Wednesday, March 10, 2010

အာယသ္မာ အာနန္ဒထေရော ၀ိယ ကာရုညစိတ္တံ



ယခုလတ်တလော ကမ္ဘာသတင်းများတွင် ရေးသားနေသည်မှာ ဟေတီနိုင်ငံနှင့်ချီလီနိုင်ငံတို့၏ ငလျင်ဘေးဒဏ်အကြောင်းများ ဖြစ်သည်။ လူမြောက်များးစွာ သေစေခဲ့သော ဤငလျင်ကြီးသည် ကမ္ဘာ့လူသားတို့အား တုန်လှုပ်စေခဲ့ပါသည်။

နိုင်ငံတကာမှ အကူအညီများ အပူတပြင်း လိုအပ်လျက်ရှိသလို နိုင်ငံများစွာကလည်း ကူညီနေကြသည်မှာ ၀မ်းသာအားရစရာကောင်းပါသည်။ လူဖြူ လူမည်း အယုတ်အမြတ်စသည့်မခွဲခြားဘဲ လူသားချင်းစာနာသော စိတ်ထားဖြင့် ကူညီရိုင်းပင်းကြခြင်း ဖြစ်ပါသည်။ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ စသည့် ထင်ရှာကျော်ကြားသောပုဂ္ဂိုလ်များက ဦးဆောင်၍ အကူအညီပေးရန် ဆော်သြနေကြသည်မှာ ကျေနပ် နှစ်သက်စရာကောင်းလှပါသည်။

တုန်လှုပ်စရာကောင်းသော ဤဖြစ်စဉ်မျိုးကဲ့သို့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာပြည်၌ ဖြစ်ခဲ့ဘူးရာ စာရေးသူတို့အဖို့ ပို၍ နားလည်ခံစားနိုင်ပါသည်။ ဤ့ဖြစ်စဉ်ကြီးသည် ဝေသာလီနှင့်စပ် ဆက်၍ ရေးသားနေသော စာရေးသူအား အတွေးများစွာကို ၀င်ရောက်စေပါသည်။ ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဤကဲ့သို့သော ဘေးကြီးများ ဖြစ်ပေါ်လာပါက လျစ်လျူရှု့ခဲ့ပါသလောဟူသော အတွေးများပင် ဖြစ်ပါသည်။

ဤအကြောင်းအရာနှင့်စပ်ဆက်ပြီး သီဟိုလ်တွင် နေစဉ်အခါ ကန္ဒီမြို့မှ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အမေးအဖြေရေးသားနေသူ သီဟိုလ်ရဟန်းတော်တစ်ပါက မြန်မာရဟန်းတော် သူငယ်ချင်းတစ်ပါးအား မေးမြန်းခဲ့သော မေးခွန်းတစ်ခုကို သတိရမိပါသည်။ ထိုသူငယ်ချင်းဖြစ်သူကလည်း တဖန်ပြန်လည်၍ စာရေးသူအား မေးမြန်းရာ ထိုမေးခွန်းကား - ပရဟိတ-လုပ်ရန် မြတ်ဗုဒ္ဓသည် တိုက်ရိုက်မိန့်ကြားထားသော အချက်အလက်များ ရှိ-မရှိ ဆိုသည်ပင်ဖြစ်ပါသည်။

စာရေးသူ စဉ်းစားမိသည်မှာ ပရဟိတ-ဆိုသည့် စကားလုံးကို ဖွင့်ဆိုရမည့်အဓိပ္ပါယ်သည် မေးမြန်းသူ၏ အာဘော်တွင် အဓိကအခြေခံလိမ့်မည်ဟု ထင်ပါသည်။ ပရဟိတဟူသည် တိုက်ရိုက်ဘာသာပြန်ပါက သူတစ်ပါး၏အကျိုးစီးပွါးကို ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ မြတ်ဘုရားရှင် ပွင့်လာခြင်း၏အကြောင်းသည်ပင် လောကဟိတာယ၊ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ-အတွက်ဖြစ်သည့်အတွက် ပရဟိတ-လုပ် မလုပ်ဆို သည့်အဓိပ္ပါယ်ကို ဖြေကြာဖို့ရန်သည် ဤစကားလုံးများနှင့်ပင် လုံလောက်ပါသည်။ ညဥ့်သုံးယံတို့တွင် ပစ္ဆိမယံကို သုံးစုခွဲခြားပြီး နောက်ဆုံးအစုဖြစ်သော အချိန်တွင်သာ ကျိန်းစက်တော်မူသောမြတ်ဘုရားသည် လောကအကျိုးအတွက် ပြုလုပ်နေသည်သာ ဖြစ်၍ ပရဟိတပင် မဟုတ်ပါလား။ ယနေ့တိုင်အောင် ဤတရားတော်များကို သိမြင်ခွင့် ရရှိနေခြင်းမှာလည်း ဗုဒ္ဓ၏ လောကအပေါ် ပြုလုပ်ခဲ့သော ပရဟိတများကြောင့်သာဖြစ်ပါသည်။

မြတ်ဘုရားရှင်၏ ပရဟိတဟူသည် လူသားများအတွက် သက်သက်သာ ရည်ရွယ်သည်မဟုတ်ဘဲ လောကကြီးတစ်ခုလုံးအတွက် ပါဝင်ပါသည်။ သို့ဖြစ်၍ မြတ်ဘုရားရှင်၏ ဓမ္မဖြင့် လောကအပေါ် ပရဟိတပြုခဲ့ခြင်းများသည် ရေတွက်၍ ရနိုင်အံမထင်ပါ။ ဗုဒ္ဓ၏ပရဟိတသည် သီလ၊ သမာဓိ၊ ပညာမှာ အခြေခံပြီး သီလ၊ သမာဓိ၊ ပညာများ မိမိသန္တာန်မှာ ပြည့်စုံနေရန် လိုအပ်ပါသည်။ ထိုပြည့်စုံမှုကို အကြောင်းခံ၍ လူသားတစ်ယောက်သည် ကြည်ညိုသောသဒ္ဓါတရားဖြင့် လက်အုပ်တစ်ချက် ချီခြင်းအားဖြင့်ပင် ဘ၀များစွာသံသရာတွင် အကျိုးများစွာကို ဖြစ်စေနိုင်ပါသည်။ ယုတ်စွအဆုံး ဘုရားရှင်၏ဂုဏ်တော်များအား စိတ်ထဲမှာပင် ကြည်ညိုပွါးများနေလျင်ပင် သက်ရှိထင်ခြားဘုရားကို ကြည်ညိုရသကဲ့သို အကျိုးထူးမှာ အတူတူပင် ဖြစ်ပါသည်။ ထို့ထက် တဆင့်နိမ့်ကြည့်ပါက ပစ္စေကဗုဒ္ဓများသည်လည်း သီးသန့်တစ်ပါးတည်းပွင့်သည်ဆိုဦး ထိုပစ္စေကဗုဒ္ဓကို အကြောင်းပြု၍ အနီးအနား ၀န်းကျင်တွင် အကျိုးသက်ရောက်မှုများ ရှိနေပါသည်။ ထို့ထက် တဆင့်ချင်း နိမ့်သွားပါက ရဟန္တာ၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်- အရိယာသံဃာတော်များ၊ သမုတိသံဃာများအား ယုံကြည်မြတ်နိုးလေးစားပါက အကျိုးတရားများမှာ သူ့အဆင့်နှင့်သူ ရှိပါသည်။

သို့ဖြစ် သီလ သမာဓိ ပညာကို မိမိသန္တာန်မှာ တည်စေခြင်းဖြင့် လူရော နတ်ဗြဟ္မာမှအစ တိရိစ္ဆာန်များပါမကျန် အကျိုးသက်ရောက်စေနိုင်ပါသည်။ သို့သော် ဤသို့ သီလ သမာဓိ ပညာဖြင့် ရင်းနှီးရသောအလုပ်သည် ခက်ခဲသောအလုပ်ဖြစ်သဖြင့် လူသားတိုင်း ကျင့်သုံးဖို့ရန် မလွယ်ကူပါ။ ဤသို့သော မိမိ၏သီလ၊ သမာဓိ၊ ပညာဖြင့် သူတစ်ပါးတို့အား အကျိုးသက်ရောက်စေသော ပရဟိတမျိုးကိုကား ယနေ့သတ်မှတ်နေသောပရဟိတဟူသောအမြင်ဖြင့် အဓိပ္ပါယ်အားဖြင့် ကွာခြားနေသဖြင့် ပရဟိတဟူ၍ မြင်ဘို့ရန်ခဲ့ယဉ်းပါလိမ့်မည်။

မြင်သာထင်သာမရှိသော ဤပရဟိတကို ပရဟိတဟူ၍ကား လက်ခံနိုင်မှလက်ခံကြပေလိမ့်မည်။ လူသာမန်တို့လက်လှမ်းမမီနိုင်သော ဤအကြောင်းတရားများသည် ယနေ့သိပ္ပံပညာက ပယ်ချကောင်းပယ်ချနိုင်ပါသည်။ ဤ၌ မေးမြန်းသူ လိုချင်သောအချက်ကလည်း အခြားအခြားသော ဘာသာများကဲ့သို့ ဆေးရုံဆေးခန်းတည် ဆောက်ခြင်းများ၊ ငွေကြေးထောက်ပံ့မှုများ စသည် လူမှုရေးနှင့်စပ်ဆက်သော သူတစ်ပါးတို့၏အကျိုးဆောင် ခြင်းများကဲ့သို့သော ပရဟိတကို ရည်ညွှန်း ဆိုလိုခြင်း ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်ကိုယ်တိုင် ဂိလာနရဟန်းတစ်ပါးအား ပြုစုခဲ့ခြင်း၊ ကောလိယနှင့် ကပိလများဖြစ်ပွါးလာမည့် စစ်ကို ငြိမ်းချမ်းအောင်ပြုလုပ်ခဲ့ခြင်းများကဲ့သို့သော ထင်သာမြင်သာရှိသည်များကိုသာ ပရဟိတဟု ဆိုပါက မြတ်ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်လာခြင်း၏ရည်ရွယ်ချက်သည်လည်း အခြားအဓိပ္ပါယ်ကို သက်ရောက်သွားပေ လိမ့်မည်။

သို့သော် ဘုရားလောင်းဘ၀တွင်ကား ဤကဲ့သို့သော ပရဟိတလုပ်ငန်းများကို များပြားစွာပင် လုပ်ခဲ့ဘူးပြီးဖြစ်ကြောင်း ဇာတ်တော်များစွာတွင် ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့သော ပါရမီများ အရင်းခံခြင်းကြောင့်လည်း ဗုဒ္ဓဘုရားရှင်အဖြစ် ရောက်ခဲ့ခြင်းဖြစ်သည်မဟုတ်ပါလား။

ပရဟိတ-များကို ဆောင်ရွက်ရာတွင် ဤ၌ ရဟန်းသံဃာများ၏ဘောင်နှင့် လူသာမန်များ၏ဘောင်ကို ခွဲခြားဖို့ လိုအပ်မည်ထင်ပါသည်။ အကြောင်းမှာ ရဟန်းတော်များသည် ပရဟိတပြုလုပ်ရန် ဘောင်အကွပ်များ ရှိနေပါသည်။ ဘောင်ဟူသည် ၀ိနည်းတော်ကို လိုက်နာရမည့်အပိုင်းကို ဆိုလိုပါသည်။ သို့သော် ထိုဘောင်ထဲမှ လုပ်ပိုင်ခွင့်များစွာရှိရာ မလုပ်အပ်သည်များကို သိရှိရန်လိုအပ်သကဲ့သို လုပ်ပိုင်ခွင့်များကိုလည်း နားလည်ရန်လို အပ်ပါသည်။ သို့မှသာ ဆောင်နိုင်ရှောင်နိုင်မည် ဖြစ်ပါသည်။

ဘောင်အကွပ်များရှိနေသော ရဟန်းတော်များကိုကား လူသာမန်တို့ပြုလုပ်နေသော ပရဟိတ-ဆိုသည့် စကားလုံးနှင့် ချိန်ထိုးနှိုင်းယှဉ်ရန် မဖြစ်နိုင်ပါ။ ဘာသာရေးခေါင်းဆောင်ချင်းအတူတူ အခြားသော ဘာသာရေးခေါင်းဆောင်များပြုလုပ်သော ပုံစံတူ ပရဟိတ-များကို ပြုလုပ်ကြမည်ဆိုပါက ဘုရားရှင်သည်လည်း အခြားဘုရားရှင်တွေနှင့်အတူတူဟု ဆိုသော အဓိပ္ပါယ် သက်ရောက်ပါသည်။

အတ္တကိုတော်လှန်၍ အနတ္တ၀ါဒဖြင့် ကြွေးကြော်လာခဲ့သောဝါဒသည် အခြားသော အတ္တ၀ါဒတို့နှင့် မနှိုင်းယှဉ်မိရန် လိုအပ်ပါသည်။ ဗုဒ္ဓဘာသာ၌ ဘာသာရေးခေါင်းဆောင်ချင်း အတူတူပင်ဖြစ်စေဦး ထေရ၀ါဒ၊ မဟာယာန၊ တန္တယာန တို့၏ပြုမူပုံတို့ကိုလည်း တစ်ပေါင်းတည်းပြုရန် မဖြစ် နိုင်ပါ။ ထေရ၀ါဒနှင့်မဟာယာနတို့၏ ထူးခြားချက်မှာလည်း သူတစ်ပါးတို့အကျိုးကို ဆောင်ရွက်ရာတွင် ပုံစံခြင်းမတူသောကြောင့်ဖြစ်ပါသည်။ တဖန် ထေရ၀ါဒချင်းအတူတူ ပရဟိတပြုမူပုံချင်းလည်း တူကြသည်မဟုတ်ပါ။ အချို့က ဓမ္မဖြင့် ကိုယ်ကိုယ်တိုင်ကျင့်ကာ လူသားတို့၏အကျိုးစီးပွါးကို လယ်ယာမြေကောင်းသဖွယ်ဖြစ်အောင် ကျင့်နေသူများ၊ အချို့က မိမိကိုယ်တိုင်သိရှိသောတရားများကို သူတပါးတို့အား သိရှိစေခြင်းဖြင့် ပရဟိတပြုနေသူများ၊ အချို့က ၀ိနည်းဘောင်အတွင်းမှ လုပ်ပိုင်ခွင့်ရသောနည်းဖြင့် ဆေးရုံးဆေးခန်းများဆောက်လုပ်၍ဖြစ်စေ၊ ရေတွင် ရေကန်များတည်ဆောက်၍ဖြစ်စေ၊လမ်းများဖောက်လုပ်၍ဖြစ်စေ ပရဟိတများ ပြုလုပ်နေသည်များမှာ များပြာ စွာ ရှိပါသည်။

သာမန်လူသားတို့အတွက်ကား ပရဟိတလုပ်ခြင်းအတွက် ထေရ၀ါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ တန္တရယာနဖြစ်စေ ထူးခြားခြင်းမရှိပါ။ ကောင်းတာကိုလုပ်၊ မကောင်းတာကိုပယ်၊ စိတ်ကိုဖြူစင်အောင်ထားဆိုသော ဘုရားရှင်အဆူဆူတို့၏စကားတော်သည် ပရဟိတလုပ်ဖို့ပင် ညွန်ဆိုနေခြင်းဖြစ်ပါသည်။

ပရဟိတကို ဆောင်ရွက်ခဲ့သူများတွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော လူသာမန်များဘက်မှ ရည်ညွှန်းပြပါက အသောကမင်းကြီး ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ညွန်ပြပါက ပြည့်စုံမည်ဟု ထင်ပါသည်။

သို့ဖြစ် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်တွင် ပရဟိတများစွာ ပြုလုပ်ခဲ့ရာ ထိုပရဟိတများထဲမှ အရှင်အာနန္ဒာကိုယ်တိုင် ပြုလုပ်ခဲ့သော ပရဟိတသည် ယနေ့တိုင် သမိုင်းမော်ကွန်းတင် ရစ်ဆဲဖြစ်ပါသည်။ ထိုအရာကား ဝေသာလီတွင် ဖြစ်ပေါ်ခဲ့သော ငတ်မွတ်ခေါင်းပါးဘေး၊ ဘီလူးဘေး၊ ရောဂါဘေးဟူသော ဘေးကြီးများကို ကာကွယ်ပေးခြင်းဖြင့် လူသားများစွာ၏ အသက်ကို ကာကွယ်လိုက်နိုင်ခြင်းပင် ဖြစ်ပါသည်။

မှန်ပါသည်။ ဝေသာလီ၌ ထိုဘေးကြီးသုံးခု ဖြစ်ပွါးနေချိန်တွင် မြတ်ဘုရားရှင်သည် အရှင်အာနန္ဒာအား ရတနသုတ်ကို သင်ပေး၍ ထိုရတနသုတ်ကို သုံးရက်တိုင်တိုင် ရွတ်စေခြင်းဖြင့် ဘေးဒုက္ခများကို ငြိမ်းအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ သို့ဖြစ်၍ သတ္တလောကရှိ သတ္တ၀ါအများ ချမ်းသာစေဖို့၊ ဘေးကင်းစေဖို့၊ အာယသ္မာ အာနန္ဒထေရော ၀ိယ ကာရုညစိတ္တံကို အကောင်းအထည်ဖော်ခြင်းဖြင့်

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်