ပညာရေး အလိုအရ သင့်ရဲ့မိသားစုက သင့်ကို လက်ကမ်းတဲ့ လျော့ဈေးဖြင့်ရနိုင်တဲ့ ဘယ်အရာဖြစ်ဖြစ် အခွင့်ကောင်းယူအသုံးချဖို့ သင်ဟာ ကျိန်းသေအောင် စိတ်ချအောင် ပြုလုပ်သင့်ပါတယ်။

ယူနစ်တစ်ခု ဌာနတစ်ခုအဖြစ် မိသားစုဟာ အသေးစားလူ့အဖွဲ့အစည်းတစ်ခုလို ဖြစ်ပါတယ်။ ဒါက အပြင်ဘက် ကြီးမားတဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ဖို့ သင့်ကို စွမ်းနိုင်ရန် လေ့ကျင်းပေးတဲ့ မြေပြင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့မိသားစုဘ၀မှာ သာယာကောင်းမွန်တဲ့ဘ၀ကို နေထိုင်ဖို့ ကျရှုံးတဲ့သူဟာ လူ့အဖွဲ့အစည်းမှာလည်း နှစ်လိုဖွယ်ဖြစ်တဲ့ တင့်တယ်ကောင်းမွန်တဲ့ဘ၀ကို နေထိုင်ဖို့ ကျရှုံးပါလိမ့်မယ်။

ဥပမာ အလိုက်သင့်ပြုမူနေထိုင်မှု ဘ၀ရဲ့စည်းမျဉ်းတစ်ခုဟာ လူမှုရေးဘ၀ကို ချောမောပြေပြစ်စွာ ပြေးလွှားလည် ပတ်နိုင်အောင် မောင်းနှင်နိုင်အောင်ပြုလုပ်တဲ့ အရာ ဖြစ်ပါတယ်။ သင်ဟာ မိသားစုရဲ့အောက်ခံဘောင်အတွင်း အလိုက်သင့်ပြုမူနေထိုင်ဖို့ ပထမဆုံး လေ့လာသင်ကြားခြင်းမရှိဘဲ လူမှုဘ၀ကို သင် ၀င်ရောက်လျင် - အလိုက်သင့်ပြုမူဖို့ ချက်ချင်းလက်ငင်း လေ့လာသင်ကြားလို့ ဖြစ်စေ, လွယ်ကူတဲ့ အကြောင်းတစ်ခုမဟုတ်လို့ ဖြစ်စေ - ဒါမှမဟုတ် မူမမှန်ဘဲ လိမ်ညာလှည့်ဖြားလို့ဖြစ်စေ, အဲဒီနောက် အချိန်အားလုံးမှာ အပြင်းအထန် မညှာမတာ ဆက်ဆံရေးတင်းမားမှုများ, အားပြိုင်မှုများ, စိတ်ပင်ပန်းမှုများဖြင့် အထိတ်တလန့် အခြေအနေ အနေအထားတစ်ခုမှာ နေထိုင်ရှင်သန်လို့ဖြစ်စေ - သင်ဟာ ရွေးပိုင်ခွင့် နှစ်ခုသာလျင် ရှိပါလိမ့်မယ်။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်