အပြစ်ရှိခြင်း, စိတ်မသန့်ခြင်း, လိပ်ပြာမလုံခြင်းဟာ ငါတို့တွေရဲ့ဘ၀နဲ့ပတ်သက်လို့ အမျိုးမျိုးသော အချိန်တွေမှာ ငါတို့တတွေအားလုံးက ခံစားမိပြီး သတိထားမိပြီး ဖြစ်တဲ့- စိတ်ထိခိုက်မှုတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဒီအရာက ငြိမ်းချမ်းမှုနဲ့ စွမ်းအားများအတွက်- ကြီးမားတဲ့ပမာဏအနေဖြင့်- ငါတို့ကို တဖြည်းဖြည်းလုံးပါး ပါးခြင်းကို ဖြစ်စေနိုင်- ၀မ်းနည်းညှိုးငယ်စေနိုင်- လုယက်နိုင်တဲ့- စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။
အပြစ်ရှိခြင်းကို ကျော်လွှားချိုးနှိမ်နိုင်ဖို့ အလို့ငှါ- ပထမဆုံး မိမိက ငါတို့တတွေ ဘာ့ကြောင့် အပြစ်ရှိခြင်းကို ခံစား သတိပြုမိသလဲ- ဆိုတာ နားလည်းသဘောပေါက်ဖို့ လိုအပ်ပါတယ်။ နားလည်သဘောပေါက်ခြင်း ဖြစ်ပေါ် လာတာနှင့်တပြိုင်နက်- ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူလာပါတယ်။
ငါတို့တတွေက အဲဒါကို ပြုလုပ်ခဲ့တာမဟုတ်ပေမယ့်- တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ပြီးလိမ့်မယ်ထင်တယ်- လို့ ငါတို့ စဉ်းစားတဲ့ ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါတို့တွေက ဆက်လုပ်သွားခဲ့ပြီး အဲဒါကို လုပ်ခဲ့တာမျှ သာ ဖြစ်ပေမယ့်- တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ပြီးလိမ့်မယ် မထင်- လို့ ငါတို့တွေ ယူဆတဲ့ ဘယ်အခါ ပဲဖြစ်ပါစေ- ဒို့တတွေဟာ အပြစ်ရှိခြင်းကို ခံစား သတိပြုမိကြပါတယ်။ ဒါ့ကြောင့် အပြစ်ရှိခြင်း အားလုံးရဲ့ အစပျိုးနေတဲ့နေရာ ကတော့ ငါတို့တွေရဲ့ စိတ်ထဲမှာပဲ ဖြစ်ပါတယ်။
ငါတို့တွေရဲ့ မိဘများ ဆရာသမားများနဲ့ လူ့အဖွဲ့အစည်းများက ဒို့တတွေကို သွန်သင်ပြသပေးပြီးတဲ့- ဒီလိုမှ မဟုတ် မွေးရာပါဖြစ်တဲ့ အကောင်းဆုံးဆိုတာတွေ ငါ့တို့မှာ ရှိကြပါတယ်။ အဲဒီအကောင်းဆုံးကို ငါတို့တွေက မစွန့်ဘဲ စွဲမြဲဆုပ်ကိုင်ထားလျင်- ငါတို့တွေကို ပျိုးထောင်လေ့ကျင့် ပုံစံသွင်းပေးပြီးတဲ့အတိုင်း ဒို့တတွေရဲ့ တာဝန်ဝတ္တရားတွေကို ငါတို့တွေက ထမ်းဆောင်ခဲ့လျင်- အပြစ်က မရှိပါ။
ဒါပေမယ့် အကောင်းဆုံးအရာဖြစ်တယ်- လို့ ငါတို့ရဲ့ အယူအဆများနှင့် ငါတို့ လုပ်ခဲ့တဲ့အရာများ အကြား - ခြားနားကွာဟချက် ဖြစ်ပေါ်လာတဲ့အခါ- ခြားနားချက် ဒါမှမဟုတ် ကွာဟချက်က ငါတို့တွေကို စိတ်မ ချမ်းမြေ့စေအောင် ၀မ်းနည်းညှိုငယ်စေအောင်ပြုလုပ်လျက်- အပြစ်ရှိခြင်းအထဲ ပြောင်းလဲသွားပါတော့တယ်။
အပြစ်ရှိခြင်းဟာ အပြင်ဘက်ကလာတဲ့ အခြေအနေ ဒါမှမဟုတ် အပက ပေါက်ရောက်လာတဲ့ စနက်မီးပွား က ပြုလုပ်တာ တကယ့်အနည်းငယ်သာပါ။ ပတ်ဝန်းကျင်ဟာ အဆက်မပြတ်ပြောင်းလဲနေပါတယ်။ အားလုံးသော အပြောင်းအလဲတွေက ငါတို့ကို အကျိုးသက်ရောက်စေတာတော့ မဟုတ်ပါ။
ဒါပေမယ့် အမှားနဲ့အမှန် တာဝန်နဲ့အခွင့်အရေး- ပြီးတော့ အကောင်း,အဆိုး အရာတွေနဲ့ပတ်သက်လို့ သန်မာ အားကောင်းတဲ့ ယုံကြည်မှု ငါတို့တတွေမှာ ရှိခဲ့လျင်- ငါတို့တွေရဲ့ယုံကြည်မှုများကို ပြောင်းလဲ ဖြစ်ပျက်သွားတဲ့ ဘယ်အချိန်ဖြစ်ဖြင့်- ငါတို့တတွေဟာ ဒေါသနဲ့ဖြစ်စေ ရန်လိုမှုဖြင့်ဖြစ်စေ ဒါမှမဟုတ် အပြစ်နဲ့ မချင့်မရဲဖြစ်စေ တုံ့ပြန်လိမ့်မယ်- ဆိုတာ ဖြစ်သွားပုံပေါ်ပါတယ်။
အပြစ်ရှိခြင်းကို ရှင်းလင်းဖယ်ရှားပစ်ဖို့ကတော့ ငါတို့တွေဟာ ပထမဆုံး အမှားနဲ့အမှန် အကောင်းနဲ့အဆိုး လူ့ကျင့်ဝတ်နဲ့ဒုစရိုက်ဖြစ်တဲ့အရာတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အကြွင်းမဲ့ဆို တာတော့ မရှိပါ။
သီးသန့်အချိန် ဒါမှမဟုတ် နေရာသီးသန့်တစ်ခုမှာ အကောင်းလို့ ယူဆရတဲ့အရာတွေဟာ အခြား အချိန် ဒီလိုမှမဟုတ် အခြားနေရာတစ်ခုမှာတော့ အဆိုး ဖြစ်သွားနိုင်ပါတယ်။
ငါတို့တွေရဲ့ အသက် ၂-နှစ်အရွယ်မှာ မိဘတွေကို မျက်စိအောက်က အပျောက်မခံဘဲ တွယ်ဖက်ထား တာဟာ ငါတို့တွေအတွက် သဘာဝကျတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အသက် ၄၀-အရွယ်မှာ အဲဒီလို ဆက်လက်ဖက်တွယ်ထားမယ်ဆိုလျင်တော့ သိသိသာသာ တစ်ခုခုဟာ မှားယွင်းနေပြီ ဖြစ်ပါတယ်။
လူတစ်ယောက်က အခြားသူကို သတ်ဖြတ်လျင် ဒါက ရာဇ၀တ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် တာဝန်အရ ရဲသားတစ်ယောက်က ရာဇ၀တ်သားတစ်ယောက်ကို သတ်ဖြတ်လျင် ဒါမှမဟုတ် စစ်သားတစ်ယောက်က ရန်သူ့တပ်သားကို သတ်ဖြတ်လျင်- သူ့ကို ဆုတံဆိပ်ဖြင့် အသိအမှတ်ပြုသင့်ပါတယ်။
ဒါ့ကြောင့် အပြစ်ရှိမှုကို ရှင်းလင်းဖယ်ရှားပစ်ဖို့- ငါတို့တွေဟာ ငါတို့တွေက အပြစ်ရှိတယ်-လို့ ခံစားနေရတဲ့ အရာဟာ ဘာလဲ- ဆိုတာကို ပထမဦးစွာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အခါ- မိမိက မိမိကိုယ်ကိုယ် ပြုလုပ်နိုင်တဲ့ ဆိုးဝါးတဲ့အရာကတော့- ဘာကိုမျှမပြု လုပ်ခြင်း အရေးယူဖို့ပျက်ကွက်ခြင်းပဲ ဖြစ်ပါတယ်။
ငါတို့တွေဟာ ငါတို့ရဲ့အပြစ်ရှိခြင်းဆီသို့ ဦးတည်ပြီးတဲ့ အမှားအယွင်းကို အသိအမှတ်ပြုလျင်- အဲဒါကို မှန်ကန်အောင်ပြုပြင်ပေးခြင်းအတွက် ငါတို့တွေ ဆက်လက် လျှောက်လှမ်းနိုင်ပါတယ်။ ဖြစ်ပျက်တဲ့ အဲဒီအမှားကို ငါတို့တွေက လက်ခံလျင်- ပြီးတော့ မှားယွင်းမှုအတွက် လူသားတွေ ဖြစ်တယ်- ဆိုတာကို လက်ခံလျင်- လက်ခံခြင်းမှတစ်ဆင့် ငါတို့တွေရဲ့ အပြစ်ရှိခြင်းကို လျှော့ချခြင်း လျော့နည်းသွားစေခြင်း အတွက် ငါတို့တွေ ဆက်လက် စခန်းသွားနိုင်ပါတယ်။
ဒါပေမယ့် ငါတို့တွေက ဘယ်ဖြေရှင်းမှုကိုမှ ပြုလုပ်ခြင်းမရှိဘဲ အပြစ်ရှိခြင်းကို သယ်ဆောင်ရမည့်အနေဖြင့်- ငါတို့ရဲ့အမှားတွေကို ၀န်ခံတာလည်းမဟုတ် လက်ခံတာလည်းမဟုတ်ဆိုလျင်တော့ မိုက်မဲရာပဲ ဖြစ်ပါတယ်။
ဒါက ဂီယာကို မူလအနေအထားမှာ ထားပြီး လီဗာကို နင်းခြင်းဖြင့်- ငါတို့ရဲ့ကားကို တပ်ဆင်ထားခြင်း ကဲ့သို့ပဲ ဖြစ်ပါတယ်။ ဒါက ငါတို့ကို တစ်နေရာရာကိုမှ မောင်းနှင်နိုင်ခြင်း မရှိဘဲ- ငါတို့တွေဟာ စွမ်းအင် အချို့ကို ဆုံးရှုံးပြီး- တိုက်ရိုက် ဒါမှမဟုတ် ပကတိနီးပါး ပတ်ဝန်းကျင်ကို ညစ်ညမ်းခြင်းမှာ အဆုံးသတ်တယ်- ဆိုတာက ကျိန်းသေပါပဲ။ ဆွေးနွေးခြင်း ဖြေရှင်းခြင်းကို ခေါ်ယူလာခြင်းမရှိဘဲ ချန်ရစ်ထားတဲ့- အပြစ်ရှိခြင်း က လေထုကို ညစ်ညမ်း စေပါတယ်။
ဘ၀ဟာ အံ့ဖွယ်ကောင်းတဲ့ စီမံချက်များနှင့်အညီ ဖော်ထုတ်ဖွင့်ဟထားပါတယ်။ ငါတို့တတွေဟာ ပြဇာတ်တစ်ခု မှာ သရုပ်ဆောင်တစ်ဦးမျှသာ ဖြစ်ပြီး- အခြားအချို့သူတွေကတော့ ဇာတ်ညွှန်းရေးဆရာများ ဖြစ်ပါ တယ်။ မြင့်မားတဲ့စွမ်းရည်ဖြင့် ငါတို့တတွေဟာ ငါတို့ရဲ့ ယုံကြည်မှုတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံထားနိုင်လျင်- ဒါက အပြစ်ရှိခြင်းကို- ပြီးတော့ နေ့စဉ်ဘ၀အကြောင်းတရားတွေအပေါ်မှာ ငါတို့ကို ညှင်းပန်းနှိပ်စက်တဲ့ ငါတို့ရဲ့ ဆန့်ကျင်ဘက် အပျက်သဘောဆောင်တဲ့ ခံစားမှုတပြုံလုံးကို- ပယ်နှုတ်ဖို့ အတော်ကလေး လွယ်ကူလာ ပါတယ်။
ပကတိ စကားရပ်အရ- မှားယွင်းမှုနှင့်မှန်ကန်မှုဖြစ်တဲ့အရာကို နားလည်သဘောပေါက်လာပါ တယ်။ ပြီးတော့ ပြတ်ပြတ်သားသား မရှိတဲ့ အပိုင်းအခြားဖြစ်တဲ့ အရာကိုလည်း နားလည်လာပါတယ်။ နောက်ပြီး အဲဒါတွေနှင့် ကိုက်ညီအောင် စပ်ဆက်လာပါတယ်။