Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, February 1, 2010

မျက်ရည်

အတ္တ
မာန
ခဝါချရတဲ့ချိန်
သူလာတတ်ပါတယ်။

မုန်းတီး
ဝမ်းနဲ
လမ်းအခွဲမှာလည်း
သူလာတတ်ပါတယ်။

ဝင့်ထယ်
အောင်မြင်
ဝမ်းသာလွန်းရင်လည်း
သူလာတတ်ပါတယ်။

အတ္တ
မာန
မုန်းတီး
ဝမ်းနည်း
ဝင့်ထယ်
အောင်မြင်
ဘာမှမရှိရတဲ့
ငါ့ ဘဝမှာရော
ဘာလို့များ
မျက်ရည်တွေက
ကြွေနေရတာလဲ။

မျက်ရည်ကတော့
ငါ့ကိုပြောတယ်
မင်းလိုကောင်အတွက်
ငါပါ
မျက်ရည်
တွေ
ကျ
နေ
ရ
တယ်
တဲ့။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်