Wednesday, April 6, 2011

ယုံကြည်မှုဆိုင်ရာ ညီညွတ်မှုဆီသို့….

Vivekananda အဖြစ် ကောင်းစွာထင်ရှားခဲ့တဲ့ Narendra Dutt ဟာ Vedanta ရဲ့ တန်ဖိုးကို ခွဲဝေဖို့နဲ့ ဖြန့်ကြက်ဖို့ - ဖြစ်နိုင်ယင် ဖြစ်နိုင်သလောက် လူအများကို မြင့်မားတဲ့ပညာရေးကို ရောက်ရှိဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ Ramakrishna အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။

Swami Vivekananda ဟာ ဘာသာတရားမှာ လူအများရဲ့စိတ်ဝင်စားမှုကို ပြန်လည်ဆန်းသစ်စေဖို့အတွက် ထပ်မံကြိုးပမ်းပါတယ်။ သူဟာ ဘာသာတရားအချင်းချင်းအကြား ညီညွတ်မှုကို ထောက်ခံအားပေးခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ ဟောပြောချက်များဟာ အများလက်သင့်ခံတဲ့အခြေအနေမှာ ကြီးမားတဲ့ ဆက်စပ်မှု ရှိပါတယ်။ ထင်ရှားပါတယ်။ Vivekananda အဖို့ God အတွက် အမှုထမ်းဆောင်ခြင်းဟာ လူမှုရေးပညာရေးစသဖြင့် နောက်ခံအားနည်းသူ ချို့ငဲ့သူများအတွက် အမှုထမ်းခြင်းကို ဆိုလိုပါတယ်။ သူဟာ- “Daridra Narayana; အနည်းငယ်သောအခွင့်ထူးခံများမှာ God ကို မြင်တွေ့ခြင်း”- ဆိုတဲ့ စကားလုံး အသစ်တစ်ခုကို ထွင်ခဲ့ပါတယ်။ ပြီးတော့ အဲဒါကို ဘာသာတရားဆိုင်ရာ အမှန်တရားတစ်ခုအဖြစ် - ဘာသာတရားနဲ့ပတ်သက်တဲ့ သက်သေထူ ပြစရာတစ်ခုအဖြစ် အတည်ပြုထားပါတယ်။

ဘာသာတရားက အသိညဏ်ဆိုင်ရာ စိတ်ဓာတ်နှင့် အကြောင်းအကျိုး ဆက်စပ်တဲ့ အတွေးအခေါ်များမှာ ဆက်စပ်ဖို့အလို့ငှါ - မြတ်ဗုဒ္ဓကဲ့သို့ Vivekananda ဟာ - လူသားရဲ့အပြုအမူမှာ ဆင်ခြင်တုံးတရာကို အားပေးမြှင့်တင်ခဲ့ပါတယ်။ ဒီနည်းလမ်းက ကျယ်ဝန်းတဲ့ပရိသတ်တစ်ခုကို ဆွဲဆောင်နိုင်စွမ်း ရှိပါလိမ့်မယ်။

လူအများကို ခွဲခြမ်းပစ်တဲ့ ဒါမှမဟုတ် အခွင့်ထူးခံကို မြှင့်တင်ဂုဏ်တင်ချီးကျူးတဲ့ ဘာသာတရား - ကိုယ့်ကျိုးရှာ အမြတ်ထုတ်ခြင်းကို အားပေးအားမြှောက်ပြုတဲ့ - ပြီးတော့ စစ်ပွဲများကို သွေးထိုးလှုံ့ဆော်တဲ့ - ဘယ်ဘာသာတရားပဲဖြစ်ဖြစ် မျှတမှု သမာသမတ်ရှိမှု မဖြစ်နိုင်ပါ။

ဒါ့ကြောင့် သူ့ရဲ့ဟောပြောချက်များဟာ - သူယုံကြည်တဲ့ မြင့်မြတ်တဲ့ဘာသာရေးဆိုင်ရာတန်ဖိုးနဲ့ပတ်သက်ပြီး - လိင်ပိုင်းဆိုင်ရာသဘာဝ အားပေးထောက်ခံမှုက လူသားရဲ့အသိညဏ်ကို ကျယ်ပြန့်ဖို့ ကူညီလိမ့်မယ်ဆိုတာ - ဖြစ်ပါတယ်။ Vivekananda အလိုအရ အကျွန်ုပ်တို့မှာ အမုန်းတရားကို စွန့်လွှတ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အားလုံးအတွက် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာကို စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အဲဒီနောက်မှသာလျင် ငြိမ်းချမ်းရေးနဲ့ညီညွတ်မှုမှာ နေထိုင်ဖို့ စတင်နိုင်ပါတယ်။

တသီးတသန့်နေတဲ့ဘ၀မှာ နေထိုင်ခြင်းဟာ မဖြစ်နိုင်ပါ။ လူတွေပိုလို့ပိုလို့ မြို့ပြဧရိယာများသို့ ရွှေ့ပြောင်းနေထိုင် ကြတဲ့အခါ ခြားနားတဲ့ယုံကြည်မှုများဖြင့်ပြီးတဲ့ လူအများရဲ့ တိုးပွါးလာတဲ့ကြီးမားတဲ့အရေအတွက်ဟာ ဘေးချင်းယှဉ် အတူတကွလက်တွဲလျှက် နေထိုင်ကြရပါတယ်။ ဒ့ါကြောင့် တစ်ဦးနှင့်တစ်ဦး ရည်မှန်းချက် - ယုံကြည်သက်ဝင်မှုနှင့် လက်ခံထင်မြင်ချက်ကော ကျင့်သုံးမှုပါ ကျယ်ပြန့်နက်ရှိုင်းတဲ့နားလည်မှု လိုအပ်ပါတယ်။

Vivekananda အလိုအရ Vedanta ဟာ ဗြဟ္မဏဟိန္ဒူဘာသာမဟုတ်သလို ဗုဒ္ဓဘာသာလည်းမဟုတ်ပါ။ ထိုနည်းအတူ ခရစ်ယာန်ဘာသာလည်းမဟုတ် မူစလင်ဘာသာလည်းမဟုတ်ပါ။ Vedanta ဟာ ဒီအရာအားလုံး ရဲ့ ပေါင်းရုံးဖော်ပြချက်အစုစုပဲ ဖြစ်ပါတယ်။

၁၈၉၃-ခုနှစ်၊ စက်တင်ဘာ ၁၁-ရက်က Chicago မြို့၊ The parliament of Religions - ၌ သူ့ရဲ့ သမိုင်းဝင် မိန့်ခွန်မှာ Swami Vivekananda က အောက်ပါအတိုင်း ရှင်းလင်းခဲ့ပါတယ်။ အဲဒါကတော့ -“ ခရစ်ယာန်ဟာ ဟိန္ဒူဘာသာ ဒါမှမဟုတ် ဗုဒ္ဓဘာသာဖြစ်လာဖို့မဟုတ်။ ဟိန္ဒူ ဒါမှမဟုတ် ဗုဒ္ဓဘာသာဟာ ခရစ်ယာန်ဘာသာ ဖြစ်လာဖို့မဟုတ်။ တစ်ခုချင်းဟာ အခြားသူများရဲ့ စိတ်ပိုင်းဆိုင်ရာကို လက်သင့်ခံဖို့ ဖြစ်ပါတယ်။ သည့်အပြင် အသီးသီးအလိုက် မူလအခြေအနေအတိုင်း ထိန်းသိမ်းထားဖို့ ဖြစ်ပြီး လျော်ညီစွာ တိုးတက်ဖြစ်ထွန်းလာဖို့ ဖြစ်တယ်” ဆိုတာ ဖြစ်ပါတယ်။

Ramakrishna Paramahansa က “ သဘောထားခံယူချက်များစွာအနေဖြင့် လမ်းခရီးက များစွာပါ” လို့ ပြောခဲ့ပါတယ်။ Swamiji က လူသားရဲ့အရေးကိစ္စမှာ ချဉ်းကပ်ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ များပြားမှုကို အကြီးအကျယ် တန်ဖိုးထားခဲ့ပါတယ်။ အမျိုးအစားများရဲ့ဘယ်အမျိုးအစားပဲဖြစ်ဖြစ် အဆုံးသတ် တူညီမှုနှင့် တိုက်ဆိုင်၍ ပြောဆိုခဲ့ပါတယ်။

Vivekananda က ပြောဆိုခဲ့ပါတယ်။ “အားလုံးက ဘာသာတရားတစ်ခု, ကိုးကွယ်ကြည်ညိုလေးစားမှုရဲ့ ယူနီဗာဆယ်ပုံစံတစ်ခု, လူ့ကျင့်ဝတ်စာရိတ္တဆိုင်ရာစံနှုန်းတစ်ခု - မျှသာ သတ်မှတ် လက်ခံဖို့ ဖြစ်တယ်ဆိုလျင် ကြီးမားတဲ့ ကံမကောင်းအကြောင်းမလှခြင်းဟာ ဖြစ်လာပါလိမ့်မယ်။ ဒါက အားလုံးသောဘာသာတရားအတွက် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် အလဲထိုးပါလိမ့်မယ်။”

Ramakrishna အဖွဲ့အစည်းဟာ အဖွဲ့ဝင်အသီးသီးရဲ့ စားစရာ, အ၀တ်အထည်, နေစရာအဆောက်အဦး, ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပါတယ်။ ဒါက အသေးစိတ် ခရေစေ့တွင်းကျ လေ့ကျင့်မှုနှင့် အတွေးအမြင် စိတ်ကူးယဉ်ဝါဒမှတဆင့် အဲဒီရဲ့ ၀န်ထမ်းအမှုထမ်းကို လှုံ့ဆော် တွန်းအားပေးပါတယ်။

အကြမ်းဖက်သမားများဟာ သူတို့ရဲ့အ၀၀သောအပြုအမူများကို လျော်ကန်သင့်မြတ်တယ်ဆိုတာ အကျိုးသင့် အကြောင်းသင့် ရှင်းပြဖို့ ဘာသာရေးဆိုင်ရာ ကြော်ငြာဆောင်ပုဒ်ကို အသုံးပြုနေပါတယ်။ ဒါပေမယ့် ဘာသာရးသမားတစ်ယောက်က အကြမ်းဖက်သမားတစ်ယောက် ဘယ်လို ဖြစ်နိုင်မတဲ့လဲ? ဘာသာတရားနဲ့သူက သူဟာ ချို့ငဲ့သူများရဲ့ အလုပ်အကျွေးပြုလုပ်ရာမှာ ယုံကြည်တယ်ဆိုလျင် မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ အသေခံ တပ်ဖွဲ့ဝင်အဖြစ်ကို ဘယ်လို ပါဝင်ပူးပေါင်းနိုင်ပါ့မလဲ? Swamijiရဲ့ အဖြေကတော့ ဘာသာတရားများအကြား ယုံကြည်မှုနှင့်ညီညွတ်ရေးဆိုင်ရာ အများအပြားကို အားပေးတိုက်တွန်းဖို့ပဲ ဖြစ်ပါတယ်။

The parliament of Religions မှာ Swami Vivekananda က ပြောခဲ့ပါတယ်။ အဲဒါကတော့ “ဘယ်သူပဲ ဖြစ်ဖြစ် သူရဲ့ကိုယ်ပိုင်ဘာသာတရားအတွက် တစ်ခုတည်းခြွင်းချန်အသက်ရှင်သန်ဖို့နှင့် အခြားဘာသာတရားများကို ဖျက်ဆီးဖို့ စိတ်ကူးယဉ်မျော်လင့်အိပ်မက်မက်လျင် - အကျွန်ုပ်! သူ့ကို ကရုဏာသက်မိပါတယ်။ ပြီးတော့ အတိုက်အခံလုပ် ခုခံကာကွယ်စေကာမူ “ကူညီကြပါ - မတိုက်ခိုက်ကြပါနဲ့။ သဟဇာတဖြစ်ကြပါ - မဖျက်ဆီးကြပါနဲ့။ ညီညွတ်ငြိမ်းချမ်းကြပါ - သဘောထား မကွဲလွဲကြပါနဲ့” လို့ ဘာသာတရားတိုင်းရဲ့ နဖူးစည်းစာတန်းအပေါ်မှာ မကြာခင် ရေးထိုးခံရလိမ့်မယ် - ဆိုတာ အကျွန်ုပ်! သူ့ကို ညွှန်းဆိုထောက်ပြပါတယ်။”

အကျွန်ုပ်တို့ဟာ Swami Vivekananda ရဲ့ 150-နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပတဲ့အခါ ငယ်ရွယ်သူ မျိုးဆက်အားလုံးကိုလည်းပဲ ကိုယ်စားပြု ကျင်းပပေးကြပါစို့……


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်