Wednesday, January 26, 2011

ဘ၀ဟူသည် ရှင်သန်ခြင်းအတွက် ဖြစ်သည်

သဘာဝက လူသားရဲ့အသွင်ကို ဖန်တီးပြီး ဒီလူသားအသွင်မှ အကျွန်ုပ်တို့ဟာ လူသားသတ္တ၀ါများ ဖြစ်လာရပါတယ်။ သဘာဝတရားက အကျွန်ုပ်တို့လူသားအသွင်အတွက် လက်နက်တစ်ခုကို ပေးပါတယ်။ အဲဒါက စိတ်-ဆိုတဲ့အရာပါ။ အဲဒီနောက် ဒီစိတ်မှ အကျွန်ုပ်တို့ရဲ့ရှာဖွေမှုဟာ စတင်ပါတော့တယ်။ အကျွန်ုပ်တို့က အကျွန်ုပ်တို့ကိုယ်တိုင်အတွင်းသို့ သွားရောက်ကြည့်တဲ့အခါ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ အလားအလာ-အကျွန်ုပ်တို့ရဲ့ စွမ်းရည်နဲ့ အကျွန်ုပ်တို့ရဲ့ သဘာဝကို ရှာဖွေနိုင်ပါတယ်။

အကျွနု်ပ်တို့ဟာ အကျွန်ုပ်တို့ရဲ့စိတ်များဖြင့် အကျွန်ုပ်တို့ရဲ့ဘ၀များကို စနစ်တကျ ဖွဲ့စည်းရပါမယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်ကို သိနားလည်လာလျင် တဖြည်းဖြည်း အကျွန်ုပ်တို့ရဲ့လူသားအသွင်ဟာ တိုးတက်ရှင်သန်လာပါလိမ့်မယ်။ ဖြစ်ထွန်းလာပါလိမ့်မယ်။ အကျွန်ုပ်တို့စိတ်ရဲ့ စွမ်းရည်နဲ့အရည်အသွေးဟာ တိုးတက်လာပါလိမ့်မယ်။

ရှေးဦးပိုင်းလူသားများဟာ တိရစ္ဆာန်ကဲ့သို့ သစ်သီးများနဲ့သစ်ဥသစ်ဖုများကို စားသောက်ခြင်းဖြင့် တောတောင်ထဲမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့အသွင်အပြင်ဟာ လူသားအသွင်ဖြစ်ပါတယ်။ ဒါပေမယ့် ဘ၀ရဲ့အသိနိုးကြားမှုနဲ့တော့ မဟုတ်ပါ။ တဖြည်းဖြည်း ဘ၀ရဲ့အနှစ်သာရကို ဆင့်ကဲဖြစ်စဉ်များမှ သိရှိလာပါတယ်။ တောတောင်ထဲမှာ နေထိုင်တဲ့ လူသားများဟာ အပြောင်းအလဲကို စတင်လာပါတယ်။ အဲဒီနောက် အသိနိုးကြားလာမှုဖြင့် သူဟာ အကျွနု်ပ်တို့ ယခု ရောက်ရှိနေတဲ့ နေရာအဆင့်သို့ ရောက်ရှိလာပါတယ်။ ဆင့်ကဲဖြစ်စဉ်ဟာ သဘာဝဖြစ်စဉ် - အလိုအလျောက်ဖြစ်နေတာ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ ဖြစ်ရပ်များစွာ ချို့တဲ့ကင်းမဲ့နေတာကြောင့် အဲဒီအရာက ဆက်လက် ဖြစ်နေပါတယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ဘ၀ကို ထိန်းသိမ်းဖို့ စနစ်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိတဲ့အဆင့်သို့ အကျွန်ုပ်တို့ ရောက်ရှိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘ၀ဟာ အဲဒါအတွက်တော့ မဟုတ်ပါ။ အကျွန်ုပ်တို့ရဲ့စာသင်ကျောင်းတွေမှာ သင်ကြားနေတာက ဘာတွေများပါလဲ? အကျွန်ုပ်တို့ရှိတဲ့အတိုင်း ထိန်းသိမ်းစောင့်ရှောက်ဖို့- စနစ်ကို ထိန်းသိမ်းဖို့- ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့- ဘာသာတရားကို ထိန်းသိမ်းဖို့- ဖီလိုဆိုဖီကို ထိန်းသိမ်းဖို့ အကျွန်ုပ်တို့ဟာ သင်ယူနေပါတယ်။ တွေးခေါ်ခြင်းနဲ့ပတ်သက်တဲ့ အကျွန်ုပ်တို့ရဲ့ အစွမ်းကုန်အဆင့်ဟာ အဲဒါပဲ ဖြစ်ပါတယ်။

အကျွန်ုတို့ဟာ ဒီအရာများအားလုံးကို ရိုးစင်းစွာ ဆုပ်ကိုင်ထိန်းသိမ်းနေမယ်ဆိုယင် အကျွန်ုပ်တို့ဟာ ရှင်သန်နေထိုင်နေတာ မဟုတ်ပါ။ ဘ၀ဟာ ရှင်သန်နေထိုင်ဖို့ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ယုံမျှ မဟုတ်ပါ။ ခြားနားတဲ့ပညာရေးတစ်ခုကို လိုအပ်ပါတယ်။ ဒါပေမယ့် ဒီပညာရေးက ဘယ်စာသင်ကျောင်းမှာမှ မရနိုင်ပါ။ ဘယ်လိုပြုံးပြရမယ်ဆိုတာ- အကျွန်ုပ်တို့ရဲ့ ခံစားချက်ကို ဘယ်လိုစနစ်တကျစုစည်းရမယ်ဆိုတာ- အကျွန်ုပ်တို့ရဲ့စိတ်နဲ့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာ- သင်ကြားပေးတဲ့ စာသင်ကျောင်း မရှိပါ။ ပညာသင်ကြားခြင်းများ ပြုလုပ်နေတယ်ဆိုတဲ့အရာအားလုံးကတော့ တည်ရှိတဲ့အရာကို ထိန်းသိမ်းစောင့်ရှောက်တာပဲ ဖြစ်နေပါတယ်။

ဖြစ်စဉ်တစ်ခုလုံးဟာ ကိုယ်တိုင်သတိပြုမိမှု ကိုယ်ပိုင်သိမြင်မှုအပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့် အကျွန်ုပ်တို့ကိုယ်ကို သိဖို့ မည်သည့်အားထုတ်မှုမျိုးကိုမှ ပြုလုပ်နေခြင်းမရှိပါ။ အကျွန်ုပ်တို့ဟာ အပြင်ပန်းအရာများအတွက် စောင့်ရှောက်ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ စိုးရိမ်ယုံမျှပဲ ဖြစ်ပါတယ်။

သို့သော် သဘာဝတရားက အကျွန်ုပ်တို့ရဲ့ဆင့်ကဲဖြစ်စဉ်ကို ဆက်လက်မောင်းနှင်နေပါတယ်။ ယခု ဒီမျက်မှောက်အချိန်မှာ လူအများဟာ နိုးကြားနေပါတယ်။ သူတို့ဟာ ဘ၀နဲ့ပတ်သက်လို့ ဆုပ်ကိုင်ထိန်းသိမ်းထားပြီး နေထိုင်လိုတဲ့ဆန္ဒမရှိတော့ပါ။ အခြားတံခါးအားလုံးဟာ ပွင့်နေပါပြီ။ အကျွန်ုပ်တို့ဟာ ဘ၀ရဲ့အခြားတစ်ဖက်ကို သွားလာစူးစမ်းရှာဖွေနေပါတယ်။ အဲဒါကတော့ အကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဆိုင်ရာလမ်း ဖြစ်ပါတယ်။ ဒီအရာဟာ အကျွနု်ပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာယုံကြည်သက်ဝင်မှုဖြစ်သလို ဘ၀ရဲ့စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ဒီနိုးကြားမှု သတိပြုမိမှုဖြင့် ဘ၀ဟာ ရှင်သန်နေထိုင်ခြင်းဆိုင်ရာဖြစ်စဉ်တစ်ခုထဲသို့ ၀င်ရောက်လာပါလိမ့်မယ်။ ဒီနောက် ရှင်သန်နေထိုင်ခြင်းဆိုင်ရာဖြစ်စဉ်ဟာ စတင်လျင်စတင်ချင်း ချစ်ခြင်းမေတ္တာက သင့်နဲ့အတူ ဖြစ်လာပါလိမ့်မယ်။ ငြိမ်းချမ်းရေး - သဟဇာတဖြစ်မှု- ကောင်းမြတ်တဲ့အရာရာတိုင်းဟာ သင့်နဲ့အတူတကွ ဖြစ်ပေါ်လာပါလိမ့်မယ်။

ထိန်းသိမ်းစောင့်ရှောက်မှုဖြစ်စဉ်မှာ ချစ်ခြင်းမေတ္တာ- ငြိမ်းချမ်းမှု- သဟဇာတဖြစ်မှု- ပျော်ရွှင်မှု- အတိသုခ ဆိုတာ မရှိပါ။ အပြင်းအထန် ကြိုးစားရုန်းကန်လှုပ်ရှားမှုသာ ရှိပါတယ်။ ဆက်လက်တည်ရှိအောင် ဆုပ်ကိုင်ထားတဲ့ ထိန်းသိမ်းခြင်းဖြစ်စဉ်မှာ အကျွန်ုပ်တို့ဟာ ဆုံးရှုံးသွားခြင်းနဲ့ပတ်သက်လို့ အမြဲတမ်းစိုးရိမ်နေရပါတယ်။

အကျွန်ုပ်တို့ သတိပြုမိလာတဲ့အခါ နိုးကြားလာတဲ့အခါ အကျွန်ုပ်တို့ဟာ ရှုမြင်တွေးခေါ်မှုဆိုင်ရာ ညဏ်ပညာဖြင့် ရှင်သန်နေထိုင်ဖို့ စတင်လာပါတယ်။ ပြဿနာတိုင်းဟာ အဲဒါကို ဖြေရှင်းဖို့ အဖြေရှာခြင်းဆိုင်ရာ ဖြေရှင်းနည်းများကို သယ်ဆောင်လာပါတယ်။ ပြဿနာက အတွင်းမှာဆိုလျင် ဖြေရှင်းနည်းကလဲ အတွင်းမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို ရှာဖွေဖို့ စိတ်ရှည်သည်းခံမှုတော့ လိုအပ်ပါတယ်။

သက်တမ်းဟာ အခြေအနေနဲ့ဖြစ်အင်ဟာ အဲဒါနှင့် ပြုလုပ်နေဖို့တော့မဟုတ်ပါ။ အကောင်းဆုံးဘ၀မှာ ရှင်သန်နေထိုင်ချင်သလား ? မနေထိုင်ချင်ဘူးလား? ဆိုတာ- သင်ကိုယ်တိုင် သိနားလည်သော ဒီဘ၀ကို သင် ရှင်သန်နေထိုင်ချင်သလား? သင်ကိုယ်တိုင် နားလည်သိရှိခြင်းမရှိဘဲ ဒီဘ၀ကို ရှင်သန်နေထိုင်ချင်သလား?- ဆိုတာကို သင့်ကိုယ်ကို မေမြန်းစုံစမ်းပါ။ ဒါဟာပင် အကျွန်ုပ်တို့ လေ့လာသင်ယူရမယ့်အရာ ဖြစ်ပါတယ်။ မသိနားမလည်မှုဖြင့် ဘ၀တစ်ခုကို ရှင်သန်နေထိုင်ခြင်း မပြုပါနဲ့။ နိုးကြားတဲ့စိတ်ဖြင့် ရှင်သန်နေထိုင်ပါ။ အသိအလိမ္မာဖြင့် အသက်ရှင်ရပ်တည်ပါ။ အဲဒီအခါ သင်ဟာ ရင့်ကျက်တိုးပွားလာနိုင်ပါတယ်။ အဲဒီနောက် သင်ဟာ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာနိုင်ပြီး ဘ၀ရဲ့စိတ်ကျေနပ်မှုရည်ရွယ်ချက်ကို ပြည့်မီလာနိုင်ပါတယ်။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်