MK Gandhi- ဟာ တောင်အာဖရိကနိုင်ငံနေစဉ် ရထားတစ်စင်းမှ သူ့ကို အပြင် ကန်ထုတ်ခံရတဲ့အခါ ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့ ရှိခဲ့ပါတယ်။ အဲဒါက “အဖြစ်အပျက်များကို လျစ်လျူရှု၍ဖြစ်စေ၊ ငြိမ်းချမ်းရေးမှာ သက်ရှင်နေထိုင်၍ဖြစ်စေ… (ဒါမှမဟုတ်) ပဋိပက္ခထဲဝင်ရောက်၍ဖြစ်စေ၊ ထပ်တလဲလဲ နှောင့်ယှက်မှုများ၊ အခက်အခဲများကို ရင်ဆိုင်၍ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခြင်းများရဲ့ ဖြစ်နိုင်ခြေများကို ရင်ဆိုင်၍ဖြစ်စေ” တစ်ခုခုကို ရွေးချယ်ရပါ့မယ်။ သူဟာ နောက်ပိုင်း ဒုတိယတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ?
ငြိမ်းချမ်းရေးနှင့်အေးအေးဆေးဆေး နေထိုင်ခြင်းဟာ ဘ၀ရဲ့နောက်ဆုံးရည်မှန်းချက် ဖြစ်ခဲ့တယ် ဆိုတာ-- ပြီးတော့ ဒီရည်မှန်းချက်ကို အောင်မြင်ဖို့ အကောင်းဆုံးလမ်းဟာ ပဋိပက္ခနဲ့ ပတ်သက်တဲ့ အခြေအနေများကို ရှောင်ရှားဖို့ဖြစ်ခဲ့တယ်ဆိုတာ-- သူ့ကို ဟောပြောပြသခဲ့တဲ့ ဂုရုတစ်ယောက် သူ့မှာ မရှိခဲ့ဘူးလား? ဘာ့ကြောင့် သူဟာ ဝေးရာသို့ မလျှောက်လှမ်းခဲ့သလဲ? ခေါင်းရှောင်မသွားခဲ့သလဲ? လုပ်ဖို့ မငြင်းဆန်ခဲ့တာလဲ?
Dalai Lama- ဟာ တိဘက်တွင် ငြိမ်းချမ်းရေးမှာ သက်ရှင်နေထိုင်ရေးထက် သင့်တော်တဲ့ မိမိတိုင်း ပြည်က ကြာမြင့်စွာ ခွဲခွါနေရခြင်း ဘ၀နေထိုင်မှုပုံစံကို ရွေးချယ်ခဲ့ပါတယ်။ သူကိုယ်တိုင်ဟာ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးတရားတွေ ဟောကြားခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေးမှာ ရှင်သန်နေထိုင်ရခြင်းက ပဋိပက္ခရဲ့အခြေအနေများကို ရှောင်ရှားဖို့ လိုအပ်ခဲ့တယ်ဆိုတာ မသိရှိခဲ့ဘူးလား?
Aung Sun Suu Kyi- ဟာ အထိန်းသိမ်းခံခဲ့ရမှာမဟုတ်။ Winston Churchill- ဟာ ကမ္ဘာ့စစ်ထဲ ပူးပေါင်းပါဝင်ရဖို့ အကြောင်းရှိမှာမဟုတ်။ Nelson Mandela- ဟာ တစ်ကိုယ်တည်း အကျဉ်းချခြင်းကို ခံစားရမှာမဟုတ်။ Julius Nyerere- ဟာ Idi Amin နှင့် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ဖို့ရာ ရှိလိမ့်မယ် မဟုတ်။
ငြိမ်းချမ်းရေးမှာ ရပ်တည်နေပေမယ့် ပဋိပက္ခကို ထွေးပိုက်ပွေ့ဖက်ပြီးတဲ့ လူအများနဲ့ပတ်သက်လို့ စာရင်းက အရှည်ကြီးပါ။ မှတစ်ပါးအခြား.. သူတို့ဟာ အဲဒါကို အရှုံးပေးအညံ့ခံဖို့ထက် သင့်တော်တဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်ပြီးရပ်တည်ဖို့ ရဲရင့်ခြင်းသတ္တိရှိပါတယ်။
နှစ်သက်မြတ်နိုးစရာကောင်းတဲ့ အိန္ဒိယဆိုင်ရာဝတ္ထု Ramayana နဲ့ Mahabharata နှစ်ခုစလုံးဟာ စစ်ပွဲပုံပြင်များပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပုံပြင်များမဟုတ်ပါ။ တရားရုံးမှာ Krishana- ဟာ Draupadi- ရဲ့ မျက်နှာပျက်အရှက်တကွဲဖြစ်ရခြင်းနဲ့ပတ်သက်တဲ့ ဖြစ်ရပ်ကို မသိကျိုးကျွန်ပြုဖို့ Pandavas- ကို မပြောဆိုခဲ့ပါ။ သူဟာ စစ်ပွဲသို့သွားဖို့ သူတို့ကို အားပေးတိုက်တွန်းခဲ့ပါတယ်။ Gita- က ပြောပါတယ်--“ အမှန်တရားကို ထိန်းသိမ်းဖို့ စစ်ပွဲမှာပါဝင်ခြင်းဟာ စစ်သည်ရဲမက်တစ်ယောက်အတွက် ရွေးချယ်ရမယ့်ကိစ္စ မဟုတ်။ ဒါဟာ သူ့ရဲ့တာဝန်ပဲ ဖြစ်တယ်”။
Islam- က ပြောပါတယ်။ “ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းရဲ့ နည်းလမ်းတစ်ခုအဖြစ်-- ဖိနှိပ်ချုပ်ချယ်မှုက အကဲစမ်း စမ်းသပ်လာတဲ့အခါ-- တိုက်ခိုက်မှုဟာ တရားမျှတမှုအတွက် ထိန်းသိမ်းဖို့ ဖြစ်တဲ့အခါ-- Jihad- မှာ ပူးပေါင်းပါဝင်ခြင်းဟာ muslim- တစ်ယောက်ရဲ့ တာဝန်ဖြစ်ပါတယ်”။
ပဋိပက္ခနှင့် ပဋိပက္ခတစ်ခုကို ဖြေရှင်းခြင်းရဲ့ နည်းလမ်းများအကြား အကျွန်ုပ်တို့ကို ဇဝေဇ၀ါရှုပ်ထွေးစေခဲ့ပါတယ်။
အကျွန်ုပ်တို့ မမှန်မကန် ယူဆခဲ့တာကတော့ - ငြိမ်းချမ်းရေးကို ချစ်တဲ့သူတစ်ယောက်အဖြစ် Gandhi-ဟာ ပဋိပက္ခရဲ့အခြေအနေကို ရှောင်ရှားပြီးခဲ့ရမယ်ဆိုတာ ဖြစ်ပါတယ်။ သို့သော် အခြားတစ်ဖက်မှာ သူဟာ ပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ Bhagat Singh- ဟာ ခိုက်ရန်ဒေါသရန်လိုမှုကို ရွေးချယ်စဉ် Gandhi- ဟာ ငြိမ်းချမ်းရေးလက်နက်ကို အသုံးပြုဖို့ ကြိုးစားခြင်းမှတစ်ပါး-- သူတို့နှစ်ယောက်ဟာ ပဋိပက္ခနှင့်ဆက်ဆံ သက်ဆိုင်ပတ်သက်ဖို့ သူတို့ ကိုယ်ကိုယ်သူတို့ အသင့် ဖြစ်နေပါတယ်။
သိပ္ပံပညာရှင်၊ အနုပညာရှင် (ဒါမှမဟုတ်) ပရော်ဖက်ဆာတစ်ယောက်ရဲ့တာဝန်ဟာ အသိပညာဆိုင်ရာ ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်များကို ဆန့်ကျင်လျှက်-- ပဋိပက္ခမှာ ပါဝင်ဖို့လည်း ဖြစ်ပါတယ်။ အကန့်အသတ် ရှိတဲ့အသိပညာဆိုင်ရာ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ကျေးကျွန်ဘ၀ရဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။
Albert Einstein- ဟာ သိပ္ပံဆိုင်ရာ အသိပညာရဲ့နယ်နိမိတ်များကို လမ်းဖွင့်ပေးခဲ့ပါတယ်။ James Joyce- ဟာ စာပေနဲ့ပတ်သက်တဲ့ကမ္ဘာမှာ နည်းတူမခြား ပြုလုပ်ခဲ့ပါတယ်။ ဖန်တီးနိုင်စွမ်းအားနဲ့ ပတ်သက်လို့ ကန့်သတ်ချုပ်ချယ်ခြင်းကို သူဟာ အဲဒါတွေကို မြင်ယင်မြင်သလောက် ရေးသား ခြင်းဆိုင်ရာ ဥပဒေများကို ဆန့်ကျင်ခဲ့ပါတယ်။Picasso- နှင့် M F Husanin- ဟာ အနုပညာမြင်ကွင်းမှာ လက်ခံထားတဲ့ဥပဒေများကို ကျော်လွန်တဲ့ နယ်ပယ်ကို စူးစမ်းလေ့လာခဲ့ပါတယ်။ Mother Teresa- ဟာ စောင့်ရှောက်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆကို ပြန်လည်အနက်အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။
သူတို့အထဲက လူတိုင်းလူတိုင်းဟာ ဝေဖန်ခြင်းငြင်းခုံခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့အလုပ်နဲ့ပတ်သက်တဲ့သဘာဝကို အခိုင်အမာလက်ခံယုံကြည်ထားခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့အမြင်ကို ဖြည့်ဆည်းလေ့ရှိတဲ့ နည်းစနစ်များကို နားလည်သဘောပေါက် ထိန်းသိမ်းလေ့ရှိပါတယ်။ သူတို့ဟာ ဆက်လက်စိတ်ပါဝင်စားမှုကို ထိန်းသိမ်းထားပါတယ်။
အကျွန်ုပ်တို့ ချစ်မြတ်နိုးတဲ့ သူအများ-- အကျွန်ုပ်တို့ ၀တ်ပြုကိုးကွယ်တဲ့ အရာများမှာတောင် ပြည့်ဝ ကုံလုံတဲ့ လုံလောက်ပြည့်စုံမှုအဖြစ် ဖြစ်တည်ခြင်းကို ငြင်းပယ်ခဲ့ပြီးပြီဆိုတာ… ပြီးတော့ ဖြစ်တည်ခြင်းကို ကြီးကျယ်ပြန့်ကားလာဖို့အတွက် ပဋိပက္ခမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ပြီးပြီဆိုတာ… သည်အရာမှ ကောက်ချက်ချနိုင်သည်သာ ဖြစ်ပါတယ်။ သူတို့ဟာ အကျွန်ုပ်တို့ဘ၀ရဲ့ရည်ရွယ်ချက်ကို ပြန်လည် ဖွင့်ဆိုရှင်းပြပြီးပါပြီ။
အကျွန်ုပ်တို့ဘ၀ရဲ့ရည်ရွယ်ချက်ဟာ ပြုသမျှနုရတဲ့ မလှုပ်မယှက်ငြိမ်နေတဲ့ လက်သင့်ခံခြင်းမှာ ရှင်သန် နေထိုင်ဖို့မဟုတ်ပါ။ ဖန်တီးနိုင်စွမ်းအလို့ငှါ ပဋိပက္ခနဲ့ ထိတွေ့မှုရှိဖို့ပဲ ဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းဟာ ဘ၀ရဲ့ရည်ရွယ်ချက် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ဟာ ၀ိညာဉ်အသီးသီးနှင့် စုပေါင်းထားတဲ့သိစိတ်ကို ရှေ့တိုးတက်လှမ်းဖို့ ဖြစ်ပါတယ်။
ဒီနေရာမှာ သတိပေးတဲ့စကားလုံး တစ်လုံးကတော့… အကျွန်ုပ်တို့ဟာ ပဋိပက္ခက တရားမျှတသလား မမျှတဘူးလား- ဆိုတာ သိဖို့ရန်အလို့ငှါ… စိတ်ပိုင်းဆိုင်ရာအရ အကျွန်ုပ်တို့ကိုယ်ကို ပထမဆုံး ကျေအေးပြီးပြတ် အေးငြိမ်းစေရမယ်ဆိုတာ… ဖြစ်ပါတယ်။