Sunday, October 30, 2011

စတော့ဈေးကွက်နှင့် သင်

စတော့ဈေးကွက်များက နေ့စဉ် သတင်းမှာပါလျက် ရှိပါတယ်။ ပြီးတော့ အဲဒါတွေက စိတ်ပိုင်းဆိုင်ရာသင်ကြားခြင်းအတွက် အကောင်းဆုံးနေရာတစ်ခုကို ဖန်တီးပါတယ်။ သင် စိတ်ကူးတွေးဆတဲ့ ဘယ်အရာပဲဖြစ်ဖြစ်- ဒါမှမဟုတ် အဲဒါနဲ့ပတ်သက် လို့ သင် ပြောဆိုတဲ့ ဘယ်ဟာမဆို- ဒီလိုမှမဟုတ် စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံတဲ့ ဘယ်အရာပဲ ဖြင့်ဖြစ်- သင်ဟာ စိတ်ပိုင်းဆိုင်ရာအမြင် ယထာဘူတကျကျ ပုံမှန် ကြည့်ရှု့ခဲ့မဲ့ အလားအလာ ရှိခဲ့လိမ့်မယ်မဟုတ်ပါ။

စတော့ဈေးကွက်များဟာ ၀ယ်ခြင်းရောင်းခြင်း- အမြတ်အရှုံး- ၀ယ်သူရောင်းသူ- ကြိုတင်မျော်မှန်းချက်များနဲ့ ပတ်သက် ပါတယ်။ လူတွေဟာ အခြေခံအားဖြင့် ၀င်ငွေကောင်းဖို့ ရည်ရွယ်ချက်နှင့် စတော့ဈေးကွက်သို့ ၀င်ရောက်လင့်ကစား- အရောင်းအ၀ယ် လုပ်ငန်းဆီသို့ စိတ်ပိုင်းဆိုင်ရာ အစွန်းအနား ရပ်တည်ချက်တစ်ခု ရှိပါတယ်။ ပြီးတော့ သဘောပေါက် လက်ခံလွယ်တဲ့ တစ်ဦးတစ်ယောက်က ဒီနေရာမှာ ဘ၀နဲ့ပတ်သက်လို့ သင်ခန်းစာအချို့ သင်ယူနိုင်ပါတယ်။

ဘ၀မှာကဲ့သို့ စတော့ဈေးကွက်များမှာ သေချာမှုသည်သာ မသေချာမရေရာခြင်း ဖြစ်ပါတယ်။ အတပ်ခန့်မှန်းရ ခက်ပါတယ်။ မနက်တိုင်း- အကျွန်ုပ်တို့တစ်နေ့တာဟာ ဖြစ်နိုင်ဖွယ်ဘယ်လိုအလားအလာများ ရှိနိုင်ပုံပေါ်တယ်ဆိုတဲ့ ကျယ်ပြန့်တဲ့အိုင်ဒီယာတစ်ခု အကျွန်ုပ်တို့မှာ ရှိပေမယ့်လဲ- တစ်နေ့တာအတောအတွင်း- ဖြစ်ပျက်နိုင်တဲ့အဖြစ်အပျက်များ- ဖြစ်ပျက်နိုင်ချေမရှိတဲ့ အဖြစ်အပျက်များနဲ့ပတ်သက်လို့- အာမခံနှင့် ကြိုတင်ဟောကိန်းမထုတ်နိုင်ပါ။

အလားတူ- စတော့ကုန်သည်တိုင်းနဲ့ ပွဲစားတိုင်းက- ဈေးကွက်များရဲ့ အပြုအမူလုပ်ဆောင်ပုံကို ပိုင်နိုင်ယုံကြည်စိတ်ချမှုနှင့် အတူ ဟောကိန်းမထုတ်နိုင်- ဆိုတာ သိရှိကြပါတယ်။ ယေဘုယျအားဖြင့် ဦးတည်ရာအလားအလာများကို တွက်ဆ ခန့်မှန်းနိုင်- ဒါမှမဟုတ် ကြိုတင်မျော်မှန်းနိုင်ပေမဲ့- ဈေးကွက်များဖွင့်လှစ်တဲ့အခါနှင့် ကုန်သွယ်မှုစတင်တဲ့ အချိန်မှာတော့- နောက်ဆုံး ဖြစ်ပျက်တဲ့အရာဟာ- တစ်မိနစ်ပြီးတစ်မိနစ်ဖြင့်သာ သဘောပေါက်သိမြင်နားလည်ကြရပါတယ်။ ဒါက- ဘ၀ဟာ အခိုက်အတံ့တစ်ခုမှ အခိုက်အတံ့တစ်ခုသို့ အဆင့်ဆင့်စီးဆင်းနေတဲ့- အကျွန်ုပ်တို့ဘ၀ရဲ့အမှန်တရားလည်း ဖြစ်ပါတယ်။ (ပစ္စုပ္ပန်အခိုက်အတံ့ တစ်ခုတည်းမှာသာ အကျွန်ုပ်တို့ နေထိုင်နိုင်ပါတယ်။)

အဲဒါရဲ့ သွားချည်ပြန်ချည်- ကောင်းတစ်ခါဆိုးတစ်လှည့်- အောင်မြင်မှုများ ဆုံးရှုံးမှုများနှင့်အတူ- ဒွန်တွဲနေမှုအတွင်း ဘ၀ကို ရုန်းမထွက်သာအောင် မိနေပါတယ်။ တူတာကတော့- ထပ်ကာတလဲလဲ တလည်လည်ဖြစ်နေတဲ့ ပုံမှန်ဖြစ်နေကျများဖြင့်- ရင်းနှီးမြှု့ပ်နှံသူဟာ ပျော်ရွှင်မှုများမှ ၀မ်းနည်းမှုများသို့- ဘ၀င်ခိုက်ခြင်းပီတိများမှ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းများဆီသို့- လှုပ်ရှားပြောင်းရွှေ့နေတဲ့- စတော့ဈေးကွက်များဆိုင်ရာ အမှန်တရားပဲ ဖြစ်ပါတယ်။ ဘ၀မှာကဲ့သို့ စတော့များအနေနှင့်လည်း မြဲတဲ့အောင်မြင်တဲ့သူ (ဒါမှမဟုတ်) အမြဲရှုံးနိမ့်တဲ့သူဆိုတာ မရှိပါ။ ပြောင်းလဲနေတာဟာ အခိုက်အတံ့ပဲ ဖြစ်ပါတယ်။

လောလောဆယ်အခြေအနေအတွက် ဆက်လက်အကဲဖြတ်ခိုင်းနေလျက်- ဒီနောက် အကျွန်ုပ်တို့အတွက် အပြုအမူရဲ့ ရှေးရှုးဦးတည်ရာ ဘယ်အရာပဲဖြစ်ဖြစ် အဲဒီအခိုက်အတံ့မှာ သယ်ဆောင်လျှက်- စတော့ဈေးကွက်များနှင့် ဘ၀ဟာ မျက်မှောက်အခိုက်အတံ့မှာ ဖြစ်တည်ခြင်းနဲ့ ပတ်သက်ပါတယ်။ ဒီအပြုအမူများက လက်သင့်ခံနိုင်တဲ့ (ဒါမှမဟုတ်) လက်သင့်မခံနိုင်တဲ့ အကျိုးဆက်များနဲ့စပ်လျဉ်း၍ ဖြစ်ပေါ်စေနိုင်စွမ်း ရှိပါတယ်။ တုန်လှုပ်မှုကင်းခြင်း စိတ်တည်ငြိမ်ခြင်းဖြင့်- တစ်ဦးတစ်ယောက်ဟာ အကောင်းအဆိုးနှစ်ခုလုံးကို အသိအမှတ်ပြုလက်ခံဖို့ ပြီးပြည့်စုံရင့်ကျက်မှု ရှိရပါ့မယ်။

ဘ၀ဟာ ကျွန်ုပ်တို့ရဲ့အကောင်းဆုံး ကြိုးစားအားထုတ်မှုဝီရိယဖြင့် ရင်းနှီးစိုက်ထုတ်ခြင်းနဲ့ပတ်သက်တာ ဖြစ်ပြီး-အမြင့်မားဆုံး အခွင့်အာဏာ (ဒါမှမဟုတ်) ပါဝါကို အရှုံးပေးအညံ့ခံ ကျေးကျွန်အဖြစ်ခံယူခြင်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ပြီးတဲ့နောက်- တစ်ဦးတစ်ယောက်က အဲဒါနဲ့ပတ်သက်လို့ ဆက်လက်တွေးခေါ်မနေသင့်။ ရင်းနှီးမြှုပ်နှံခြင်းမှာလည်းပဲ- အဲဒီထွက်ခွါသွားခွင့်ပြုခြင်းကို မကြာခဏ လိုအပ်ပါတယ်။

အကျွန်ုပ်တို့ရဲ့အလုပ်ကို လုပ်ဆောင်ပြီးတဲ့အခါ- ထွက်ခွါသွားခွင့်ပြုရပါမယ်။ ပြီးတော့ ရပ်တည်မှုကို လွှဲပြောင်းတာဝန်ယူခွင့် ပြုရပါ့မယ်။ ဘယ်တုန့်ပြန်မှုမဆို- ဘယ်ဆုလာဘ်မဆို အကျွန်ုပ်တို့ကို ပေးပါတယ်။ သင်ဟာ ပြောင်းလဲနိုင်စွမ်းမရှိတဲ့ အဲဒီအရာကို လက်ခံဖို့ သင်ယူပါ။ တစ်ချိန်ထဲမှာပဲ- ဒီအရည်အသွေးတွေဟာ ဆင်းရဲဒုက္ခကို အမြဲတမ်း ဦးတည်တဲ့အတွက်- တစ်ဦးတစ်ယောက်က စာနာစိတ်ကင်းမဲ့ဖို့ (ဒါမှမဟုတ်) သတိမမူအရေးမထားဖို့ တတ်နိုင်စွမ်း မရှိတော့ပါ။

ဘ၀နှင့် စတော့ဈေးကွက်ကို ခံစားချက်နှစ်ခုဖြစ်တဲ့ လောဘနှင့် ကြောက်လန့်မှုက စိုးမိုးထားပါတယ်။ တစ်ဦးချင်းအလိုက်ရဲ့ ပုံစံကျနေတဲ့အမြင်အပေါ်မှာ တည်မှီလျက်- အဓိကအားဖြင့် များစွာက ကြောက်လန့်မှုမှ ပြုမှုနိုင်စွမ်းရှိလင့်ကစား- အချို့က နောက်ထပ် လောဘဆီသို့ ရုတ်တရက်ကွေ့သွားနိုင်စွမ်း ရှိပါတယ်။

လိုအပ်တဲ့အရာက အလိုဆန္ဒနှင့် သတိပေးခြင်းဆိုင်ရာ အခြေအနေကောင်းတဲ့ ချိန်ခွင်ညီမျှခြင်းတစ်ခုမှာ ဖြစ်ပါတယ်။ (နောက်ထပ် အကျွန်ုပ်တို့ဟာ အလွန်လောဘကြီးလို့ဖြစ်စေ- ကြောက်လန့်သွား၍ဖြစ်စေ တစ်ခုခုမှာ ဖြစ်ပါတယ်။) အစွန်းရောက်တဲ့လောဘနှင့် တစ်ဖက်စွန်းဖြစ်တဲ့ ကြောက်လန့်မှုက အကျိုးအမြတ်ထက် ဆုံးရှုံးမှုဆီသို့ များစွာ ဦးတည်ပါတယ်။ ဒါက ဆင်းရဲ့ဒုက္ခနှင့် မပျော်ရွှင်မှုရဲ့ အဓိကအကြောင်းတရား ဖြစ်ပါတယ်။

ူဘ၀ဟာ စက်ဝန်းတစ်ခုမှာ ရွေ့လျားနေပါတယ်။ ပြီးတော့ သိပ်အကောင်းကြီးလည်းမဟုတ်တဲ့အချိန်များက ကောင်းတဲ့ အချိန် နောက်ကို လိုက်ပါပါတယ်။ စတော့ဈေးကွက်နဲ့ပတ်သက်လို့ အောင်မြင်သူများ ရှိသလို- ဆုံးရှုံးသူများ ရှိပါတယ်။ ပြီးတော့ ခနခန အခြေအနေအခန်းကဏ္ဍကို ပြောင်းပြန်လှန်ပစ်ပါတယ်။

နိုးကြားအသိရှိမှု- စိတ်ဖြင့် တာဝန်ချထားမှု- ရင့်ကျက်မှု- သည်းခံမှု- မိမိကိုယ်ကိုရိုးသားဖြောင့်မတ်မှု- ကြည်ဖြူစွာ လက်သင့်ခံမှု- ခွင့်လွှတ်နိုင်မေ့ဖျောက်နိုင်တဲ့စွမ်းရည်- အလိုက်သင့်တွန်းလှန်နိုင်စွမ်း- စိတ်ချအားကိုးမှု- မြင့်မားတဲ့ စွမ်းအားမှာယုံကြည်မှု)-ဆိုတဲ့- အကျွန်ုပ်တို့ဘ၀ကို ပျော်ရွှင်အောင်- ဟန်ချက်ညီအောင်- လိုက်ဖက်အောင်- ပြုလုပ်တဲ့ ကြန်အင်လက္ခဏာ အရည်အသွေးများက-

စီးပွါးရေး တက်ရိပ်များနဲ့ ပြိုလဲခြင်းများကို ဖြတ်သန်းကျော်လွှားလျှက်- အရေးရှိက အသုံးဝင်စွာ- ရောင်းဝယ်ဖောက်ကား သူ မည်သည့်ကုန်သည်ကိုမဆို- တောင့်ခံထားနိုင် ခိုင်မြဲစေလိမ့်မယ်ဖြစ်တဲ့- တကယ့် လက္ခဏာများပဲ ဖြစ်ပါတယ်။

နောက်ပြီးတော့- သူဟာ စိတ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ငြိမ်းချမ်းရေးကို ဆုံးရှုံးမှုမရှိ- ဆိုတာနှင့်- ဖိအားများ- ပူပန်ကြောင့်ကြ ခြင်းများ- စိတ်ဓာတ်ကျခြင်းများရဲ့သားကောင်တစ်ယောက်အဖြစ် လားရောက်မှုမရှိ- ဆိုတာကို စိတ်ချ သေချာအောင် ပြုလုပ်ပါလိမ့်မယ်။

Thursday, October 27, 2011

အလုပ်သည် သင် နားလည်သဘောပေါက်သောအရာ ဖြစ်သည်


အလုပ်လုပ်ကိုင်ပြီး စိတ်ဖြင့် ရလဒ်ကို ပစ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် အောင်မြင်ခဲ့ပါတယ်။ ပညာရှိက အများအကျိုးအတွက် အလုပ် လုပ်ပါတယ်။ ပညာမဲ့သူကတော့ သူ့တို့ရဲ့အကျိုးတရားအတွက် (ဒါမှမဟုတ်) သူတို့ရဲ့ အနီးအနားနဲ့ ချစ်ခင်သူများအတွက်သာ အလုပ်လုပ်ပါတယ်။

လယ်သမားတစ်ယောက်က သူ့ရဲ့စိုက်ကွင်းထဲမှာ သူ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတဲ့ အခွင့်အာဏာရှိပါတယ်။ ဒါပေမယ့် သီးနှံရိတ်သိမ်း ချိန်မှာတော့ အခွင့်အာဏာမရှိပါ။ Krishna- က Arjuna- ကို “Yoga- ဟာ ပထမဆုံး ကြိုးစားမှုဖြင့် ကျွမ်းကျွမ်းကျင်ကျင် အလုပ် လုပ်နေတယ်”- လို့ ပြောပါတယ်။

အလုပ်က ပြင်ပမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်တဲ့ အကျွန်ုပ်တို့ရဲ့ သဘောထားက အတွင်းမှာ ဖြစ်ပါတယ်။ အခြား သဘောထားအမျိုးအစားတစ်ခုက အဲဒါကို သာယာနှစ်လိုဖွယ်ရာ ဖြစ်အောင် ပြုလုပ်ခိုက်- အချို့သော သဘောထားက အလုပ်ဟာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်တယ်ဆိုတဲ့ ခံစားမှုဖြစ်အောင် အကျွန်ုပ်တို့ကို ပြုလုပ်ပါတယ်။ မှန်ကန်တဲ့သဘောထားကို စိုက်ပျိုးခြင်းဖြင့်- အကျွန်ုပ်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ဖြစ်လာပါတယ်။ ဒါဟာ တရားအားထုတ်ခြင်း တစ်မျိုး ဖြစ်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ လူအချို့ဟာ ဘုရားကျောင်းဆောင်တစ်ခုကို တည်ဆောက်ရာမှာ ပါဝင်ကြပါတယ်။ အဲဒီမှာ ဖြတ်သွားတဲ့ ပညာရှိတစ်ယောက်က “သင် ဘာလုပ်နေတာလဲ”- လို့ ကျောက်တုံးခွဲဖြတ်နေတဲ့သူတစ်ယောက်ကို မေးမြန်းပါတယ်။

အလုပ်သမားက ခံပြင်းခြင်းဖြင့် ပြန်ပြောပါတယ်။ “သင်ဟာ ကျောက်တုံးခွဲဖြတ်နေတာကို မမြင်ဘူးလား?။ ကျွန်ုပ် လက်များကို ကြည့်ပါ။ အလုပ်ဟာ ဒုက္ခဘုံ ဖြစ်တယ်။ ပြီးတော့ ဆိုးဝါးတဲ့အကြောင်းတရားများကို ပြုလုပ်ဖို့- သင်ဟာ ကျွန်ုပ် လုပ်နေတဲ့အရာကို အကျွန်ုပ်ကို မေးခဲ့တယ်”။

ပညာရှိက မေးမြန်းပါတယ်။ “သင် ကျောက်တုံး ခွဲဖြတ်နေတာကို ငါမြင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဖြစ်လာတော့မယ့်အရာကို အကျွန်ုပ်ကို သိခွင့်ပြုပါ”။ ကျောက်တုံးဖြတ်သမားက ပြန်ပြောပါတယ်။ သူမှာ ပြောစရာမရှိဘူးဆိုတာ။ သူ့ကို စိတ်မ၀င်စားစေခဲ့ဘူး ဆိုတာပါ။

ပညာရှိက နောက်ထပ် အခြားသူတစ်ယောက်ဆီသွားပြီး -“သင် ဘာလုပ်နေတာလဲ?”- လို့ တူညီတဲ့မေးခွန်းကို မေးမြန်းပါတယ်။ သူက ပြန်ပြောပါတယ်။ “ဒီနေရာမှာ ငါဟာ ကျောက်တုံးကို ခွဲဖြတ်နေတယ်။ ဒါက ငါ့အလုပ်ဖြစ်တယ်။ ၈-နာရီကြာ အလုပ်အတွက် ကျွန်ုပ်ဟာ Rs- ၁၀၀ ရပါတယ်။ ကျွန်ုပ်မှာ ဂရုစိုက်စောင့်ရှောက်ဖို့ ဇနီးနဲ့သားသမီးကလေးတွေ ရှိတယ်။ ကျွန်ုပ်ဟာ ကျွန်ုပ်တာဝန်ကို လုပ်နေတာပါ”။

ပညာရှိက သူကို မေးပါတယ်။ “သင်ဟာ ဒီနေရာမှာ ဖြစ်လာမယ့်အရာကို သိပါသလား?” သူက ပြောပါတယ်။ “သိပါတယ်။ သူတို့ဟာ ဘုရားကျောင်းတစ်ခုကို ပြုလုပ်နေတယ်- လို့ သူတိုက ပြောပါတယ်။ ကျွန်ုပ်ဟာ လုပ်ခရနေသမျှ ကာလပတ်လုံး- ဘုရားကျောင်းတစ်ခု ဖြစ်စေ- အကျဉ်းထောင်တစ်ခုဖြစ်စေ- တည်ဆောက်နေတဲ့ ဘယ်အရာဖြစ်ဖြစ်- အဲဒါက အကျွန်ုပ်အတွက် အကြောင်းတရား ဘယ်လိုဖြစ်စေပါသလဲ?”

အဲဒီနောက် ပညာရှိဟာ ကျောက်တုံးခွဲဖြတ်နေတဲ့ တတိယမြောက်အလုပ်သမားဆီသွားပြီး တူညီတဲ့မေးခွန်းကို မေးခွန်း ထုတ်ပါတယ်။ သူက ပြန်ပြောပါတယ်။ “ကျွန်ုပ်တို့ ဘုရားကျောင်းတစ်ခု တည်ဆောက်နေပါတယ်”။ ဒီနေရာမှာ ဘုရားကျောင်းမရှိပါ။ နှစ်စဉ် ပွဲတော်အခါ အကျွန်ုပ်တို့ဟာ နောက်ရွာတစ်ရွာကို ခရီးကြမ်းနှင်ရပါ့မယ်။ သင် သိသလား- အကျွန်ုပ်ဟာ ကျောက်တုံးကို ထိုးနှက်တဲ့အခါတိုင်း- အံသြစရာကောင်းတဲ့ မြူးဇစ်ကို ကြားရပါတယ်။ ဘုရားကျောင်းလုပ်ငန်းဟာ ပျော်ပွဲရွှင်ပွဲကျင်းပတဲ့စိတ်ထားနဲ့- မစည်းကားတဲ့ ခြောက်ကပ်ကပ်ရွာကို ရင်းနှီးမြုပ်ထားပြီးပါပြီ။

ပညာရှိက မေးမြန်းပါတယ်။ “ဘယ်လောက်လောက်ကြာ ဒီပရောဂျက်မှာ အလုပ်လုပ်ရမှာလဲ?”။ သူကပြောပါတယ်။ မနက်ပိုင်း သူဟာ နိုးထသည်နှင့်တပြိုင်နက်- အချိန်ဇယားက သူရဲ့ပူပန်ရခြင်းအကြောင်း မဟုတ်ပါ။ သူဟာ အလုပ်အတွက် အဆင်သင့်ဖြစ်ပြီး ကျောက်တုံး ခွဲဖြတ်ခြင်းကို စတင်ခဲ့ပါတယ်။

သူက- သူဟာထမင်းစားချိန် ခေတ္တအနားယူလျက် ဒီနေရာမှာ တစ်နေု့လုံး အသုံးပြုခဲ့တယ်- ဆိုတာကို ပညာရှိကို ပြောပါတယ်။ “ ညမှာ အိမ်သွားပြီးအိပ်တဲ့အခါ- ကျွန်ုပ်အိမ်မက်ထဲမှာ ဒီတည်ဆောက်မှုနှင့်ပတ်သက်လို့ ကျွန်ုပ် စိတ်ကူးပါတယ်။ ပြီးတော့ ကျွန်ုပ် လုပ်ရတဲ့အလုပ်မှာ ပျော်ရွှင်တယ်- ကျွန်ုပ်ဟာ တကယ် ကံထူးတယ်- ဆိုတာကို ကျေးဇူးတင်စွာ ခံစားရတယ်လို့ သူက ပြောပါတယ်။

တူညီတဲ့အလုပ်ကို ပြုလုပ်နေတဲ့လူသုံးယောက်ဟာ ခြားနားတဲ့ သဘောထားများ ရှိပါတယ်။ ပထမသူက အဲဒါဟာ ငရဲ- ဒုက္ခဘုံလို့ တွေးပါတယ်။ ဒုတိယလူက သူ့ရဲ့တာဝန်ကဲ့သို့ သူ့ရဲ့အလုပ်ကို ထင်ပါတယ်။ သို့သော်လည်း တတိယ အလုပ်သမားက- သူလုပ်နိုင်စွမ်းသောအရာဟာ မင်္ဂလာတစ်ပါးဖြစ်တယ်- ဆိုတာ တွေးပါတယ်။

အလုပ်ကိုယ်၌ကိုယ်က ပင်ကိုယ်အားဖြင့် အရည်အသွေးများရှိခဲ့လျင်- အကောင်း (ဒါမှမဟုတ်) အဆိုးရှိခဲ့လျင်- အဲဒီနောက် ဒီလူ သုံးယောက်ဟာ တူညီတာကို ခံစားရပြီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစစ်အမှန်အားဖြင့်- အလုပ်သက်သက်က အကောင်း (ဒါမှမဟုတ်)အဆိုး မဟုတ်ပါ။ အဲဒါက အကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ပေးတဲ့ အလုပ်မဟုတ်ပါ။ ဒါပေမယ့် အတော်သိမ်မွေ့ တဲ့ တစ်စုံတစ်ခုပါ (ဒါက အလုပ်ဆီသို့ အကျွန်ုပ်တို့မှာရှိတဲ့ စိတ်သဘောထားပါ)။

နိုင်ငံရေးသည် သာမန်မျှအနေဖြင့်


သင်ဟာ ညဏ်ရည်ညဏ်စွမ်းရှိလျင်- ဘာ့ကြောင့် သင်ဟာ အာဏာခြေရှုပ်မှုအတွင်း ရှိသင့်သလဲ? ဒါက စဉ်းစားညဏ်ကင်းမဲ့လို့- သာမညောင်ညဖြစ်လို့ပဲ ဖြစ်ပါတယ်။

ညဏ်ရည်ညဏ်စွမ်းရှိတဲ့သူဟာ ပြုလုပ်ဖို့ အလွန်အရေးကြီးတဲ့အရာ များစွာ ရှိပါလိမ့်မယ်။ အခြားသူများကို စိုးမိုးချယ်လှယ်ရာမှာ သူ့ကို စိတ်ဝင်စားစေလိမ့်မယ်မဟုတ်ပါ။ သူ့ရဲ့စိတ်ဝင်စားမှုတစ်ခုလုံးဟာ “သူကိုယ်တိုင် သိရှိခြင်း”မှာ ဖြစ်ပါလိမ့်မယ်။

အခြားသူများကို စိုးမိုးဖို့ဟာက- မိမိရဲ့ကိုယ်ပိုင် အတွင်းအဓိပ္ပါယ်ကင်းမဲ့မှု- အတွင်းတန်ဖိုးမဲ့မှု- ပြီးတော့ အနှစ်သာရမဲ့မှု အယောင်ဆောင် တုပမှုများမှ- လွတ်မြောက်ခြင်း- ရှောင်တိမ်းခြင်းရဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါက မိမိကိုယ်ကိုယ် မိမိမှ လွတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ညဏ်စွမ်းညဏ်စရှိတဲ့သူဟာ လွတ်မြောက်သူတစ်ဦးတော့ မဟုတ်ပါ။

နိုင်ငံရေးဟာ လွတ်မြောက်မှုတစ်ခု ဖြစ်ပါတယ်။ ကြီးမားတဲ့လွတ်မြောက်မှုတစ်ခု ဖြစ်ပါတယ်။ သင်ဟာ သင်ကိုယ်တိုင်အတွက် မိနစ်အနည်းငယ်တောင် မတွေ့ရှိနိုင်- ဆိုတာ နေ့စဉ်နေ့တိုင်း- အဲဒါက အဲသလို သင့်ကို မအားမလပ်ဖြစ်အောင် အလုပ်များစေပါတယ်။ သိမ်းပိုက်ထားပါတယ်။

သင် အိပ်ပျော်နေတဲ့အချိန်မှာတောင်- သင် နိုင်ငံရေးကို စဉ်းစားစိတ်ကူးပါတယ်။ ဒါက သင့်ရဲ့အိပ်မက်များကို မပြတ်တမ်း သွားစေ ပါတယ်။ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့ ၂၄-နာရီအလုပ်တစ်ခု ရှိပါတယ်။ သင်ဟာ စိတ်အေးလက်အေး အပန်းမဖြေနိုင်ပါ။ အကြောင်းက သင်ဟာ အပန်းဖြေနားနေလျင်- သင့်ကို နောက်မှာ ချန်ရစ်ထားခဲ့ပါလိမ့်မယ်။ ဒါက “သန့်ရှင်းသော အကြမ်းဖက်မှု” ဖြစ်ပါတယ်။

ရိုးသားဖြောင့်မတ်ခြင်းဟာ နိုင်ငံရေးမှာ အလည်မလာပါ။ တစ်ခါတစ်ရံ နိုင်ငံရေးသမားတစ်ယောက်ဟာ ရိုးသားလျင်တောင်- အဲဒါက အကျိုးအမြတ်ပေးမှသာလျင် သူဟာ ရိုးသားပါတယ်။ ရိုးသားမှုရဲ့အဖြစ်သက်သက်အတွက် မဟုတ်ပါ။ “ရိုးသားမှုဟာ အကောင်းဆုံး ပေါ်လစီ- ဖြစ်တယ်” ဆိုတဲ့ ဆိုရိုးစကားကို- နိုင်ငံရေးသမားတစ်ယောက်က တီထွင်ခဲ့ပြီးပါပြီ။ ရိုးသားမှုဟာ ပေါ်လစီတစ်ခု ဖြစ်လာလျင်တောင်- ရိုးသားမှုက ဘယ်လိုပေါ်လစီတစ်ခု ဖြစ်နိုင်မလဲ?

ရိုးသားမှုဟာ ဘာသာတရားဖြစ်ပါတယ်။ ပေါ်လစီတစ်ခုမဟုတ်ပါ။ သင်ဟာ ရိုးသားခြင်းရဲ့ ပျော်ရွှင်မှုသက်သက်အတွက် ရိုးသားစင်ကြယ် ပါတယ်။ သင်ဟာ အရာရာကို ဆုံးရှုံးရမည်ဆိုလျင်တောင် သင်ဟာ ရိုးသားပါတယ်။ ဒီအတွက် အရာရာကို ဆုံးရှုံးခြင်းကို ထိုက်တန်ပါတယ်။

ရိုးသားမှုဟာ ဘယ်တော့မှ ပေါ်လစီတစ်ခု မဖြစ်နိုင်ပါ။ ဒါပေမယ့် နိုင်ငံရေးက အရာရာကို ပေါ်လစီတစ်ခုဖြစ်အောင် ပြုလုပ်ပါတယ်။ နိုင်ငံရေးမှာ ရိုးသားတဲ့လူတစ်ဦးလား? ဖြစ်နိုင်ခြေမရှိပါ။

Strange- အမည်ရတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူရဲ့သေအံ့မူးမူးအချိန်မှာ စီစဉ်ပါတယ်။ သူ့ရဲ့လော်ရာကို ဆင့်ခေါ်ခဲ့ပါတယ်။ “သချိုင်းဂူကမ္ဗည်းကျောက်စာမှာ သင်္ချိုင်းစာတစ်ခုအဖြစ်- ဒီနေရာမှာ ရိုးသားတဲ့နိုင်ငံရေးသမား တစ်ယောက်ကို ထားရှိပါတယ်- လို့- ငါဟာ စကားများ ရှိချင်တာပဲ”- ဆိုတာ ပင့်သက်ရှိုက်ရင်း, ဟောဟဲလိုက်ရင်း ပြောဆိုခဲ့ပါတယ်။

“အဲဒီကျောက်တုံးအောက်မှာ မြုပ်ထားတဲ့သူကို လူတွေက ဘယ်လိုသိပါမလဲ?” လို့ လော်ရာက ပြန်လှန်ချေပခဲ့ပါတယ်။ အဘိုးအိုက အမြော်အမြင်ရှိစွာ ခေါင်းညိတ်ပါတယ်။ “မစိုးရိမ်ပါနဲ့”-လို့ အကြံပြုပါတယ်။ “လူအများက အဲဒီစကားလုံးများကို ကြည့်ဖို့ ယူပါလိမ့်မယ်။ သူတို့အားလုံးပြောဆိုပါလိမ့်မယ်။ “ဒါက Strange”-ပဲ။ ပြီးယင် Strange- ဟာ နိုင်ငံရေးသမားရဲ့ နာမည် ဖြစ်တယ်!……

ရိုးသားမှုဟာ အသည်းအူ ကလီစာ အခရာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ မျက်နှာဖုံးများ ဆင်မြန်းတပ်ဆင်ရပါမယ်။ သူဟာ လူအများ ရဲ့ မျော်လင့်ချက်များကို ဖြည့်စွမ်းရပါ့မယ်။ ဒါကြောင့် သင်လိုချင်တဲ့ဘယ်အရာမဆို- သူဟာ အဲဒါတွေ ဖြစ်ဖို့ ဟိတ်ဟန်ထုတ်ပါတယ်။

သင်လိုချင်တဲ့ဘယ်အရာပဲဖြစ်ဖြစ် အဲဒါကို မျော်လင့်ချက်ပေး ကတိပြုဖို့- အဆင့်သင့် ဖြစ်ပါတယ်။ သူဟာ ခြားနားတဲ့ သူများသို့ ရှေ့နောက်မညီတဲ့ဆန့်ကျင်ဘက်အရာများကို မျော်လင့်ချက်အလားအလာပေးလျှက် ဆက်လက်သွားနေ ပါတယ်။ သူ့ရဲ့ကတိပြုမှု အတိတ်နိမိတ်ဟာ “nothing” လို့ ဆိုလိုပါတယ်။

ပြီးတော့ ကမ္ဘာတစ်ခုလုံးက ဒီနိုင်ငံရေးသမားများနဲ့ပတ်သက်ပြီး ညည်းညူကြပါတယ်။ ဒါပေမယ့်- သူဟာ နိုင်ငံရေးသမား တစ်ယောက်ရဲ့ အာဏာစက်လက်ခုပ်တွင်းရဲ့အပြင်ထွက်လျင်- ချက်ချက် သူဟာ အခြားလှောင်ချိုင့်တစ်ခုထဲသို့ ၀င်တယ်- ဆိုတာ ဘယ်နည်းနှင့်မဆို သူဟာ အလွန်မိုက်မဲပါတယ်။ သူဟာ သူ့ရဲ့မိုက်မဲမှု စိတ်မှ လွတ်လပ်ရပါ့မယ်။ (အဲဒီနောက်မှသာလျင် နိုင်ငံရေးသမားများနဲ့ပတ်သက်လို့ အချုပ်အချယ် ကင်းပါလိမ့်မယ်။)

ဒါ့ကြောင့် နိုင်ငံရေးသမားများဟာ သင့်ကို အသိညဏ်ပညာကျယ်သူ မဖြစ်စေချင်ပါ။ နှစ်ပေါင်းထောင်များစွာကြာအောင် အဲဒါတွေက အန္တရာယ်ဖြစ်တဲ့အတွက်ကြောင့်- ပညာတတ်ဖြစ်ဖို့- သူတို့ဟာ လူအများကို ခွင့်မပြုခဲ့ပါ။ ယခု သူတို့ဟာ လူတွေကို ပညာတတ်ဖြစ်ဖို့ ခွင့်ပြုပါတယ်။ ဒါပေမယ့် ပညာက သင့်ကို ညဏ်စွမ်းညဏ်စ ကင်းအောင် ပြုလုပ်တဲ့- အဲဒီလိုမျိုး ဖြစ်ပါတယ်။

ကလေးတွေဟာ ကျောင်းကို ၀င်ရောက်တဲ့အခါ- တက္ကသိုလ်မှပြန်လာတဲ့အခါမှထက် အသိပညာပိုဝေးသွားပါတယ်။ အဲဒီနှစ်ပေါင်း ၂၀-မှာ အလွန်းကြီးမာစွာ တန်ဖိုးရှိတဲ့ အရာများစွာကို ဖျက်ဆီးပါလိမ့်မယ်။ သူဟာ စကားလုံးတွေ- ဗန်းစကားတွေ- သီအိုရီတွေ- ဗဟုသုတတွေ သယ်ဆောင်လာပါလိမ့်မယ်။ သူဟာ အသက်ကင်းမဲ့နေတဲ့ဗဟုသုတ“dead knowledge”မျှသာ အိမ်ကို သယ်ဆောင်လာ ပါလိမ့်မယ်။

မျိုးဆက်ဟောင်းတွေက မျိုးဆက်သစ်တွေရဲ့စိတ်ကို ပုံစံခွက်ထဲသွင်းဖို့ ကြိုးစားပါတယ်။ ဆရာဟာ မျိုးဆက်ဟောင်းရဲ့ အေဂျင့်မျှသာ ဖြစ်ပါတယ်။ သူဟာ အေဂျင့် ဖြစ်ပါတယ်။ (သူဟာ မျိုးဆက်သစ်များရဲ့စိတ်ကို ဖျက်စီးပါတယ်။ ဒါပေမယ့် -သင်ဟာ တကယ် သတိမထားလျင် ဂရုတစိုက်မကြည့်လျင်- သင်ဟာ သိလာလိမ့်မယ်မဟုတ်ပါ- အဲဒီလိုမျိုး ကျွမ်းကျင်မှုဖြင့် ဖျက်ဆီးခြင်းကို ပြုလုပ်ပါတယ်။)

Thursday, October 20, 2011

သင့်ရဲ့အိမ်နီးနားချင်းကို ချစ်ဖို့အကြောင်း


အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်ကို ချစ်သလို- ကျွန်ုပ်တို့ရဲ့အိမ်နီးနားချင်းကို ဘာ့ကြောင့် အကျွန်ုပ်တို့က ချစ်သင့်ပါ သလဲ? အကြောင်းက ပြုလုပ်ဖို့ သင့်တင့်လျောက်ပတ်တဲ့အရာများ ဖြစ်နေလို့ပါ။
သင့်ရဲ့အိမ်နီးနားချင်းကို ချစ်ခြင်းဟာ- ဘေးချင်းကပ်အဲဒီသူများနဲ့ပတ်သက်လို့- သင်ရှိတဲ့ရွေးချယ်မှု သုံးခုထဲက- ပထမဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ပထမဆုံးရွေးချယ်မှုက ချစ်ခြင်းမေတ္တာ၊ ဒုတိယရွေးချယ်မှုက အမုန်းတရား၊ ပြီးတော့ တတိယရွေးချယ်မှုက ဥပေက္ခာပြုခြင်း ဒီသုံးခုပါ။
တတိယရွေးချယ်မှုကို စတင်ခြင်းဖြင့် ရွေးချယ်မှု အသီးသီးကို စတင်ကြပါစို့။ သင်ရဲ့အိမ်နီးနားချင်းကို သင်ဟာ မချစ်ချင်ဘူး ထင်ပါတယ်။ အကြောင်းက ဆိုးဝါးလို့ပါ။ ဒါပေမယ့် သူ့ကို သင်ဟာ မမုန်းချင်းသေးပါဘူး။ အကြောင်းက သင်ဟာ ကောင်းမွန်တဲ့သူတစ်ယောက်၊ ပြီးတော့ သင်ဟာ ဆန့်ကျင်ဘက်စိတ်ခံစားချက်များကို ရှောင်ရှားပါတယ်။ ဒါ့ကြောင့် သင်ဟာ သင့်ရဲ့အိမ်နီးနားချင်းကို ဥပေက္ခာပြုပါတယ်။
ဒါပေမယ့် ဥပေက္ခာပြုခြင်း- စိတ်မပါခြင်းက အေးစက်စက်နိုင်တဲ့ ဖော်ရွေမှုကင်းတဲ့ခံစားချက်တစ်ခုပါ။ စိတ်မပါခြင်းဟာ အမုန်းတရားက ငြင်းပယ်ဆန့်ကျင်သလောက် ဆန့်ကျင်ငြင်းပယ်ပါတယ်။ အမုန်းတရားနဲ့ စိတ်မပါမှုအကြား လိုင်းဟာ- တကယ်ပါးလွှာပါတယ်။ ခြေသလုံးအိမ်တိုင် အိမ်မဲ့ရာမဲ့ သင့်ရဲ့အိမ်နီးနားချင်းကို သင် တွေ့ဆုံလျင်- သင်က သူ့ကို မသိကျိုးကျွန်ပြုလျင်- ဒါဟာ ပြုလုပ်ဖို့- ကောင်းတဲ့လက်ခံနိုင်တဲ့အရာတစ်ခုတော့ မဖြစ်နိုင်ပါ။
သင့်ရဲ့ အိမ်နီးနားချင်းကို ချစ်ဖို့- ပထမဆုံးနဲ့အကောင်းဆုံးဖြစ်တဲ့ ရွေးချယ်မှုနှင့်အတူ- သင့်ကို ချန်ထားရစ်ခဲ့တဲ့- ဒုတိယ ရွေးချယ်မှုတစ်ခု အမုန်းတရားကတော့- သင့်ရဲ့ အိမ်နီးနားချင်းကို ထိခိုက်ယင်ထိခိုက်သလောက်- သင့်ကို ထိခိုက်နစ်နာစေပါလိမ့်မယ်။ တကယ်တော့- စိတ်ဆိုးစရာအိမ်နီးနားချင်းတစ်ယောက်ကို ချစ်ခြင်းဟာ- ခက်ခဲပုံပေါက်သလောက် အဲဒါက မခက်ခဲပါ။ ဒါက လူကို လေးစားခြင်း၊ ပြီးတော့ သင်ဟာ သင့်ရဲ့ပိုင်ဆိုင်မှုကို အလိုဆန္ဒရှိလျင်ရှိသလောက်- သူ့ရဲ့လိုအပ်ချက် အလိုဆန္ဒနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားခြင်း- လို ရိုရိုးလေး ဆိုလိုပါတယ်။
သင်ဟာ သင်ရဲ့အိမ်နီးနားချင်းကို ပထမဆုံး မချစ်မချင်း- သင်ဟာ သင့်ကိုယ်ကိုယ် ချစ်နိုင်စွမ်းရှိလိမ့်မယ် မဟုတ်ပါ။ သင်ဟာ အဲဒါကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ- အကျွန်ုပ်တို့ဘ၀ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုကတော့- အကျွန်ုပ်တို့အိမ်နီးနားချင်းများရဲ့ဘ၀ရဲ့ အစိတ်အပိုင်းအပေါ်မှာ အမြဲတမ်း အာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။
သင်ဟာ သင်ကိုယ်တိုင် အချို့မေးခွန်းများကို မေးခွန်းထုတ်ပြီး မေးမြန်းစုံးစမ်းကြည့်ပါ။ ပြီးလျင်- သင့်ရဲ့အိမ်နီးနားချင်းများဟာ သင့်ရဲ့ကိုယ်ပိုင်ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုအတွက် ဘယ်လောက်အရေးကြီးတယ်- ဆိုတာ အဖြေများမှ သင် တွေ့မြင်ရပါလိမ့်မယ်။
ပြီးတော့ သင်ဟာ သင့်ရဲ့အနီးနားဆုံး အိမ်နီးနားချင်းကို ချစ်ရာမှာ တကယ်ပဲ ရပ်တံ့ မရနိုင်တော့ပါ။ သင်ဟာ သင့်ရဲ့အိမ်နီးနားချင်းရဲ့ အိမ်နီးနားချင်းကိုလည်း ချစ်ဖို့ လားရောက်ပြီးဖြစ်ပါတော့တယ်။ ပြီးတော့သင့်ရဲ့အိမ်နီးနားချင်းရဲ့ အိမ်နီးနားချင်းရဲ့ အိမ်နီးနားချင်း- အဲဒီနောက် ချစ်ခြင်းမေတ္တာရဲ့ အ၀န်းအ၀ိုင်းဟာ- အုပ်စု- နိုင်ငံ- လူမျိုး- တိုက်- စကြ၀ဠာ တစ်ခုလုံး လွှမ်းခြုံပြီး အဲဒီကိုကျော်လွန်လျှက်- ဒီခြားနားမှုများကို လက်အောက် ထည့်သွင်းဖွဲ့စည်းလျှက် ကျယ်ပြန့်နှံ့စပ် သွားပါတော့တယ်။
သင်ရဲ့နှလုံးသားဟာ အလွန်ပဲ အရေးပါကြီးကျယ်ပြီး ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝနေပါတယ်။ အကြောင်းက ချစ်ဖို့ နှလုံးသားရဲ့ စွမ်းရည်ဟာ အနှိုင်းမဲ့ဖြစ်ပါတယ်။ အဲဒါက ဘုရားသခင်ကဲ့သို့ ဖြစ်ပါတယ်။
ပြောင်းပြန်- မုန်းဖို့ သင့်ရဲ့နှလုံးသားရဲ့စွမ်းရည်ဟာ အကန့်အသတ်ခံထားရပါတယ်။ မုန်းဖို့ အနှိုင်းမဲ့ချစ်ခြင်းမေတ္တာရဲ့ ရွှေစည်းမျဉ်းကို ကျင့်သုံးခြင်းကို ကြိုးစားကြည့်ပါ။ ပြီးလျင် သင်ဟာ သင်ကိုယ်တိုင် အစိတ်စိတ်အမွှာမွှာ ကွဲသွားတာ- ခြေပစ်လက်ပစ် ဖြစ်သွားတာ- ယူကျုံးမရဖြစ်ရတာကို တွေ့ရပါလိမ့်မယ်။ ဒါက သင်ဟာ ချစ်ရမည်ကဲ့သို့- မုန်းဖို့ အကန့်အသတ်ကင်းတဲ့စွမ်းရည်, အတိုင်းအဆ မရှိတဲ့စွမ်းရည် မရှိ- ဆိုတာကြောင့် ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာက သင့်ကို ပျော်ရွှင်မှု- ပါဝါ- အောင်မြင်မှုကို ပေးပြီး- အမုန်းကတော့ ၀မ်းနည်းမှု- ပါဝါကင်းမှု- ရှုံးနိုမ့်မှုကို သယ်ဆောင်လာလို့ ဖြစ်ပါတယ်။
ဘာသာတရားအသီးသီးက- သူတို့ရဲ့ဒေသနာတော်များရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်- သင့်ရဲ့အိမ်နီးနား ချင်းများနဲ့ ပတ်သက်လို့ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်တင်ပြကြပါတယ်။ ဒါပေမယ့် သင်ဟာ- သင့်အိမ်နီးနားချင်းကို ချစ်ဖို့ ဘာသာရေးလူ ဖြစ်ရမည်မဟုတ်ပါ။ အကြောင်းက သင့်အိမ်နီးနားချင်းဆိုင်ရာချစ်ခြင်းမေတ္တာဟာ- ထိပ်တန်းလူသားရဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ဘယ်အယူဝါဒ ဘယ်ဘာသာနှင့်ဖြစ်ဖြင့် သေချာပေါက် ဖက်တွယ်တုပ်နှောင်ထားဖို့မဟုတ်ပါ။
“ သင့်ရဲ့နှလုံးသားအားလုံးနှင့်- သင့်ရဲ့ဝိညာဉ်အားလုံးနှင့်- သင့်ရဲ့စိတ်အားလုံးနှင့်- သင့်ရဲ့ Godကို ချစ်ပါ” ဒါက ပထမဆုံးနဲ့ အရေးကြီးဆုံး ဒေသနာတော် ဖြစ်ပါတယ်။ ပြီးတော့ ဒုတိယအရေးကြီးဆုံးဖြစ်တဲ့ဒေသနာတော်က- “သင်ကိုယ်တိုင်ကဲ့သို့ သင့်ရဲ့အိမ်နီးနားချင်းကို ချစ်ပါ”-ဆိုတာပါ။ အခြားဒေသနာတော်အားလုံး ဒီဒေသနာနှစ်ခုအပေါ်မှာ တည်ပါတယ်။ ဒါဟာ Christianity က “Love Thy Neighbour” ဆိုင်ရာ ရွှေစည်းမျဉ်းကို ဘယ်ပုံဘယ်နည်းဖော်ပြတယ်ဆိုတာ ဖြစ်ပါတယ်။
Hindus- က “တစ်ဦးတစ်ယောက်ဟာ မိမိကိုယ်တိုင်နာကျင်လိမ့်မယ်ဖြစ်တဲ့အရာကို- အခြားသူများကို ဘယ်သောအခါမှ မပြုလုပ်သင့်”- ဆိုတာကို ယုံကြည်ပါတယ်။ Islam- ပြောတာက- “သင်တို့ထဲက တစ်ယောက်ကမှ- သူဟာ သူကိုယ်တိုင်အတွက် ချစ်တဲ့အရာကို- သူဟာ သူ့ရဲ့ညီနောင်များအတွက် ချစ်သည့်အထိ- ယုံကြည်သူတစ်ဦး မဟုတ်ပါ” ဆိုတာ ဖြစ်ပါတယ်။ Sikh- ယုံကြည်မှုက သင့်ကို ဆက်ဆံစေချင်တဲ့အတိုင်း အခြားသူများကို ဆက်ဆံဖို့ သင့်ကို မျော်လင့်တောင်းဆိုပါတယ်။
အဲဒါရဲ့ကိုယ်ပိုင်အတ္တအတွက် မကောင်းတဲ့ဘယ်အရာဘဲဖြစ်ဖြစ်- အခြားသူများအထိ အဲဒါက မပြုလုပ်တဲ့အခါ- အဲဒီ သဘာဝက ကောင်းမွန်သည်သာလျင်ဖြစ်တယ်- ဆိုတာဟာ - Zoroastrian- ရဲ့ပညတ်ချက်တစ်ခု ဖြစ်ပါတယ်။ Buddhist- က “သင်ကိုယ်တိုင် မနာကျင်ချင်တဲ့အရာနဲ့ သူများကို မထိခိုက်ပါနဲ့” ဆိုတာ ပြောပါတယ်။ Confucius- ပြောတာကတော့- သင် သူတို့ကို သင့်ကို မပြုလုပ်စေချင်တဲ့အရာကို- အခြားသူများကို မပြုလုပ်ပါနဲ့- ဆိုတာပါ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်