Saturday, June 25, 2011

သင်ကိုယ်တိုင် သင် ချစ်ပါသလား?

လူတွေဟာ အထီးကျန်တယ်လို့ ခံစားရပါတယ်။ သူတို့ဟာ သူတို့ရဲ့ အထီးကျန်ဆန်မှုကို ဖြည့်ဆည်းပေးဖို့ တစ်စုံတစ်ဦးကို လိုအပ်ပါတယ်။ သူတို့က အဲဒါကို ချစ်ခြင်းမေတ္တာလို့ ခေါ်ကြပါတယ်။ သူတို့က ချစ်ခြင်းမေတ္တာကို ဖော်ပြကြပါတယ်။ အဲဒါက အခြားသူများကို ချိတ်ဆက်ဖို့ ချိတ်တွဲဖို့နည်းလမ်းတစ်ခုသာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခြားသူများကလည်း အဲဒါကို ချစ်ခြင်းမေတ္တာလို့ ခေါ်ကြပါတယ်။ အဲဒါက သင့်ကို ချိတ်ဆက်တွယ်ထားဖို့ နည်းလမ်းတစ်ခုသာဖြစ်တဲ့အတွက်ကြောင့်ပါ။

ဒါပေမယ့် ချစ်ခြင်းမေတ္တာ ရှိ, မရှိဆိုတာ ဘယ်သူကများ သိရှိပါသလဲ? ချစ်ခြင်းမေတ္တာဟာ ကစားနည်း ဂိမ်းတစ်ခုမျှသာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက သင်ဟာ တစ်ဦးတစ်ယောက်ကို မလိုလားတော့တဲ့အခါမှသာ ဖြစ်ပါတယ်။

သင်ဟာ ငွေကြေးအလိုရှိလို့ ဘဏ်ကိုသွားလျင် သူတို့က သင့်ကို ဘာတစ်ခုမျှ ပေးလိမ့်မည်မဟုတ်ပါ။ သင် ငွေကြေးမလိုအပ်တော့ပဲ လုံလုံလောက်လောက်ရှိတဲ့အခါ သူတို့က သင့်ကို ပေးဖို့ အမြဲတမ်းအဆင်သင့် ဖြစ်နေပါလိမ့်မယ်။

သင်ဟာ လူတစ်ယောက်ကို လုံးဝမလိုအပ်တော့တဲ့အခါ - သင်ဟာ သင်ကိုယ်တိုင်သို့ အကြွင်းမဲ့ ပြည့်စုံတဲ့အခါ - သင်ဟာ အဖော်မပါတစ်ဦးတည်း ဖြစ်နိုင်တဲ့အခါ- ပြီးတော့ အလွန်တရာ ပျော်ရွှင်ပြီး ဘ၀င်ခိုက်ပီတိတက်ကြွနေတဲ့အခါ- အဆိုပါကာလမှာတော့ ချစ်ခြင်းမေတ္တာဟာ ဖြစ်နိုင်ခြေ အလားအလာ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာလည်းပဲ - သင့်ရဲ့ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်ဟုတ်သလားဆိုတဲ့- အရာဝတ္ထုတစ်ခုနဲ့ ပတ်သက်လို့သာလျင် ကျိန်းသေစိတ်ချနိုင်ပါတယ်။ သင်ဟာ ချစ်ခြင်းမေတ္တာကို အခြားသူများနဲ့ ပတ်သက်လို့ ဘယ်လို ကျိန်းသေစိတ်ချနိုင်မလဲ? ဒါပေမယ့် အဲဒီကာလက မလိုအပ်ပါ။

အခြားသူများရဲ့ချစ်ခြင်းမေတ္တာဟာ စစ်မှန်သလား မစစ်မှန်ဘူးလားဆိုတာ- အလျဉ်းမပြတ်တောက်လျှောက်ဖြစ်နေတဲ့ ဒီစိုးရိမ်ပူပန်မှုက အလွယ်တကူပဲ အရာဝတ္ထုတစ်ခုကို (သင့်ရဲ့ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာ)ကို ဖော်ပြပါတယ်။ ဘာ့ကြောင့် အဲဒါနဲ့ပတ်သက်လို့ စိုးရိမ်သောက ဖြစ်ရတာပါလဲ? အဲဒါ ကြာရှည်တဲ့ကာလအတွင်း အဲဒါကို သာယာကြည်နူးပါ။ သင်ဟာ အတူတကွဖြစ်နိုင်စဉ်အခိုက် တကွအတူ ဖြစ်ပါ။ ဒါက စိတ်ကူးယဉ်ပုံပြင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ စိတ်ကူးယဉ်ပုံပြင် ဆန်တာကို လိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုင်ရာ တရားဝင်ကြေငြာခြင်းရဲ့နောက်ကွယ်မှာတော့ ဘာလိုအပ်ချက်မျှ မရှိပါ။ သင်ဟာ သင့်ရဲ့အဓိပ္ပါယ်မဲ့ ဟာလာဟင်းလင်းဖြစ်နေတာကို ဖြည့်ဆည်းဖို့ သင်ချစ်ရသူကို သင်နှင့် တကွအတူ ရှိစေချင်ပါတယ်။ သူ့ဘက်ကရပ်တည်မှုကလည်း အဲဒီလိုပါပဲ။ သင်တို့နှစ်ဦးဟာ ငွေကြေးဥစ္စာဓနလို တစ်ဦးကိုတစ်ဦး အသုံးချဖို့ ကြိုးစားနေပါတယ်။

ဒါ့ကြောင့် ချစ်ရသူလို့ အဲဒီလိုသတ်မှတ်ယူဆထားတဲ့ ချစ်ရတဲ့သူများမှာ အမြဲတမ်း ပဋိပက္ခရှိပါတယ်။ အကြောင်းက ဘယ်သူ့ကမှ အသုံးချခံ မဖြစ်စေချင်တဲ့ အတွက် ကြောင့်- ပြီးတော့ သင်ဟာ တစ်ဦးတစ်ယောက်ကို အသုံးချတဲ့အခါ အဲဒီသူက သက်မဲ့အရာဝတ္ထုတစ်ခု ဖြစ်လာပြီး သင်ဟာ သူ့ကို လူသုံးကုန် ပစ္စည်းတစ်ခုအဖြစ်ဖြင့် လျှော့ချပြီးတဲ့ အတွက်ကြောင့်- ဖြစ်ပါတယ်။

တကယ်သတိပြုမိလာတဲ့တစ်နေ့ အဲဒီအခါမှာ သင်ဟာ ချစ်နိုင်လာစွမ်း ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအချိန် သင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့သာ ကျိန်းသေစိတ်ချရပါလိမ့်မယ်။ သို့သော် ဒါက လောက်ငလုံလောက်ပါတယ်!။

သင်ကိုယ်တိုင်ကိုယ်ကော သင် ချစ်ပါသလား? သင်ဟာ ဒီမေးခွန်းကို မေးမြန်းစုံစမ်းခဲ့ပြီးတောင် ဟုတ်ပုံမပေါ်ပါ။ သင်ဟာ သင့်ကိုယ်ကို တစ်ကိုယ်တည်း ချမ်းမြေ့ပျော်ရွှင် အတိသုခ ဖြစ်လာတဲ့အခါ သင်ဟာ ဘယ်သူကိုမျှ အသုံးမချချင်တော့ပါ။ သင်ဟာ ရိုးရိုးသားသား အဲဒါကို ခွဲဝေမျှပေးချင်ပါတယ်။ အဲဒီနောက် တစ်ဦးတစ်ယောက်က လက်ခံဖို့ အဆင်သင့်ရှိခဲ့တယ်ဆိုတာ ကံကောင်းတယ်လို့ သင်ဟာ ခံစားရပါလိမ့်မယ်။ ဒါက ပီပြင်ထင်ရှားတဲ့ ဆိုလိုချက် ဖြစ်ပါတယ်။

အခြားသူများနဲ့ပတ်သက်လို့ ကျိန်းသေစိတ်ချရတဲ့ နည်းလမ်းတော့မရှိပါ။ ပထမဆုံး သင့်နဲ့ ပတ်သက်လို့ ကျိန်းသေစိတ်ချစေပါ။ ပြီးယင် သူကိုယ်တိုင်နဲ့ပတ်သက်လို့ စိတ်ချကျိန်းသေတဲ့သူဟာ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ကျိန်းသေစိတ်ချရပါတယ်။ သင့်ကိုယ်သင် သက်သောင့်သက်သာတည်ငြိမ်မှုရှိတဲ့အခါ အာရုံစိုက်ဗဟိုပြုထားတဲ့ အခါ အောက်သက်ကျေအောင် သင်ကြားလေ့ကျင့်တဲ့အခါ သင်ဟာ ဤသို့သောအရာများနှင့် ဘယ်သောအခါမှ ပူပန်စိုးရိမ်လာလိမ့်မည်မဟုတ်ပါ။ သင်က ကြည်ဖြူစွာ လက်ခံပါ။

တစ်ဦးတစ်ယောက်က သင့်ကို ချစ်ခြင်းမေတ္တာသက်ဝင်လျင် သင်ဟာ အဲဒါကို လက်ခံပါ။ အကြောင်းက သင်ဟာ သင်ကိုယ်သင် ချစ်ခြင်းမေတ္တာသက်ဝင်တဲ့သူဖြစ်တဲ့ အတွက်ကြောင့်ပါ။ သင်ဟာ သင်ကိုယ်တိုင်နှင့်အတူ ပျော်ရွှင်ချမ်းမြေ့ပါတယ်။ နောက်ထပ် အခြားတစ်ဦးတစ်ယောက်က ချမ့်မြေ့ပျော်ရွှင်ပါတယ်။ ကောင်းပါ့! အဲဒါက သင့်ရဲ့ ဦးခေါင်းထဲမှာ မရပါ။ အဲဒါက သင့်ကို ရူးသွပ်စွာ ကိုယ့်ကျိုးအတ္တဖြစ်အောင် မပြုလုပ်ပါ။ သင်ဟာ သင်ကိုယ်တိုင် ရိုးရိုးသားသား ပျော်ရွှင်ကြည်နူးပါတယ်။ အခြားတစ်ဦးတစ်ယောက်ကလည်း ပျော်ရွှင်တဲ့ သင့်ကို တွေ့ပါတယ်။ ကောင်းပါ့! အဲဒါက ကြာရှည်တဲ့ အခိုက်အတံ့အတွင်း ဖြစ်နိုင်ယင် ဖြစ်နိုင်သလောက် လှပစွာ စိတ်ကူးယဉ်ပါ။ ဒါက အမြဲတာရှည်လိမ့်မည်မဟုတ်လို့ပါ။

ချစ်ခြင်းမေတ္တာတစ်ခု ပြီးပြတ်သွားတဲ့အခါ သင်က အဲဒါဟာ မှားယွင်းတယ်ဆိုတာ တွေးခေါ်စဉ်းစားခြင်းကို စတင်ပါတယ်။ အဲဒါက အဆုံးတစ်ခုသို့ လားရောက်တဲ့အတွက် ကြောင့်ပါ။ မဟုတ်! သေချာပေါက်တော့ မဟုတ်။ အဲဒါမှာ အမှန်တရားနဲ့ပတ်သက်တဲ့ မှုန်ဝါးဝါး ရေးရေးမျှသော အလင်းရောင်အချို့ ရှိပြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသင်တို့ နှစ်ယောက်ဟာ အဲဒီအမှန်တရားကို ထိန်းသိမ်းဖို့ ဆုပ်ကိုင်ပွေ့ပိုက်ထားဖို့ မစွမ်းနိုင်ခဲ့ပါ။ သင်တို့ဟာ ချစ်ခြင်းမေတ္တာကို လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် သင်တို့ဟာ အဲဒါကို လက်တွေ့ လုပ်ကိုင်ရယူနိုင်စွမ်း မရှိခဲ့ပါ။

သင် သတိမူမိလာတဲ့အခါ နိုးကြားအသိရှိလာတဲ့အခါ ချစ်ခြင်းမေတ္တာဆိုင်ရာ ခြားနားတဲ့အမျိုးအစား တစ်ခုလုံးကတော့ - ပကတိအမှန်ဖြစ်တဲ့ - ထာဝရရှင်သန်နေတဲ့ အမတရဲ့ တစိတ်တပိုင်းဖြစ်တဲ့- သင့်ရဲ့နှလုံးသားမှာ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ဒါက လိုအပ်မှုတစ်ခုတော့ မဟုတ်ပါ။ ဒါက စည်းစိမ် ဇိမ်ခံပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒါကို အသိပေးဖွင့်ပြောဖို့ တစ်ဦးတစ်ယောက်အတွက် သင် စွဲလမ်း တောင့်တနေတဲ့ အဲဒါနဲ့ပတ်သက်တဲ့ အရာများစွာ သင့်မှာ ရှိနေပါပြီ။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်