Monday, February 21, 2011

ချစ်ခြင်းမေတ္တာနှင့် ကမ္မဌာန်း

အကျွန်ုပ်တို့အချို့ဟာ ချစ်ခြင်းမေတ္တာရဲ့ပဓာနအနှစ်သာရကို ခံစားရပြီးလျင် ရှင်သန်နေတဲ့ချစ်ခြင်းမေတ္တာရဲ့ မီးတောက်မီးလျံကို ဆက်လက်ထိန်းသိမ်းရာမှာ အခက်အခဲ ဖြစ်ပေါ်လာပါတယ်။ တကယ့်အခိုက်အတံ့တစ်ခုဟာ ချစ်ခြင်းမေတ္တာရဲ့ခံစားတွေ့ကြုံမှုကို စကားလုံးနှင့် မှတ်ညဏ်ထဲသို့ ကူးပြောင်းသွားပါတယ်။ စိတ်ဟာ လွှဲပြောင်းတာဝန်ယူပါတယ်။ အဲဒီတော့မှပဲ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့မစစ်မှန်တဲ့ ရုပ်ပုံကားချပ်တစ်ခုကို ဖန်တီးရာမှာ အဆုံးသတ်သွားပါတော့တယ်။

ချစ်ခြင်းမေတ္တာကို မျက်မှောက်အခိုက်မှာသာလျင် ခံစားနိုင်တယ်ဆိုတဲ့ အချက်ကို နားလည်သဘောပေါက်ဖို့ အလွန်အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ အတွေးအားလုံးဟာ ချစ်ခြင်းမေတ္တာကို ငြင်းပယ်ပါတယ်။ ပြီးတော့ တစ်ဦးတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ မစစ်မှန်တဲ့ကမ္ဘာထဲမှာ ရှိနေဖို့ မသိမှုဆီသို့ တစ်ဦးချင်းအလိုက်ကို တွန်းအားပေးပါတယ်။

တစ်ဦးချင်းအလိုက် အခြေခံအားဖြင့် တပ်မက်မှုနဲ့ သူတစ်ပါးလက်အောက်ခံဖြစ်တဲ့ မလွတ်လပ်တဲ့ အတွေးများရဲ့ ကွန်ယက်ထဲမှာ နွံနစ်နေပါတယ်။ မှားယွင်းတဲ့ပျော်ရွှင်မှုထဲသို့ သယ်ဆောင်လာတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ တဖြည်းဖြည်းများလာတဲ့ အတွေးများက - အဲဒီအရာကို ဆုံးရှုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခများဆီသို့ လမ်းကို မနားမနေ ပေးပါတယ်။

ဘက်ပေါင်းစုံ ပေါင်းစည်းထားတဲ့- လိုက်ဖက်အတွဲညီတဲ့- အနုစိတ်တိုင်းနိုင်တဲ့ တစ်ဦးချင်းအလိုက်သာလျင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ မီးတောက်မီးလျံကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာရဲ့အိုင်ထဲမှာ တကယ်ပဲရှိနေရလောက်အောင် ပစ္စပ္ပုန်အခိုက်အတံ့မှာ အမြစ်တွယ်နေထိုင်ဖို့ တစ်ဦးချင်းအတွက် မရှိမဖြစ် ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တိုင် ချစ်ခြင်းမေတ္တာမှာ ရှိတဲ့ တစ်ဦးချင်းကသာလျင် အခြားသူများကို ချစ်ခြင်းမေတ္တာဆိုင်ရာ အနုပညာလက်ရာကို သိရှိနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာာက ဝေဆာလာပြီး ပစ္စုပ္ပန်အခိုက်အတံ့မှာ သူကိုယ်တိုင်က အမူအရာဖြင့် ဖော်ပြလာတယ်- ဆိုတာ သိရှိခြင်းရဲ့နောက် - ပစ္စုပ္ပန်မျက်မှောက်မှာ တစ်ဦးတစ်ယောက်ကို အမြစ်တွယ်သလားဆိုတဲ့ မေးခွန်းဟာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာပါတယ်။ တကယ်လို့ တစ်ဦးတစ်ယောက်က ပစ္စုပ္ပန်မှာ ဖြစ်တယ်ဆိုလျင် - ပြီးတော့ သူကိုယ်တိုင်နှင့် အခြားသူများကို ချစ်ခြင်းမေတ္တာသက်ဝင်တယ်ဆိုလျင် - ဒီနောက် ကမ္မဌာန်းတရားဟာ သူ့အတွက် တစ်စုံတစ်ခုလို့ မဆိုလိုတော့ပါ။

သင်ဟာ ငြိမ်းချမ်းမှု- သဟဇာဖြစ်မှုနဲ့ ရွှင်မြူးတက်ကြွမှုမှာ ဖြစ်မနေဘူး- ဆိုတာကို ခံစားတွေ့သိရလျင် အဲဒီအခါ ကမ္မဌာန်းတရားဟာ ချစ်ခြင်းမေတ္တာနဲ့ဘ၀ကို သင့်အထံ ပြန်လည်သယ်ဆောင်လာနိုင်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့ကိုယ်ပိုင် ခံစားမှုကင်းခြင်းနှင့် လုပ်နေကျအပြုအမူများကို သက်သေပြုနိုင်ဖို့ ဒိဋ္ဌမျက်မြင်တွေ့ဖို့ ကမ္မဌာန်းတရားက သင့်မှာ နေရာကို ဖန်တီးပေးပါတယ်။ သင့်ရဲ့ ကိုယ်ပိုင် အာရုံခံစားမှု မရှိခြင်းနဲ့ပတ်သက်လို့ ဒီတကယ့် တွေ့ဆုံမြင်မိခြင်းက သင့်မှာ တုံ့ပြန် အာရုံခံစားတတ်မှုဆိုင်ရာ တံခါးများကို ဖွင့်ပေးပါတယ်။

မိမိရဲ့ကိုယ်ပိုင်ချို့ယွင်းချက်ကို သိမြင်ခြင်းရဲ့ ဒီခံစားတုံ့ပြန်နိုင်မှုဟာ အသိညဏ်ဆိုင်ရာ ဦးတည်ရာလမ်းကြောင်းကို အစပျိုးပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခြင်းမရှိဘဲ, ပြီးတော့ စိတ်ပိုင်းဆိုင်ရာ အဓိပ္ပါယ် ကောက်ယူနိမိတ်ဖတ်ခြင်းမရှိဘဲ - မိမိကိုယ်တိုင်နှင့်အခြားသူများကို ရှု့မြင်ခြင်းဟာ တက်ကြွ နိုးကြား ရလောက်အောင် တကယ့်ကို စိတ်ကို လွတ်လပ်ပေါ့ပါးစေပါတယ်။ ဘ၀ရဲ့ရင်းမြစ်တစ်လျောက် လှုပ်ရှားဆောင်ရွက်ခြင်းဆိုင်ရာ သဘာဝစီးဆင်းခြင်းဟာ သင့်ကို ပျော့ပျောင်းအောင်နှင့် သဘောပေါက်လက်ခံလွယ်အောင် ပြုလုပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထုတ်လုပ်ခဲ့တဲ့ မှားယွင်းတဲ့စိတ်ကူးများဟာ မျက်မြင်ဒိဌ လက်တွေ့သဘာဝကျခြင်းရဲ့ရှေ့မှာ ကျိုးပျက်သွားပါတယ်။ သင်တစ်ဦးချင်းအနေဖြင့် သင်ဟာ သင်ကိုယ်တိုင်နှင့်အတူတကွ ဖြစ်တည်ခြင်း - ပစ္စုပ္ပန်မျက်မှောက်နှင့်အတူ စီးဆင်းခြင်းရဲ့ သင့်ရဲ့မူရင်း အပြစ်ကင်းစင်ခြင်းကို နောက်ထပ်တဖန် ပြန်လည်လို့ ရရှိပါတယ်။ ပစ္စုပ္ပန်မျက်မှောက်မှာ ဒီဖြစ်တည်ခြင်းဟာ- နောင်တမရှိဘဲ လက်တွေ့ဒိဌသဘာဝကျခြင်းကို ရင်ဆိုင်ဖို့- သန့်ရှင်းဖြူစင်တဲ့ အသိပညာတစ်လျောက် ရောက်ရှိလာတဲ့ - ချစ်ခြင်းမေတ္တာဆိုင်ရာ တံခါးများကို မနားမနေ ဖွင့်ပါတယ်။

ကမ္မဌာန်းတရားဟာ အချိန်ပိုစုဆောင်းထားတဲ့ မသိမှုဆိုင်ရာဖုန်မှုန့်ကို ဆေးကြေားသုတ်သင်ပါတယ်။ သင့်ရဲ့ရင်းမြစ်များကို သင့်ရဲ့အတွင်းအတ္တကို ပြန်လည်ရရှိဖို့ သင်ဟာ ကမ္မဌာန်းတရားကို အသုံးပြုလေလေ - သင်ဟာ သင့်ရဲ့အလားအလာကို သိခြင်းမှ သင့်ကို တားဆီးထားတဲ့ - သင့်ရဲ့မသိစိတ်ဖိနှိပ်မှုများကို သိရှိ နားလည်လာလေလေ ဖြစ်ပါတယ်။ မသိစိတ်ဖိနှိပ်မှုက ထင်ရှားပေါ်လွင်လာသည်နှင့်တပြိုင်နက်- ပြီးတော့ သူတို့ဟာ သိစိတ်ရဲ့ လှိုင်းကို လမ်းကြောင်းကို ဖြတ်သန်းသွားသည်နှင့်တပြိုင်နက်- သင်ဟာ အကျဉ်းသားဘ၀မှ လွတ်မြောက်လာပါတော့တယ်။ ဒီလွတ်ငြိမ်းမှုမရှိဘဲ သင်ကိုယ်တိုင်နှင့်အခြားသူများအတွက် ဘယ် ကြိုးပမ်းမှုမျိုးကမဆို အလဟဿဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်လာပါတယ်။

ကမ္မဌာန်းတရားဟာ ကိုယ်တိုင်ချည်နှောင်မှုမှ ကိုယ်တိုင်လွတ်လပ်ဖို့ တစ်ဦးချင်းအလိုက်ကူညီလျက် သိစိတ်နှင့် မသိစိတ်ကို တံတားခင်းပေးပါတယ်။ ပြီးတော့ စိတ်ရဲ့နှောင်ဖွဲ့မှုမှ သူကိုယ်တိုင် လွတ်လပ်ပြီးတဲ့သူကသာလျင် သူရဲ့သဘာဝအခြေအနေ(ချစ်ခြင်းမေတ္တာကိုယ်တိုင်က ချစ်ခြင်းမေတ္တာသက်ဝင်တဲ့ သဘာဝအခြေအနေ)သို့ ပြန်ရောက်ရှိလာနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာသက်ဝင်နေတဲ့လူတစ်ယောက်ကသာလျင် လက်တွေ့သဘာဝကျမှု ရှိနိုင်ပြီး ပညာသားပါစွာ အဲဒါကို ရင်ဆိုင်နိုင်ပါတယ်။ ကမ္မဌာန်းတရားဟာ တစ်ဦးချင်းအနေဖြင့် ရှိတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ တကယ့် ပင်လယ်သမုဒ္ဒရာနှင့် ပူးပေါင်းစေဖို့ တစ်ဦးချင်းအလိုက်ကို ရယူတဲ့ လက်နက် ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ တစ်ဦးချင်းတစ်ယောက်ချင်းဟာ ချစ်ခြင်းမေတ္တာမှာ ကမ္မဌာန်းတရားကို လူပုဂ္ဂိုလ်အဖြစ် တင်စားသုံးနှုန်းတယ်, လူပုဂ္ဂိုလ်အသွင်ဖြင့် ကိုယ်စားပြုတယ်- ဆိုတဲ့ အမှန်တရားသို့ မျက်နှာမူဖို့ ရောက်ရှိလာပါတော့တယ်။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်