Showing posts with label သတင်းမှတ်တမ်းများ. Show all posts
Showing posts with label သတင်းမှတ်တမ်းများ. Show all posts

Saturday, December 31, 2011

Thursday, September 22, 2011

Seattle’s letter to the President of USA

When the US government inquired about the buying of tribal lands from Seattle, the chief of the American Indian tribe inhabiting in modern Seattle in Washington State, he is said to have sent a marvelous letter to the President.

The letter shows how far the so-called ‘aborigines’ are considerate towards nature and the environment, and how profoundly they feel that life is connected to all forms of nature. Chief Seattle, being one of the last to speak of moral values coming down from the Paleolithic age, voices his great concern over the issue, in about 1852, at a time when the problems of the greenhouse effect of global warming had not yet been heard of.

The following is an excerpt from his letter;

“ The President of Washington sends words that he wished to buy our lands. But how can you buy or sell the sky? The land? The idea is strange to us. If we do not own the freshness of the air and the sparkle of the water, how can you buy them?”

“Every part of this earth is sacred to my people. Every shining pine needle, every sandy shore, every mist in the dark woods, every meadow, every humming insect, all are holy in the memory and experience of my people.”

“We know the sap which course through the trees, we know the blood that courses through our veins. We are part of the earth and it is part of us. The perfumed flowers are our sisters. The bear, the deer and the great eagle, all these are our brothers.

The rocky crests, the dew in the meadow and the body heat of the pony and man, all belongs to the same family. The shining water that moves in the streams and the rivers is not just water but the blood of our ancestors.

If we sell you our land you must remember that it is sacred. Each ghostly reflection in the clear waters of the lakes tells of events and memories in the life of my people. The water’s murmur is the voice of my father’s father.”

“The rivers are my brothers. They quench our thirst. They carry our canoes and feed our children. So you must give to the rivers the kindness you would give to any brother.”

“If we sell you our land remember that the air is precious to us, that the air shares its spirit with all the life it supports. The wind that gave our grandfather his first breath also receives his last sigh. The wind also gives our children the spirit of life. So if we sell you our land you must keep it apart and sacred, as a place where man can go to taste the wind that is sweetened by the meadow flowers.”

He foreshadows what we as individuals as well as nations would do in our technological age by polluting air, water, food and environment.

“Will you teach your children what we have taught our children? That this is our mother? What befalls the earth befalls all sons of the earth.”

“This we know, that earth does not belong to man, man belongs to the earth. All things are connected like the blood that unites us all. Man did not weave the web of life, he is merely a strand in it. Whatever he does to the web, he does to himself.”

He continues further to stress the monotheistic belief common to them as well as to Christians.

“One thing we know, our God is also your God. The earth is precious to him and to harm the earth is to heap contempt on its creator.”

“Your destiny is a mystery to us. What will happen when the buffaloes are all slaughtered? The wild horses tamed? What will happen when the secret corners of the forest are heavy with the scent of many men and the view of the ripe hills is blotted by talking wires?

Where will the thicket be? Gone! Where will the eagle be? Gone! And what is it to say goodbye to swift pony and the bunt? The end of living and the beginning of survival. When the last red man has vanished with his wilderness and his memory is only shadow of a cloud moving across the prairie, will these shores and forests still be there? Will there be any of the spirit of my people left?”

“We love this earth as a newborn loves its mother’s heartbeat. So, if we sell you our land, love it as we have loved it. Care for it as we have cared for it. Hold in your mind the memory of the land as it is when you received it. Preserve the land for all children and love it as God loves all.”

As Chief Seattle predicted, has not the end of living and the fight for survival begun?



Adapted from Power of Myth pp. 34, 35

By Josap Cambell with Bill Moyers

An Approach to Buddhist Social Philosophy-238-241

Wednesday, June 29, 2011

မြန်မာပြည်မှ ဒေါက်တာအရှင်မြတ်များ


E-mail
Print
PDF

17 October 2010

အမှာစာ

မြန်မာနိုင်ငံမှ ဒေါက်တာဘွဲ့ရ ရဟန်းတော်များအကြောင်းကို ရေးပြီး မှတ်တမ်းစာအုပ် တစ်အုပ် ပြုလုပ်ချင်စိတ်ရှိနေသည်မှာ (၂၀၀၄) ခုနှစ်ကတည်းက ဖြစ်ခဲ့ပါသည်။ ထိုနှစ်က စာရေးသူသည် ဗုဒ္ဓဂယာအနီးရှိ မဂဓတက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့အတွက် စာသင်နေခဲ့ကြသော ရဟန်းတော်(၂၀)ခန့်ကို အင်္ဂလိပ်စာ တိုးတက်ရန် အထောက်အကူ သင်တန်း ပို့ချပေးခဲ့ရပါသည်။ စာရေးသူသည် ထိုအချိန်က ဒေါက်တာဘွဲ့အတွက် နုတ်ဖြေစာမေးပွဲကို စောင့်နေခဲ့သည့် အချိန်ဖြစ်ပါသည်။ ပါရဂူဘွဲ့ အတွက် စာတမ်းတင်ပြီးသော်လည်း ပြင်ပစာစစ်ဆရာမှ မေးသော နုတ်ဖြေစာမေးပွဲကို ဖြေဆိုရပြီး ထိုဆရာက သဘောတူ မှသာလျှင် ပါရဂူဘွဲ့ကိုပေးပါသည်။ (၂၀၀၄) နှစ်က မှတ်တမ်းစာအုပ် တစ်အုပ်အဖြစ် စာရေးချင်ခဲ့သော ထိုစိတ်ကူးကို (၂၀၁၀) ခုနှစ်ရောက်မှ အစပြန်ကောက်နိုင်ခဲ့ပြီး ရေးသားမှုကို စတင်ဖြစ်ခဲ့ပါသည်။ စိတ်ကူးပ်ါခဲ့ပြီး (၆) နှစ်တာကာလအတွင်း ဒေါက်တာ ဘွဲ့ကိုရခဲ့သော ရဟန်းတော်များ၏ အရေအတွက်မှာလည်း (၃) ဆခန့် ပိုပြီးများလာ ခဲ့ပါသည်။ များလာခဲ့သဖြင့် စာရေးသူနှင့် လက်လှမ်းမမှီသော ဒေါက်တာဘွဲ့ရ ရဟန်းတော်များလည်း အများအပြား ရှိလာခဲ့ပါသည်။

စာရေးသူသည် (၂၀၀၅) ခုနှစ် ဇန်န၀ါရီလတွင် ပါရဂူဘွဲ့ ပြီးစီးသဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ရာ ထိုကာလ၏ နောက်တွင် ဒေါက်တာဘွဲ့ရကြသော မြန်မာရဟန်းတော်များ၏ စာရင်းကို အတိအကျရရန် ရှာဖွေရမည့် အနေအထားမှာ ခက်ပါသည်။ ယခုစာအုပ် တွင်လည်း (၁၉၉၇ ခုနှစ်မှ ၂၀၀၇) နှစ်တာကာလအတွင်းရှိ ရဟန်းတော်များ၏ ဘွဲ့ရသည့် ရဟန်းတော်က များပါသည်။ ထိုဆယ်စုနှစ် ရှေ့ပိုင်း ကာလက ဒေါက်တာဘွဲ့ရခဲ့သော ရဟန်းတော်များမှာ လေးပါးမျှသာ ရှိခဲ့ပါသည်။ ထိုလေးပါးမှာ ဒေါက်တာရေ၀တဓမ္မ (ဘာမင်ဂန် မြို့ အင်္ဂလန်နိုင်ငံ- ယခု ပျံတော်မူပြီ) ၊ ဒေါက်တာဒေါက်တာ ဇာဂရာဘိဝံသ (သြ စတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ - ယခု အသက်ရှစ်ဆယ်ကျော်) ဒေါက်တာဂမ္ဘီရဗုဒ္ဓိ (ဗာရာဏသီမြို့ ဆေးဝင်္ကဘာကျောင်း၊ အိန္ဒိယနိုင်ငံ၊ ယခု ပျံတော်မူပြီ) ဒေါက်တာ ဓမ္မာစာရ အိန္ဒိယနိုင်ငံ ပတ္တနားမြို့ တို့ဖြစ်ပါသည်။

ရေးသားပုံအစီအစဉ်မှာ စာရေးသူ သိဖူးသော၊ကြားဖူးသော ဒေါက်တာဘွဲ့ရ ရဟန်းတော်များ အကြောင်းကို အထုပ္ပတ္တိပုံစံ မျိုးမဟုတ်ဘဲ စာရေးသူနှင့် တွေ့ကြုံခဲ့ရသမျှ ဘ၀အစိတ် အပိုင်းမျှကိုသာလျှင် သိသာရုံ မိတ်ဆက်အနေဖြင့် ရေးထားခြင်းဖြစ်ပါသည်။ ဒေါက်တာဘွဲ့ရသော ရဟန်းတော်များ၏ ဘ၀ဖြစ်စဉ် တစ်ခုလုံးကို ပြည့်စုံအောင် ဖေါ်ပြ ထားခြင်းမျိုး မဟုတ်ပါ။ ဖေါ်ပြမည်ဆိုပါကလည်း အခန်းဆက်ရေးမှသာလျှင် ပြည့်စုံနိုင်ဖွယ် ရှိပါသည်။ ရေးသားရာတွင်လည်း တကUသိုလ်များကို မြန်မာအက္ခရာစဉ်အလိုက် စီစဉ်ပြီး ထိုတက္ကသိုလ် အသီးသီးမှ ဘွဲ့ရပြီးသော ဒေါက်တာများနှင့် စာရေးသူတို့ တွေ့ဆုံခဲ့ရပုံ အကြောင်းခြင်းရာများကို မီးမောင်းထိုးပြ ရေးသားထားခြင်းမျှသာ ဖြစ်ပါသည်။ ထိုဘွဲ့ရသော ရဟန်းတော် တစ်ပါးချင်းစီ၏ ဘ၀ကို ပြည့်ပြည့်စုံစုံ တင်ပြထားနိုင်ခြင်းလည်း မရှိသေးပါ။ ပြည့်ပြည့်စုံစုံ မတင်ပြနိုင်ရခြင်း၏ အကြောင်းမှာ ဆောင်းပါးပုံစံ အနေဖြင့် ရေသားထားသည့် အပြင် တစ်ပါးချင်းနှင့် တွေ့ဆုံပြီး အချက်လက်များကို ရယူနိုင်ဖို့ ရန်လည်း အလွန်ခဲယဉ်းလှသော အနေအထားကြောင့် ဖြစ်ပါသည်။

ဥပမာ-စာရေးသူသိသော ဒေါက်တာဇနိတ၊ ဒေါက်တာကစ္စာယန၊ မသိမမြင် ဖူးသော ဆရာတော်ကြီး ဒေါက်တာဇာဂရာဘိဝံသတို့သည် သြစတေးလျတွင် သီတင်းသုံး နေကြသည်။ ဒေါက်တာဓမ္မသာမိ နှင့် ဒေါက်တာဥတ္တရဥာဏတို့သည်လည်း အဝေးဋ္ဌာနေ အင်္ဂလန်မြေတွင် သာသနာပြုနေကြသည်။ ဒေါက်တာဃောသိတ တစ်ပါးလည်း ဂျာမနီတွင် ရှိနေသည်ဟု သိရပါသည်။ ယနေ့အထိ စာရေးသူနှင့် မိတ်ဆွေ အရှင်ဃောသိတတို့ အဆက်အသွယ် မရပါ။ ဒေါက်တာဓမ္မပိယ၊ ဒေါက်တာခေမိန္ဒ၊ ဒေါက်တာနာယက၊ ဒေါက်တာပညာဇောတ၊ ဒေါက်တာအရိယဓမ္မ စသည့် ရဟန်းတော်တို့ကလည်း ကျယ်ပြန့်လှသော အမေရိကနိုင်ငံ၏ တစ်ပြည်နယ်စီတွင် အသီးသီး ရှိနေကြပြန်သည်။ ဒေါက်တာဣန္ဒက နှင့် ဒေါက်တာသီလ၀ံသတို့သည် မလေးရှားနိုင်ငံ၊ ဒေါက်တာဝိစိတ္တ၊ ဒေါက်တာသုပီယ၊ ဒေါက်တာဇယတိဿ တို့က စင်ကာပူနိုင်ငံတွင် သာသနာပြုနေ ကြပါသည်။ အိန္ဒိယနိုင်ငံတွင်လည်း အချို့သော ဒေါက်တာရဟန်းတော်များ သီတင်းသုံး နေဆဲဖြစ်ပေသည်။ ဒေါက်တာကေလာသ၊ ဒေါက်တာသိရိန္ဒ၊ ဒေါက်တာဇ၀န၊ ဒေါက်တာသောဘိတ စသော ရဟန်းတော်များ ဖြစ်ကြပါသည်။

အချက်အလက်စုရန် မလွယ်ကူသဖြင့် အသေးစိတ် မရေးသားနိုင်သည့် အနေ အထားပင် ဖြစ်ပါသည်။ တစ်ချို့ဒေါက်တာများမှာ ရဟန်းအသွင်ပျောက်၍ လူ့ဘ၀သို့ရောက် သွားကြပြီး၊ တစ်ချို့မှာမူ လူ့ပြည်တွင် မရှိကြတော့မူI ပျံလွန်တော်မူခဲ့ကြ ကုန်ပါပြီ။ နှစ်ငါးဆယ်အတွင်း ဒေါက်တာဘ၀သံသရာ စက်ဝန်းလည်နေပုံ ဖြစ်ပေသည်။ နှစ်ငါးဆယ်အတွင်းတွင် ဒေါက်တာဘွဲ့ရ ရဟန်းတော်တို့သည်လည်း များများစားစား မပေါ်ထွက်သည်ကို သိနိုင်ပေသည်။ မည်သို့ဆိုကြစေကာမူ စာဖတ်သူများ စာရေးသူ၏စာကို ဖတ်မိသဖြင့် ရရှိမည့် မြင်သာသော အချက်မှာ မြန်မာပြည်မှ ရဟန်းတော် တို့၏ ပညာရှာမှီးရာဒေသများ၊ သင်ယူကြသည့် တက္ကသိုလ် အရေအတွက်နှင့် ထိုထိုတက္ကသိုလ်များအကြောင်း၊ ဘွဲ့ရရှိပြီးသည့် ရဟန်းတော်များ၏ အရေအတွက် စာရင်းတို့ ဖြစ်ပေသည်။ ဆင်ခြင်ဥာဏ်ဖြင့် ရယူနိုင်မည့် ဆင့်ပွားအကျိုးရလာဒ်ကိုမူ တစ်ဦးချင်းစီ၏ ယောနိသောမနသိကာရ အပေါ်တွင် မူတည်ပေသည်။

ဘွဲ့တစ်ခုရရန် အဓိက အရင်းအနှီးမှာ ဖြစ်ချင်သောစိတ်ဓာတ် တစ်ခုသာလျှင် ရှိပါသည်။ စိတ်ဓာတ်ကို အရင်းအနှီးပြုလျှင် ကျန်သည့် အခက်အခဲများကို တဖြည်းဖြည်းချင်း လွန်မြောက်ပါမည်။ ကြွင်းကျန်သော အရင်း အနှီးများမှာ အသက်အရွယ်။ ကျန်းမာရေး၊ စာသင်ဖို့ပေးရမည့်အချိန်၊ အဆက်အသွယ်ကောင်း၊ ကုန်ကျမည့် စရိတ်တို့ပင်ဖြစ်ပေသည်။ မစွမ်းနိုင်သည်ဟုထင်လျှင် မည်သူမျှပင် စိတ်ကူးထည့်ပြီး ဒေါက်တာဘွဲ့ကို ကြိုးစားဖြစ်ကြ မည်မဟုတ်ပါ။ တစ်ဦးဦးက ဘွဲ့အတွက် စိတ်ကူးထည့် စဉ်းစားခဲ့ပြီဆိုပါလျှင် စိတ်ကူးသူအတွက် ဘွဲ့ရရန် ဖြစ်နိုင်ချေ အားလုံးက ကြိုဆိုနေပါပြီ။ မဟာဝိဇ္ဇာ ဘွဲ့ရသူများ ဒေါက်တာဘွဲ့ကို ရခဲ့ကြသူများချည်း မဟုတ်ပါ။ ဘွဲ့ရရန် စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းရန် လိုနေသောကြောင့် ဖြစ်ပါသည်။ စိတ်ကူးအနေဖြင့် ထည့်မိကြပေလိမ့်မည်ဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ စိတ်ကူးမှ အစပြုပြီး ခိုင်မာသော စိတ်ဓာတ်ဖြင့် ဒေါက်တာဘွဲ့ ရယူနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။ ပွင့်သောပန်းများ လန်းဆန်းပြီး မွှေးကြိုင်ပါစေ။ ဒေါက်တာဆရာတော်များကို ခွင့်မပန်ဘဲ ဤစာရေးသားခြင်းအတွက် ကြိုတင် ခွင့်ပန်အပ်ပါသည် ဘုရား။

ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း

ဘူဖြောင်းရပ်ကွက်၊အင်ချွန်းမြို့။

တောင်ကိုရီးယားနိုင်ငံ

ဂုဏ်ထူးဆောင် ဒေါက်တာမထေရ်မြတ်များ (၈) ပါး

၁။ ဒေါက်တာအရှင်ဥာဏဓဇ (လယ်တီ ဆရာတော်)

၂။ ဒေါက်တာအရှင်သီလာနန္ဒာဘိဝံသ (ပါမောက္ခချုပ် ဆရာတော်)

၃။ ဒေါက်တာအရှင်ကုမာရ (ဗန်းမော် ဆရာတော်)

၎။ ဒေါက်တာအရှင်ဥာဏိဿရ (သီတဂူ ဆရာတော်)

၅။ ဒေါက်တာအရှင်သုမင်္ဂလာလင်္ကာရ (ရန်ကုန်ကမ္ဘာအေး ဆရာတော်)

၆။ ဒေါက်တာအရှင်ပုညာနန္ဒ (နိုင်ငံတော်သံဃမဟာနာယက ဆရာတော်)

၇။ ဒေါက်တာအရှင်အရိယာဝံသ (အလိုတော်ပြည့် ဆရာတော်)

၈။ ဒေါက်တာအရှင်ဂန္ဓမာလာ ( မြင်းခြံတိပိဋကဓရ ဆရာတော်)

အထက်ပါဆရာတော်များမှာ တက္ကသိုလ်အသီသီးမှ ဂုဏ်ထူးဆောင်ဘွဲ့ဆက်ကပ် ခံရသဖြင့် ဒေါက်တာဘွဲ့ရရှိတော်မူကြသော ဆရာတော်များဖြစ်ပါသည်။ ထိုဆရာတော် များသည် အခြားသော စာသင်သားများကဲ့သို့ တက္ကသိုလ်ကျောင်းတွင် နှစ်ရှည်တက်ပြီး သုတေသန စာတမ်းများ ရေးရသည်မဟုတ်ဘဲ သက်ဆိုင်ရာစာပေနယ်ပယ်တွင် ထူးချွန် ပြောင်မြောက်သဖြင့် ဆိုင်ရာတက္ကသိုလ်များက ဘွဲ့ဆက်ကပ်ခြင်းဖြစ်သည်။ ထိုဆရာတော် များသည်လည်း ကျမ်းပြုဆရာတော်များ ဖြစ်သည်က များပါသည်။ ထို ဆရာတော်များကို စာဖတ်သူအနေဖြင့် ဖူးတွေ့ဘူးပါသလော။ အားလုံး (သို့မဟုတ်) တစ်ပါးစ နှစ်ပါးစကို ဖူးတွေ့ဘူးပါသလော။ ယခုစာရေးနေသည့် (၂၀၁၀) ခုနှစ်တွင်မူ ဆရာတော် တစ်ချို့ကို သက်ရှိထင်ထင် ဖူးမြင်နိုင်သည့် အခွင်အရေ့း လုံးဝမရနိုင်တော့ပေ။

ဒေါက်တာအရှင်ဥာဏဓဇ (လယ်တီ ဆရာတော်) ၊ ဒေါက်တာအရှင်သီလာနန္ဒာ ဘိဝံသ (အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်) ၊ ဒေါက်တာအရှင်သုမင်္ဂလာလင်္ကာရ (ရန်ကုန် ဆရာတော်) တို့သည် လွန်တော်မူခဲ့ကြလေပြီ ။ လူ့လောကတွင် မရှိတော့ပေ။

ဒေါက်တာအရှင်ဥာဏိဿရ (သီတဂူ ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် အဓိပတိ) ဒေါက်တာအရှင်ကုမာရ (ဗန်းမော် ဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ) ဒေါက်တာအရှင်ပုညာနန္ဒ (ရှမ်းပြည်နယ် ဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်)၊ ဒေါက်တာအရှင် အရိယ၀ံသ (အလိုတော်ပြည့် ဆရာတော်) ဒေါက်တာ အရှင်ဂန္ဓမာလာ ( မြင်းခြံတိပိဋကဓရ ဆရာတော်) များကို သာလျှင် ဖူးတွေ့နိုင် ခွင့်ရှိပေသည်။

ဖူးတွေ့နိုင်ခွင့် မရှိတော့သော ဆရာတော်(၃)ပါး

(၁) ဒေါက်တာ အရှင်ဥာဏဓဇ (လယ်တီဆရာတော်)ကို စာရေးသူအပါဝင် စာဖတ်သူများ သက်ရှိထင်ထင် ဖူးတွေ့ဘူးသူများမရှိနိုင်ပေ ။ ဆရာတော်၏ခေတ်သည် လွပ်လပ်ရေးမရမှီ ခေတ်ဖြစ်ပေရာ ယခုခေတ်စာဖတ်သူများ အနေဖြင့် ဖူးမျှော်ခွင့် မရနိုင်တော့ပါ။ သို့သော် ဆရာတော်ဘုရားကြီး၏ စာပေလက်ရာများသည် မြန်မာ ပြည်တွင်လည်းကောင်း ပြင်ပနိုင်ငံများတွင်လည်းကောင်း ယနေ့ခေတ်အထိ ပြန့်ပွါး နေဆဲဖြစ်သဖြင့် ဆရာတော်ကို သက်တော်ထင်ရှားဆဲပင် ရှိနေသည်ဟုဆိုသော် မှန်ကန် ပေမည်။ ဆရာတော်၏ ဥရောပအလင်းပြကျမ်း၊ များပြားလှစွာသော လယ်တီဒီပနီ ကျမ်းများ ၊လယ်တီသံခိပ်များသည် စာဖတ်ပရိတ်သတ်များစွာကို အလင်းရောင် ပေးနေသော စာပေများဖြစ်ပေသည်။ ပါဠိစာပေနယ်ပယ်တွင်လည်း ပရမတ္ထဒီပနီ၊ ပရမတ္ထ အနုဒီပနီ၊ နိရုတ္တိဒီပနီ ကျမ်းများသည် စာပေပညာရှင်များ အတွက် အားကိုးအားထား ပြုထိုက်သော စာပေများ ဖြစ်ပါသည်။ ကျမ်းစာပေ(၇၆)ကျမ်း ရေးသားခဲ့သည်ဟု သိရပါသည်။ ထိုစဉ်က မြန်မာပြည်ကို အုပ်စိုးနေခဲ့သော အင်္ဂလိပ်အစိုးရသည် ဆရာတော်ကြီးအား အဂ~္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်နှင့် ရန်ကုန်တက္ကသိုလ်မှလည်း စာပေပါရဂူဘွဲ့ကို ဆက်ကပ်ခဲ့ပါသည်။ မြန်မာရဟန်းတော်များတွင် စာပေပါရဂူဘွဲ့ ပထမဆုံးရရှိတော်မူခဲ့သော သမိုင်းဝင် ဆရာတော် ဖြစ်လာခဲ့ပါသည်။ ထိုဘွဲ့တံဆိပ်များကို အလှူခံယူရန် အခန်းအနားသို့ တက်ရောက်ခြင်း မရှိခဲ့ဟု သိရပါသည်။

(၂) လယ်တီဆရာတော်ဘုရားကြီး ကဲ့သို့ပင် ယခုအချိန်တွင် သက်တော်ထင်ထင် ဖူးမြင်ချင်ပါလျှင်လည်း ဖူးတွေ့နိုင်သည့် အခွင့်အရေး လုံးဝမရနိုင်သည့် ဆရာတော်တစ်ပါးမှာ ဒေါက်တာအရှင်သီလာနန္ဒာဘိဝံသ (ပါမောက္ခချုပ် ဆရာတော်) ဖြစ်ပါသည်။ ဆရာတော်၏ ဘ၀တစ်ဝက်နီးပါးမှာ အနောက်တိုင်းတွင်သာ အချိန်ကုန်ခဲ့ပါသည်။ ဆရာတော်သည် သက်တော်(၅၀) ကျော်ကာစတွင် အနောက်တိုင်း သို့ သာသနာပြု ကြွရောက်တော်မူခဲ့ပြီးလျှင် သက်တော်(၇၀)ကျော်တွင် အနောက်တိုင်း နိုင်ငံတွင်ပင် ပြန်လွန်ခဲ့ပါသည်။ ပြည်ပတိုင်းပြည်များတွင် ထွန်းထွန်း ပေါက်ပါက် ထူးထူးခြားခြား အင်္ဂလိပ်ဘာသာစကားဖြင့် သာသနာပြုနိုင်သော မြန်မာ ရဟန်းတော် အနည်းစုတွင်ပင်လျှင် ဆရာတော်သည် ထိပ်တန်းဆရာတော် တစ်ပါးပင်ဖြစ်ပါသည်။

မြန်မာပြည်သည် ကံကောင်းသည့် အားလျှော်စွာ ဆရာတော်ဘုရားသည် (၁၉၉၈) ဒီဇင်ဘာလတွင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဖွင့်ပွဲ ကျင်းပ ချိန်တွင် ထိုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် သီတဂူ ဆရာတော်ဘုရာကြီးနှင့် မြန်မာနိုင်ငံ အစိုးရမင်းတို့၏ လျှောက်ထားချက်အရ မြန်မာပြည်သို့ ကြွတော်မူခဲ့ပါသည်။ ထိုတက္ကသိုလ်၏ ဖွင့်လှစ်ကာစ ၁၉၉၈ နှစ်တွင် လက်ထောက် ကထိက တာဝန်ထမ်း ဆောင်ခဲ့သော စာရေးသူတို့ အဖွဲ့နှင့် ဆုံခဲ့ရပါသည်။ စာရေးသူတို့ ရဟန်းငယ် လေးပါးဖြစ်ခဲ့ပါသည်။ အသက်သုံးဆယ် ကျော်အရွယ်များ ဖြစ်ခဲ့ပါသည်။ ဆရာတော်နှင့် တစ်နှစ်တာမျှ အဆောင်တစ်ခုတည်းတွင် သီတင်းသုံး ခဲ့ရသည်ပြင် အနီးကပ် ထိတွေ့ခွင့်လည်း ရခဲ့ပါသည်။ စာရေးသူတို့ ငယ်ရွယ်သူများအပေါ် လွန်စွာ အားထားသည့် ဆရာတော်ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောများ လိုနေသည်ကို ဖြည့်စွက်ပေးခြင်း၊ အသံထွက် မှားယွင်းနေသည်ကို ပြင်ဆင်ပေးခြင်းမျှသာမက ၀ိသုဒ္ဓိမဂ် ကျမ်းစာကို ညစဉ် ညတိုင်း ဆရာတော်၏ သီတင်းသုံးရာ အခန်းတွင် စာရေးသူတို့ သုံးပါးကို ဖတ်စေခြင်းဖြင့် အင်္ဂလိပ်စာ တိုးတက်အောင် ဆောင်ရွက် ပေးခဲ့ပါသည်။

ဆရာတော်က စာရေးသူတို့အား အင်္ဂလိပ်ဘာသာပြန်နှင့် ဆက်စပ်ပြီး အထူးသတိ ပေးချက်ရှိပါသည်။ ယင်းသတိပေးချက်မှာ အခြားမဟုတ် ပိဋကတ်ဘာသာပြန် စာအုပ်များကို ဖတ်ရှုသောအခါ ပါဠိစာပေနှင့်တွဲပြီး လေ့လာခိုင်းခြင်း ဖြစ်ပေသည်။ အနောက်တိုင်းက ဘာသာပြန်ဆရာများကို လုံးလုံးလျားလျား ယုံစားမှု မပြုသင့်ကြောင်းနှင့် အမှားများစွာ ရှိနေသည်ကို သတိမူမိစေရန် ဖြစ်တော့သည်။ ဆရာတော်သည် အင်္ဂလိပ် ပါဠိစာပေနှင့် သကတစာပေတွင် ထူးချွန်တတ်မြောက်သော ဆရာတော်ဖြစ်ရုံမျှမက ပိဋကတ်စာပေတွင် နှံ့စပ်ခြင်းလည်း ရှိပါသည်။ ဆရာတော်၏ ဘာသန္တရစာပေ ကျွမ်းကျင်ခြင်းတို့ကို ကိုယ်ကျင့်သိက္ခာ စင်ကြယ်ခြင်း နှင့် တွဲစပ်လိုက်သော အခါတွင် ဆရာတော်သည် ကမ္ဘာက အသိအမှတ်ပြု ခံရသော ဆရာတော်ကြီး တစ်ပါးဖြစ်လာခဲ့ပါသည်။ ဆရာတော်သည် မြန်မာအသိုင်းအ၀ိုင်း ကသာမက လူမျိုးခြားနား၊ ဘာသာလည်းမတူသူများက အလေးထား၊ အားကိုးခြင်းကို ခံယူခဲ့ရပါသည်။ ဆရာတော်သည် အဘိဓမ္မာဘာသာရပ်တွင် ထူးချွန်သည့်အပြင် အနောက်တိုင်းတွင် အဘိဓမ္မာသင်တန်း များဖွင့်သောအခါ လူမျိုးခြားများ၊ ဘာသာ မတူသူများလည်း တက်ရောက်ကြပါသည်။

မဟာစည်ဝိပဿနာနည်းဖြင့် နည်းပြဆရာအဖြစ် သာသနာရေး ဆောင်ရွက်ရုံမျှမက စာပေများ ရေးသားကာ စာအုပ်များကိုလည်း ထုတ်ဝေသည်။ မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးဖြင့် စာရေးနိုင်ခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုသည့်စာအုပ် တစ်ဆယ့် နှစ်အုပ်ရှိသည်ဟု သိရပါသည်။ ဒေါက်တာ ဆရာတော် ဘာသာပြန်ထားသော မဟာစည် ဆရာတော်ဘုရား၏ သတိပဋ္ဌာန်ကျမ်း (အင်္ဂလိပ်)သည် ထင်ရှားသောစာအုပ်ဖြစ်ပြီး သုံးကြိမ်တိုင်တိုင် ပြန်လည် ထုတ်ဝေခဲ့ရပါသည်။ မဟာစည်ဆရာတော်၏ ထေရုပ္ပတ္တိကထာ စာအုပ်၊ ဘုရားကြီးတိုက် ဆရာတော်ဦးနာရဒ၏ ထေရုပ္ပတ္တိကထာစာအုပ်၊ သူ၏ ခမည်းတော်ဦးဆိုင်၏ ဘ၀ဖြစ်စဉ်များသည်လည်း ဒေါက်တာအရှင်သီလာနန္ဒပင် ရေးသားသည့် စာအုပ်များ ဖြစ်သည့်အပြင် အခြားသော ရဟန်းတော်များနှင့် သက်ဆိုင်သော စာပေများကိုလည်း ဆယ်အုပ်ခန့် ရေးသား ထုတ်ဝေခဲ့ပါသည်။ သိမ်အကြောင်း၊ ပါဠိသဒ္ဒါအကြောင်း စသည့် စာအုပ်များ ဖြစ်ကြပါသည်။ လယ်တီဆရာတော်၏ စာရေးသားမှုနှင့် ဆရာတော်၏ စာရေးသားမှုကို နိုင်းယှဉ်သော် ဆရာတော်ရေးသားခဲ့ပြီး ထွက်ရှိသည့် စာအုပ် အရေအတွက်က နည်းပါးသည်ဟု ဆိုကြမည်ဖြစ်သော်လည်း သက္ကတသဒ္ဒါနှင့် ပတ်သက်သော စာအုပ်များ ကိုပြုစုနိုင်မှုသည် ဆရာတော်၏ အများနှင့်မတူ ထူးခြားသော စွမ်းအင်ဖြစ်ပြီး ထိုစာအုပ်မျိုး လေးအုပ်ကိုလည်း ရေးသားခဲ့ပါသည်။ လယ်တီဆရာတော်ကြီးနှင့် မင်းကွန်းဆရာတော် ဘုရားကြီးတို့သည် သက္ကတဘာသာကို လေ့လာမှုမရှိခဲ့ပါ။ အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပါမောက္ခချုပ်ဆရာတော် အဖြစ်ဖြင့် ဆောင်ရွက်နေစဉ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်များကို ဆရာတော်အား ဆက်ကပ်ခဲ့ပြီး ရန်ကုန် (၀ိဇ္ဇာသိပ္ပံ) တက္ကသိုလ်မှလည်း စာပေပါရဂူဘွဲ့ကို ဆရာတော်အား ဆက်ကပ်ခဲ့ပါသည်။ ဆရာတော်သည် ဦးဏှောက်ရောဂါဖြင့် သက်တော် (၇၈)နှစ် တွင် အမေရိကန်နိုင်ငံတွင် တစ်ဘ၀ဇာတ် ငြိမ်းပြတ်ခဲ့ရပါသည်။ သီတဂူ ဆရာတော်ကြီးက ”အရှေ့ကျွန်းက ထွက်သည့်နေ၀န်း အနောက်ကျွန်းတွင် ၀င်လေပြီ” ဟု ဈာပနအခမ်းအနားတွင် သံဝေဂစကား မိန့်တော်မူခဲ့ပါသည်။ ယခုနှစ်များတွင်မူ ဆရာတော်နှင့်ပတ်သက်သည့် ထေရုပ္ပတ္တိပုံစံ စာအုပ်တစ်အုပ် ထွက်လာပေပြီ။ စုံစုံလင်လင် မဟုတ်လှသော်လည်း မရှိတာနှင့်စာလျှင် တော်ပေသည်။

(၃) လယ်တီဆရာတော်နှင့် ဒေါက်တာအရှင်သီလာနန္ဒာဘိဝံသ ဆရာတော်များမှာ မြန်မာပြည် ရန်ကုန်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို အပ်နှင်းခြင်း ခံခဲ့ရပါသည်။ ပြည်ပမှ ဒေါက်တာဘွဲ့ ဆက်ကပ်ခြင်းခံရသော အခြားဆရာတော်မှာ စတုတ္ထမြောက် တိပိဋကဓရဘွဲ့ရ ဆရာတော် ဒေါက်တာအရှင်သုမင်္ဂလာလင်္ကာရ (ရန်ကုန် - ကမ္ဘာအေး ဆရာတော်) ဖြစ်ပါသည်။ သက်တော် (၂၇) နှစ်တွင် တိပိဋကဓရဘွဲ့ရတော်မူခဲ့ပြီး သက်တော် (၆၂)တွင် ရိုးတွင်းခြင်ဆီ ကင်ဆာရောဂါဖြင့် ပြန်လွန်တော်မူခဲ့ပါသည်။ ဆရာတော်သည် အသက်(၂၇)နှစ်တွင် ပိဋကတ်သုံးပုံကို အာဂုံ၊ရေးဖြေ နှစ်ခုစလုံးပြီးစီးခဲ့ပေရာ ယနေ့အထိ ဆရာတော်၏ စံချိန်ကို မှီအောင် လိုက်နိုင်သည့် ရဟန်းတော်များ မပေါ်သေးပေ။ နှစ်ပေါင်း တော်တော်များများ ကြာသော်လည်း ဆရာတော်၏ စံချိန်ကို မှီအောင်လိုက်နိုင်မည့် ရဟန်းတော် ပေါ်လာနိုင်စရာမရှိပါချေ။ ဆရာတော်သည် သာမဏေဘ၀ကပင် ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ ရခဲ့ပေရာ ထိုဘွဲ့သည် တိပိဋကဘွဲ့ရ ဆရာတော်များ ကြားတွင် ရခဲသော ဘွဲ့တစ်ခုလည်း ဖြစ်ပေသည်။ တိပိဋကဘွဲ့ရဆရာတော် (၁၂) ပါးတွင် (၃)ပါးမျှသာ ထိုဘွဲ့ကို ရခဲ့ပါသည်။ သို့သော် ဆရာတော်သည် ရဟန်းတော်များဘ၀တွင် အလေးစား အခံရသော ဘွဲ့ဖြစ်သည့် သကျသီဟနှင့် စေတီယင်္ဂဏ စာမေးပွဲကိုမူ မအောင်မြင်ခဲ့ပေ။ မအောင်မြင်ရခြင်း၏ အကြောင်းမှာ တိပိဋကစာမေးပွဲကို ဖြေဆိုနေခဲ့သဖြင့် အချိန် မပေးနိုင်ခဲ့သောကြောင့် ဖြစ်တန်ရာသည်။ ဘိဝံသဘွဲ့ဟု အတိုအားဖြင့် ခေါ်ကြပါသည်။

လယ်တီဆရာတော်သည် ပြည်တွင်းတွင် သီတင်းခဲ့သုံးပြီး ပြင်ပအင်္ဂလိပ် အစိုးရဆက်ကပ်သော ဘွဲ့တံဆိပ်ကို ပြည်တွင်းတွင် ရရှိခဲ့သည်။ ဒေါက်တာသီလာနန္ဒသည် ပြည်ပတွင် သီတင်းသုံးခဲ့ပြီး ပြည်တွင်းအစိုးရ ဆက်ကပ်သော ဘွဲ့တံဆိပ်ကို ပြည်တွင်းတွင်ပင် ရရှိခဲ့သည်။ ဒေါက်တာအရှင်သုမင်္ဂလာလင်္ကာရမှာမူ ပြည်တွင်းတွင် သီတင်းသုံးခဲ့ပြီး မြန်မာပြင်ပ နိုင်ငံခြားထိုင်းနိုင်ငံမှ ဆက်ကပ်သော ဘွဲ့တံဆိပ်ကို ရရှိခဲ့ပေသည်။

ဆရာတော် ဒေါက်တာအရှင်သုမင်္ဂလာလင်္ကာရကို စာရေးသူသည် ပုဂ္ဂိုလ် ရေးအရ မဖူးတွေ့ဘူး ခဲ့သော်လည်း ရွှေကျင်ဂိုဏ်းနှင့်စပ်သော အစည်းအဝေးများတွင် နှစ်ကြိမ် သုံးကြိမ်မျှ တွေ့ဆုံဖူးခဲ့ပါသည်။ တွေ့ဆုံခဲ့ဖူးသော အစည်းအဝေးများတွင် ဆရာတော်၏ ရဲရင့်သော သဘောထားများကို မျက်မြင် သိခွင့်တွေ့ခဲ့ရပါသည်။ ဆရာတော် ဆေးရုံ တက်ခဲ့သော (၂၀၀၄) ခုနှစ် ဇူလိုင်လတွင်လည်း စာရေးသူနှင့် မိတ်ဆွေ ရဟန်းတော် (၂)ပါး ဆရာတော်ရှိရာ ထိုင်းနိုင်ငံရှိ ထိုဆေးရုံသို့ ရောက်ခဲ့ပါသည်။ နောင်နှစ်တွင် ထိုရောဂါဖြင့်ပင် သက်တော်(၆၂)၌ ဆရာတော်သည် ဘ၀နတ်ထံ စံမြန်းခဲ့ပြီး သာသနာစိတ် ပြင်းထန်သော ဆရာတော်များတွင် တစ်ပါးအပါဝင် ဖြစ်ခဲ့သော ဆရာတော်ကို မြန်မာပြည်သားတို့ ဆုံးရှုံးခဲ့ကြရပါသည်။ စာသင်တိုက်တည်ထောင်ပြီးလျှင် သာသနာတော်၏ အကျိုးကို အကောင်းဆုံးဖြစ်အောင် စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့သော ဆရာတော်ဖြစ်ပါသည်။ စာပေကျမ်းဂန်ကို ရေးသားပြုစုတော်မူခဲ့သော်လည်း ဆရာတော်၏ ကျမ်းစာများသည် အောင်မြင်သင့်သလောက် အောင်မြင်ခြင်း မရှိဟုဆိုပါက ဆိုနိုင်ခွင့် ရှိပါသည်။ ဆရာတော်သည် စာတတ်သည်မှာ မှန်သော်လည်း ကျမ်းပြုစုရာတွင် မအောင်မြင်ဟု စာရေးသူက ထင်မြင်ပါသည်။ ဤသို့မြင်ရခြင်းမှာ ကျမ်းစာ၏ အမျိုးအစားပေါ်တွင် မူတည်ပြီး ဆရာတော်၏ ရေးသားသော စာအုပ်များသည် တိပိဋက စာသင်သားသုံးမျှသာ ဖြစ်သဖြင့် အသုံးနည်း ပါးပါသည်။ တိပိဋကစာမေးပွဲ ဖြေဆိုသည့် စာသင်သားသည် မြန်မာပြည် သံဃာ အရေအတွက်နှင့်စာသော် အလွန်နည်း ပါးလှပါသည်။ ဆရာတော်သည် မြန်မာနိုင်င်ငံ၏ သာသနာတော် အရေးကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သဖြင့် သံဃာ့လောကတွင် နာမည်ထွက်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်တစ်ပါး ဖြစ်လာခဲ့ပြီး တာဝန် ဆောင်ရွက်နေခဲ့စဉ် ကျန်းမာရေးအရ အနားယူခဲ့ရပြီး ထိုရောဂါဖြင့်ပင် ပြန်လွန်တော် မူခဲ့ပါသည်။

အထက်ပါ ဆရာတော်သုံးပါးတွင် စာရေးသူသည် ဆရာတော်နှစ်ပါးနှင့် သက်ရှိ ခဲ့စဉ်က ဆုံစည်းခဲ့ ဖူးပေသည်။ လယ်တီဆရာတော်ကြီးကို ဖူးတွေ့ခွင့် မရသော်လည်း စာရေးသူ၏ အကြိုက်ဆုံးသော စာရေးဆရာများတွင် လယ်တီဆရာတော်ကြီးသည် နံပါတ်တစ်ပင် ဖြစ်ပါသည်။ ဆရာတော်ကြီးသည် အတွေးရှင်းပြီး ဆုံးဖြတ်ချက်ကို မှန်စွာချနိုင်သည်။ စာပေနံ့စပ် လွန်းသည့်အပြင် လူအများနားလည်အောင်လည်း ရေးနိုင်စွမ်းရှိသည်။ အကျင့် သိက္ခာပိုင်းတွင် စံတင်ရအောင်ပင်ဖြစ်ပြီး သာသနာတော်၏ စစ်သားကောင်းကြီး တစ်ပါးပင် ဖြစ်ခဲ့ပေသည်။ အထက်ပါ ဆရာတော်သုံးပါးနှင့် အရည်အသွေး တူသော ရဟန်းတော်မျိုး အနာဂါတ်တွင် ပေါ်လာနိုင်မည့် အခွင့်အရေးမှာ နွား၏ဦးချိုကို နွားနို့ရရန် ညှစ်ဘိသကဲ့သို့ပင် ဖြစ်ချေသည်။ သို့အတွက် မိမိတို့၏ ဘ၀တွင် ဆည်းကပ်သင့်သည် ပညာရှင် သီလ၀န် ဂုဏ၀န်များကို မနေမနား ရှာဖွေပြီး ဆည်းကပ်သင့် လှပေသည်။

ဖူးတွေ့နိုင်ခွင့်ရှိနေသည့် ဆရာတော်(၅)ပါး

ဖူးတွေ့ခွင့်မရခဲ့သော ဆရာတော်များကို အမှန်တကယ်ပင် ဖူးတွေ့ချင်သည်ဆိုပါက ထိုဆရာတော်ကြီးများ၏ သာသနာပြုစိတ်ဓာတ် အရည်အချင်းများကို တတ်နိုင်သမျှ မိမိတို့ဆီသို့ ကူးစက်လာအောင် မိမိတို့ကိုယ်တိုင် စောင့်ထိန်းကြပြီးလျှင် သက်တော် ထင်ရှား ဆရာတော်ကြီးများ၏ မွန်မြတ်သော လုပ်ငန်းစဉ်များကို တတ်စွမ်းသည်ဖက်မှ အကူအညီ ပေးကြရန်ပင်ဖြစ်သည်။

(၁) ဗန်းမော် ဆရာတော်ကြီး

၁၉၉၅ ခုနှစ် နှင့် ၂၀၀၄ ခုနှစ်တို့က ဆရာတော်အရှင်သုမင်္ဂလာလင်္ကာရနှင့် စာရေးသူတို့တွေ့ကြုံ ခဲ့ရပြီးလျှင် ဒေါက်တာအရှင်သီလာနန္ဒကိုမူ (၁၉၉၈-၉) နှစ်က တစ်နှစ်နီးပါးမျှ ဆရာတပည့် အဖြစ်ဖြင့် ဆုံစည်းခဲ့ရပါသည်။ ဒေါက်တာအရှင်သီလာနန္ဒ နည်းတူ တစ်ချိန်တည်းတွင် ကြုံရဖူးသော ဆရာတော်မှာ ဒေါက်တာအရှင်ကုမာရ (ဗန်းမော် ဆရာတော်) ကြီး ပင်ဖြစ်ပါသည်။ ၁၉၉၈-ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဖွင့်သောအခါ ဗန်းမော် ဆရာတော်ကြီးသည် ပါမောက္ခတာဝန်ဖြင့် ထိုတက္ကသိုလ်Y တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နောင်တွင် ဒု-ပါမောက္ခချုပ် ဆရာတော်လည်း ဖြစ်ခဲ့ပါသည်။ ဆရာတပည့် အဖြစ်ဖြင့် မဆည်းကပ်ခဲ့ရ သော်လည်း ဆရာတော်ကြီး၏ ဆတ္တာသည်ပမာ (ဆတ္တာသည်ဟူသည်မှာ ခေါင်းရိတ်ပေးသည့် သူကို ခေါ်ခြင်းဖြစ်ပါသည်) ဖြစ်ခဲ့ပါသည်။ ယခုအခါ ဗန်းမော် ဆရာတော်သည် သက်တော် (၈၂) ရှိပြီး သက်တော်ရှည် ဆရာတော် ကြီးတစ်ပါး ဖြစ်နေပါပြီ။ ဆရာတော်ကြီးသည် သက်တော်ရှည် တစ်ပါးဖြစ်ရုံမျှ သာမက စာပေ ပရိယတ် တတ်ကျွမ်းသည့် ဆရာတော်ကြီးလည်း ဖြစ်ပါသည်။

ဆရာတော်သည် တိပိဋက စာသင်သားများကို စာချပေးနိုင်သည့် အပြင် နိုင်ငံခြားက တပည့်စာသင်သားတို့ကိုလည်း ဘုရားစာများကို အင်္ဂလိပ်ဘာသာဖြင့် သင်ပေးပါသည်။ မန္တလေးမြို့ ဘုရားကြီးကျောင်းတိုက်၏ တိပိဋက ပါဠိအဘိဓာန် ပြုစုရေးအဖွဲ့တွင် ဒုတိယ-ဥက္ကဋ္ဌဆရာတော်အဖြစ် ဆောင်ရွက်တော်မူပါသည်။ ဆရာတော်သည် စာချပေးရုံမျှ သာမက စာပေရေးသားမှုကိုလည်းပြုပြီး ဆရာတော် ပြုစုသော ကျမ်းစာများတွင် ထေရီဂါထာ အဋ္ဌကထာ အဖွင့်ကျမ်းစာနှင့် မဟာစည် ဆရာတော်ဘုရား၏ မဟာသတိပဋ္ဌာန်ကျမ်းကို ပါဠိဘာသာဖြင့် ပြုစုထားသော ကျမ်းစာသည် ပညာရှင်များ၏ ချီးမွမ်းခံရသော ကျမ်းစာများ ဖြစ်ပါသည်။

နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ<သာသနာပြုတက္ကသိုလ်၏ ဒု-ပါမောက္ခချုပ်တာဝန်နှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်ချုပ် ဆရာတော်အဖြစ် ဆောင်၇ွက်ခဲ့ရ ပါသည်။ (၂၀၁၀) ခုနှစ် မတ်လတွင် စင်ကာပူသို့ ကြွရောက်ပြီး တရားလည်းဟော ပဋ္ဌာန်းစာပေကိုလည်း ပို့ချပေးခဲ့ရာ လူများစွာလာရောက်ပြီး ကြားနာသင်ယူခဲ့သည်ကို စာရေးသူကိုယ်တိုင် ပါဝင် တွေ့ခဲ့ရပါသည်။ သာသနာ့အကျိုးသည်ပိုးသော ဆရာတော်ကို မြန်မာနိုင်ငံတော် အစိုးရမှ အဂ္ဂမဟာပဏ္ဍိတ နှင့် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပြီးလျှင် ရန်ကုန်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ကို အပ်နှင်း ဆပ်ကပ်ခြင်းကိုလည်း ခံယူခဲ့ပါသည်။ စာရေးသူသည် ဗန်းမော်ဆရာတော်ကို ထေရ၀ါဒတက္ကသိုလ်တွင် တစ်နှစ်ကျော်မျှ ဖူးတွေ့ခွင့် ရရှိခဲ့ရုံမျှအပြင် ရင်းရင်းနှီးနှီးလည်း ရှိခဲ့ပါသည်။ ယခု ထပ်သိရသော သတင်းမှာ ထိုဆရာတော်သည် မြန်မာနိုင်ငံ သံဃမဟာနာယက အဖွဲ့ကြီး၏ အကျိုးတော်ဆောင်ချုပ် အဖြစ်မှ ဥက္ကဋ္ဌဆရာတော်ကြီး အဖြစ်သို့ တင်မြှောက်ခြင်း ခံရသော ဆရာတော်ကြီးတစ်ပါး ဖြစ်လာခဲ့ပေသည်။ အကြောင်းမှာ ဥက္ကဋ္ဌ (မကွေး) ဆရာတော်ကြီး သက်တော် ရှစ်ဆယ်ကျော်တွင် ပျံလွန်တော်မူခဲ့သောကြောင့် ဖြစ်ပါသည်။ တည်ထောင်သည့် သက်တမ်း အနှစ်သုံးဆယ်ပြည့်ခါနီး ဖြစ်သော နိုင်ငံတော်သံဃမဟာနာယ အဖွဲ့ကြီးတွင် အကျိုးတော်တောင်ချုပ်လည်းဖြစ်၊ ဥက္ကဋ္ဌ တာဝန်ကိုလည်း နောက်ထပ် ထမ်းဆောင်ခွင့် ရကြသော ဆရာတော်မှာ နှစ်ပါးမျှသာ ရှိပါသည်။ တစ်ပါးမှာ (မကွေး) ဆရာတော်ကြီးဖြစ်ပြီး အခြား ဆရာတော် တစ်ပါးမှာ ယခု ဖေါ်ပြနေသော ဗန်းမော်ဆရာတော်ကြီး (မန္တလေး) တို့ ဖြစ် ပါသည်။ တိုက်တိုက်ဆိုင်ဆိုင် ဘွဲ့တော်များလည်း တူကြပါသည်။ တနင်္လာသားများဖြစ်ကြပြီး ဦးကုမာရဟု အမည်တွင်ကြပါသည်။ ရှစ်ပါးသော ဂုဏ်ထူးဆောင်ဒေါက်တာ မထေရ်မြတ်များ အကြောင်းရေးရာတွင် လေးပါး၏ အကြောင်းရေးရန် ကျန်ပါသေးသည်။

ထိုလေးပါးမှာ-

ဒေါက်တာအရှင်ပုညာနန္ဒ (ရှမ်းပြည်နယ်)၊ ဒေါက်တာအရှင်အရိယ၀ံသ(အလို တော်ပြည့် ဆရာတော်)၊ ဒေါက်တာအရှင်ဂန္ဓမာလာ ( မြင်းခြံတိပိဋကဓရ ဆရာတော်) နှင့် ဒေါက်တာအရှင်ဥာဏိဿရ (သီတဂူဆရာတော်ကြီး) တို့ဖြစ်ပါသည်။

(၂) ဒေါက်တာအရှင်ပုညာနန္ဒ (ရှမ်းပြည်နယ် ဆရာတော်)

ရှမ်းပြည်နယ်ဆရာတော်ကို ထိုင်းနိုင်ငံမှ ဒေါက်တာဘွဲ့တံဆိပ် ဆက်ကပ်ကြောင်း ဘီဘီစီမှ တစ်ဆင့်သိရပြီး အင်တာနက် စာမျက်နှာများတွင်လည်း သတင်းအဖြစ် ဖေါ်ပြထားပါသည်။ဆရာတော်သည် ယခုလက်ရှိသံဃမဟာနာယက အဖြစ်နှင့် သာသနာပြု ဆရာတော် တစ်ပါးဖြစ်ကြောင်းသာ သိရှိထားပါသည်။ ထိုဆရာတော်ကို ဘွဲ့ဆက်ကပ်ထားသည်မှာလည်း မကြာလှသေးပါ။

(၃) ဒေါက်တာအရှင်အရိယာဝံသ (အလိုတော်ပြည့် ဆရာတော်)

ထိုနည်းတူစွာပင် နာမည်ကြီး အလိုတော်ပြည့် ဆရာတော်အကြောင်းကိုလည်း သတင်းစာများမှ တစ်ဆင့်သာ သိရှိရပါသည်။ ဆရာတော်ကို အိန္ဒိယနိုင်ငံ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ဆက်ကပ်ကြောင်းသာ သိရှိထားပါသည်။ စာရေးသူ အနေဖြင့် ဆရာတော်နှစ်ပါးကို တစ်ကြိမ်မျှပင် တိုက်ရိုက် ဖူးတွေ့ဘူးခြင်း မရှိပါ။ ဆရာတော် အကြောင်းများကို စာဖတ်သူများ သိသလောက်သာ သိရှိထားပါသည်။ အမှန်ဆိုရလျှင် အလိုတော်ပြည့်ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်း များစွာရှိသည်ကို သာသနာတော်နှင့် ရင်းရင်းနှီးနှီး မရှိကြသူများပင် သိပြီးဖြစ်ပါသည်။ ဆရာတော်အကြောင်း သီးခြားစာအုပ် တစ်အုပ် ရေးသင့်ပါသည်။ စာရေးသူကမူ နီးစပ်ခြင်း မရှိသဖြင့် ဖေါ်ထုတ်နိုင်ခွင့်မရှိပါ။

(၄) ဒေါက်တာအရှင်ဂန္ဓမာလာ ( မြင်းခြံတိပိဋကဓရ ဆရာတော်)

ဒေါက်တာအရှင်ဂန္ဓမာလာ (မြင်းခြံတိပိဋကဓရ ဆရာတော်)၏ ဒေါက်တာ ဘွဲ့ရသည့် အကြောင်းကိုလည်း တစ်ဆင့်သာသိရပါသဖြင့် ပြည့်ပြည့်စုံစုံ မတင်ပြနိုင်သေးပါ။ ထိုဆရာတော်ကိုလည်း ထိုင်းနိုင်ငံမှပင် ဆက်ကပ်ခဲ့ပါသည်။ ဆရာတော်သည် မိမိ၏ မိတ်ဆွေ ရဟန်းတော်တစ်ပါးဖြစ်သော အရှင်ပညာသိရီနှင့် ရင်ရင်းနှီးနှီး ရှိလှပါသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်းက ကမ္ဘာအေးတွင် ဆုံဖူးခဲ့ပါသည်။ ထိုစဉ်က တိပိဋကဓရဘွဲ့ မဆွတ်ခူး ခဲ့သေးပါ။ ထိုအချိန်က ဆုံခဲ့စဉ် သိခဲ့ရသမျှ အကြောင်းအရာမှာ ထိုင်းနိုင်ငံသို့ မျက်စိကုသ ခံယူရန် ကြွမည့်အကြောင်း ဖြစ်ပါသည်။ မကြာသေးမှီ နှစ်များက တိပိဋကဓရဘွဲ့ရကြောင်းနှင့် နိုင်ငံခြားတွင် ကျောင်းများ တည်ထောင်ထားကြောင်း၊ မင်းကွန်းဓမ္မနာဒတိုက်၏ ဆရာတော်ဖြစ်လာကြောင်း၊ အင်္ဂလန်နိုင်ငံ (အောက်(စ)ဖို့ဒ်) တက္ကသိုလ်တွင် ပညာသင်ဆဲ ဖြစ်ကြောင်းတို့ကိုပါ ထပ်ဆင့်သိရပါသည်။ ထို့အပြင် အသံလွှင့်ဋ္ဌာန တစ်ခုနှင့် တွေ့ဆုံခန်းတွင် ဆရာတော်အကြောင်း တစေ့တစောင်း အားကျဖွယ်ရာ တွေ့ရပါသည်။ ဆရာတော်က ကြိုးစားမှု အတွက် သူလက်ကိုင်ထားသော ဆောင်ပုဒ်မှာ ”ဓားတိုရင် ဓားရှည် မတောင်းနဲ့ ရှေ့တစ်လှမ်း တိုး၍ခုတ်” ဟူ၍ဖြစ်ပါသည်။ ရှိသည့်ဓားတိုဖြင့်သာ အားထည့်ပြီး ဆက်ကြိုးစားပါ ဟုဆိုလိုပါသည်။ မိုဘီဂျီနိုဏ္ဍတွင် နားဆင်နိုင်ပါသည်။ အသံလွှင့်ဋ္ဌာနကို လူတိုင်း သိလောက်ပါပြီ။

(၄) ဒေါက်တာအရှင်ဥာဏိဿရ (သီတဂူဆရာတော်ကြီး)

(၄) ဒေါက်တာအရှင်ဥာဏိဿရ (သီတဂူ ဆရာတော်) အကြောင်းကိုမူ အများ နည်းတူမျှမက စာရေးသူက သိရှိထားပါသည်။ သီတဂူဆရာတော်ကို အဝေးမှတစ်ဆင့်၊ အနီးမှတစ်ဖုံ သိရှိနေသည်မှာ နှစ်ပေါင်းကြာခဲ့ပါပြီ။ ဆရာတော်၏ တရားပွဲများကို အကြိမ်များစွာ နာကြားဖူးခဲ့ပြီး မှတ်မိသည်က များပါသည်။ ဆရာတော်ကို မြန်မာပြည်တွင်း တွင်သာမက ပြည်ပတွင်လည်း အကြိမ်များများ ဖူးတွေ့ဖူးပါသည်။ စာရေးသူတို့ စာချပို့ချခဲ့ရာ ထေရ၀ါဒတက္ကသိုလ်သို့လည်း (၁၉၉၉)ခုနှစ်က ဆရာတော်ကြွရောက်ပြီး သတိပဋ္ဌာန်ကို ဆယ်ရက်တိုင်တိုင် ပို့ချပေးခဲ့ပါသည်။ ထေရ၀ါဒတက္ကသိုလ် မဖွင့်မီ (၁၉၉၈)ခုနှစ်ကလည်း အကြိုအစည်းအဝေးသို့တက်ပြီး သြ၀ါဒများချီးမြင့်ပေးခဲ့ပါသည်။ စာရေးသူပါဝင်သော ဓမ္မဒူတ (သောတာပန်) ဆီအလှူအဖွဲ့ သီတဂူသို့ ရောက်သောအခါတွင်လည်း ဆရာတော်က သြ၀ါဒပေးသဖြင့် ဆရာတော်၏ သြ၀ါဒကို နာကြားဖူးခဲ့ပါသည်။ တစ်ကြိမ်မျှမက အကြိမ်များစွာ ဖြစ်ခဲ့ပါသည်။ ဆရာတော် ပြည်ပကြွခိုက် အိန္ဒိယနိုင်ငံတွင် (၃)ကြိမ်၊ အမေရိကရှိ ဆရာတော်၏ ကျောင်းတွင် တစ်ကြိမ် အနီးကပ်ဖူးတွေ့ ပြုစုခွင့်ကြုံခဲ့ရပါသည်။ ဆရာတော်၏ သာသနာပြုစိတ်ထားနှင့် သြ၀ါဒစကားများကို အားတက်စရာ အဖြစ် မှတ်သားခဲ့ဖူးပါသည်။

ဒေါက်တာအရှင်ဥာဏိဿရ (သီတဂူ ဆရာတော်)၏ သာသနာပြု ဆောင်ရွက် ချက်များသည် သိသာထင်ရှားလှပါသည်။ ရေအလှူတော်လုပ်ငန်း၊ ဆေးအလှူတော် လုပ်ငန်းများသည် အများအတွက် အကျိုးများလှသဖြင့် လူ၊နတ်သာဓုခေါ် လုပ်ငန်းများ ဖြစ်သည်။ အကြောင်းလည်းကောင်းသဖြင့် အကျိုးလည်း ထင်ရှားလှပါသည်။ ဆရာတော်၏ အောင်မြင်မှု၏ အဓိကအချက်မှာ ကျန်းကျန်းမာမာ သာသနာပြုနိုင်စွမ်း ရှိခြင်းပင် ဖြစ်ပေသည်။ ထိုကျန်းမာမှုကို ဆရာတော်က သတိဖြင့် ခိုင်မြဲအောင် ထိန်းထားပြီး ဇွဲရှိရှိဖြင့် အားသွန်ခွန်စိုက် အလုပ်လုပ်နေခြင်းပင် ဖြစ်သည်။ ဆရာတော်သည် ၀ီရိယကို လျော့မည့် ဆရာတော်အမျိုးအစားမျိုးတွင် ပါဝင်မည့် ဆရာတော်မျိုး မဟုတ်ပါချေ။ ဆရာတော်၏ လုပ်ငန်းကြီးများလည်ပတ်နိုင်ရေးမှာ လွယ်ကူသည့်အရာများ မဟုတ်သဖြင့် ဆရာတော် အနေဖြင့် ၀ီရိယဓာတ်လျော့ပြီး ဆောင်ရွက်နိုင်မည့် အနေအထားတွင်လည်း မဟုတ်ပါ။ ယခုအခါတွင် ဆရာတော်၏ တပည့်များစွာထဲမှ ဆရာတော်၏ အရည်အသွေးများကို ဖမ်းစား၊ ဖမ်းထားနိုင်သည့် တပည့်တစ်ပါး အရေးတကြီးလိုနေပေပြီ။ သို့မဟုတ်ပါက အနာဂါတ်အတွက် ဆရာတော်အနေဖြင့် စိတ်အေးနိုင်မည် မဟုတ်ပေ။ အရည်အသွေး ဆိုသည်မှာ ကာယအားနှင့် ဥာဏအားနှစ်ရပ်လုံးပင်ဖြစ်ပါသည်။ ပညာရေးဋ္ဌာန ဖွင့်ထားသည့်အတွက် ဥာဏအားကောင်းသည့် ရဟန်းတော် တစ်ပါးစ၊နှစ်ပါးစပေါ်လာ နိုင်သော်လည်း ကာယအား ကောင်းသည့် ရဟန်းတော် ပေါ်ရန်အတွက်မူ အလွန်ပင် ခဲယဉ်းပေလိမ့်မည်။

ဆရာတော်သည် ကာယအားစွမ်းနှင့် ဥာဏအားစွမ်းနှစ်ခုအပေါ်မှီပြီး သာသနာ ပြုနေသည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ရှိခဲ့ပေပြီ။ ဆရာတော်၏သက်တော်မှာ (၇၀) ကျော်ခဲ့ပေပြီ။ ဆရာတော်က (၇၀)ကျော်အရွယ်ကို စတေး(လ်)ယန်း(ဂ်) (အားကောင်း ပြီးနုပျိုဆဲ)ဟု အပြည်ပြည်ဆိုင်ရာအဘိဓမ္မသိပ္ပံကျောင်း၏ ဟောပြောပွဲတွင် မိန့်ဆိုခဲ့ သော်လည်း ကြာကြာ အားကောင်းနိုင်တော့မည်ဟု မထင်မိပေ။ ဆရာတော်သည် သိဒ္ဓတ္ထဇာတ်လမ်းကို ကျေညက်အောင်ဖတ်ပြီး အားလပ်ရက်ကို ရှာမတွေ့ဟု ထေရ၀ါဒ တက္ကသိုလ်၏ အစည်းအဝေးတစ်ခုတွင် ပညာရှင်ဆရာကြီးတို့အား အနားမယူဖို့ ဖျောင်းဖျ ပြောဆိုခဲ့ပါသော်လည်း ထိုအချိန်က သိဒ္ဓတ္ထမင်းသား၏ အရွယ်သည် (၃၅)နှစ် အရွယ်မျှသာ ဖြစ်ခဲ့ပြီး ယခုဆရာတော် ရောက်နေသော သက်တော် (၇၀) ကျော်အရွယ် မဟုတ်ခဲ့သဖြင့် ဆရာတော်သည် ဇာတ်လမ်းကို ဖတ်သောအခါ သိဒ္ဓတ္ထမင်းသား၏ အားလပ်ရက်ကို မတွေ့မြင်ခဲ့ရခြင်းလည်း ဖြစ်ပါပေသည်။ ယခုအချိန်တွင်မူ ဆရာတော်၏ အရွယ်သည် အားလပ်ရက်များကို လိုအပ်နေချိန်ဖြစ်နေပေပြီ။ သြစတေးလျနိုင်ငံသား ရဟန်းတော်တစ်ပါး (အရှင်ကိတ္တိ) က သီတဂူဆရာတော်၏ ကာယဗလ နှင့်ဆက်စပ်ပြီး သုံးသပ်ထားသည်မှာ ” ဦးနန္ဒကရေ နှစ်ထပ်သင်္ကန်းကြီး ဆရာတော်၏ ပခုံးပေါ်မှာ တင်လိုက်ရင် အဲဒီနှစ်ထပ် သင်္ကန်းဟာ သေးသေးငယ်ငယ်လေး ဖြစ်သွားတယ် ကိုယ်တော်ရေ” တဲ့ စာရေးသူ၏ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့၊ စောမိုင်ယကောလိပ် အဆောင် သို့ လည်ပတ်ခဲ့စဉ်တွင် သြစတေးလျနိုင်ငံသားက ဆိုခဲ့သည့် စကားဖြစ်ပါသည်။

မှန်ပါပေသည်။ သင်္ကန်းတော်က သေးသွားခြင်း မဟုတ်သလို ဆရာတော်၏ ပြည့်ဖြိုးသော ပုခုံးကလည်း ပိုပြီးကြီးမားလာခဲ့သည်လည်း မဟုတ်ပါ။ ပကတိရှိနေသော ဆရာတော်ကြီး၏ ပုခုံးပေါ်တွင် နှစ်ထပ်သင်္ကန်းကို တင်လိုက်သောအခါတွင် သင်္ကန်းက သေးငယ်သလို ဖြစ်သွားရပါသည်။ ဆရာတော်ကို ၀တ်ဖြည့်ပေးဖူးသူတိုင်း ဆရာတော်၏ ခန္ဓာကိုယ်ကြံ့ခိုင်ကြောင်းကို သတိပြုမိတတ် ကြပေလိမ့်မည်။ ဆရာတော် ဟောထားခဲ့ သလိုပင် ရောဂါတုံးကြီးသည် ရုပ်တရားပင် မဟုတ်ပါလော။

မည်သို့ပင်ဖြစ်စေကာမူ ဆရာတော်သည် ပုရိသာဇည (ယောကျာင်္းအာဇာနည်) ဖြစ်သည့် အားလျော်စွာ ကာလသုံးပါးတွင် ကြိုးစားခဲ့၊ ကြိုးစားဆဲ၊ ကြိုးစားနေပေလိမ့်မည်။ ထိုသို့ လုပ်ဆောင်အားကောင်းသောကြောင့်ပင် နိုင်ငံတော်မှလည်း ဆက်ကပ်သင့်သည့် ဘွဲ့တံဆိပ်တော်များကို အမျိုးအစားစုံလင်စွာ ဆက်ကပ်ပြီးဖြစ်လေသည်။ ဆက်ကပ်စရာ ကျန်သည့်ဘွဲ့များမှာ အလှူခံထားပြီးသည့် ဘွဲ့အရေအတွက်နှင့် နိုင်းစာလျှင် နည်းပါးနေပေပြီ။ စာပေကိုလည်း ပို့ချပေးသည်အပြင် ကျမ်းစာအုပ်ရေးခြင်းကိုလည်း ဆောင်ရွက်ပါသေးသည်။ ဟောကြားရေးတွင်မူ ဆရာတော်သည် ပါရဂူမြောက် ကျွမ်းကျင်ပြီး ဆရာတော်ထက် ကျော်လွန်သည့်သူကို မဆိုထားနှင့် တူသော ဟောပြောသူကိုပင် ရှာတွေ့ရန် မလွယ်ပေ၊ မျှော်လင့်နေမည်ဆိုပါကလည်း မျှော်ရမည့်သ၏ လည်တန်သည် ရှည်သွားနိုင်ပါသည်။ လူမှုရေးကို ဆောင်ရွက်သည့် နေရာမှာလည်း မနေမနားပင် ရှိလှသဖြင့် အတန်အသင့် ကျန်းမာရေးကောင်းရုံမျှဖြင့် ဆရာတော်၏ ဆောင်ရွက်ချက်ကို လိုက်မမှီနိုင်ပါပေ။

ဆရာတော်သည် လောကကောင်းကျိုးအတွက် မွေးဖွားလာရသည့် ပါရမီရှင် အမျိုးအစားတွင် ထိပ်တန်းက ပါဝင်ပါသည်။ အဖက်ဖက်က ပြည့်စုံသဖြင့် ရန်ကုန် တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ကိုပင် ဆက်ကပ်ရပေတော့သည်။ ရန်ကုန် တက္ကသိုလ်သည် စာပေပါရဂူဘွဲ့ကို ဆက်ကပ်ရန် စဉ်းစဉ်းစားစား ဆောင်ရွက်သည့် တက္ကသိုလ်တစ်ခု ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သီတဂူဆရာတော်ကို စာပေပါရဂူဘွဲ့ ဆက်ကပ်ခြင်းမှာ သမ္မာဒေ၀နတ်ကောင်းများက ၀င်ပူးပြီး ဆက်ကပ်ခိုင်း လေသလားဟုပင် တွေးထင်စရာ ဖြစ်တော့သည်။ နှစ်ပေါင်း (၁၀၀) အတွင်း သာသနာ့ဝန်ထမ်း ရဟန်းတော် (၃) ပါးမျှကိုသာ ရန်ကုန်တက္ကသိုလ်မှ ဆက်ကပ်ဖူးသေးသည်ကို ထောက်ဆလျှင် ဘွဲ့ဆက်ကပ် ခံရရန် ခက်ခဲသည်ကို သိနိုင်ပါသည်။ သီတဂူဆရာတော်ကို စာပေပါရဂူဘွဲ့ ဆက်ကပ်ခြင်းမှာ ရန်ကုန်တက္ကသိုလ်တစ်ခုမျှသာ မဟုတ်သေးပါ၊ ထိုင်းနိုင်ငံမှ တစ်ခု၊ အိန္ဒိယနိုင်ငံ န၀နာလန္ဒတက္ကသိုလ်မှတစ်ခု စုစုပေါင်း သုံးခုပင်ဖြစ်ပါသည်။ န၀နာလန္ဒ တက္ကသိုလ်မှ အထူးဘွဲ့နှင်းသဘင် ကျင်းပပြီး ဒေါက်တာဘွဲ့ကို ဆရာတော် အပါဝင် အခြားသူများကိုလည်း အပ်နှင်းခဲ့ပြီး ရဟန်းတော်များတွင်မူ ဆရာတော် တစ်ပါးတည်းသာ ဆက်ကပ်ခံခဲ့ရပါသည်၊

မြန်မာပြည်မှ ဒေါက်တာအရှင်မြတ်များ

၁။ ဒေါက်တာအရှင်နောဓိဥာဏ (ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ယူနီဗာစီတီ)

၂။ ဒေါက်တာအရှင်ဆေကိန္ဒ (ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ယူနီဗာစီတီ)

၃။ ဒေါက်တာအရှင်ပါရမီိ (ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ယူနီဗာစီတီ)

၎။ ဒေါက်တာအရှင်အာစာရ (ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ယူနီဗာစီတီ)

၅။ ဒေါက်တာအရှင်ဓမ္မသာမိ (အောက်(စ)ဖိုဒ် ယူနီဗာစီတီ)

၆။ ဒေါက်တာအရှင်ဥာဏောဘာသ (က၀ိကုလဂုရုကာလီဒါသယူနီဗာစီတီ)

၇။ ဒေါက်တာအရှင်ပညိဿရ (က၀ိကုလဂုရုကာလီဒါသ ယူနီဗာစီတီ)

၈။ ဒေါက်တာအရှင်ပုေÀာဘာသ (က၀ိကုလဂုရုကာလီဒါသ ယူနီဗာစီတီ)

၉။ ဒေါက်တာအရှင်အရိယဓမ္မ (က၀ိကုလဂုရုကာလီဒါသ ယူနီဗာစီတီ)

၁၀။ ဒေါက်တာအရှင်အာစိဏ္ဏ (ကောလကတ္တား ယူနီဗာစီတီ)

၁၁။ ဒေါက်တာအရှင်ဇနိတ (ကောလကတ္တား ယူနီဗာစီတီ)

၁၂။ ဒေါက်တာအရှင်စန္ဒောဘာသ (ကောလကတ္တား ယူနီဗာစီတီ)

၁၃။ ဒေါက်တာအရှင်သောဘိတ (ကောလကတ္တား ယူနီဗာစီတီ)

၁၄။ ဒေါက်တာအရှင်ဓမ္မိက (ဂျာဒေ (ဗ်) ပူ (ရ်) ယူနီဗာစီတီ)

၁၅။ ဒေါက်တာအရှင်ကောဝိဒ (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၁၆။ ဒေါက်တာအရှင်ပညာဇောတ (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၁၇။ ဒေါက်တာအရှင်က၀ိန္ဒ (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၁၈။ ဒေါက်တာအရှင်ပညာသုတ (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၁၉။ ဒေါက်တာအရှင်ကစ္စာယန (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၂၀။ ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသ (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၂၁။ ဒေါက်တာအရှင်ကေ၀လ (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၂၂။ ဒေါက်တာအရှင်ဝိစိတ္တ (ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ)

၂၃။ ဒေါက်တာအရှင်ဓမ္ဓပိယ (ဆန်ဖရန်စစ္စကို ယူနီဗာစီတီ)

၂၄။ ဒေါက်တာအရှင်သုန္ဒရ (နယူးဒေလီ ယူနီဗာစီတီ)

၂၅။ ဒေါက်တာအရှင်အာဒိစ္စ၀ံသ (နယူးဒေလီ ယူနီဗာစီတီ)

၂၆။ ဒေါက်တာအရှင်ဥတ္တရဥာဏ (နယူးဒေလီ ယူနီဗာစီတီ)

၂၇။ ဒေါက်တာအရှင်အဂ္ဂဓမ္မ (နယူးဒေလီ ယူနီဗာစီတီ)

၂၈။ ဒေါက်တာအရှင်ဇာဂရာဘိဝံသ (နာလန္ဒ ယူနီဗာစီတီ)

၂၉။ ဒေါက်တာအရှင်ဓမ္မာစာရ (နာလန္ဒ ယူနီဗာစီတီ)

၃၀။ ဒေါက်တာအရှင်ကေလာသ (နာလန္ဒ ယူနီဗာစီတီ)

၃၁။ ဒေါက်တာအရှင်သိရိန္ဒ (နာလန္ဒ ယူနီဗာစီတီ)

၃၂။ ဒေါက်တာအရှင်ထေရိန္ဒ (ပရိယတ္တိသာသန ယူနီဗာစီတီ)

၃၃။ ဒေါက်တာအရှင်ဃောသိတ (ပုနေး ယူနီဗာစီတီ)

၃၄။ ဒေါက်တာအရှင်ကိတ္တိဗလ (ပုနေး ယူနီဗာစီတီ)

၃၅။ ဒေါက်တာအရှင်တေဇိန္ဒ(ပုနေး ယူနီဗာစီတီ)

၃၆။ ဒေါက်တာအရှင်မာလာ (ပုနေး ယူနီဗာစီတီ)

၃၇။ ဒေါက်တာအရှင်ဝိစိတ္တ (ပုနေး ယူနီဗာစီတီ)

၃၈။ ဒေါက်တာအရှင်ရေ၀တဓမ္မ (ဗာရာဏသီ ယူနီဗာစီတီ)

၃၉။ ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓီ (ဗာရာဏသီ ယူနီဗာစီတီ)

၄၀။ ဒေါက်တာအရှင်ဝါသိရီ (ဗာရာဏသီ ယူနီဗာစီတီ)

၄၁။ ဒေါက်တာအရှင်ဣန္ဒက (ဗာရာဏသီ ယူနီဗာစီတီ)

၄၂။ ဒေါက်တာအရှင်အဂ္ဂဓမ္မ (ဗာရာဏသီ ယူနီဗာစီတီ)

၄၃။ ဒေါက်တာအရှင်သဇ္ဇန (ဗာရာဏသီ ယူနီဗာစီတီ)

၄၄။ ဒေါက်တာအရှင်ဥာဏောဘာသ (ဗာရာဏသီ ယူနီဗာစီတီ)

၄၅။ ဒေါက်တာအရှင်ကေတု (ဗာရာဏသီ ယူနီဗာစီတီ)

၄၆။ ဒေါက်တာအရှင်ဝိစိတ္တ (ဗာရာဏသီ ယူနီဗာစီတီ)

၄၇။ ဒေါက်တာအရှင်ပ၀ရာဘိဝံသ (မဂဓ ယူနီဗာစီတီ)

၄၈။ ဒေါက်တာအရှင်နေမိန္ဒ (မဂဓ ယူနီဗာစီတီ)

၄၉။ ဒေါက်တာအရှင်သုပိယ (မဂဓ ယူနီဗာစီတီ)

၅၀။ ဒေါက်တာအရှင်သုန္ဒရ (မဂဓ ယူနီဗာစီတီ)

၅၁။ ဒေါက်တာအရှင်ဥာဏဂ္ဂ (မဂဓ ယူနီဗာစီတီ)

၅၂။ ဒေါက်တာအရှင်သောပါက (မဂဓ ယူနီဗာစီတီ)

၅၃။ ဒေါက်တာအရှင်ဇ၀န (မဂဓ ယူနီဗာစီတီ)

၅၄။ ဒေါက်တာအရှင်သြသဓ(မဂဓ ယူနီဗာစီတီ)

၅၅။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မဂဓ ယူနီဗာစီတီ)

၅၆။ ဒေါက်တာအရှင်ပဏ္ဍိတာဝရာဘိဝံသ (မဂဓ ယူနီဗာစီတီ)

၅၇။ ဒေါက်တာအရှင်ဇယတိဿ (မဂဓ ယူနီဗာစီတီ)

၅၈။ ဒေါက်တာအရှင်ပညာသုတ (မဂဓယူနီဗာစီတီ)

၅၉။ ဒေါက်တာအရှင်နန္ဒောဘာသ (မဂဓ ယူနီဗာစီတီ)

၆၀။ ဒေါက်တာအရှင်နာယက (မဂဓ ယူနီဗာစီတီ)

၆၁။ ဒေါက်တာအရှင်သီလ၀ံသ (မဂဓ ယူနီဗာစီတီ)

၆၂။ ဒေါက်တာအရှင်ရာဇိန္ဒ (မဂဓ ယူနီဗာစီတီ)

၆၃။ ဒေါက်တာအရှင်သုန္ဒရ (မဂဓ ယူနီဗာစီတီ)

၆၄။ ဒေါက်တာအရှင်မိလိန္ဒ (မဂဓ ယူနီဗာစီတီ)

၆၅။ ဒေါက်တာအရှင်ပညာလင်္ကာရ (မဂဓ ယူနီဗာစီတီ)

၆၆။ ဒေါက်တာအရှင်အာဒိစ္စ (မဂဓ ယူနီဗာစီတီ)

၆၇။ ဒေါက်တာအရှင်သဒ္ဓမ္မ (မဂဓ ယူနီဗာစီတီ)

၆၈။ ဒေါက်တာအရှင်သောဘန (မဂဓ ယူနီဗာစီတီ)

၆၉။ ဒေါက်တာအရှင်ရေ၀တ (မဂဓ ယူနီဗာစီတီ)

၇၀။ ဒေါက်တာအရှင်ဝိမလ (မဂဓ ယူနီဗာစီတီ)

၇၁။ ဒေါက်တာအရှင်ခေမာသိရီ (မဂဓ ယူနီဗာစီတီ)

၇၂။ ဒေါက်တာအရှင်ဝေဠုရိယဥာဏ (မွန်ဘိုင်း ယူနီဗာစီတီ)

၇၃။ ဒေါက်တာအရှင်နန္ဒက (မွန်ဘိုင်း ယူနီဗာစီတီ)

၇၄။ ဒေါက်တာအရှင်ဣန္ဒက (မွန်ဘိုင်း ယူနီဗာစီတီ)

၇၅။ ဒေါက်တာအာသဘ (မွန်ဘိုင်း ယူနီဗာစီတီ)

၇၆။ ဒေါက်တာအရှင်စန္ဒာသိရီ (မွန်ဘိုင်း ယူနီဗာစီတီ)

၇၇။ ဒေါက်တာအရှင်ခေမိန္ဒ (မွန်ဘိုင်း ယူနီဗာစီတီ)

၇၈။ ဒေါက်တာအရှင်ကိတ္တိသာရ (မွန်ဘိုင်း ယူနီဗာစီတီ)

မြန်မာနိုင်ငံမှ ဒေါက်တာဘွဲ့ရဆရာတော်များ၏ ဘွဲ့တံဆိပ်ရခဲ့သောတက္ကသိုလ်များ

၁။ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြုယူနီဗာစီတီ (မြန်မာ)

၂။ အောက်(စ)ဖိုဒ် ယူနီဗာစီတီ (အင်္ဂလန်)

၃။ က၀ိကုလဂုရုကာလီဒါသ ယူနီဗာစီတီ (အိန္ဒိယ)

၎။ ကာလီဖိုးနီးယားသိပ္ပံကျောင်း (အမေရိကန်)

၅။ ကောလကတ္တား ယူနီဗာစီတီ (အိန္ဒိယ)

၆။ ဂျာဒေ (ဗ်) ပူ (ရ်) ယူနီဗာစီတီ (အိန္ဒိယ)

၇။ ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ (အိန္ဒိယ)

၈။ နယူးဒေလီ ယူနီဗာစီတီ (အိန္ဒိယ)

၉။ န၀နာလန္ဒ ယူနီဗာစီတီ (အိန္ဒိယ)

၁၀။ နိုင်ငံတော် ပရိယတ္တိသာသန ယူနီဗာစီတီ (မြန်မာ)

၁၁။ ပုနေး ယူနီဗာစီတီ (အိန္ဒိယ)

၁၂။ ဗာရာဏသီ ဟိန္ဒူ ယူနီဗာစီတီ (အိန္ဒိယ)

၁၃။ မဂဓယူနီဗာစီတီ (အိန္ဒိယ)

၁၄။ မွန်ဘိုင်း ယူနီဗာစီတီ (အိန္ဒိယ)

(၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ယူနီဗာစီတီ (မြန်မာ)

၁။ ဒေါက်တာအရှင်နောဓိဥာဏ

၂။ ဒေါက်တာအရှင်ဆေကိန္ဒ

၃။ ဒေါက်တာအရှင်ပါရမီ

၎။ ဒေါက်တာအရှင်အာစာရ

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်ကို (၁၉၉၈) နှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဖွင့်ခဲ့သဖြင့် (၂၀၁၀) ခုနှစ်တွင် သက်တမ်းအားဖြင့် တစ်ဆယ့်နှစ်နှစ် ရှိခဲ့ပါပြီ၊ နိုင်ငံတော် ပရိယတ္တိ သာသနာတက္ကသိုလ်များ အမွှာညီနောင် တက္ကသိုလ် ရန်ကုန်မြို့၊ မန္တလေးမြို့တို့ထက် နှစ်ပေါင်း နှစ်ဆယ်နီးပါး နောက်ကျခဲ့ပြီးမှ ပေါ်လာခဲ့သော တက္ကသိုလ် တစ်ခုဖြစ်ပြီး ရန်ကုန်မြို့ စွယ်တော်စေတီတော် ကုန်းမြေပေါ်တွင်တည်ရှိပါသည်၊ (၆၃) ဧက ကျယ်ဝန်းပါသည်။ တက္ကသိုလ်၏ဖွဲ့စည်းပုံမှာ အမွှာညီနောင် တက္ကသိုလ်တို့နှင့် များစွာကွဲပြား ပါသည်။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်တွင် ပြည်တွင်း၊ ပြည်ပမှ ရဟန်း၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစုံ၊ လူမျိးစုံတို့ကို ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေပြီး အောင်မြင်သူများကို တက်ရောက်စေသဖြင့် ကွဲပြားသည်ဟု ဆိုရပါသည်။ သင်ကြားရသည့် ဘာသာရပ်များမှာ ပိဋကစာပေများပင် ဖြစ်သော်လည်း သင်ကြား ပေးသည့် မီဒီယာမှာ အင်္ဂလိပ်ဘာသာစကား ဖြစ်ပါသည်။ အမွှာညီနောင် တက္ကသိုလ် များ၏ ကျောင်းသား လက်ခံသည့်စနစ်နှင့် မတူသည့်အပြင် သင်ကြားပေးသည့် မီဒီယာ တွင်လည်း မတူကြပါ။ အရည်အချင်း သတ်မှတ်ပုံတွင်မူ အမွှာညီနောင်တက္ကသိုလ်များနှင့် သာမက တစ်ကမ္ဘာလုံးမှ တက္ကသိုလ် များ၏ စနစ်နှင့် ကွဲပြားနေပြန်သဖြင့် ကမ္ဘာ့ မှတ်တမ်းပင် တင်ရမည်လောဟု တစ်ချို့၏ ထင်မြင်စရာ ဖြစ်နေပါသည်။ ကွဲပြားနေပုံမှာ မည်သည့် တက္ကသိုလ်မှ မည်သည့်ဘွဲ့ အမျိုးအစားကို ရခဲ့သည်ပင်ဖြစ်စေ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်မူ အောက်ဆုံး အတန်းဖြစ်သော ဒီပလိုမာ သင်တန်းမှစတင်ပြီး ၀င်ရောက် သင်ယူစေခြင်း ပင်ဖြစ်သည်။ အနိမ့်ဆုံး အဆင့် သတ်မှတ်ရာတွင်လည်း မြန်မာနိုင်ငံမှ ရဟန်းတော်များအတွက် ဓမ္မာစရိယဘွဲ့ရ အဖြစ် သတ်မှတ်ပြီး ပြည်ပမှ ကျောင်းသား၊ ကျောင်းသူ အားလုံးအတွက်မူ ဆယ်တန်းအောင်၊ ပြည်တွင်းမှ သီလရှင်၊ အမျိုးသား ကျောင်းသား နှင့် အမျိုးသမီးကျောင်းသူတို့အတွက်မူ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဟု အရည်အချင်း သတ်မှတ်ထားပြန်သဖြင့် စနစ်မှာ တစ်မူကွဲပြား နေပြန်သည်။ ယခုမူ အနည်းငယ် ပြောင်းထားသည်ဟု သိရပါသည်။ ပြည်ပမှ ကျောင်းသား၊ ကျောင်းသူအားလုံး (ရဟန်းနှင့် သီလရှင်အပါဝင်) အတွက်မူ နေထိုင် စားသောက်စရိတ်မှာ အစိုးရ အထောက်အပံ့ဖြစ်ပြီး ပြည်တွင်းမှ ရဟန်းတော်နှင့် သီလရှင်၊ ကျောင်သားနှင့် ကျောင်းသူတို့အတွက်မူ အဆောင်နှင့် စားသောက်ရေးအတွက် ကိုယ်တိုင် အားထုတ်ရပြန်ပါသည်။ အစိုးရ အထောက်အပံ့မှာ ပြည်ပအတွက်သာ ဖြစ်သဖြင့် ပြည်ပ ကျောင်းသားနှင့် ကျောင်းသူများမှာ အလွန် ကံကောင်းကြပါသည်။ ဗီဇာအတွက်ကိုပင် တက္ကသိုလ်မှ အဆင်ပြေစေရန် ဆောင်ရွက်ပေးသည် ဖြစ်ပေရာ မည်သည့်နိုင်ငံ၏ တက္ကသိုလ်မှ ဆောင်ရွက် ပေးမှု ပြုနိုင်ပါမည်နည်း။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဒေါက်တာအရှင်နောဓိ ဥာဏ၊ ဒေါက်တာအရှင်ဆေကိန္ဒ၊ ဒေါက်တာအရှင်ပါရမီ၊ ဒေါက်တာအရှင်အာစာရ၊ (ဆရာဦးလှမြင့်) တို့ ဒေါက်တာဘွဲ့ရခဲ့ကြပေရာ ဆယ်နှစ်ကျော်အတွင်းတွင် ကျောင်းသား ငါးဦးတို့သည် ဤတက္ကသိုလ်မှ ဒေါက်တာဘွဲ့ ပြီးစီးခဲ့ခြင်းဖြစ်သည်။ အမွှာညီနောင် တက္ကသိုလ်များမှာမူ အနှစ်သုံးဆယ်အတွင်း ဒေါက်တာဘွဲ့ရ တစ်ပါးမျှသာရှိပါသည်။ အမွှာညီနောင် တက္ကသိုလ်များနှင့် စနစ်ကွဲပြားမှုကြောင့် ဖြစ်ရပါသည်။

အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ ငါးဦးလုံးကိုပင် စာရေးသူ သိခွင့်ရပါသည်။ ရဟန်းတော်များထဲမှ ဒေါက်တာအရှင်ဆေကိန္ဒ ဒေါက်တာအရှင်နောဓိဥာဏတို့နှင့် စာရေးသူသည် ရင်းရင်းနှီးနှီးရှိပြီး ကျန်ရဟန်းတော် နှစ်ပါးနှင့်မူ မိတ်ဆွေ ဒေါက်တာအရှင်ဣန္ဒကနှင့် ဆက်စပ်ပြီး သိကျွမ်းရုံမျှရှိပါသည်။ ဒေါက်တာအရှင်နောဓိဥာဏမှာ မြန်မာနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပထမဆုံးဒေါက်တာဘွဲ့ရ ရဟန်းတော်ဖြစ်သည်ကို သတင်းစာတွင် ဖတ်မိသဖြင့် သိခဲ့ရပြီး သတင်းစာတွင် ရေးသားဖေါ်ပြခံရသဖြင့် ယခင်က မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာနှင့်ဆိုင်သော ဘာသာရေး တက္ကသိုလ်များမှ ဒေါက်တာဘွဲ့ရခဲ့သော ရဟန်းတော် မပေါ်ခဲ့ဘူးသေး ကြောင်း သိရပါသည်။

နိုင်ငံရပ်ခြားတွင် ပညာသင်နေသူတစ်ဦး စာသင်ဖူးသူတစ်ဦးက သတင်းတွင် ဖေါ်ပြရိုး အစဉ်အလာမရှိသော ထိုသတင်းမျိုးကို ဖတ်မိပါက မမေ့နိုင်သည့် သတင်းတစ်ခု ဖြစ်သွားပေမည်။ ဒေါက်တာဘွဲ့ရများ အလွန်ပေါသောကြောင့်လည်း ဖြစ်ပါသည်။ အိန္ဒိယကဲ့သို့သော နိုင်ငံတွင်ပင် တက္ကသိုလ်ပေါင်း (၇၃၀) ကျော်ရှိလေသည်။ ဒေါက်တာအရှင် ဆေကိန္ဒနှင့် (ဆရာဦးလှမြင့်) တို့သည် ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဒုတိယအကြိမ် ဒေါက်တာဘွဲ့ပြီးစီးကြသော ကျောင်းသားများဖြစ်ကြပါသည်။ ကျောင်းသား ဆိုသော်လည်း အသက်မှာ မငယ်ကြတော့ပါ။ လေးဆယ်ကျော်၊ ငါးဆယ်ကျော် အ၇ွယ်များဖြစ်ကြပါသည်။ ဒေါက်တာအရှင်ဆေကိန္ဒသည် (၁၉၉၈) ခုနှစ်တွင် စာသင်ပေးသည့် ဆရာအဖြစ်နှင့် တာဝန် ထမ်းဆာင်ခဲ့ပြီးလျှင် (၂၀၀၇) ခုနှစ်တွင် ဒေါက်တာဘွဲ့ပြီးစီးခဲ့ပါသည်။ မဟာဝိဇ္ဇာဘွဲ့နှင့် ဒေါက်တာဘွဲ့ကို ဤတက္ကသိုလ်တွင်ပင် ပြီးစီးပါသည်။ (၉)နှစ်နီးပါးမျှ ရှိသောအခါမှ မဟာဝိဇ္ဇာဘွဲ့နှင့် ဒေါက်တာဘွဲ့နှစ်ခုကို ရရှိခြင်းဖြစ်ပြီး ဒေါက်တာအရှင်ဆေကိန္ဒကမူ ကံအခွင့်အလမ်းက ဖြောင့်သဖြင့်သာလျှင် ဘွဲ့နှစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ယုံကြည် နေပုံရပါသည်။ ဘွဲ့နှင့်ပတ်သက်ပြီး ထူထူးထွေထွေ ခံစားမှုမျိုး ရှိပုံမရချေ။ ဒေါက်တာအရှင်ဆေကိန္ဒ၏ ပြုစုသောကျမ်းစာမှာ ဓမ္မပဒကျမ်းစာကို လေ့လာသုံးသပ် တင်ပြချက်ဖြစ်ပါသည်။ ဒေါက်တာ အရှင်ဆေကိန္ဒသည် သာသနာရေးကိစ္စ ဆောင်ရွက်စရာ အလွန်များသော သာသနာပြု ရဟန်းတော်တစ်ပါး ဖြစ်သည်ကို အများသိကြပါသည်။ စာရေးသူနှင့် စတွေ့စ အချိန်ကမူ ယခုတွေ့ရသလောက် ဆောင်ရွက်စရာ မများခဲ့သေးပါ။ ယခုမူ အနားမရှိဘဲ ဆောင်ရွက်နေရကာ ကျန်းမာရေးကောင်းနေသည်ကို တွေ့ရသဖြင့် စာရေးသူအနေဖြင့် ၀မ်းသာစိတ်ဖြစ်နေရပါသည်။ ဒေါက်တာအရှင်ဆေကိန္ဒ၏ ယုံကြည်ချက်မှာ အလုပ်လုပ် နေသဖြင့် ကျန်းမာရေးကောင်းနေသည်ဟု ဆိုပါသည်။ ယနေ့ခေတ် သာသနာ့ လောကတွင် ဒေါက်တာအရှင် ဆေကိန္ဒကဲ့သို သာသနာရေးကိစ္စ ဆောင်ရွက်နိုင်သော ရဟန်းတော်များ လိုအပ်နေပါသည်။ စကားစပ်မိပြီး စာရေးသူကို ဒေါက်တာအရှင် ဆေကိန္ဒက သူ၏ သာသနာရေးကိစ္စများကို ပြောမိသည့် အခါများတွင် သာသနာရေး နှင့်စပ်သည့် ရည်ရွယ်ချက်ကောင်းများကို ကြားသိရသဖြင့် သာဓုခေါ်ရပါသည်။ စာရေးသူက ဒေါက်တာအရှင်ဆေကိန္ဒ၏ သတင်းကောင်းကို ရဟန်းပညာရှိ အချို့ထံ ပြောပြသောအခါ သဘောကျကြောင်း ထောက်ခံချက် ပေးကြပါသည်။

ဒေါက်တာအရှင်နောဓိဥာဏမှာ မျက်နှာထား အစဉ်ချိုပြီး အရည်အသွေး ပြည့်ဝသော ရဟန်းတော်တစ်ပါးဖြစ်လျှက် စာသင်ပေးသည့်နေရာတွင် တော်သည် ဟူသော နာမည်ကောင်းကိုရသည်ကို ကြားသိရပါသည်။ စာရေးသူနှင့်လည်း စကားပြောဖြစ်ကြပါသည်။ ဒေါက်တာအရှင်နောဓိဥာဏနှင့် ဒေါက်တာအရှင်ဣန္ဒက (သီတဂူ) တို့နှစ်ပါးသည် အိန္ဒိယနိုင်ငံရှိ နာလန္ဒတက္ကသိုလ်သို့ စာသင်ပေးသည့် ဆရာများအဖြစ် နိုင်ငံတော်မှ စေလွှတ်ခြင်းကို ခံခဲ့ရပါသည်။ ယခုအခါ ဒေါက်တာအရှင်နောဓိဥာဏနှင့် ဒေါက်တာအရှင်ဣန္ဒက (သီတဂူ) တို့နှစ်ပါးသည် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ကထိကစာချများအဖြစ် တစ်ခြား ဒေါက်တာဘွဲ့ရ အရှင်မြတ်များနှင့်အတူ တာဝန်ထမ်းဆောင် ဆဲဖြစ်ပါသည်။

(၂) အောက်(စ)ဖိုဒ်ယူနီဗာစီတီ (အင်္ဂလန်)

၁။ ဒေါက်တာအရှင်ဓမ္မသာမိ

အောက်(စ)ဖိုဒ် တက္ကသိုလ်သည် အနောက်တိုင်းက ပညာရေးတက္ကသိုလ်ဖြစ်ပြီး အင်္ဂလန်နိုင်ငံတွင်တည်ရှိပြီးလျှင် ကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်တို့တွင် ရှေ့တန်းမှဦးဆောင် နေသော နာမည်ကြီးတက္ကသိုလ်များတွင် တစ်ခုအပါဝင်ဖြစ်ပါသည်။ တက္ကသိုလ် တည်ထောင်ခဲ့သည့် ခုနှစ်ကိုအတိအကျ မသိရသော်လည်း တစ်ဆယ့်တစ်ရာစုတွင် တည်ရှိနေပြီဖြစ်ကြောင်း အထောက်အထားများရှိပါသည်။ ၁၁၆၇ခုနှစ်၌ ပြင်သစ် တက္ကသိုလ်တွင် စာသင်ယူနေခဲ့ကြသော အင်္ဂလိပ်ကျောင်းသားများကို ဘုရင်ဟင်နရီ (၂) က စာမသင်ယူရန် တားမြစ်ခဲ့သည့် ကာလတွင် တက္ကသိုလ်သည် ဖွံ့ဖြိုးနေခဲ့ပေပြီ။

တက္ကသိုလ်၏ ဆောင်ပုဒ်မှာ ဘုရားသခင်သည် ကျွန်ုပ်၏ အလင်းရောင် ဖြစ်ပါသည်။ ကျောင်းသားပေါင်း နှစ်သောင်းသုံးရာနှင့် သုံးဆယ်ရှိပြီး ဘီအေတန်း ကျောင်းသားပေါင်း တစ်သောင်း တစ်ထောင့်ခုနှစ်ရာ ခြောက်ဆယ့်ခြောက်ယောက် ရှိသည်ဟု သိရပါသည်။ လက်အောက်ခံ ကောလိပ်ကျောင်း (၃၈) ခုရှိပြီး စာသင်ချိန်ကာလမှာ အခြားတက္ကသိုလ် များထက် တိုတောင်းသည်ဟု ဆိုပါသည်။ အခြားတက္ကသိုလ်များသည် တစ်နှစ်လျှင် စီမီစတာ နှစ်ခုခွဲပြီး စာသင်ပေးကြပါသည်။ စီသည်(ခြောက်)ဟုအဓိပ္ပါယ်ရ၍ မီစတာ၏ အဓိပ္ပါယ်မှာ(လ) ဖြစ်ပြီး စီ နှင့် မီစတာ နှစ်ခုကိုပေါင်းသော် စာသင်ပေးသည့်ကာလမှာ ခြောက်လဟူ၍ ဖြစ်ပေသည်။ ပထမနှစ်ဝက် ဒုတိယနှစ်ဝက် စီမီစတာနှစ်ခုကို ပေါင်းသော် စာသင်နှစ်မှာ တစ်နှစ် (၁၂-လ) ဖြစ်ပေသည်။ ဤသည်မှာ အခြားတက္ကသိုလ်များ၏ စာသင်ပေးပုံ စနစ်ဖြစ်ပါသည်။

အောက်(စ)ဖိုဒ်တက္ကသိုလ်ကမူ စီမီစတာအစား တား(မ်)ကို သုံးစွဲပါသည်။ တား(မ်)သုံးခု ခွဲထားပါသည်။ သုံးခု၏နာမည်များမှာ ဟင်နရီတား(မ်)၊ တရီနီတီတား(မ်) နှင့် မိုက်ကာ(လ်)တား(မ်) တို့ဖြစ်ကြပြီး တား(မ်)တစ်ခုလျှင် သုံးလမျှသာဖြစ်သဖြင့် တစ်နှစ်လျှင် စာသင်ကာလ တစ်ဆယ့်နှစ်လ မဟုတ်တော့ဘဲ ကိုးလမျှသာရှိပါသည်။ ထို့ကြောင့်ပင် စာသင်ချိန်ကာလမှာ အခြားတက္ကသိုလ်များထက် တိုနေသည်ဟု ဆိုရပါသည်။ တား(မ်) တစ်ခုလျှင် ရက်သတ္တပတ်(၁၂)ခုရှိပြီး (၈)ခုမျှ တက်ရောက် သင်ကြားခဲ့ပါလျှင် တန်းပြည့်သည်ဟု သတ်မှတ်ပေးပါသည်။ ၂၀၀၅-၆ ပညာသင်နှစ်တွင် အောက်(စ)ဖိုဒ်တက္ကသိုလ်၏ ၀င်ငွေမှာ စတာလင်ပေါင်သန်း ခြောက်ရာ့ရှစ်သန်းရှိခဲ့ပြီး ကျောင်းသားများကိုလည်း ပညာသင်စရိတ် ထောက်ပံ့ပေးသည့် စကောလာရှစ် အစီအစဉ်ရှိသည်ဟု ဆိုထားပါသည်။ ထောက်ပံ့ငွေမှာ ကျောင်းသားတစ်ဦးလျှင် တစ်နှစ် ထောက်ပံ့ပေးသည့်ငွေမှာ စတာလင်ပေါင် တစ်သောင်းကျော် ဖြစ်သည်ဟု ၀က်(ဘ်)ဆိုဒ်တွင် ဖေါ်ပြထားပါသည်။

ဒေါက်တာအရှင်ဓမ္မသာမိသည် ရှမ်းပြည်နယ်ဖွား မြန်မာပြည်သား ထူးထူးခြားခြား ရဟန်းတော်တစ်ပါးဖြစ်ပြီး ရဟန်းတော်များလောကတွင် အင်္ဂလန်နိုင်ငံ အောက်(စ)ဖိုဒ် တက္ကသိုလ်သို့ ပထမဆုံး တက်ခွင့်ရပြီးလျှင် ပါရဂူဘွဲ့ဆွတ်ခူးနိုင်သော ပညာရှင် ရဟန်းတော် တစ်ပါးဖြစ်ပေသည်။ အောက်(စ)ဖိုဒ်တက္ကသိုလ်သို့ တက်ခွင့်ရရေးမှာ ဥာဏ်ကောင်းရုံသက် သက်ဖြင့်မရနိုင်၍ ကံကောင်းထောက်မရန်လည်း လိုပေသည်။ ဒေါက်တာအရှင်ဓမ္မသာမိ ကဲ့သို့ အရည်အသွေးပြည့်ဝသော ရဟန်းတော်အချို့ မြန်မာ ရဟန်းတော် လောကတွင် ရှိနေပါသည်။ သို့သော် ကံကောင်းကြသည် မဟုတ်သဖြင့် အောက်(စ)ဖိုဒ် တက္ကသိုလ်နားသို့ ကပ်ခွင့်မရခဲ့ကြပါ။

စာရေးသူသည် ဒေါက်တာအရှင်ဓမ္မသာမိကို (၁၉၉၇) တွင် သီရိလင်္ကာနိုင်ငံရှိ မြန်မာကျောင်းတွင် ပထမဆုံးအကြိမ်တွေ့ခဲ့ဖူးပြီး ထိုအချိန်တွင် သူသည် မဟာဝိဇ္ဇာဘွဲ့ ပြီးစီးစ အချိန်ဖြစ်ပါသည်။ ဒေါက်တာအရှင်ဓမ္မသာမိသည် စာရေးသူထက် အသက်တစ်နှစ်ကြီးပြီး နှစ်နစ်စောပြီး မဟာဝိဇ္ဇာဘွဲ့ရခဲ့သည့် အရှင်မြတ်ဖြစ်ပါသည်။ စာရေးသူနှင့် ခင်မင်ဖူးခြင်း မရှိခဲ့သော်လည်း ဒေါက်တာအရှင်ဓမ္မသာမိကို နီးစပ်ရာ ပညာရေးနယ်ပယ် အသိုင်းအ၀ိုင်းမှ တစ်ဆင့် ကြားသိနေခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။ ဒေါက်တာအရှင်ဓမ္မသာမိသည် ဖြစ်ချင်စိတ်ကို အဓိက မောင်းနှင်အားထားပြီး ကြိုးစားနေသည့် ရဟန်းတော်တစ်ပါး ဖြစ်ပါသည်။ သူလို မောင်းနှင်အားကို ထားတတ်ကြပါလျှင် ဖြစ်နိုင်ချေရှိသည့် ရဟန်းတော်များ မြန်မာနိုင်ငံတွင်ရှိပါသည်။ ဒေါက်တာအရှင်ဓမ္မသာမိသည် ဖြစ်ချင်စိတ်ဖြင့် ဆောင်ရွက် နေသမျှကာလပတ်လုံး ယခုအဆင့်ထက်ပိုပြီး မြင့်လာနိုင်ပါသေးသည်။ ဒေါက်တာအရှင် ဓမ္မသာမိသည် ကိုယ်တိုင် ကြိုးစားပြီးရသော ဒေါက်တာဘွဲ့တွင်သာမက ထိုင်းနိုင်ငံမှ ကြည်ဖြူလှူဒါန်း၍ရသော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုပင် (၂၀၁၀) ခုနှစ် ဧပြီလတွင် လက်ခံရယူခဲ့ပါသည်။

ဒေါက်တာအရှင်ဓမ္မသာမိသည် ယနေ့ခေတ်တွင် သာသနာ့ဝန်ထမ်း ညီငယ် ရဟန်းတော်များ၏ စံပြုထိုက်သော ပညာရေးနယ်ပယ်က ရဟန်းတော်တစ်ပါး ဖြစ်ပါသည်။ ယခုအခါ အောက်(စ)ဖိုဒ် တက္ကသိုလ်တွင် ဆရာအဖြစ် ဆောင်ရွက်နေပြီး သီရိလင်္ကာနိုင်ငံရှိ ကလနီယ တက္ကသိုလ်တွင်လည်း စာသင်သားများကို စာတမ်းကြီး ကြပ်ပေးနေသည့် ကြိုးစားသည့် ရဟန်းတော်တစ်ပါးဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်လည်း ဧည့်ပါမောက္ခ ဆရာတော်တစ်ပါးအဖြစ် ဆောင်ရွက်လျှက်ရှိပြီး အရှင်သည် နိုင်ငံသုံးနိုင်ငံ၏ တက္ကသိုလ် (၃) ခုတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်လျှက် အခါအားလျော်စွာ စာရေး သားခြင်း၊ စာတမ်းပြုစုခြင်း၊ တရားဟောခြင်းများကိုလည်း ဆောင်ရွက်နေပါသည်။

(၃) က၀ိကုလဂုရုကာလီဒါသယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်ဥာဏောဘာသ

၂။ ဒေါက်တာအရှင်ပုညောဘာသ

၃။ ဒေါက်တာအရှင်ပညိဿရ

၎။ ဒေါက်တာအရှင်အရိယဓမ္မ

က၀ိကုလဂုရုကာလီဒါသ တက္ကသိုလ်မှာ အထက်ပါ ဆရာတော်များ ဆက်သွယ်ပြီး ဒေါက်တာဘွဲ့ ယူခဲ့ကြပါသည်။ ၁၉၉၇ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တည်ထောင်သည်ဟုဆိုသဖြင့် တက္ကသိုလ်သက်တမ်းမှာ မကြာလှသေးဟု သိရပါသည်။ စာရေးသူသည် ဘာသာစကား ရှစ်ခုကို တတ်ကျွမ်းသော အိန္ဒိယ၀န်ကြီးချုပ် တစ်ဦး၏ အကြောင်းကို တချိန်က သတင်းစာတွင် ဖတ်ခဲ့ဖူးပြီး ထိုအိန္ဒိယ၀န်ကြီးချုပ် နာရာဆင် ဟရောင်း၏ လမ်းညွှန်ချက်အရ ဤတက္ကသိုလ်ကို တည်ထောင် ရခြင်းဖြစ်သည်ဟု သိရပါသည်။ ၀န်ကြီးချုပ်သည် သက္ကတစာပေပညာရှင် ဖြစ်သည်နှင့်အညီ ပညာရေးကို အားပေးသည့်အနေဖြင့် မဟာရဋ္ဌပြည်နယ်တွင် နှစ်များစွာက မရှိခဲ့ဘူးသော သက္ကတ တက္ကသိုလ် အမျိုးအစားကို တည်ထောင်စေခဲ့ခြင်းဖြစ်ပါသည်။ ဤတက္ကသိုလ်သည် မဟာရဋ္ဌပြည်နယ်တွင် ဒုတိယအကြီးဆုံးဖြစ်သော နာဂပူ(ရ်)မြို့နှင့်နီးသော ရမ်တပ်(ခ်)မြို့ ငယ်လေးတွင် တည်ထောင်ထားသော သက္ကတ တက္ကသိုလ်တစ်ခု ဖြစ်ပြီး အမျိုးသား စာဆိုပညာရှင်ကာလီဒါသ ကဗျာဆရာ၏နာမည်ကို ဂုဏ်ပြုပြီး က၀ိကုလဂုရုကာလီဒါသ တက္ကသိုလ်ဟု ခေါ်ဆိုပါသည်။

ဤတက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့ကြသော ဒေါက်တာဘွဲ့ရ လေးပါးတွင် (၁၉၉၆) ခုနှစ် ဇွန်လက ဒေါက်တာအရှင်ဥာဏောဘာသ နှင့် ဒေါက်တာအရှင်ပညိဿရတို့ကို သီရိလင်္ကာ နိုင်ငံတွင် တွေ့ခဲ့ပြီး မိတ်ဆွေရင်းများ ဖြစ်ခဲ့သည့်နည်းတူ ဒေါက်တာ အရှင်ပုညောဘာသကို (၁၉၉၈) ခုနှစ် ဇန်န၀ါရီလ နှင့် ဒေါက်တာအရှင်အရိယဓမ္မကိုမူ (၁၉၉၉) ခုနှစ် မေလတွင် တွေ့ခဲ့ရပြီး မိတ်ဆွေရင်းများ ဖြစ်ခဲ့ကြပါသည်။

မွမ်ဘိုင်းမြို့နှင့် အလွန်ဝေးသော ဒေသတွင်ရှိသော ဤတက္ကသိုလ်တွင် အရှင်တို့လေးပါးသည် တစ်ပါးနှင့်တစ်ပါး နှစ်ခြင်းမတူ သီးခြားစီ ဆက်သွယ်ခဲ့ကြပြီး ပါရဂူဘွဲ့အတွက် စာရင်းပေးသွင်းထားခဲ့ကြပြီးလျှင် စာတမ်းရေးသောအခါ စာရေးသူနှင့်အတူ မွမ်ဘိုင်းတွင်ပင် သုတေသန စာတမ်းပြုစုခဲ့ကြပါသည်။ ဒေါက်တာအရှင်ဥာဏောဘာသသည် ၀ိနည်းအလေး ထားပြီး စာပေကြိုးစားသော အရှင်တစ်ပါးဖြစ်ခဲ့ပြီး အစစအရာရာတွင် စာရေးသူကို အားကိုးပြုကာ တိုင်ပင် ဆောင်ရွက်ခဲ့ပြီးလျှင် စာရေးသူကလည်း အားတက်သရောပင် တတ်နိုင်သည့် အကူအညီများကို ပေးခဲ့ပါသည်။ ဒေါက်တာအရှင်ပညိဿရမှာမူ ပင်ကိုယ်ဥာဏ် ထက်မြက်ပြီး တာဝန်များသော အရှင်ဖြစ်သည့်ကြားမှပင် မြန်မာပြည်နှင့် အိန္ဒိယပြည်သို့ သွားတစ်လှည့် ပြန်တစ်ခါဖြင့် စာတမ်းကို ပြုစုခဲ့ပြီးလျှင် ပါရဂူဘွဲ့ကို ရအောင်ယူခဲ့သည့် ရဟန်းတော်တစ်ပါးဖြစ်ပြီး ယခုမူ ဒေါက်တာအရှင်ပညိဿရသည် ဓမ္မကထိက အကျော်ဆရာတော်အဖြစ် တရားဟော၊ တရားပြ၊ စာရေးခြင်း စသည်တို့ကို မနေမနား ဆောင်ရွက်လျှက်ရှိပါသည်။

ဒေါက်တာအရှင်ပုညောဘာသ နှင့် ဒေါက်တာအရှင်အရိယဓမ္မကတို့နှင့်မူ သူတို့ မဟာဝိဇ္ဇာတန်းကပင် မွမ်းဘိုင်းတွင် အတူစာသင်ဖြစ်ခဲ့ကြသော မိတ်ဆွေများဖြစ်ခဲ့သည်။ မဟာဝိဇ္ဇာတန်းပြီး သွားသောအခါ သီတဂူဆရာတော်၏ စေလွှတ်ချက်အရ အမေရိကသို့ နှစ်ပါးစလုံး အချိန်ခြားနားပြီး သွားခဲ့ကြပေသည်။ စာရေးသူ ပါရဂူဘွဲ့အတွက် စာတမ်းပြီးစီးကာနီးအချိန်တွင် သူတို့နှစ်ပါးသည် အမေရိကမှ ပါရဂူဘွဲ့စာတမ်းအတွက် မွမ်ဘိုင်းသို့ ပြန်ရောက်လာခဲ့ကြပြီး က၀ိကုလဂုရုကာလီဒါသ တက္ကသိုလ်သို့ ဆက်သွယ်ကာ စာရင်းတင်ခဲ့ကြပါသည်။ ပညာရေးအတွက် စဉ်ဆက်မပြတ် သတ်သတ်မှတ်မှတ် အချိန်မပေးနိုင်ခဲ့ကြသဖြင့် နောက်ကျမှ ဘွဲ့ပြီးစီးခဲ့ရပါသည်။

အရှင်တို့တွင် ကံကောင်းခြင်းဇာတာနှင့် ကံဆိုးခြင်းဇာတာရောနှောနေသည်ဟု စာရေးသူကဆိုချင်ပါသည်။ ကံကောင်းခြင်းဇာတာကြောင့်ပင် အစစအရာရာ သူတစ်ပါး၏ အထောက်အပံ့ဖြင့် မပင်မပန်း စာသင်ခဲ့ကြရသော်လည်း ပညာရေးအတွက် သင်ယူနေဆဲအချိန်မှာပင် အမေရိကသို့ရောက်သွားခဲ့ရပြီး သီတဂူတက္ကသိုလ်၏ ပညာရေးအတွက် အကောင်းဆုံးအနေအထား မဖြစ်ခဲ့တော့ဘဲ မိတ်ဆွေများ၏ ပညာရေး ဘ၀ ဆက်လက်ရှင်သန်ခွင့်အရေးသည်လည်း စိတ်ထင်တိုင်း မပေါက်ခဲ့တော့ပေ။ မိတ်ဆွေများ ဖြစ်ချင်သလို မဖြစ်ခဲ့ဟု ဆိုချင်ပါသည်။ ဖြစ်ချင်သလိုမဖြစ်ခဲ့ရသော ပညာရေး ဆက်တိုက်မဖြစ်မှုသည် သူတို့၏ဘ၀ကို ဖြစ်ချင်သလိုဖြစ်စေသော အဖြစ်မျိုးနှင့် ကြုံရန်အတွက် မျိုးစေ့ကြဲသကဲ့သို့ ဖြစ်သွားခဲ့သည်ဟု စာရေးသူယူဆ နေမိခဲ့ပြီး မှန်၊မမှန် မဆုံးဖြတ်နိုင်သော်လည်း အချိန်က အဖြေပေးသွားပေမည်။ ဒေါက်တာအရှင် ပုညောဘာသသည် အလွန်ပညာတော်သော ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း ယခုအခါ တွင်မူ သူတစ်ပါးဖြစ်စေချင်သလို ဖြစ်ခဲ့ရခြင်း၏ အကျိုးဆက်အရပင် လူ့ဘ၀သို့ ရောက်သွားခဲ့ရပြီး ဒေါက်တာအရှင်အရိယဓမ္မအနေဖြင့်မူ အမေရိကနိုင်ငံတွင်ပင် သီတင်းသုံးလျှက်ရှိနေပြီး သီတဂူပညာရေးအတွက် အထောက်အကူ ပြုမှု လုံးဝမရှိဟု မဆိုနိုင်သော်လည်း အကျိုးပြုမှု အလွန်နည်းပေသည်။

ဒေါက်တာအရှင်အရိယဓမ္မဟု စာရေးသူက ဘွဲ့တပ်ပြီးရေးလိုက်သော်လည်း ဒေါက်တာဘွဲ့ရခဲ့သည် မရသည်မှာ ရာနုန်းပြည့် မသေချာသေးပါ။ အကြောင်းမှာ ဤတက္ကသိုလ်၏ တစ်ခြားတက္ကသိုလ်များနှင့် မတူသည့် အနေအထားများကြောင့် ဖြစ်ပါသည်။ ပညာရေးအတွက် ကံဇာတာ တကယ်တန်း မကောင်းခဲ့သော သူသည်လည်း မဟာဝိဇ္ဇာဘွဲ့ရခဲ့သည်ကိုမူ စာရေးသူ အနေဖြင့် သေချာစွာပြောနိုင်ပါသည်။ သို့အတွက် ကံဇာတာကို မိမိလက်တွင်ရှိအောင် လုပ်နိုင်ခြင်းသည် မဟာဆုလာဘ်ကြီး တစ်ခုဖြစ်သည်ကို ပညာတတ်စာသင်သားများက သေသေချာချာ သတိပြုကြရ ပေမည်။ အခါခပ်သိမ်း သူတစ်ပါးကို အမှီပြုနေရခြင်းသည် ချမ်းသာမှုအပြည့် မရရှိနိုင်ပေ။ မိမိကိုယ်တိုင် ကိုယ်ပိုင်အမှီပြုနေနိုင်သည့် အရည်အသွေး မျိုးရှိသော အခါမှသာလျှင် ချမ်းသာကို ပိုမိုများစွာရနိုင်ပြီး အများအကျိုးကို မိမိ၏ အစွမ်းဖြင့် နှစ်သက်စလို ဆောင်ရွက်နိုင်ကြပေမည်။

(၄) ကာလီဖိုးနီးယားသိပ္ပံကျောင်း (အမေရိကန်)

၁။ ဒေါက်တာအရှင်ဓမ္မပိယ

ကာလီဖိုးနီးယားသိပ္ပံကျောင်း၊ အမေရိကကို ၁၈၉၁ မှာတည်ထောင်ခဲ့ပြီး ဘွဲ့ရ ကျောင်းသားနှင့် ဘွဲ့လွန်ကျောင်းသား စုစုပေါင်း နှစ်ထောင့်တစ်ရာသာ ရှိသည်ဟု သိရပါသည်။ ကျောင်းဧရိယာမှာ တစ်ရာနှစ်ဆယ့်လေးဧက ကျယ်ဝန်းပြီး အမေရိကနိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် ပါစာဒီးနားတွင် တည်ရှိပါသည်။ ကမ္ဘာ့အဆင့် သတ်မှတ် ချက်တွင်မူ နံပါတ်နှစ်နေရာ အဆင့်တွင်ရှိပါသည်။ ဖရော်ဖက်ရှင်နယ်(လ်) ဋ္ဌာနပေါင်း (၂၉၄) ဋ္ဌာနနှင့် အခြားသောဋ္ဌာနများမှာ (၁၀၅၄) ဋ္ဌာနရှိပါသည်။ ကာလီဖိုးနီးယားသိပ`ံကျောင်း၏ အရောင်မှာ အဖြူရောင်နှင့် လိမ်မော်ရောင်ဖြစ်ပြီး ကျောင်း၏လိုဂိုမှာ အ၀ါရောင် နောက်ခံထားသော စက်ဝိုင်းပုံတွင် လက်နှစ်ဖက်ဖြင့် မီးရှူးတိုင်ကို ဆုပ်ကိုင်ထားသည့် ပုံဖြစ်ပြီး စက်ဝိုင်းပုံတွင် ကာလီဖိုးနီးယား အင်စတီ ကျုတော့(ဖ်) တက်ဂနော်လော်ဂျီ ၁၈၉၁ ခုနှစ်ဟု အဖြူရောင်ဖြင့် ရေးထိုးထားပါသည်၊ ဆုပ်ကိုင်ထားသော လက်နှင့်မီးရှူးမှာလည်း အဖြူရောင်ပင်ဖြစ်ပါသည်။

ကာလီဖိုးနီးယားသိပ္ပံကျောင်းကို ကာတက်ဟုလည်း ခေါ်ပါသည်။ ပညာရေးကဏ္ဍ တွင်(၆)ခု ခွဲခြားထားပါသည်။ ဇီဝကဏ္ဍ၊ ဓာတုနှင့်အင်ဂျင်နီးယားရင်းဓာတု၊ အင်ဂျင်နီးယားရင်းနှင့်အသုံးချသိပ္ပံ၊ ပထ၀ီနှင့်ကမ္ဘာ့သိပ္ပံ၊ လူသားနှင့်လူမှုရေးသိပ္ပံနှင့် ရူပ၊ သင်္ချာနှင့် အာကာသ တို့ဖြစ်ပါသည်။ ကာလီဖိုးနီးယား သိပ္ပံကျောင်းမှ အာကာသသူရဲ ကောင်းနှစ်ဦး၊ နိုဘယ်(လ်)ဆုရပုဂ္ဂိုလ်ခြောက်ဦးနှင့် အခြားသောနယ်ပယ်များတွင် ထူးချွန်သူများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

ထူးချွန်သူများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည့် ကာလီဖိုးနီးယား သိပ္ပံကျောင်းသည် မြန်မာပြည်မှ ဒေါက်တာဓမ္မပိယ အရှင်သူမြတ်ကို မွေးထုတ် ပေးလိုက်ပြန်ပါပြီ။ ဤအရှင်ကို စာရေးသူတွေ့ဖူးခဲ့သည်မှာ (၁၉၉၉) နှစ်က ဖြစ်ခဲ့ပါသည်။ ထိုသိခဲ့ရသည့်အချိန်က အရှင်သည် မဟာဝိဇ္ဇာတန်းအတွက် ကြိုးစားဆဲကာလ ဖြစ်နေခဲ့ပြီး စာရေးသူရှိရာ ထေရ၀ါဒ တက္ကသိုလ်သို့ အလည်လာရောက်ခဲ့စဉ်တွင် စာရေးသူထံ ဒဿနိကစာပေနှင့် သက်ဆိုင်သော သူဖတ်ချင်သော စာအုပ်များကို ရယူလိုကြောင်း အကူအညီတောင်းခဲ့သဖြင့် ပါမောက္ခ ဆရာမကြီး ဒေါ်မြင့်မြင့်အေးထံ စာရေးသူက ထပ်ဆင့် အကူအညီးတောင်းခဲ့ရပြီးလျှင် ဒေါက်တာဓမ္မပိယကို အကူအညီ ပေးခဲ့ပါသည်။

နောက်ပိုင်း လေးနှစ်အကြာ (၂၀၀၃) ခုတွင်မှ ကာလီဖိုးနီးယား သိပ္ပံကျောင်းမှ ပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။ မဟာဝိဇ္ဇာတန်းကို ဆန်ဟိုဆေး စတိတ်ယူနီဗာစီတီမှ ရရှိခဲ့ပြီး ပါရဂူဘွဲ့ကိုမူ ကာလီဖိုးနီးယား သိပ္ပံကျောင်းမှ ဓမ္မာစရိယတန်း အောင်မြင်ပြီး နှစ်ပေါင်း နှစ်ဆယ့်သုံးနှစ်အကြာတွင် ရရှိခဲ့ပါသည်။ အရှင်သည် ဓမ္မာစရိယတန်းအောင်မြင်ပြီး နှစ်နှစ်အကြာ (၁၉၈၂) တွင် မလေးရှားနိုင်ငံသို့ နိုင်ငံခြားသာသနာပြုခရီး စတင်ခဲ့သော် လည်း ထိုအချိန်က ဘာသန္တရ အခက်အခဲရှိသဖြင့် ကိုယ်တိုင်အင်္ဂလိပ်ဘာသာဖြင့် မစွမ်း နိုင်သေးဘဲ ဘာသာပြန်သူ အကူအညီဖြင့် သာသနာပြုခဲ့ရသည်ဟု မှတ်သားခဲ့ရဖူး ပါသည်။ ထို့နောက်မှ အင်္ဂလိပ်စာကို အထူးပြုလေ့လာခဲ့ပြီး ကမ္ဘာ့အဆင့် သတ်မှတ် ချက်တွင် နံပါတ်နှစ်နေရာ အဆင့်တွင်ရနေသော ကာလီဖိုးနီးယား သိပ္ပံကျောင်းမှ ပါရဂူဘွဲ့ကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပေသည်။ ကြိုးစားသဖြင့် ရရှိလာခဲ့သော အသီးအပွင့် ဖြစ်ပါသည်။

ဤအရှင်၏ ဥာဏ်ရည်အဆင့်ရှိပြီး ဤအရှင်အောင်မြင်ခဲ့သော ဓမ္မာစရိယတန်း မျိုးကို အောင်မြင်ပြီးသူတိုင်း ကျန်းမာရေးသာ ကောင်းမွန်ပြီး အောင်မြင်ချင်စိတ်ဓာတ်ကို အမြင့်ဆုံးထားကာ လက်တွေ့ဆောင်ရွက်ပါမူ ဤအရှင်ကဲ့သို့ ဖြစ်ကြမည်သာဖြစ်သည်။ လူတိုင်းမဖြစ်နိုင်ပါသော်လည်း ဖြစ်နိုင်မည့်သူ နည်းမည် မဟုတ်ပါပေ။ အဆက် အသွယ်ကောင်းနှင့် ကုန်ကျစရိတ်တို့ကိုလည်း ထည့်တွက်ရပေဦးမည်ဟု ဆိုနိုင် သော်လည်း စိတ်ဓာတ်ကဲမွန် ပုဂ္ဂိုလ်ချွှန်များသာ ပါရဂူဘွဲ့အတွက် စိတ်ကူး ကြမည် ဖြစ်ပေရာ ကျန်ရှိနေသည့် အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ကြပေလိမ့်မည်။

ဤအရှင်နှင့် စာရေးသူသည် မြန်မာပြည်တွင်း နှင့် ပြည်ပတို့တွင် တွေ့ဆုံရုံမျှသာမက အရှင်၏ ရန်ကုန်မြို့ရှိ ငါးကျမ်းပြန်ကျောင်းတွင် စာရေးသူ၏ မင်္ဂလာဒုံရှိ ကျောင်းမှ တပည့်သာမဏေခြောက်ပါးကို စာသင်သားအဖြစ် သူ၏ကျောင်းတွင် အပ်လိုက်သောအခါတွင်မူ ပိုမိုပြီး ရင်းနှီးခဲ့ရပါသည်။ ဤအရှင်သည် ငါးကျမ်းပြန် ကျောင်းတွင် နိဂြောဓသာမဏေ စီမံကိန်းချပြီး သာမဏေပေါင်း အပါးတစ်ရာတိတိတို့အား လောကီနှင့်လောကုတ္တရာ စာပေနှစ်မျိုးကို လမ်းသစ်တီထွင် ဦးဆောင် သင်ကြားပေးစေသော သာသနာပြု ဆရာတော် တစ်ပါးဖြစ်ပါသည်။ ဤအရှင်ကဲ့သို့ စီမံကိန်းမျိုးချပြီး သင်ပေးသောဋ္ဌာန မြန်မာပြည်ရှိ ဘုန်းတော်ကြီးကျောင်း လောကတွင် ယခုအထိ မရှိသေးဟု ယူဆရပါသည်။ နောင်တွင် တစ်ချို့သော ကျောင်းများ ပေါ်လာပါလိမ့်မည်ပြီး ဤအရှင်သည် လောကီလောကုတ် နှစ်ဋ္ဌာနတွင် ၀ီရိယစိုက်ထုတ်ပြီး ကြိုးစားနေဆဲဖြစ်ပါသည်။ ပြည်တွင်းသာမက ပြည်ပတွင်လည်း အရှင်၏ သာသနာပြုလုပ်ငန်းများသည် ရှင်သန်နေပါသည်။ ဤဆရာတော်သည် ထေရ၀ါဒ တက္ကသိုလ်၏ ဧည့်ပါမောက္ခတစ်ပါးဖြစ်ပြီး တရားပြပေးသည့် ဆရာတော်တစ်ပါး ဖြစ်ရုံမျှသာမက စာရေးနေသည့် စာရေးဆရာ အရှင်မြတ်တစ်ပါးလည်း ဖြစ်ပါသည်။

၅။ ကောလကတ္တား ယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်အာစိဏ္ဏ

၂။ ဒေါက်တာအရှင်ဇနိတ

၃။ ဒေါက်တာအရှင်သောဘိတ

၎။ ဒေါက်တာအရှင်စန္ဒောဘာသ

ကောလကတ္တားတက္ကသိုလ်သည် ၁၈၅၇ခုနှစ် ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် တည်ထောင်ခဲ့သော တက္ကသိုလ်ဖြစ်သဖြင့် နှစ်ပေါင်း(၁၅၀) ကျော်ရှိခဲ့ပေပြီ။ မွမ်ဘိုင်း တက္ကသိုလ်တို့နှင့် တစ်ချိန်တည်းတွင် တည်ထောင်ခဲ့သော ရှေးကျသောတက္ကသိုလ်တစ်ခု လည်းဖြစ်ပေသည်။ တည်ထောင်ကာစတွင် အဖွဲ့ဝင်(၄၀)တို့ဖြင့် စတင်ခဲ့ပြီးကျောင်သား ၂၄၄ ယောက်တို့က ၀င်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ကြပြီးလျှင် (၁၁၅) ယောက်သော ကျောင်းသား တို့သည် ၀င်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ကြပါသည်။ ပထမတွင် တက္ကသိုလ်၏ စည်းမျဉ်းများမှာ လန်ဒန်တက္ကသိုလ်၏ ပုံစံအတိုင်း ထပ်တူညီ စည်းမျဉ်းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း စည်းမျဉ်းကို ပြင်ဆင်ခဲ့ကြပါသည်။

၁၈၅၈ခုနှစ်တွင် ဘီအေစာမေးပွဲကို ကျင်းပပေးခဲ့ပြီးလျှင် ကျောင်းဖွင့်ပြီး လေးနှစ်မြောက်မှ မဟာဝိဇ္ဇာတန်း ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး စာမေးပွဲကိုမူ ၁၉၈၁တွင် ကျင်းပပေးခဲ့ပါသည်။ ပါရဂူဘွဲ့ကိုမူ ကျောင်းဖွင့်ပြီး(၁၉) နှစ်မြောက်ဖြစ်သော ၁၈၇၆ ခုနှစ် တွင်မှ အပ်နှင်းနိုင်ခဲ့ပါသည်။ တက္ကသိုလ်၏ လက်အောက်ခံ ကျောင်း(၃)ကျောင်းကို အိန္ဒိယပြည်ရှိ ပတ္တနားမြို့ နှင့် ဒါကာမြို့ ၊ မြန်မာပြည်ရှိ ရန်ကုန်မြို့တို့တွင် နှစ်ခြားပြီး အသီးသီး ဖွင့်လှစ်ပေးခဲ့ပါသည်။ ပတ္တနား တက္ကသိုလ်ကို ၁၉၁၇ ခုနှစ်။ ရန်ကုန် တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်၊ ဒါကာ တက္ကသိုလ်ကို ၁၉၂၁ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

စာပေဆိုင်ရာ နိုဘယ်ဆုရ ကဗျာဆရာကြီး ရာဘင်နတ်တဂိုးစသော ထင်ရှားသော စာပေခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များကို ဤတက္ကသိုလ်မှ မွေးထုတ်ပေးနိုင်ခဲ့ ပါသည်။ ထိုမျှသာမက အာရှတိုက်တွင် ပထမဆုံးသော ဆေးကျောင်းကို ၁၈၃၅ ခုနှစ်တွင် ဖွင့်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပထမဆုံးသော အမျိုးသမီးကောလိပ်ကို ၁၈၇၉ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ကောလကတ္တား တက္ကသိုလ်သည် ကမBာ့ထိပ်တန်း တက္ကသိုလ် စာရင်း ၀င်အဖြစ် တစ်ကြိမ် အရွေးချယ်ခံရဖူးပါသည်။ ဤတက္ကသိုလ်သက်တမ်း နှစ်ပေါင်း (၁၅၀) ကျော်အတွင်း တက္ကသိုလ်၏ လိုဂို(တံဆိပ်)ကို ခုနှစ်ကြိမ် တိုင်တိုင် ပြောင်းလဲခဲ့ပါသည်။

တက္ကသိုလ်၏ လိုဂို (တံဆိပ်) ခုနှစ်မျိုးရှိခဲ့ပေရာ တံဆိပ်အားလုံးတွင် ယူနီဗာစီတီ အော့(ဖ်) ကောလကတ္တား ၊ အဒဗန့်(စ်) အော့(ဖ်) လား(န်)နင်း (အဓိပ္ပါယ်မှာ ကောလ ကတ္တား တက္ကသိုလ်၊ အဆင့်မြင့် သင်ကြားရေး) ဟု ရေးသားထားပါသည်။ ငါးကြိမ်မြောက် တံဆိပ်ဝယ် အင်္ဂလိပ်လို ရေးသားထားသော ထိုစာသားအပြင် ဘင်္ဂါလီအက္ခရာကိုပါ ရေးထည့်ထားသဖြင့် စက်ဝိုင်းတွင်းတွင်ရှိသော ကြာပွင့်တံဆိပ်မှာ နေရာပေးခဲ့ရ သည့်အတွက် သေးငယ်သွားပါသည်။ ပထမတံဆိပ် နှင့် ဒုတိတံဆိပ်တို့၏ပုံစံမှာ ခြင်္သေ့ နှစ်ကောင် မျက်နှာချင်းဆိုင်ပြီး အလံကိုကိုင်နေသည့်ပုံနှင့် ဒုတိယတံဆိပ်တွင်မူ သရဖူကို ကိုင်ဆောင်ထားသည့်ပုံ ဖြစ်ပါသည်။ တတိယတံဆိပ်တွင်မူ ပြောင်းလဲသွားပါသည်။ ခြင်္သေ့ လည်းမဟုတ်၊ နှစ်ကောင်လည်းမဟုတ်ပေ။ ခြင်္သေ့အစား ဆင်အဖြစ် ပြောင်းလဲ သွားခဲ့ပြီးလျှင် နှစ်ကောင်အစား သုံးကောင်ဖြစ်သွားကာ တစ်ကောင် တိုးသွားခဲ့ပေသည်။ ဆင်သုံးကောင်သည် မျက်နှာချင်းဆိုင်သည့်ပုံစံ မဟုတ်တော့ဘဲ ဖင်ချင်းကပ်ပြီးလျှင် ပရိတ်သတ်ဖက် မျက်နှာမူထားလျှက် မီးလင်းနေသည့် ဆီမီးတိုင်သုံးတိုင်ကို သူတို့၏ ကျောပေါ်တွင် တင်ထားပါသည်။ လေး၊ ငါး၊ ခြောက်၊ ခွန် တံဆိပ်တို့မှာ ကြာပန်းပွင့်များ ဖြစ်ကြသော်လည်း အနည်းငယ်စီ ကွဲပြားကြပါသည်။ မွန်ဘိုင်းတက္ကသိုလ်၏ လိုဂို (တံဆိပ်) မှာမူ အဆောက်အဦးပုံစံ ဖြစ်ပါသည်။ အနောက်တိုင်း ဗိသုကာ အဆောက်အဦး ဖြစ်ပါသည်။ တက္ကသိုလ်နှစ်ခု သက်တမ်းတူကြသော်လည်း တံဆိပ်၏ ကွဲပြားပြားနားချက် ကြီးမားနေရခြင်းသည် အဘယ့်ကြောင့်ပါနည်းဟု စဉ်းစားဖွယ်ရာ တစ်ခုဖြစ်ပေသည်။

ဤကောလကတ္တား တက္ကသိုလ်မှ မြန်မာပြည်ဖွါး ရဟန်းတော်လေးပါးသည် ပါရဂူဘွဲ့ကို ရခဲ့ကြပါသည်။ လေးပါစလုံးပင် စာရေးသူ၏ မိတ်ဆွေရဟန်းတော်များ ဖြစ်ကြပါသည်။ ကောလကတ္တားသည် မြန်မာစာသင်သား ရဟန်းတော်များ၏ အိန္ဒိယနိုင်ငံသို့ ဂိတ်အ၀င်မြို့ ဖြစ်ပြီး မြန်မာနိုင်ငံသို့ အပြန်တွင်လည်း ကောလကတ္တားမှပင် ပြန်ကြရပေသည်။ စာရေးသူတို့သည် မြန်မာနိုင်ငံသို့ အပြန်တွင်လည်း စာရေးသူ၏ မိတ်ဆွေရဟန်းတော်များ ထံတွင် ခေတ္တလည်ပတ်ပြီးမှ ခရီးဆက်လေ့ ရှိပါသည်။ ကောလကတ္တား ကျောင်းသားများသည် မြန်မာစာသင်သား ရဟန်းတော်များနှင့် ဧည့်သည်များကို များစွာအကူ အညီပေးခဲ့ကြပါသည်။ ထို့ကြောင်ပင် သူတို့နှင့် ရင်းနှီးမှုလည်း ပိုကြပါသည်။ ဒေါက်တာ အရှင်အာစိÀသည် ထေရ၀ါဒတက္ကသိုလ် နှင့် အပြည်ပြည်ဆိုင်အဘိဓမ္မသိပ္ပံတွင် ပါမောက္ခဆရာ အဖြစ်ဆောင်ရွက်နေပါသည်။ ဒေါက်တာဇနိတသည်လည်း သြစတေးလျနိုင်ငံတွင် သာသနာပြုနေသည်ဟု သိရပါသည်။ ဒေါက်တာသောဘိတမှာမူ အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေဆဲဟု သိရပါသည်။ ဒေါက်တာအရှင်စန္ဒောဘာသတစ်ပါး ဘယ်ဆီသို့ ရောက်နေသည်ဟု စာရေးနေချိန်အထိ သတင်းမရသေးပါ။ မကြားသေးမှီကမှ သတင်းတစ်ခုရသည်မှာ ဤအရှင်သည် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းရပ်ကွက်တွင် ကျောင်းဆောက်ထားသည်ဟု ဆိုပါသည်။

ဒေါက်တာဇနိတသည် မြန်မာနိုင်ငံမှ ဆေးနှင့်ပတ်သက်ပြီး ၀င်ခွင့်စာမေးပွဲကို လာရောက်ဖြေဆိုကြသော ဆရာဝန်ကျောင်းသားများအတွက် အဆင်ပြေစေရန်အတွက် ထိထိရောက်ရောက် အကူအညီပေးခဲ့သော ရဟန်းတစ်ပါးဖြစ်ခဲ့ပြီး (၂၀၀၄) ခုနှစ် မေလတွင် စာရေးသူနှင့်အတူ ဘုရားဖူးခရီးစဉ်တစ်ပတ် (၁၅) ရက်ကျော် သွားခဲ့ဖူးပါသည်။ ဘုရားဖူး ခရီးသည်များအတွက် ရပ်နားသည့်ကာလလည်းဖြစ်၊ အပူချိန်ကလည်း အမြင့်ဆုံး အခြေနေသို့ ရောက်နေသည့်အခါဝယ် စာရေးသူတို့နှစ်ဦးက ဘုရားဖူး ပို့ဆောင်ပေးခဲ့ရသော အမေရိကနိုင်ငံမှ ဘုရားဖူးအဖွဲ့မှာ အပူချိန်ကြောင့် စိတ်သောက ရောက်ခဲ့ကြရသဖြင့် မိမိတို့နှစ်ပါးကို သူတို့က ပြောဆိုဆက်ဆံပုံများကို အရှင်ဇနိတနှင့် စာရေးသူတို့သည် အစဉ်အမြဲ သတိရနေမိကြပေမည်။

(၆) ဂျာဒေ(ဗ်)ပူ(ရ်) ယူနီဗာစီတီ

၁။ ဒေါက်တာအရှင်ဓမ္မိက

ဂျာဒေ (ဗ်) ပူ (ရ်) ယူနီဗာစီတီသည် ကာလကတ္တားမြို့တွင်တည်ရှိပြီး ၁၉၅၅ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့က တည်ထောင်ခဲ့သော တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ ထူးဆန်းသည်မှာ ဤတက္ကသိုလ်တွင် မြန်မာပြည်မှ ရဟန်းတော်တစ်ပါးသာလျှင် ပါရဂူဘွဲ့ ရခဲ့ဘူးခြင်းဖြစ်ပါသည်။ တစ်ခြားသော တက္ကသိုလ်များတွင်မူ မြန်မာပြည်မှ ရဟန်းတော်များ အနည်းဆုံးလေးပါးခန့် ပါရဂူဘွဲ့ ရခဲ့ဘူးခဲ့ကြပါသည်။ အမှနှ်မှာ ဤတက္ကသိုလ်သည်လည်း တစ်နှစ်လျှင် ပျှမ်းမျှအားဖြင့် ပါရဂူဘွဲ့ရ နှစ်ရာ့ငါးဆယ်ခန့်ကို နှစ်စဉ် မွေးထုတ်ပေးနေသည့် နေရာတစ်ခုဖြစ်ပါသည်။

ပါရဂူဘွဲ့အတွက် ကျောင်းသားပေါင်း နှစ်ထောင့်ခုနှစ်ရာ့တစ်ဆယ် သုတေသန ပြုနေကြပြီး အမ်ဖီး (လ်) ကျောင်းသား ငါးရာသုံးဆယ့် ခုနှစ်ယောက်၊ မဟာဝိဇ္ဇာဘွဲ့အတွက် ကျောင်းသားသုံးထောင့်တစ်ရာ့နှစ်ယောက် နှင့် ဘီအေကျောင်းသား သုံးထောင့် ခြောက်ဆယ်သည် ဤတက္ကသိုလ်တွင် ရှိနေသော ကျောင်းသားများ ဖြစ်ကြပါသည်။ ဆရာ၊ ဆရာမများအနေဖြင့် အချိန်ပြည့်ဆရာ ခြောက်ရာ နှစ်ဆယ့်လေးယောက်၊ အချိန်ပိုင်းနည်းပြ ဆရာနှစ်ရာနှစ်ဆယ့်နှစ်ယောက် ဖြစ်ကြပြီး စာကြည်တိုက်တွင် စာအုပ် အရေအတွက်ပေါင်း ငါးသိန်းခွဲကျော်ရှိကာ ကွန်ပျူတာ အလုံးပေါင်း သုံးထောင်ကျော်ဖြင့် လည်ပတ် ဆောင်ရွက်နေသည့် ပညာရေးဋ္ဌာန တစ်ခုလည်း ဖြစ်ပါသည်။

ဝိဇ္ဇာဋ္ဌာန (၁၂) ခုနှင့် သိပ္ပံဋ္ဌာန (၆) ခု သိပ္ပံနှင့် နည်းပညာဋ္ဌာန (၁၇) ခုရှိပြီးလျှင် နိုင်ငံခြားမှ သုတေသန ကျောင်းသား သုံးရာ့ငါးဆယ်၊ ပြည်တွင်း သုတေသနကျောင်းသား လေးရာ့ငါးဆယ်ရှိနေကြပါသည်။ ဒေါက်တာအရှင်ဓမ္မိကသည် ဤတက္ကသိုလ်တွင် ဆက်သွယ်ခဲ့ပြီး ပါရဂူဘွဲ့ရခဲ့ပါသည်။ စာရေးသူသည် ဒေါက်တာအရှင်ဓမ္မိကကို သိနေခဲ့ရပြီး သိရခြင်း၏ အကြောင်းမှာ သူတို့နေသောနေရာသို့ နှစ်စဉ် ရောက်ခဲ့သောကြောင့် ဖြစ်ပါသည်။ သူသည် ကောလကတ္တားရှိ အခြားရဟန်းတော်များ နှင့်စာလျှင် အင်္ဂလိပ်စာကောင်းသည်ဟု နာမည်ရနေခဲ့သူဖြစ်ပါသည် ပါဠိစာပေ တတ်မြောက်မှု ဘက်တွင် အားစိုက်ခဲ့လျှင် အင်္ဂလိပ်စာနည်းတူ နာမည်ရနိုင်ပါသည်။ သို့သော် ပညာရေးဘက်သို့ ဦးမလှည့်နိုင်ခဲ့ဟု ထင်ပါသည်။ ယခုအခါသူသည် အမေရိကသို့ ရောက်ရှိနေကာ ရဟန်းအသွင်ပျောက်ပြီး လူ့ဘ၀ရောက်သည့် သူတစ်ဦးဖြစ်နေသည်။ သူတတ်သိထားသည့် ပညာရေးကို ပြည့်ပြည်ပ၀၀ အသုံးမပြုနိုင်သည့် ဘ၀တွင် ရောက်နေသဖြင့် အများအကျိုးကို ဆောင်ရွက်ရန် အခွင့်အလမ်းရှိနိုင်တော့ပါမည် လောဟု မေးခွန်းထုတ်ချင်စရာပင် ကောင်းပေသည်။

(၇) ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသ

၂။ ဒေါက်တာအရှင်ကစ္စာယန

၃။ ဒေါက်တာအရှင်ကောဝိဒ

၎။ ဒေါက်တာအရှင်ပညာဇောတ

၅။ ဒေါက်တာအရှင်က၀ိန္ဒ

၆။ ဒေါက်တာအရှင်ပညာသုတ

၇။ ဒေါက်တာအရှင်ဝိစိတ္တ

ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီသည် မြန်မာရဟန်းတော်များ ပညာသင်ယူရာ ဗဟိုဋ္ဌာန တစ်ခုဖြစ်ပါသည်။ ဗာရာဏသီမြို့တွင်တည်ရှိပြီး သက္ကတ ဘာသာရပ်ကို အဓိက ထားပြီး သင်ပေးသော တက္ကသိုလ်ဖြစ်သဖြင့် သက္ကတ တက္ကသိုလ်ဟု အများကခေါ်ပါသည်။ အခြားသော တက္ကသိုလ် (၄)ခုလည်း ဗာရာဏသီတွင် ရှိပါသေးသည်။ မြန်မာရဟန်းတော်များ အနေဖြင့် တက္ကသိုလ် လေးခုအနက် တက္ကသိုလ်(၂)ခုတွင်သာ ပညာသင်ကြပါသည်။ သက္ကတ ဘာသာရပ်အပြင် ပါရှင်း ၊ပြင်သစ်၊ ပါဠိ၊ ပရာကရစ်စသော ဘာသာများကိုလည်း သင်ကြားပေးသည်ဟု သိရပါသည်။ စာသင်ကြားရေးစနစ်မှာ ရှေးအစဉ်အလာအတိုင်း သင်ကြားရေးစနစ် ဖြစ်ပါသည်။ သင်တန်းခန်းမများထဲတွင် စားပွဲနှင့် ကုလားထိုင်မရှိပါ။ မြန်မာပြည်မှ ရဟန်းတော်များ စာဝါလိုက်သည့် စနစ်မျိုးဖြစ်ပါသည်။ ယခင်ကဘုရင်မကောလိပ်ကို ဆန်ပူရဏာနန္ဒ သက္ကတ ယူနီဗာစီတီဟု ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး နှစ်ပေါင်း(၃၀)ကျော် သက်တမ်းရှိပြီဖြစ်ပါသည်။

အဆင့်နှင့်သတ်မှတ်ပြီး ပညာသင်ကြားရေးစနစ်ကို တီထွင်ထားပါသည်။ သက္ကတတက္ကသိုလ်ကို ခေတ်တက္ကသိုလ်များနှင့် ပုံစံတူ နားလည်ပေး၍မရပါ။ သို့သော် တစ်ခြား တက္ကသိုလ်များနှင့် သဟဇာတဖြစ်စေရန်အတွက်မူ စီမံပေးထားပါသည်။ ပထမ၊ ဒုတိယ၊ တတိယ၊စတုတ္ထဟု လေးဆင့်ခွဲခြားထားပြီး လေးဆင့်အတွက် (၉)နှစ်ကြာအချိန် ပေးရပါသည်။ သုံးဆင့်ပြီးစီးအောင်မြင်ပါက ဘီအေ အဆင့်ကိုပေးပါသည်။ စတုတ္ထ အဆင့်အောင်ပါက အာတျာရယ (ဆရာအဆင့်) ပေးပါသည်။ ထိုအဆင့်သည် မဟာဝိဇ္ဇာအဆင့်နှင့် တန်းတူသော ဘွဲ့တစ်ခု ဖြစ်ပါသည်။ အာတျာရယအဆင့် အောင်ပြီးသော် ပါရဂူဘွဲ့ကို ဆက်သွယ်နိုင်ပါပြီ။ အိန္ဒိယရှိ မည်သည့်တက္ကသိုလ်တွင်မဆို ဆက်သွယ်ပြီး သုတေသနစာတမ်း တင်သွင်းနိုင်ခွင့်ရှိပေပြီ။ သို့သော် သက်ဆိုင်ရာ ပညာရေးဋ္ဌာနမှ စည်းကမ်းအတိုင်းသာဖြစ်ပြီး တထစ်ချ တက်ရောက်နိုင်သည်ဟု မမှတ် ယူရပေ။ သက္ကတ တက္ကသိုလ်သည် လက်အောက်ခံ သက္ကတ ကောလိပ်များ၊ သက္ကတ ကျောင်းများ ထားရှိပါသည်။ ပင်မသက္ကတ တက္ကသိုလ်တွင် ဆရာ သုံးရာ (၃၀၀) ကျော်နှင့် ကျောင်းသားပေါင်းနှစ်ထောင် (၂၀၀၀)ကျော် ရှိပါသည်။ လက်အောက်ခံ ကျောင်းများ နှင့်ပေါင်းသော် ကျောင်းသား သုံးသိန်းကျော်ရှိပါသည်။ မွန်ဘိုင်း ယူနီဗာစီတီကဲ့သို့ပင် ဤတက္ကသိုလ်တွင် မြန်မာပြည်မှ ပါရဂူ ဘွဲ့ရရဟန်းတော် ခုနစ်ပါးရှိခဲ့ပေပြီ။

ဒေါက်တာအရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည် တရားဟော ဓမ္မကထိက) ဒေါက်တာအ ရှင်ပညာဇော (အမေရိက-ဖလောရီဒါ ပြည်နယ်) ဗာရာဏသီတက္ကသိုလ်တွင် မဟာဝိဇ္ဇာတန်းတွင် ပါဠိဘာသာဖြင့်ရွှေတံ ဆိပ်ဆုရ ထားခဲ့သူဖြစ်ပါသည်။ ဒေါက်တာအရှင်က၀ိန္ဒ (အမေရိက-ဆန်ဟိုးဆေးမြို့) ဒေါက်တာ အရှင်ကစ္စာယန (သြစတေးလျ) ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသ (မိုးကုတ်အဖွဲ့ချုပ်နာယက ဆရာတော်နှင့် ထေရ၀ါဒ တက္ကသိုလ်ပါမောက္ခ ဆရာတော်) နှင့် ဒေါက်တာအရှင်ဝိစိတ္တ ဒေါက်တာ အရှင်ပညာသုတ (မြန်မာပြည်) တို့ဖြစ်ပါသည်။ သက္ကတ တက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ရဆရာတော် ခုနစ်ပါးနှင့် စာရေးသူ တရင်းတနှီး နီးနီကပ်ကပ် မရှိခဲ့ကြသော်လည်း ဆက်စပ်ပြီး တစ်ဦးနှင့်တစ်ဦး သိနေကြပါသည်။

ဒေါက်တာအရှင်ကောဝိဒကို (၁၉၉၇) ခုနှစ်တွင် စတွေ့ခဲ့ဖူးပြီး အရှင် သီတင်းသုံးရာ ဗာရာဏသီမြို့ရှိ ဆေးဝင်္ကဘာမြန်မာကျောင်းသို့ အလည်ရောက်ခဲ့ပါသည်။ ထိုစဉ်က စကားပြောဖြစ်ခဲ့ပြီး နောက်တစ်ကြိမ် စာရေးသူ (၁၉၉၉) နှစ်တွင် အိန္ဒိယသို့ ပါရဂူဘွဲ့အတွက် စာသင်ရောက်ခဲ့သောအခါ တွေ့ခဲ့ရပါသည်။ သူနှင့် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က စာရေးသူမှာ မဟာဝိဇ္ဇာတန်းကို အောင်မြင်ပြီး ဖြစ်ခဲ့သော်လည်း ဒုတိယအကြိမ်တွင်မူ အရှင်ကောဝိဒသည် မဟာဝိဇ္ဇာတန်းနှင့် ပါရဂူတန်းကို နှစ်တိုတို အတွင်းပြီးစီးခဲ့သဖြင့် စာရေးသူထက် ရှေးကျပြီး ဒေါက်တာဘွဲ့ ပြီးစီးခဲ့ပါသည်။ စာရေးသူမှာ ထေရ၀ါဒ တက္ကသိုလ်တွင် နှစ်နှစ်နီးပါး ဆရာအဖြစ် ဆောင်ရွက်နေခဲ့သောကြောင့် နောက်ကျရခြင်း ဖြစ်ပါသည်။ ဒေါက်တာအရှင် ကောဝိဒသည် မြန်မာပြည် ပြန်ရောက်သွားသောအခါ တရားဟောရာတွင် ထူးချွှန်သော ဆရာတော်တစ်ပါး ဖြစ်လာ ခဲ့ပေသည်။ ဒေါက်တာအရှင်ကောဝိဒနှင့် စာရေးသူတို့ မြန်မာပြည်တွင် သုံးကြိမ်မျှသာ တွေ့ရပြီးလျှင် (၂၀၀၇) ခုနှစ်က အမေရိကတွင် သူနှင့် အတူခရီးလှည့်ခဲ့ကြပါသည်။

ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသကိုမူ ထေရ၀ါဒတက္ကသိုလ်တွင် တွေ့ဆုံရပါသည်။ ဋ္ဌာနတူ ၊ လုပ်ငန်းတူ ဖြစ်သဖြင့် နီးနီးကပ်ကပ် ဆက်ဆံခဲ့ရပါသည်။ ဆရာတော်သည် ရာထူးတွင် သူ့ထက် နိမ့်ပြီး အသက်မှာလည်း ငယ်နေသော စာရေးသူ အပေါ်တွင်ါ် ကြင်နာသော စိတ်သဘောထားရှိသည်ဟု ထင်ပါသည်။ သို့သော်လည်း စာရေးသူတို့က အရွယ်တူဖြစ်သော မိတ်ဆွေများနှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းကြသဖြင့် ဆရာတော်နှင့် လုပ်ငန်းသဘော အရသာလျှင် ဆက်ဆံဖြစ်ကြပါသည်။ ထေရ၀ါဒ တက္ကသိုလ်တွင် နေခဲ့စဉ်က ဆရာလုပ်သက် အတွေ့အကြုံနည်းခဲ့သဖြင့်လည်း မိမိသင်ကြားပေးရမည့် ဘာသာရပ်နှင့် နပမ်းလုံးခဲ့ရပြီး အခက်ကြုံခဲ့ရသည်ကလည်း ဆရာတော်နှင့် ရင်းရင်းနှီးနှီး ပေါင်းဖြစ်ရန် အချိန်လုံလောက်စွာ မရခဲ့ပါ။ စာရေးသူသည် ပါရဂူဘွဲ့ရပြီးသောအခါ ဆရာတော်နှင့် အကြိမ်တော်တော်များများ ဆုံခဲ့ပါသည်။ ထေရ၀ါဒ တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ရန် တိုက်တွန်းသည်မှာ အကြိမ်များလှပါသည်။ ပိုမိုရင်းနှီး လာခဲ့ပါသော်လည်း စာရေးသူသည် ဆရာတော်၏ တိုက်တွန်းချက်ကို အကောင်အထည် မဖေါ်ခဲ့ပါ။ သို့အတွက် လုပ်ငန်းတူ လုပ်ဆောင်ခွင့် မရခဲ့ပြန်ပေ။ စာရေးသူသည် ထေရ၀ါဒ တက္ကသိုလ်တွင် ပြင်ပစာစစ်ဆရာတစ်ပါး အနေဖြင့်မူ ငါးကြိမ်တိုင်တိုင် ငါးနှစ်တိတိ မဟာဝိဇ္ဇာတန်း ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးတို့အား စာစစ်ပေးခြင်း၊ အကူအညီ ပေးခြင်းတို့ကို ယနေ့တိုင်အောင် ဆောင်ရွက်ဆဲဖြစ်ပါသည်။

ဒေါက်တာအရှင်ကစ္စာယန (မိုးညှင်း)၊ ဒေါက်တာအရှင်ပညာဇောတ (မှော်ဘီ)၊ ဒေါက်တာအရှင်က၀ိန္ဒ (လှည်းကူး)၊ ဒေါက်တာအရှင်ပညာသုတ (မြင်းခြံ)၊ ဒေါက်တာ အရှင်ဝိစိတ္တတို့နှင့်လည်း သိခဲ့ တွေ့ခဲ့သော်လည်း နီးနီးကပ်ကပ် မရှိခဲ့ အနေဝေးသဖြင့် သူတို့ အကြောင်းကို စုံလင်စွာဖေါ်ပြခွင့် မရနိုင်တော့ပါ။

(၈) နယူးဒေလီ ယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်သုန္ဒရ

၂။ ဒေါက်တာအရှင်အာဒိစ္စ၀ံသ

၃။ ဒေါက်တာအရှင်ဥတ္တရဥာဏ

၎။ ဒေါက်တာအရှင်အဂ္ဂဓမ္မ

နယူးဒေလီ တက္ကသိုလ်ကို ၁၉၂၂ခုနှစ်က တည်ထောင်ခဲ့ပြီး အစပိုင်းတွင် လက်အောက်ခံ ကောလိပ် သုံးကျောင်းသာ ရှိခဲ့ရာမှ ယခုအခါတွင် မဟာဋ္ဌာနကြီး တစ်ဆယ့်လေးခု၊ ဋ္ဌာနခွဲ ခုနှစ်ဆယ့်ကိုးခုနှင့် လက်အောက်ခံ ကောလိပ်ပေါင်း ရှစ်ဆယ့် ခြောက်ခုရှိနေပြီး ကျောင်းသားပေါင်း နှစ်သိန်းနှစ်သောင်းကျော်ကို ပညာသင်ပေးနေသော တကUသိုလ်ကြီးတစ်ခု ဖြစ်ပါသည်။ နယူးဒေလီ တက္ကသိုလ်တွင် စာကြည့်တိုက် များစွာရှိပြီးလျှင် စုံလင်လည်း စုံလင်လှပါသည်။ နယူးဒေလီ တက္ကသိုလ်စာကြည့်တိုက်၊ ဗဟိုသိပ္ပံ စာကြည့်တိုက်၊ ၀ိဇ္ဇာ စာကြည့်တိုက်။ ရတန်တာတာ စာကြည့်တိုက်၊ လောဋ္ဌာန စာကြည့်တိုက်၊ တောင်ဘက်ပိုင်း စာကြည့်တိုက် နှင့် ဒီဒီစီစီ စာကြည့်တိုက် တို့ဖြစ်ကြပါသည်။

ယနေ့ခေတ်တွင် ကျောင်းသားကျောင်းသူများက စာပေ လေ့လာရုံ သက်သက်မျှသာမက ခေတ်မှီပုံစံတီထွင်ကြံဆသည့် ပညာရပ်များပါမကျန် လေ့လာသင်ကြားပေးနေကြသဖြင့် နယူးဒေလီ တက္ကသိုလ်သည် ခေတ်မှီ တက္ကသိုလ်ကြီး တစ်ခုဖြစ်ကြောင်း ၂၇ မေလ ၂၀၁၀ နေ့တွင် ထုတ်ဝေသော ဟိန္ဒူစတန်နီ သတင်းစာတွင် ပြည့်ပြည့်စုံစုံ ဖေါ်ပြထားသည်ကို ဖတ်ရပါသည်။

နယူးဒေလီ တက္ကသိုလ်ရှိ မြန်မာရဟန်းတော်များသည် ဗုဒ္ဓဘာသာလေ့လာ ရေးဋ္ဌာနတွင် မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့ အသီးသီးကို ရယူနေကြပါသည်။ ဤဋ္ဌာနကို ၁၉၅၇ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြတ်စွာဘုရားရှင်၏ သာသနာနှစ် နှစ်ထာင့်ငါးရာပြည့် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မြတ်ဗုဒ<၏ အဆုံးအမများကို လေးစားခြင်း သင်္ကေတ အနေဖြင့် တည်ထောင်ထားခဲ့ခြင်းဖြစ်ပေသည်။ ဗုဒ္ဓဘာသာစာပေနှင့် ပတ်သက်၍ ဗဟို စာကြည့်တိုက်တွင် တရုတ်၊ တိဗက်၊ အင်္ဂလိပ် စသည့် ဘာသာစုံဖြင့် တိပိဋက စာပေများကို လေ့လာဖတ်ရှုနိုင်ပါသည်။ မြန်မာရဟန်းတော်များတွင် ဒေလီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ ရရှိသော ရဟန်းတော်များမှာ လေးပါးရှိခဲ့ပြီ ဖြစ်ပါသည်။ ဒေါက်တာအရှင်သုန္ဒရ၊ ဒေါက်တာအရှင်အာဒိစ္စ၀ံသ၊ ဒေါက်တာအရှင်ဥတ္တရဥာဏ၊ ဒေါက်တာအရှင်အဂ္ဂဓမ္မ တို့ဖြစ်ကြပါသည်။

စာရေးသူသည် ဒေါက်တာအရှင်သုန္ဒရကို ၁၉၉၇ခုနှစ်က ဒေလီမြို့သို့ အလည် ရောက်ခဲ့စဉ်က တစ်ကြိမ်သာလျှင်ဖူးတွေ့ခဲ့ရပြီး ယနေ့အထိ ထပ်မတွေ့ဖြစ်တော့ပါ။ ထိုဆရာ တော်နှင့် စကားလက်ဆုံကြခဲ့စဉ်က အမှတ်ရနေမိသော စကားတစ်ခွန်းမှာ ”အဖြစ်ချင်း မတူလျှင် ကိုယ်ချင်း မစာတတ်” ဟူသော စကားပင်ဖြစ်ပါသည်။ ဆယ်စုနှစ်တစ်ခု ကျော်သည် အထိ ထိုစကားလေးကို စာရေးသူ မှတ်မိနေဆဲပင် ဖြစ်ပါသည်။ ထိုအချိန်က စာရေးသူ နှင့်အတူ ခရီးသွားခဲ့သည့် ရဟန်းတော်များမှာ လေးပါးဖြစ်ပါသည်။

ဒေါက်တာသုန္ဒရကဲ့သို့ပင် ထေရ၀ါဒ တက္ကသိုလ်တွင် ဆရာဖြစ်ခဲ့စဉ်က တွေ့ဆုံ ဖူးခဲ့ သောဒေါက်တာဥတ္တရဥာဏကိုလည်း ၁၉၉၉ခုနှစ်ကသာ တွေ့ဆုံခဲ့ကြပြီး ယနေ့အထိ ပြန် မဆုံဖြစ်ကြသေးပါ။ ဒေါက်တာဥတ္တရဥာဏနှင့် အဆောင်တစ်ခုတည်းတွင် နေဖြစ်ခဲ့ကြပါ သော်လည်း ပုံမှန်ဆက်ဆံမှုမျိးသာ ရှိခဲ့ပြီး စာရေးသူတို့နှင့် ခင်ခင်မင်မင် နေချင်သည့် အကြောင်းကို ထိုအရှင်က ပြောပြခဲ့ဖူးသော်လည်း တကယ်တန်းဖြစ်ရန် အချိန်မရခဲ့ကြပါ။ ဒေါက်တာအရှင်အာဒိစ္စ၀ံသ နှင့် ဒေါက်တာအရှင်အဂ္ဂဓမ္မတို့ကိုမူ ရင်းရင်းနှီးနှီး ဖြစ်ခဲ့ပါသည်။ ဒေါက်တာအရှင်အဂ္ဂဓမ္မသည် ရွှေကျင်မြို့နယ်တွင် ပရဟိတလုပ်ငန်းကို ကြိုးစား ဆောင်ရွက်နေသည်ကို သိရပါသည်။ ဒေါက်တာအရှင်အာဒိစ္စ၀ံသမှာမူ ယခုအခါတွင် နိုင်ငံတော် ပရိယတ©ိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ၏ နာယကချုပ် ဆရာတော်တစ်ပါး ဖြစ်နေပေပြီ။ ထေရ၀ါဒ တက္ကသိုလ်တွင်လည်း တာဝန်ထမ်းဆောင် နေပါသည်။ စာရေးသူနှင့် မကြာခဏဆုံစည်း ဖြစ်ကြပါသည်။ ဆုံစည်းသည့် အခါတွင်လည်း မန©လေးအကြောင်း ပြောဖြစ်ကြပါသည်။ စာရေးသူ၏ ဆရာဖြစ်သော အရှင်ဇနသာရနှင့် ဒေါက်တာအရှင်အာဒိစ္စ၀ံသသည် မိတ်ဆွေရင်းများ ဖြစ်ကြပါသည်။ သူတစ်ပါး၏ အကျိုးကို ဆောင်၇ွက်ပေး လိုသော စေတနာကောာင်းရှိသည့် ဆရာတော်ဟု ယူဆမိပါသည်။

စာရေးသူသည် အိန္ဒိယတွင် စာသင်ကြားနေခဲ့စဉ်က နယူးဒေလီသို့ နှစ်စဉ် ရောက်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် ပထမဆုံးအခေါက် ရောက်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင်လည်း ရောက်ရှိခဲ့ပါသေးသည်။ ၁၉၉၉ ခုနှစ်မှ၂၀၀၄ခုနှစ်အတွင်းတွင်မူ နှစ်စဉ် ရောက်ဖြစ်ခဲ့ပါသည်။ အကြောင်းမှာ စာတမ်းပြုစုနေကြသည့် မိတ်ဆွေရဟန်းတော် သုတေသန ကျောင်းသားများအတွက် ဆောင်ရွက်စရာများသည် တစ်ခုမဟုတ်တစ်ခု ပေါ်လာစမြဲဖြစ်ခဲ့ပေရာ စာရေးသူကပင် ဆောင်ရွက်စရာ အများစုကို ကူညီဆောင်ရွက် ပေးခဲ့ရသောကြောင့် ဖြစ်ပါသည်။ ယခုအခါတွင်မူ ကျောင်းသားများအတွက် ထိုအချိန်ကာလထက် လွယ်ကူသည့် စည်းကမ်းချက်များကြောင့် အခက်အခဲ နည်းပါးသွားရသည်ဟု တစ်ဆင့်စကားကို ကြားရသည်မှာ အလွန်ဝမ်းသာစရာ သတင်းကောင်းပင် ဖြစ်ပါသည်။ ထိုအချိန်က ခက်ခဲစွာဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ခုမှာ လူသားအရင်းမြစ်ဝန်ကြီးဋ္ဌာနမှ သဘောတူချက်စာ ဖြစ်ပါသည်၊ သုတေသနကျောင်းသားများသည် ထိုခွင့်ပြုစာရမှ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးတွင် ငါးနှစ်သက်တမ်းရှိ သုတေသနဗီဇာကို ရနိုင်ပါသည်။ သို့သော် သုံးနှစ်စာမျှသာ ရရှိခဲ့ပါသည်။ အကြောင်းမှာ နိုင်ငံကူးလက်မှတ်သည် ငါးနှစ်သက်တမ်း မရှိသောကြောင့် ပင်ဖြစ်သည်။ ထို့အတွက် သက်တမ်းကို နှစ်ခါတိုးရသည့် စရိတ်မှာ နှစ်ခါ ကုန်ခဲ့ရပါသည်။ တစ်ဦးလျှင် မြန်မာငွေ တစ်သိန်းခန့် ကုန်ပါသဖြင့် ကျောင်းသားများလေ ကုန်လေ ဖြစ်ပေမည်။

(၉) နာလန္ဒ ယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်ဇာဂရာဘိဝံသ

၂။ ဒေါက်တာအရှင်ဓမ္မာစာရ

၃။ ဒေါက်တာအရှင်သိရိန္ဒ

၎။ ဒေါက်တာအရှင်ကေလာသ

နာလနNတကUသိုလ်ကို ၁၉၅၁ ခုနှစ်တွင် ဗီဟာပြည်နယ်အစိုးရမှ တည်ထောင်ခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ သမတကြီး ရာဂြိန္ဒရာ ပရာဆတ် ကိုယ်တိုင် အုတ်မြစ်ချပေးခဲ့ပါသည်။ နာဠန္ဒတက္ကသိုလ်သည် ပါဠိနှင့် ဗုဒ္ဓစာပေတို့ကို အဓိကထား ပို့ချလျှက် မဟာဝိဇ္ဇာဘွဲ့ နှင့် ပါရဂူဘွဲ့များကို အပ်နှင်းပေးပါသည်။ ဗုဒ္ဓဂယာအနီးရှိ မဂဓတက္ကသိုလ်၏ လက်အောက်ခံ တက္ကသိုလ်တစ်ခုဖြစ်ကာ န၀နာလန္ဒမဟာဝိဟာရဟု အမည်တွင်ပါသည်။ န၀နာလန္ဒဟူသည် နာလန္ဒတက္ကသိုလ်အသစ်ဟု အဓိပ္ပါယ်ရှိပြီး တက္ကသိုလ်အဟောင်းကို အစွဲပြုကာ တည်ထောင်ထားပါသည်။ တက္ကသိုလ်အဟောင်း သည် အေဒီငါးရာစုက အကျော်ကြားဆုံး တက္ကသိုလ်တစ်ခုဖြစ်ခဲ့လျှက် ဆရာနှင့် ကျောင်းသားပေါင်း တစ်သောင်းကို ပညာပေးရာ ဗဟိုဋ္ဌာနတစ်ခုဖြစ်ခဲ့ပေရာ ကျောင်းသား ငါးဦး ဆရာတစ်ဦး နုန်းဖြင့် ပညာဖြန့်ဝေပေးခဲ့သည့်ဋ္ဌာနဟု မှတ်တမ်းများက ဆိုပါသည်။ ၀န်ထမ်းပေါင်း တစ်ထောင်နီးပါး ရှိခဲ့သော တက္ကသိုလ်တစ်ခုဖြစ်ခဲ့ပါလျှက် အေဒီ တစ်ဆယ့် တစ်ရာစုတွင် အတွင်းပိုင်းအုပ်စုကွဲပြားမှု၊ ထောက်ပံ့ပေးသည့် ဗုဒ္ဓဘာသာဘုရင်များ အဆက်ပြတ်သွားခဲ့မှု၊ ပေါ်တူဂီလူမျိုးတို့၏ ၀င်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရမှုတို့ကြောင့် တက္ကသိုလ် အဟောင်းမှာ အုတ်ပုံအဖြစ်သာလျှင် ကြွင်းကျန်ပါတော့သည်။ ယနေ့ခေတ် န၀နာလန္ဒာသည် ရှေးခေတ် နာလန္ဒာထက် နှစ်ပေါင်းအားဖြင့် တစ်ထောင်နီးပါး နောက်ကျပြီးမှ ပေါ်လာသော တက္ကသိုလ်အသစ် ဖြစ်ပါသည်။

အစဉ်အဆက်ပြောလာသော စကားအရ နာလန္ဒ၏အဓိပ္ပါယ်မှာ ရှေးအခါက ရေကန် တစ်ကန်တွင်နေသော နာလန္ဒမည်သော နဂါး၏အမည်ကို အစွဲပြုပြီး ခေါ်ဝေါ်ခြင်းဟု ဆိုပါသည်။ တရုပ်ခရီးသည်ရွှင်ကျမ်း၏ မှတ်တမ်းအရမူ နာလန္ဒ၏အဓိပ္ပါယ်မှာ အလှူအတန်း ပေးကမ်း ရက်ရောသောဘုရင်၏ အမည်ကို အစွဲပြုပြီး ရှင်ဘုရင်၏ အမည်ကိုလည်း နာလန္ဒာ၊ မြို့၏အမည်ကိုလည်း နာလန္ဒာ ဟုခေါ်ကြောင်း သိရပါသည်။ တင်းတိမ်ရောင့်ရဲခြင်း မရှိသည်ကို နာလန္ဒ၏ အဓိပ္ပါယ်အဖြစ် မှတ်ယူကြရပါမည်။ ဤဒေသတွင် အရှင်သာရိပုတ္တရာ မထေရ်၏ မွေးဖွာရာဇာတိဖြစ်သော နာလရွာ၊ သို့မဟုတ် နာလကရွာရှိပြီး ယခုခေတ်တွင် ထိုရွာ၏အမည်ကို ဗရဂွန်းရွာဟုခေါ်ပါသည်။ နာလန္ဒ ပါဠိတက္ကသိုလ်နှင့် မနီးမဝေးတွင် ဗရဂွန်းရွာ ရှိနေပါသည်။ ယနေ့ခေတ် န၀နာလန္ဒာသည် ရှေးခေတ်နာလန္ဒာနှင့် မိုင်ဝက်ခရီးမျှ ဝေးကွာပါသည်။ မြန်မာရဟန်းတော်များ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေရှ်စသော နိုင်ငံများမှ ရဟန်းတော်များသည် ယနေ့ခေတ် န၀နာလနNာတွင် ပညာသင်ယူနေကြပါသည်။

ဒေါက်တာအရှင်ဇာဂရာဘိဝံသ၊ ဒေါက်တာအရှင်ဓမ္ဓာစာရ၊ ဒေါက်တာအရှင်သိရိန္ဒ၊ ဒေါက်တာအရှင်ကေလာသတို့သည် န၀နာလန္ဒတက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့ကြသော မြန်မာ ရဟန်းတော်များ ဖြစ်ကြပါသည်။ စာရေးသူသည် သီရိလင်္ကာနိုင်ငံတွင် ရှိနေခဲ့စဉ်က ဆရာတော်ကြီး ဦးသုမနသာဂရက စာရေးခိုင်းဖူးခဲ့သဖြင့် ဒေါက်တာအရှင် ဇာဂရာ ဘိဝံသထံသို့ ပါရဂူဘွဲ့အတွက် အကြံဥာဏ်နှင့် အထောက်အပံ့ရပါစေရန် စာတစ် စောင် ရေးခဲ့ဖူးပါသည်၊ ဆရာတော်ထံသို့ ပို့လိုက်သော စာသည် ရောက်မရောက် မသိခဲ့ ရသလို ပြန်စာလည်းမရရှိခဲ့ပါ။ ဒေါက်တာအရှင်ဇာဂရာဘိဝံသမထေရ်ကို ယနေ့အထိ မဖူးတွေ့ဘူး သော်လည်း ဆရာတော်၏ သတင်းကိုမူ မိတ်ဆွေရဟန်းတော်များမှ တစ်ဆင့်ကြားသိ နေရပါသည်။ န၀နာလန္ဒတက္ကသိုလ်တွင်လည်း ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဟု သိရပြီး ယခုအခါတွင် ဆရာတော်ကြီးသည် သြစတေးလျတွင် သီတင်းသုံးနေပါသည်။ ဒေါက်တာအရှင်ဓမ္မာစာရကိုမူ ဖူးတွေ့ဖူးရုံသာမက ဆရာတော်၏ ကျောင်းတွင်လည်း အကြိမ်များစွာ တည်ခိုဖူးခဲ့ပါသည်။ ဆရာတော်ရေးသော ဆောင်းပါးအချို့ကိုလည်း ဖတ်ရပါသည်။ ဒေါက်တာအရှင်ဓမ္မာစာရသည် သူ၏ ဆရာသမားဖြစ်သော ဆရာတော်ကြီး ဦးဇာဂရနှင့်အတူ သြစတေးလျတွင် နှစ်ပေါင်းများစွာ သီတင်းသုံးနေခဲ့ပြီး ယခုအခါတွင်မူ သီးခြားကျောင်းခွဲပြီး တည်ထောင်ထားသည်ဟု သိရပါသည်။

ဒေါက်တာအရှင်သိရိန္ဒနှင့် ဒေါက်တာအရှင်ကေလာသတို့နှစ်ပါးတွင် တစ်ပါးသည် ဗုဒ္ဓဂယာအနီးရှိ ရှမ်းကျောင်းတွင် သီတင်းသုံးနေပြီး ဒေါက်တာအရှင်ကေလာသကို စာရေးသူသည် သီရိလင်္ကာနိုင်ငံ စာသင်ကြားခဲ့စဉ်ကပင် သိခဲ့ပြီး ဗုဒ္ဓဂယာ ဘုရားဖူး သောအခါတွင်လည်း သူ၏ကျောင်းသို့ ခေတ္တလည်ပတ်လေ့ရှိပါသည်၊ ဒေါက်တာ အရှင်သိရိန္ဒကမူ ကောလကတ္တားရှိ မြန်မာကျောင်းတွင် သီတင်းသုံးနေပါသည်။ ထိုမြန်မာကျောင်းသည်လည်း ဘုရားဖူးဧည့်သည်များအတွက် အဆင်ပြေစွာ တည်းခိုရသော ဋ္ဌာနတစ်ခုတွင် ပါဝင်ခဲ့ပါသည်။ စာရေးသူသည်လည်း အကြိမ်များစွာ တည်းခိုဖူး သောနေရာဖြစ်ပါသည်။ ဒေါက်တာအရှင်သိရိန္ဒ ကျောင်းထိုင် ဘုန်းကြီးဘ၀ မဖြစ်ခင်ကပင် စာရေးသူသည် တည်းခိုခဲ့ပြီး အရှင်သိရိန္ဒ ဒေါက်ကျောင်းထိုင်ဘ၀ တွင်လည်း တည်းခိုခဲ့ရပါသည်။ ကောလကတ္တား မြို့လည်တွင် တည်ရှိပြီး သွားလာရ အဆင်ပြေသော နေရာတွင်တည်ရှိသဖြင့် မြန်မာအများစုအတွက် အဆင်ပြေသည့် နေရာဖြစ်ပါသည်။

(၁၀) နိုင်ငံတော်ပရိယတ္တိ သာသနာ့ ယူနီဗာစီတီ (မြန်မာ)

၁။ ဒေါက်တာအရှင်ထေရိန္ဒ

နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်ခုစီ ရှိကြပါသည်။ ရန်ကုန်မြို့တွင် ကမ္ဘာအေးကုန်းမြေ၀င်း အတွင်းတွင် တည်ရှိပြီး မန္တလေးမြို့တွင် မန္တလေးတောင်၏အနီး မန္တလေး ရွှေကျောင်းတော်ကြီးနှင့် ကပ်လျှက်ရှိသော နေရာတွင်ရှိပါသည်။ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ပေါ်ထွန်းလာသည်အချိန်ထက် နှစ်အနည်းငယ် နောက်ကျပြီး တည်ထောင်ထားခဲ့သော အမွှာတကUသိုလ်( ရန်ကုန်၊ မန္တလေး ) ဖြစ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အကျိုးတော်ဆောင်ချုပ် ဆရာတော် ဖြစ်တော်မူခဲ့သော မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီး၏ ဦးဆောင်ကြိုးစားမှုကြောင့် အမွှာ တက္ကသိုလ် ( ရန်ကုန်၊ မန္တလေး ) သည် (၁၉၈၃) ခုနှစ်တွင် ပေါ်လာခဲ့သည်ဟု မှတ်သားမိပါသည်။ ယခုအခါ တက္ကသိုလ်၏ သက်တမ်းမှာ အနှစ်(၃၀)နီးပါး ရှိပြီဖြစ်ပြီး ရဟန်းတော်များအတွက်သာ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့သော အမွှာတက္ကသိုလ် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထေရ၀ါဒတက္ကသိုလ်ကဲ့သို့ ကျောင်းသားပေါင်းစုံ တက်ရောက် ခဲ့ခြင်းမရှိဘဲ မြန်မာပြည်မှ ပထမကြီးတန်း အောင်မြင်ပြီးသော ရဟန်းတော်များကိုသာ ၀င်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ပြုပြီးလျှင် အောင်မြင်ပါက ဘီအေအတွက် လေးနှစ်သင်တန်း၊ မဟာဝိဇ္ဇာတန်းအတွက် နှစ်နှစ်သင်တန်းတို့ကို တက်ရောက်သင်ကြားနိုင်ကြပြီး မဟာဝိဇ္ဇာတန်းအတွက်မူ စာတမ်းကိုလည်း ပြုစုကြရပါသည်။ စာသင်သား အရေအတွက်ကို ကန့်သတ်ပြီးသာ လက်ခံပါသည်။ လက်ခံသည့်အရေအတွက်မှာ နည်းလှသဖြင့် နှစ်စဉ် ပထမကြီးတန်း စာမေးပွဲအောင်သော သံဃာအရေအတွက် နှစ်ထောင်ကျော်ရှိနေရာ အမွှာတက္ကသိုလ်( ရန်ကုန် ၊မန©လေး )က လက်ခံနိုင်သည်မှာ စာသင်သား တစ်ရာခန့်မျှသာ ဖြစ်ပါသည်။

ဘီအေ တန်းကို အောင်မြင်ပြီးသော ရဟန်းတော်များသည် စာမေးပွဲ အောင်မြင် ပြီးနောက် မဟာဝိဇ္ဇာတန်းကို ဆက်လက်သင်ကြားခွင့်အတွက် တက်ခွင့်အမှတ် မမှီပါက တောင်တန်းဒေသသို့ သာသနာပြုနှစ်နှစ် သွားပြီးမှသာလျှင် ဘွဲ့တံဆိပ်ကို အပ်နှင်းပါသည်။ သို့မဟုတ်ပါက စာမေးပွဲကိုအောင်မြင်သော်လည်း ဘွဲ့လက်မှတ်ကို အပ်နှင်းခြင်း မခံရပါ။ ဆက်တက်ခွင့် အမှတ်မှီလျှင်မူ သင်တန်းနှစ်နှစ် ဆက်တက်ရပြီး အောင်မြင်ပါက ကျမ်းပြုတစ်နှစ်(စာတမ်းရေး)ကို ပေါင်းထည့်ပြီး သုံးနှစ်သင်ကြားကြရပါသည်။ ထိုမှတစ်ဆင့် ပါရဂူဘွဲ့အတွက် ဆက်လက်ပြီး သုတေသနပြုနိုင်ပြီး ဒေါက်တာဘွဲ့ကို ဆွတ်ခူးနိုင်ပါသည်။ သင်ကြားရသည့် ဘာသာရပ်များမှာ ဘာသာရေးနှင့်ဆိုင်သော သမိုင်း။ ပါဠိ၊ သက္ကတ၊ အင်္ဂလိပ်၊ ခေတ်လေ့လာနည်း။ အစိုးရဓမ္မာစရိယပုံစံ စာသင်နည်းတို့ဖြစ်ပါသည်။ အစိုးရဓမ္မာစရိယပုံစံ စာသင်နည်းဟု ရေးသားရခြင်းမှာ မြန်မာပြည်တွင် အစိုးရ သာသနဓဇဓမ္မာစရိယနှင့် တက္ကသီလဓမ္မာစရိယ (ဘီအေ) ဟု ပုံစံနှစ်မျိုး ကွဲပြားနေသော ကြောင့်ဖြစ်ပါသည်။ စာသင်သည့်နည်းမှာလည်း တိတိကျကျ မတူညီကြသည့်ပြင် တူညီသည့်အပိုင်းမှာလည်း ရှိနေပြန်ပါသည်။ တက္ကသိုလ်၏ပြင်ပမှ ပညာရှင်ဆရာကြီးများနှင့် တက္ကသိုလ်ဝင်း၏ အတွင်းတွင် သီတင်းသုံးနေကြသော ရဟန်းသံဃာ ဆရာတော်များက စာပေများကို ပို့ချပေးကြပါသည်။

အမွှာတက္ကသိုလ် ( ရန်ကုန်၊ မန္တလေး ) မှ ဘီအေဘွဲ့ရ သံဃာတော်များကို အရေ အတွက်များများ မွေးထုတ်ပေးခဲ့ပြီးလျှင် တောင်တန်းသာသနာပြု လုပ်ငန်းကိုလည်း အားဖြည့်ဆောင်ရွက် ပေးခဲ့ပါသည်။ မဟာဝိဇ္ဇာတန်း အောင်မြင်သော သံဃာများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီး အမွှာတက္ကသိုလ် ( ရန်ကုန်၊ မန©လေး ) မှ မည်သည့်ဘွဲ့ကို ရသည်ဖြစ်စေ နိုင်ငံခြားတက္ကသိုလ်များတွင် အဆင်ပြေစွာဆက်လက် သင်ကြား နိုင်ကြပါသည်။ ယခုအခါ နိုင်ငံခြားတက္ကသိုလ်များတွင် ဘွဲ့လွန်တက်နေကြသော အမွှာတက္ကသိုလ် (ရန်ကုန်၊မန္တလေး) မှ စာသင်သားများ အရေအတွက်များနေသည်ကို ကြားသိရပါသည်။

အမွှာတက္ကသိုလ် (ရန်ကုန်၊မန္တလေး) မှ လိုနေသော ကွက်လပ်တစ်ခု ရှိနေခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ် နီးပါးမျှရှိနေပါပြီ။ သို့သော်ကွက်လပ အနေဖြင့် ပါရဂူဘွဲ့ကို မအပ်နှင်း နိုင်သည့် အခြေအနေရှိနေခဲ့ပြီး အဆင်သင့်ဖြစ်မနေခြင်းကိုပင် ကွက်လပ်တစ်ခုဟု ရေးသားရခြင်းဖြစ်ပါသည်။ ဒေါက်တာဘွဲ့အတွက် လိုအပ်နေသော ဖြည့်ပေးရမည့် ကွက်လပ်ကို မဖြည့်ဆည်းနိုင်ခဲ့သည်မှာ ဆယ်စုနှစ် သုံးခုနီးပါး (နှစ်ပေါင်းသုံးဆယ်) ရှိနေသည်ကို သိကြသဖြင့် ကြံစည်စိတ်ကူးခဲ့ကြပေရာ (၂၀၁၀) ပြည့်နှစ်ရောက်မှသာလျှင် ထိုကွက်လပ်ကြီးကို ဖြည့်ဆည်း ပေးနိုင်ခဲ့တော့သည်။ ဖြည့်ဆည်းပေးသူမှာ များများမဟုတ် တစ်ပါးတည်းသာလျှင်ဖြစ်ပြီး ပါမောက္ခအဆင့်ရှိ ကျောင်းသားကြီး ဒေါက်တာအရှင်ထေရိန္ဒ မထေရ်ဖြစ်ပါသည်။ အမွှာတက္ကသိုလ် (ရန်ကုန်၊မန္တလေး) အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် မျိုးဆက်သစ် ငယ်ရွယ်သော ပါရဂူကျောင်းသား ရဟန်းတော်များကို မိခင် အမွှာတက္ကသိုလ်ကပင် မွေးထုတ်ပေးနိုင်ပြီး နောင်တွင်ပေါ်လာဦး မည်ဟု မျှော်လင့် ရပေသည်။

ကျောင်းသားကြီး ဒေါက်တာအရှင်ထေရိန္ဒ မထေရ်ကို သိသလားဟု စာရေးသူကို မေးလျှင်သိပါသည်ဟု ဖြေရမည်ပင်၊ တကယ်သိရဲ့လားဟု ထပ်ဆင့်မေးလာခဲ့သော် မသိပါဟု ဖြေဆိုမှသာလျှင် သစ္စာကိုရင်ဝယ်ပိုက် ဆိုသော စကားဖြစ်ပေမည်။ သိပါသည်ဟု ဖြေရခြင်းမှာ စာရေးသူ အမွှာတက္ကသိုလ် (ရန်ကုန်) သို့ မကြာခဏ လည်ပတ်သောအခါ တွေ့နေခဲ့ရသည့်အပြင် နုတ်ဆက်စကားကိုလည်း ပြောဆိုခဲ့ဖူးပါသည်။ ရဟန်းခံပွဲ တစ်ခုတွင်လည်း ဆုံမိကြပါသည် သို့အတွက် သိနေပါသည်ဟု ဖြေဆိုရခြင်းဖြစ်ပါသည်။ မသိဟုဖြေဆိုရခြင်းမှာ စာရေးသူနှင့် အတူတကွ စာသင်ဖက်လည်းမဟုတ်၊ အရွယ်ခြင်းလည်းမတူ၊ နေရာချင်းလည်းကွဲပြား ခြားနားချက်တွေ များနေသဖြင့် မသိသည့်အပိုင်းက သိသည့်အပိုင်းထက်များနေပြန်သဖြင့် တကယ်မသိပါဟု ဖြေဆိုရပါသည်။ မည်သို့ပင်ဖြစ်စေ ကွက်လပ်ဖြည့် ဆရာတော်အတွက် ဂုဏ်ယူမိသည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။

(၁၁) ပုနေးယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်ဃောသိတ

၂။ ဒေါက်တာအရှင်ကိတ္တိဗလ

၃။ ဒေါက်တာအရှင်တေဇိန္ဒ

၎။ ဒေါက်တာအရှင်မာလာသိရီ

၅။ ဒေါက်တာအရှင်ဝိစိတ္တ

ပုနေး တက္ကသိုလ်အကြောင်း မဖေါ်ပြမှီ အိန္ဒိယ၀န်ကြီးချုပ်ဟောင်း ဂျဝါဟလာနေရူး၏ စကားကိုဖေါ်ပြ ချင်ပါသည်။ တက္ကသိုလ်သည် လူသားဝါဒနှင့်သည်းခံမှုအတွက် ရပ်တည်ရသည်မှာ အတွေးအခေါ်နှင့် အမှန် တရားအတွက်ဖြစ်ပါသည်။ ပိုအဆင့်မြင့်သော ရည်ရွယ်ချက်များအတွက် ရှေ့သို့ချီတက်နေကြသော လူသားများအတွက် ရပ်တည်ပေးရပါသည်။ ထိုရည်ရွယ်ချက် ထမြောက်ပါလျှင် တက္ကသိုလ်သည် တိုင်းပြည်နှင့် လူမျိုးအတွက်ဖြစ်ပေသည်။ ပုနေတက္ကသိုလ်သည် ၀န်ကြီးချုပ်၏ အထက်ပါစကားကို အလေးထားပြီး ဖေါ်ပြထားပါသည်။ ယခင်က ပိုးနား တက္ကသိုလ်ဟုခေါ်ခဲ့ပြီး ယခုအခါ ပုနေးဟုပြောင်းလဲလိုက်သော ဤတက္ကသိုလ်ကို ၁၉၄၈ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လေးရာတစ်ဆယ့်တစ်ဧကကျယ်ဝန်းပြီး စာသင်ကြား ပေးသည့်ဋ္ဌာနပေါင်း လေးဆယ်ရှိပါသည်။ ဤတက္ကသိုလ်နှင့် ဆက်သွယ်ထားသော ကောလိပ်ကျောင်းပေါင်း၂၀၉ခုနှင့် ဤတက္ကသိုလ်က အသိအမှတ်ပြုထားသော သုတေသန ဋ္ဌာနပေါင်း ၁၁၈ခု ရှိပါသည်။ ပါရဂူတန်း။ မဟာဝိဇ္ဇာတန်း၊ ဘီအေတန်း နှင့် အခြားသောအတန်းရှိ ကျောင်းသားအားလုံး အရေအတွက်မှာ တစ်သိန်းခုနှစ်သောင်းဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများသည် ပုနေး တက္ကသိုလ်နှင့် သက်ဆိုင်ရာကောလိပ် သုတေသနဋ္ဌာနများတွင် စာသင်ယူနေကြပြီး နိုင်ငံပေါင်းကိုးဆယ့်ကိုးနိုင်ငံမှ ကျောင်းသားပေါင်း တစ်သောင်း လေးထောင်ရှိပါသည်။

ဤတက္ကသိုလ်၏ လိုဂိုမှာ မြင်းပျံနှစ်ကောင်ဖြစ်ပြီး ထိုနှစ်ကောင်သည် မျက်နှာချင်းဆိုင် လျှက်ပညာရေး အဆောက်အဦးကြီးတစ်ခုကို မြှောက်ထားသည့်ပုံဖြစ်ပြီး အဆောက်အဦး၏ ထိပ်တွင် အလံတိုင်ကို စိုက်ထူထားပါသည်။ အဆောက်အဦးနှင့် မြင်းပျံတို့သည် ဘီးတပ်ထားသည့် စင်ပေါ်တွင်ရှိနေကြပါသည်။

စာရေးသူသည် ၁၉၉၉ခုနှစ်က မွမ်းဘိုင်းတက္ကသိုလ်သို့ စာသင်ယူရန်ရောက်လာခဲ့ပြီး ကျောင်းတက်ရန်ကြိုးစားခဲ့ပေရာ ကျောင်းဝင်ခွင့်နှင့်ဗီဇာရရန် ကျောင်းနှင့်အစိုးရဋ္ဌာန ဥပဒေအရ အခက်အခဲရှိနေခဲ့သဖြင့် မွမ်ဘိုင်းတက္ကသိုလ်တက်ရောက်ရေးအတွက် လက်လျော့ခဲ့ပြီးလျှင် ဤပုနေးတက္ကသိုလ်သို့ ပထမဆုံး လာရောက်ဆက်သွယ်မိခဲ့သေးသည်။ နောက်ပိုင်းတွင် အဆက်အသွယ်ကောင်း ရခဲ့ပြီးလျှင် မွမ်ဘိုင်းတက္ကသိုလ်မှာပင် ကျောင်းသားဖြစ်ခဲ့တော့သည်။ ထိုအချိန်က စာရေးသူ၏မိတ်ဆွေ ဒေါက်တာအရှင်ဃောသိတ တစ်ပါးတည်းသာ ဤတက္ကသိုလ်တွင် မြန်မာကျောင်းအနေဖြင့် တက်ရောက်နေခဲ့ပြီး ထိုင်းနိုင်ငံမှ ရဟန်းတော်ကျောင်းသား အများအပြား ထိုစဉ်ကတည်းက ရှိနေခဲ့ကြပါသည်။ ဤတက္က သိုလ်သည် အိန္ဒိယပြည် အနောက်ခြမ်းရှိ မဟာရဋ္ဌပြည်နယ်တွင်တည်ရှိပြီး စာရေးသူတို့ စာသင်ကြားခဲ့ရာ မွန်ဘိုင်းမြို့နှင့် အနီးဆုံးဖြစ်ပါသည်။ မြန်မာရဟန်းတော် ကျောင်းသားများ အများစု စာသင်ယူကြရာဖြစ်သော အိန္ဒိယပြည် အရှေ့ပိုင်းပြည်နယ်များနှင့် အလှမ်းဝေးလှပါသည်။ နောက်ပိုင်းကာလတွင်မူ မြန်မာရဟန်းတော် ကျောင်းသားများစွာတို့သည် ပုနေးနှင့် မွမ်ဘိုင်းတက္ကသိုလ်တို့သို့ အဆက်အသွယ်ကောင်းရကြသဖြင့် တက်ရောက်သင်ယူခဲ့ကြပါသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်ရှိ အခြားတက္ကသိုလ်များ ကဲ့သို့ ထိုတက္ကသိုလ်နှစ်ခုမှ ပါရဂူဘွဲ့ရရဟန်းတော်များ အရေအတွက်လျှင်မြန်စွာ တိုးလာပေတော့မည်။

ဒေါက်တာအရှင်ဃောသိတ၊ ဒေါက်တာအရှင်ကိတ္တိဗလ၊ ဒေါက်တာအရှင်တေဇိန္ဒ၊ ဒေါက်တာ အရှင်ကေ၀လ၊ ဒေါက်တာအရှင်မာလာသိရီ၊ ဒေါက်တာအရှင်ဝိစိတ္တတို့သည် ပုနေး တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည့် ရဟန်းတော်များဖြစ်ကြပြီး ဒေါက်တာအရှင် ဃောသိတသည် ဂျာမနီတွင်ဆရာ အဖြစ်ဆောင်ရွက်နေပြီး (၁၉၉၇) ခုနှစ်က စာရေးသူနှင့်အတူတူ သီရိလင်္ကာနိုင်ငံတွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သူဖြစ်ပါသည်။ ဒေါက်တာအရှင်ဝိစိတ္တသည် စင်ကာပူတွင်သာသနာပြုနေလျှက်ရှိပြီး ကျန်ရဟန်းတော် များမှာ မြန်မာပြည်တွင် သီတင်းသုံးနေကြပါသည်။ ဒေါက်တာအရှင်ကိတ္တိဗလနှင့် ဒေါက်တာအရှင်ကေ၀လတို့မှာ သီတဂူဗုဒ္ဓတက္ကသိုလ်၏ အစီအစဉ်ဖြင့် ပညာသင်ကြား ခဲ့ကြသည့် ရဟန်းတော်များဖြစ်ကြပြီး ဒေါက်တာအရှင်မာလာသိရီသည် ရန်ကုန် ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ ဘွဲ့ရရဟန်းတော်ဖြစ်ကာ ယခုအခါ ကျိုက်မရောမြို့တွင် သီတင်းသုံးနေ သည်ဟုသိရပြီး ဒေါက်တာအရှင်တေဇိန္ဒမှာမူ ရန်ကုန်တွင် သီတင်းသုံးသည်ဟု သိရပါ သည်။ စာရေးသူသည် ဒေါက်တာအရှင်ဝိစိတ္တ (စင်ကာပူ) နှင့် မတွေ့ဘူးသော်လည်း သူသီတင်းသုံးရာကျောင်းသို့ (၂၀၀၈) ခုနှစ်က တစ်ည တည်းခိုဖူးခဲ့ပါသည်။ ကျန်ရဟန်းတော်များ အားလုံးနှင့်မူ အကြွမ်းဝင်ပါသည်။

(၁၂) ဗာရာဏသီ ဟိန္ဒူ ယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်ရေ၀တဓမ္မ

၂။ ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိ

၃။ ဒေါက်တာအရှင်ဝါသိရီ

၎။ ဒေါက်တာအရှင်ဣန္ဒက

၅။ ဒေါက်တာအရှင်အဂ္ဂဓမ္မ

၆။ ဒေါက်တာအရှင်ဥာဏောဘာသ

၇။ ဒေါက်တာအရှင်ကေတု

၈။ ဒေါက်တာအရှင်သဇ္ဇန

၉။ ဒေါက်တာအရှင်ကေ၀လ

ဤတက္ကသိုလ်သည် အာရှတိုက်တွင် အကြီးဆုံးဟုဆိုထားပါသည်။ ကျောင်းသား ပေါင်းတစ်သောင်း နှစ်ထောင်ကျော် နေ့ကျောင်းသားအဖြစ် တက်ရောက် သင်ကြားနေ သည်ဟု တက္ကသိုလ်၏ ၀က်(ဘ်)ဆိုက်တွင် ဖေါ်ပြထားပါသည်။ ၁၉၁၆ ခုနှစ် တွင် ပန်ဒစ်မဒမ်မိုဟန်မာလ၀ီရက တည်ထောင်ခဲ့ပါသည်။ ဧကပေါင်း၂၇၆၀ ကျယ်ဝန်းပြီး ကာရှိနာရေခ်ျက မြေကို လှူဒါန်းခဲ့သည်ဟု သိရပါသည်။ ဤ်တက္ကသိုလ်တွင် စာသင်ပေးသည့်ဋ္ဌာနပေါင်း တစ်ရာ့လေးဆယ်ရှိပြီးလျှင် ကျောင်းသားနှင့် ကျောင်းသူများ အတွက် အဆောင်ပေါင်း ငါးဆယ့်ငါးခု ရှိသည်ဟုသိရပါသည်။ အိန္ဒိယနိုင်ငံ၏ သုတေသန စာတမ်းအရေးအသားနှင့်စပ်၍ သုတေသနပြုနယ်ပယတွင် ဤ်တက္ကသိုလ်သည် (၂၀၁၀) ခုနှစ်တွင် ဒုတိယအဆင့်တွင်ရှိပြီး နယူးဒေလီတက္ကသိုလ်မှာ ပထမအဆင့်တွင် ရှိသည် ဟုဆိုပါသည်။ ဤတက္ကသိုလ်၏ သက်တမ်းတစ်ရာနီးပါးအတွင်း တက္ကသိုလ်၏ ဒုတိယ အဓိပတိပေါင်း တစ်ဆယ့်သုံးဦး ပြောင်းလဲခဲ့ပြီး ယခုအခါ တက္ကသိုလ်၏ဒုတိယ အဓိပတိမှာ ဒေါက်တာ ကိရန်ဆင်း(ဂ်) ဖြစ်ပါသည်။ ပြည်နယ်တိုင်း၏ အကြီးဆုံး အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာပြည်နယ်ရှိ တက္ကသိုလ်တို့၏ ပထမအဓိပတိ ဖြစ်ပါသည်။ ပထမအဓိပတိ၏ အခန်းကဏ္ဍသည် ဂုဏ်ထူးဆောင်ရုံမျှဖြစ်ပြီး ပညာရေးနှင့်ပတ်သက်ပြီး အဓိကတာဝန် ဆောင်ရွက်သည်မှာ တက္ကသိုလ်၏ ဒုတိယအဓိပတိဖြစ်ပါသည်။ ယခုအချိန်တွင်မူ ဒေါက်တာ ကိရန်ဆင်း(ဂ်)သည် တာဝန်အကြီးဆုံးဖြစ်ပါသည်။

တက္ကသိုလ်၏ အမည်ကို ဟိန္ဒူထည့်၍ ဗာရာဏသီ ဟိန္ဒူ ယူနီဗာစီတီဟု အမည် ပေးထားသော်လည်း နိုင်ငံစုံမှ ဘာသာမတူကွဲပြားသော ကျောင်းသားနှင့် ကျောင်းသူ များလည်း တက်ရောက်သင်ယူနိုင်ကြပါသည်။ ဟိန္ဒူထည့်၍ နာမည် ပေးထားခြင်းမှာမှာ အကြီးမြတ်ဆုံး သခင်၏ တန်ခိုးဖြင့် ပညာသင်ယူနေကြသူများ ဖြောင့်မတ်စွာ ပညာရေးခရီး ပြီးစီးကြပါစေရန် ရည်သန်လျှက် နာမည်ပေးထားခြင်းဖြစ်ပြီး တက္ကသိုလ်၏ (လိုဂို) တံဆိပ်ကိုပင် ပညာရေး နတ်သမီးဖြစ်သော သူရဿတီနတ်သမီးပုံဖြင့် ဂုဏ်ပြု ဖေါ်ပြထားပါသည်။

ဤတက္ကသိုလ်သည် ဗဟိုအစိုးရ၏ လက်အောက်တွင်ရှိသော တက္ကသိုလ် ပေါင်းနှစ် ဆယ့်နှစ်ခုတွင် တစ်ခုအပါဝင်ဖြစ်ပါသည်။ ယခု (၂၀၁၀) ခုနှစ်မှာမူ ဗဟိုအစိုးရ၏ လက်အောက်တွင်ရှိသော တက္ကသိုလ် အရေအတွက်မှာ တိုးပွါးလာခဲ့ပါသည်။ အရေ အတွက်အားဖြင့် တက္ကသိုလ် တစ်ဆယ့်ခုနှစ်ခု တိုးပွါးလာခဲ့ပြီဟု သိရပါသည်။ ဗဟိုအစိုး ရ၏ လက်အောက်တွင်ရှိသော တက္ကသိုလ် အရေအတွက်မှာ စုစုပေါင်း (၃၉) ခုရှိပါပြီ။ အိန္ဒိယနိုင်ငံရှိ ပြည်နယ် (၂၈) ခုအားလုံးတွင် မတည်ထောင်နိုင်သေး သော်လည်း ပြည်နယ် စုံတွင်ဖြန့်ပြီး ဗဟိုအစိုးရ၏ တက္ကသိုလ်များကို တည်ထောင်ထားပါသည်။ ပြည်နယ် အစိုးရ၏ တက္ကသိုလ် အရေအတွက်က ပိုများပါသည်။ ဤဗာရာဏသီမြို့တွင် တက္ကသိုလ်လေးခု ရှိရာ မြန်မာရဟန်းတော် ကျောင်းသားများ လေ့လာသင်ယူနေသော တက္ကသိုလ်မှာ နှစ်ခုဖြစ်ပါသည်။ ဗာရာသီမြို့ရှိ တက္ကသိုလ်နှစ်ခု၏ ပြင်ပဋ္ဌာနများတွင်လည်း ရှေးအခါက သာသနာ့အာဇာနည် မြန်မာရဟန်းတော်များ ဘာသန္တရစာပေကို ဆည်းပူးလေ့ လာခဲ့ကြပါသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌ (တောင်တွင်း) အရှင်အာနန္ဒပဏ္ဍိတ (ဗာရာဏသီ-ပြည်မြို့) စသည်တို့ ဖြစ်ပါသည်။

စာရေးသူ သိရှိသောစာရင်းအရ ဤဗာရာဏသီ ဟိန္ဒူ တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့ပြီးသော ဒေါက်တာဘွဲ့ရစာရင်းမှာ ရဟန်းတော် ကိုးပါးဖြစ်ပါသည်။ ဗာရာဏသီမြို့ရှိ တစ်ခြားတက္ကသိုလ်မှ ပါရဂူဘွဲ့ရ ရဟန်းတော် ခုနှစ်ပါးဖြစ်ပါသည်။ ယခုအရေအတွက်ထက် အနည်းငယ် ပိုနိုင်ပါသေးသည်။ ဤဗာရာဏရာ ဏသီမြို့ရှိ တက္ကသိုလ်နှစ်ခုမှ ပါရဂူဘွဲ့ရသော မြန်မာရဟန်းတော် အရေအတွက်မှာ တစ်ဆယ့်ငါးပါးကျော်ပါပြီ။

ဤတက္ကသိုလ် ရဟန်းတော် စာသင်သားများသည် ယခုနှစ်များအတွင်းမှသာ စာပေများကို လေ့လာခဲ့သည်မဟုတ်ပေ။ လွန်ခဲ့သောနှစ်ပါင်း လေးဆယ်နီးပါးမှပင် ရှိခဲ့ပါသည်။ ပါရဂူဘွဲ့ရခဲ့ကြပြီး ထင်ရှားသော ဆရာတော်နှစ်ပါးမှာ ဆရာတော်ကြီး ဒေါက်တာအရှင်ရေ၀တဓမ္မ (ဘာမင်ဂန်-အင်္ဂလန်) နှင့် ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိ (ဗာရာဏသီမြို့၊အိန္ဒိယ) စာရေးဆရာကြီးပါရဂူ၊ (ဆရာကြီးသည် ရဟန်းဘ၀က ဤတက္ကသိုလ်Y စာသင်ခဲ့ပါသည်) တို့ဖြစ် ကြပြီး ယခုအခါတွင်မူ ဆရာတော်ကြီးများ မရှိကြတော့ဘဲ ဆရာကြီးပါရဂူသည် သက်ရှိထင်ရှားဆဲရှိနေပါသည်။

စာရေးသူသည် ထိုဆရာတော်ကြီးနှစ်ပါး (အရှင်ရေ၀တဓမ္မ-ဘာမင်ဂန်-အင်္ဂလန် နှင့် ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိ-ဗာရာဏသီမြို့၊ အိန္ဒိယ) တို့နှင့် တစ်နှစ်တည်းတွင် တိုက်တိုက် ဆိုင်ဆိုင် ဖူးတွေ့ခဲ့ရပါသည်။ တစ်ပါးကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မြန်မာကျောင်းတွင် (၁၉၉၇) ခုနှစ် နှစ်လယ်ပိုင်းတွင် ဖူးတွေ့ခဲ့ရပြီးလျှင် ဆရာတော်ကြွချင်သော နေရာသို့ပင် အရှင်သုန္ဒရ (မြင်းခြံ) နှင့်အတူ ပို့ဆောင် ပေးခဲ့ရပါသည်။ ထိုအချိန်က ဆရာတော်ကြီး ဒေါက်တာ အရှင်ရေ၀တဓမ္မ (ဘာမင်ဂန်-အင်္ဂလန်) သည် အင်္ဂလန်ရှိ သူ၏ကျောင်းတွင် ဘုရားစေတီ တည်နေသည့် အချိန်ဖြစ်သည်ဟု မိန့်ခဲ့ပါသည်။

မြန်မာပြည်မှပါလာခဲ့သော ဒေါ်လာငွေနှင့် စတာလင်ပေါင်အချို့ကို စာရေးသူ၏ မိတ်ဆွေဘုန်းတော်ကြီး အရှင်ပညိန္ဒ၏ အထံတွင် အပ်နှံခဲ့ပါသည်။ ထိုစဉ်က ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ လဲပေးလိုက်သောငွေများမှာ ဒေါ်လာနှင့် စတာလင်ပေါင် စုစုပေါင်း ခုနှစ်သောင်း ကျာ်ရှိခဲ့ပါသည်။ တစ်ကြိမ်သာလျှင်ဖူးတွေ့ စကားပြောခဲ့ပြီးနောက် နောက်တစ်ကြိမ် ဖူးတွေ့ရတော့ခြင်းမရှိဘဲ ဘီဘီစီမှ ပျံလွန်တော်မူသည့် သတင်းကိုသာ ကြားလိုက်ရ ပါတော့သည်။ ဆရာတော်ကြီးသည ဤတက္ကသိုလ်တွင် ရှိခဲ့စဉ် သဂြိုဟ်ကျမ်းကို ဟိန္ဒီဘာသာဖြင့် ရေးသားပြုစုခဲ့ပြီး ထိုပြုစုခဲ့သောစာအုပ်မှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါသည်။

ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိ (ဗာရာဏသီ) ကိုမူ (၁၉၉၇) ခုနှစ် ဒီဇင်ဘာလ တွင်ဖူးတွေ့ခဲ့ရပြီးလျှင် တစ်ကြိမ်မျှသာမက စာရေးသူ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် စာသင်ယူနေခဲ့စဉ်ကလည်း ဖူးတွေ့ဖူးပါသည်။ ဆရာတော်သည် စကားပြောပိုင်နိုင်သည့် ဆရာတော်ဖြစ်ပြီး ဗဟုသုတကြွယ်ဝပါသည်။ မြန်မာရဟန်းတော်များအပေါ် သိစေတတ်ချင် တတ်စေချင်သော စေတနာ အပြည့်အ၀ရှိခဲ့ပါသော်လည်း ဆရာတော်၏ ဆန္ဒများပြည့်ဝ သွားသည့် အနေအထားမရှိခဲ့ပါ။ ဆရာတော်ကြီးသည် အသိနှင့် အကျင့်ကို ညီမျှစွာ အသုံးချနိုင်ခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါ၏လောဟု စာရေးသူ အမြဲတမ်း မေးခွန်း ထုတ်နေခဲ့မိပြီး သူ၏ပြောစကားများအပေါ် များစွာသံသယရှိခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ စာရေးသူ ငါးကြိမ်မြောက်ဘုရားဖူး ခရီးစဉ်တွင်လည်း ဆရာတော်ကြီး၏ ကျောင်းတွင် သုံးညမျှတည်းခိုခဲ့ပြီး စကားလက်ဆုံ ကျခဲ့ပါသည်။ သဘောမတူသည့် အကြောင်းအရာများကိုသာ ဆရာတော်၏အထံမှ ကြားခဲ့ရပါသည်။ ကျေးဇူးတင်ရသည်မှာ စာရေးသူတို့ အပေါ်တွင် ဧည့်ဝတ်ကျေခဲ့ပါသည်။

ဆရာတော်ကြီးသည် များသောအားဖြင့် သူ၏လုပ်ဆောင် ချက်များကို အသားပေးပြီး အာဘောင်သန်သန် ပြောခဲ့ပါသည်၊ လက်တွေ့ဆောင်ရွက်ချက်များ အနေ ဖြင့်မူ မရှိလှပါ။ ၂၀၀၈ ခုနှစ်တွင်မူ ဆရာတော် ပျံတော်မူခဲ့ပေပြီ။ ဆရာတော်ကြီးဒေါက်တာ အရှင်ရေ၀တဓမ္မ (ဘာမင်ဂန်-အင်္ဂလန်) နှင့် ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိ (ဗာရာဏသီ) သည် မြန်မာရဟန်းတော်များလောကတွင် အထူးထင်ရှားသော ဆရာတော်ကြီးများဖြစ်ခဲ့ကြပြီး ဗာရာဏသီ ဟိန္ဒူ တက္ကသိုလ်ထွက် ရဟန်းတော်များ ဖြစ်ကြပါသည်။

ဒေါက်တာအရှင်ဝဏ္ဏသိရီ၊ ဒေါက်တာအရှင်ဣန္ဒက၊ ဒေါက်တာအရှင်အဂ္ဂဓမ္မ၊ ဒေါက်တာအရှင်ဥာဏောဘာသ၊ ဒေါက်တာအရှင်ကေတု၊ ဒေါက်တာအရှင်သဇ္ဇန နှင့် ဒေါက်တာ အရှင်ကေ၀လ တို့သည်လည်း စာရေးသူနှင့် တစ်ခေတ်ထည်းတွင် စာသင်ဖက် များဖြစ်ခဲ့ကြပြီး ဒေါက်တာအရှင်ဝါသိရီသည် စာရေးသူထက် တစ်နှစ်စောပြီး ပါရဂူဘွဲ့ ဆွတ်ခူခဲ့ပြီး ကျန်ခြောက်ပါးသော ရဟန်းတော်များမှာ စာရေးသူထက် နောက်ကျမှ ပါရဂူဘွဲ့ ပြီးစီးခဲ့ကြပါသည်။

ဒေါက်တာအရှင်ဝဏ္ဏသီရီ၊ ဒေါက်တာအရှင်ဣန္ဒက၊ ဒေါက်တာအရှင်အဂ္ဂဓမ္မ တို့သည် သက်ဆိုင်ရာ သူတို့၏ ဋ္ဌာနများတွင် စာသင်ကျောင်းများဖွင့်ပြီး လူမှုရေးကိစ္စများ ဆောင်ရွက် ပေးနေကြပြီး ဒေါက်တာအရှင်ဥာဏောဘာသ၊ ဒေါက်တာအရှင်ကေတု တို့နှစ်ပါးသည် နိုင်ငံတော် ပရိယတ္တိသာသနာ တက္ကသိုလ်တွင် ဆရာများအဖြစ် ဆောင်ရွက်ပေးနေကြပြီး ဒေါက်တာအရှင်သဇ္ဇနသည် သီတဂူတက္ကသိုလ်တွင် ဆရာအဖြစ်ဆောင်ရွက်နေလျှက် ဒေါက်တာအရှင်ကေ၀လမှာမူ အိန္ဒိယပြည်တွင် သီတင်း သုံးလျှက် ရှိနေပါသည်။

(၁၃) မဂဓယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်ပ၀ရာဘိဝံသ

၂။ ဒေါက်တာအရှင်နေမိန္ဒ

၃။ ဒေါက်တာအရှင်ဥာဏဂ္ဂ

၎။ ဒေါက်တာအရှင်သောပါက

၅။ ဒေါက်တာအရှင်သုန္ဒရ

၆။ ဒေါက်တာအရှင်သုပီယ

၇။ ဒေါက်တာအရှင်ဇ၀န

၈။ ဒေါက်တာအရှင်သြသဓ

၉။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

၁၀။ ဒေါက်တာအရှင်ပဏ္ဍိတ၀ရာဘိဝံသ

၁၁။ ဒေါက်တာအရှင်ဇယတိဿ

၁၂။ ဒေါက်တာအရှင်ပညာသုတ

၁၃။ ဒေါက်တာအရှင်နန္ဒောဘာသ

၁၄။ ဒေါက်တာအရှင်နာယက

၁၅။ ဒေါက်တာအရှင်သီလ၀ံသ

၁၆။ ဒေါက်တာအရှင်ရာဇိန္ဒ

၁၇။ ဒေါက်တာအရှင်သုန္ဒရ

၁၈။ ဒေါက်တာအရှင်မိလိန္ဒ

၁၉။ ဒေါက်တာအရှင်ပညာလင်္ကာရ

၂ ၀။ ဒေါက်တာအရှင်အာဒိစ္စ

၂၁။ ဒေါက်တာအရှင်သဒ္ဓမ္မ

၂၂။ ဒေါက်တာအရှင်သောဘန

၂၃။ ဒေါက်တာအရှင်ဝိမလ

၂၄။ ဒေါက်တာအရှင်ခေမာသိရီ

မဂဓတက္ကသိုလ်မှ စာမေးပွဲစစ်ဆေးရေးမှူးချုပ်၏ (၂၀၁၀) ခုနှစ် မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်ကို အင်တာနက်မှ ဖတ်ရသောအခါ အလွန်ပင် ထူးဆန်းသောသတင်းဟု မှတ်ယူမိပေသည်။ ကြေညာချက်မှာ အပြည့်အစုံမှာ - ၂ရက် ဖေဖ၀ါရီလ ၂၀၁၀ ခုနှစ် ညနေ(၄)နာရီအချိန်တွင် ထုတ်ပြန်ပေးမည့် ဂေဇက်ကို စောင့်မျှော် နေကြသော ၂၀၀၈ ခုနှစ်အတွက် ၀င်ခွင့်စောင့်မျှော်နေကြသည့် ဘွဲ့လွန် ကျောင်းသားများ နှင့် ၂၀၀၇ ခုနှစ်ကတည်းက နောက် ဆုံးနှစ်စာမေးပွဲကို ဖြေဆိုခဲ့ပြီးကြသော ဘွဲ့လွန် ကျောင်းသားများအတွက် မဂဓတက္ကသိုလ်မှ ဆန္ဒမွန်ပြုအပ်ပါသည် ဟူ၍ဖြစ်ပါသည်။ ဆိုလိုသည်မှာ ၂၀၀၇ခုနှစ် နှင့် ၂၀၀၈ခုနှစ် ဘွဲ့လွန်ကျောင်းသားများအတွက် တက္ကသိုလ်မှ ဆုမွန်ကောင်း တောင်းပေးပုံ ဖြစ်ပါသည်။ တောင်းပေးသည့် နေ့စွဲမှာ ၂၀၁၀ မေလ ဖြစ်နေသည့်အတွက် ဂေဇက်ထွက်သည့်ရက်မှာ သုံးနှစ်နီးပါးကြာမှ ဖြစ်သဖြင့် ထူးဆန်းသည်ဟု ဆိုလိုက်ပါသည်။ မဂဓ တက္ကသိုလ်၏ ရုံးလုပ်ငန်းများ ဖင့်နှေးသည်ဟု ကြားသိ နေရသည်မှာ ထုံးစံလိုဖြစ်ပါသည်။ မဂဓ တက္ကသိုလ်ကို ၁၉၆၂ ခုနှစ် မတ်လ ၁ရက်နေ့က တည်ထောင်ခဲ့ပြီး ဧက ၄၆၀ ကျယ်ဝန်းသည့်အတွက် ဘီဟာပြည်နယ်တွင် အကြီးဆုံး တက္ကသိုလ်တစ်ခု ဖြစ်ပေသည်။ ဘီဟာပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် ဆင်းရဲလွန်းသည့် ပြည်နယ်တစ်ခု ဖြစ်ပါသည်။ အိန္ဒိယ သမ္မတရာဓကရစ်သျှနားပါဝင် အုတ်မြစ်ချပေးခဲ့ပြီး ဒေါက်တာ ကေ ကေ ဒတ်တသည် မဂဓ တက္ကသိုလ်ကို တည်ထောင်သူလည်းဖြစ် ဒုတိယအဓိပတိ လည်း ဖြစ်ပေသည်။ မဂဓ တက္ကသိုလ်တွင် ကျောင်းသားများ အတွက် အဆောင်ကိုးခု ရှိပါသည်။ ဤမဂဓ တက္ကသိုလ်သည် ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ကြီးမှ နှစ်ကီလိုမီတာမျှသာ ဝေးသောနေရာတွင် တည်ရှိပြီး ထူးခြားသော မုခ်ဦးရှိပါသည်။ မုခ်ဦးပုံစံမှာ မဟာဗောဓိစေတီတော်ပုံ သုံးဆူသည် လေးထောင့်မုခ်ဦး၏ အထက်တွင်ရှိပြီး အလယ်က စေတီတော်ကြီးသည် ဘေးတစ်ဖက်စီမှ စေတီတော်ငယ် တစ်ဆူစီဖြင့် ခြံရံလျှက်ရှိပါသည်။ ပိုက်လုံးသဖွယ် ရှိနေသော ပြွန်ခေါင်း၏ အတွင်းYလည်း မြတ်ဗုဒ္ဓ၏ ထိုင်တော်မူပုံ တည်ရှိနေပါသည်။ ဗုဒ္ဓဂယာ မြေမြတ်မဟာဝယ် မြတ်ဗုဒ္ဓကို ပူဇော်သောအားဖြင့် မဂဓ တက္ကသိုလ်မှ စီမံထားသည့် သင်္ကေတများဖြစ်သည်ဟု ယူဆရပါသည်။ မဂဓ တက္ကသိုလ်သည် ကွန်စတီကျု လေးဆယ့်လေးခုနှင့် လက်အောက်ခံ ကောလိပ်ပေါင်း တစ်ရာ့ငါး အရေအတွက်ရှိပါသည်။

မဂဓတကUသိုလ်တွင် ဋ္ဌာနကြီး သုံးခုရှိပြီး သိပ္ပံဋ္ဌာနကြီး အောက်တွင် ဋ္ဌာနငယ် ခုနှစ်ခုရှိပါ သည်။ ဓာတု၊ ရူပ၊ ရုက္ခ၊ သတ္တဗေဒ၊ သင်္ချာ၊ ပထ၀ီ။ လျှပ်စစ်တို့ဖြစ်ပါသည်။ လူမှုရေးသိပ္ပံနှင့် စီးပွါးရေးဋ္ဌာနကြီး၏ လက်အောက်တွင် ဋ္ဌာနငယ် ဆယ်ခု ရှိပါသည်။ နိုင်ငံရေး၊ သိပ္ပံ၊ သမိုင်း၊ စိတ်ပညာ၊ ဥပဒေ၊ စီးပွါးရေး၊ အိမ်တွင်းသိပ္ပံ၊ ပြည်သူအုပ်ချုပ်ရေး။ လူမှုရေးနှင့် ဗုဒ္ဓဘာသာ လေ့လာမှု တို့ဖြစ်ပါသည်။ လူမှုရေးဋ္ဌာနကြီး၏ လက်အောက်တွင် ဋ္ဌာနငယ် တစ်ဆယ့်တစ်ခု ရှိပါသည်။ ဒဿနိက၊ သက္ကတ၊ ပါရှန်ဘာသာ။ အင်္ဂလိပ်၊ ဟင်ဒီ၊ ဥရဒူ၊ ပါဠိ၊ မေထီလီ၊ ဘင်္ဂလ၊ ပြာကရစ်နှင့်ဂျာနယ်လစ်ဆင် တို့ဖြစ်ပါသည်။ ထို့အပြင် သက်မွေးမှု ပညာနှင့် ဖီစီယိုသရာဖေး ပညာရပ်တို့ကိုလည်း မဂဓတက္ကသိုလ်တွင် သင်ယူနိုင်ကြပါသည်။

မဂဓတက္ကသိုလ်မှာ မြန်မာပြည်မှ ရဟန်းတော်ကျောင်းသားများ ပါရဂူဘွဲ့အများဆုံး ရကြသော တက္ကသိုလ်ပင် ဖြစ်ပါသည်။ မဂဓ တက္ကသိုလ်၏ အားသာချက်မှာ စာသင်သား ရဟန်းတော်များ အဆင်ပြေစေရန် အတတ်နိုင်ဆုံး လိုက်လျောပေးခြင်း၊ မဟာဗောဓိ စေတီတော်၏အနီးတွင် တည်ရှိသဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်များအတွက် အစအစ အရာရာ အဆင်ပြေခြင်း။ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် မဟာဗောဓိစေတီတော်ကို ဖူးမျှော်လိုစိတ် ရှိနေကြခြင်း၊ အခြားတက္ကသိုလ်များနှင့် နိုင်းစာလျှင် မဂဓတက္ကသိုလ်တွင် စာသင်ရသည်မှာ စရိတ်စကနည်းပါးခြင်း စသည့်အကြောင်း တို့ကြောင့် ဖြစ်ကြပါသည်။ ထို့ကြောင့် မဂဓ တက္ကသိုလ်မှာ မြန်မာပြည်မှ ရဟန်းတော်ကျောင်းသားများ ပါရဂူဘွဲ့အများဆုံးရကြသော တက္ကသိုလ်တစ်ခုဖြစ်ရပြီး ဘွဲ့ရရဟန်းတော် သုံးဆယ်ခန့် ရှိနိုင်ပါသည်။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံ၊ ဒေါက်တာအရှင်ပ၀ရာဘိဝံသ၊ ဒေါက်တာအရှင် ပဏ္ဍိတ၀ရာဘိဝံသ၊ ဒေါက်တာအရှင်နေမိန္ဒ၊ ဒေါက်တာအရှင်ဥာဏဂ္ဂ၊ ဒေါက်တာ အရှင်သောပါက၊ ဒေါက်တာအရှင်သုန္ဒရ၊ ဒေါက်တာအရှင်ရာဇိန္ဒ၊ ဒေါက်တာအရှင်သုန္ဒရ၊ ဒေါက်တာအရှင်ပညာလင်္ကာရ၊ ဒေါက်တာအရှင်အာဒိစ္စ၊ ဒေါက်တာအရှင်ရာဇိန္ဒ၊ ဒေါက်တာ အရှင်သောဘန၊ ဒေါက်တာအရှင်ဝိမလတို့ တစ်ဆယ့်လေးပါးသည် မြန်ပြည်တွင် သီတင်းသုံးတော်မူကြလျှက် ဋ္ဌာနအသီးသီးတွင် သာသနာတာဝန်များကို ထမ်းဆောင် တော်မူကြပါသည်။

ဒေါက်တာအရှင်သုပီယ နှင့် ဒေါက်တာအရှင်ဇယတိဿနှစ်ပါးသည် စင်္ကာပူတွင် သာနာပြုနေကြပြီး မြန်မာပြည်တွင်လည်း ကိုယ်ပိုင်ကျောင်းများရှိကြပါသည်။ ဒေါက်တာ အရှင်ဇ၀န၊ ဒေါက်တာအရှင်ပညာသုတ၊ ဒေါက်တာအရှင်နန္ဒောဘာသ နှင့်ဒေါက်တာ အရှင်သဒ္ဓမ္မတို့မှာမူ အိန္ဒိယတွင် သာသနာပြုနေတော်မူကြပြီး ဒေါက်တာအရှင်နာယက နှင့် ဒေါက်တာအရှင်မိလိန္ဒတို့သည် အမေရိကတွင် သီတင်းသုံးတော်မူကြပါသည်။ ဒေါက်တာ အရှင်သီလ၀ံသသည် မလေးရှားနိုင်ငံတွင် သာသနာပြုနေပါသည်။

မြန်မာပြည်တွင်သီတင်းသုံးတော်မူကြသော ရဟန်းတော်များတွင် ပါမောက္ခချုပ် ဆရာတော်များသုံးပါး၊ ပါမောက္ခဆရာတော်တစ်ပါး၊ ဓမ္မကထိက ဆရာတော်သုံးပါးနှင့်အ ခြားဆရာတော် ခုနှစ်ပါးတို့သည်လည်း သာသနာတော်တာဝန်ကို စွမ်းနိုင်သည် နေရာမှ ဆောင်ရွက်တော် မူကြပြီးလျှင် ပြည်ပ သာသနာပြုဆရာတော် ကိုးပါးတို့သည်လည်း သာသနာတော်အတွက် ဆောင်ရွက်တော်မူကြပါသည်။ စာရေးသူသည် အထက်ပါ ဆရာတော်များအနက် သုံးပါးမျှသာ မဆုံဘူးသည်မှလွဲ၍ ကျန်ဆရာတော်အားလုံးကို တွေ့မြင်ဖူးတွေ့ဘူးပါသည်။ အထက်ပါဆရာတော်များအနက် ထက်ဝက်ကျော်မျှသော ဆရာတော်တို့သည် စာရေးသူထက်အသက်သိက္ခာ ကြီးတော်မူကြပြီးလျှင် ထက်ဝက် နီးပါးမျှသော ရဟန်းတော်တို့မှာ အသက်၊သိက္ခာ တူညီကြကာ သုံးပါးသော ရဟန်းတော်တို့သည်သာလျှင် စာရေးသူထက် သက်တော်ငယ်ကြပါသည်။

ဆရာတော် အားလုံးတို့သည် သက်တော်ထင်ရှားရှိတော်မူကြပြီး သာသနာ တာဝန်ကို ထမ်းဆောင်နေပေကြပါသည်။ ဆရာတော်အားလုံးသည် သာသနာဘောင်တွင် ရှိတော် မူနေကြရာ မဟာဗောဓိစေတီတော် အနီးမှ တည်ရှိနေသော မဂဓတက္ကသိုလ်၏ ထူးခြား ချက်ပေလောဟု တွေးနေမိပါသည်။

(၁၄) မွန်ဘိုင်း ယူနီဗာစီတီ (အိန္ဒိယ)

၁။ ဒေါက်တာအရှင်ဝေဠုရိယ

၂။ ဒေါက်တာအရှင်နန္ဒက

၃။ ဒေါက်တာအရှင်ဣန္ဒက

၎။ ဒေါက်တာအာသဘ

၅။ ဒေါက်တာအရှင်စန္ဒာသိရ

ီ ၆။ ဒေါက်တာအရှင်ခေမိန္ဒ

၇။ဒေါက်တာအရှင်ကိတ္တိသာရ

စာရေးသူ ပညာသင်ယူခဲ့သော တက္ကသိုလ်မှာ ဘုံဘေ တက္ကသိုလ်ဟု ရှေးကခေါ်ခဲ့ပြီး ယနေ့ ခေတ်တွင်မူ မွမ်ဘိုင်း တက္ကသိုလ်ဟု (၁၉၉၆ စက်တင်ဘာလ(၄)ရက်တွင် နာမည်ပြောင်းခဲ့ပါသည်။) ပြောင်းလဲခေါ်ကြပါသည်။ ၁၈၅၇ ခုနှစ်တွင် တည်ထောင်ခဲ့သော တက္ကသိုလ်တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး တက္ကသိုလ်ပင်ဖြစ်ပါသည်။ (၂၀၀၇)ခုနှစ်တွင် တက္ကသိုလ်တည်ထောင်သည့်နှစ် (၁၅၀) ပြည့်ပွဲကို ကျင်းပခဲ့ပါသည်။ ဘာသာရပ်သင်ကြားသည့် ဋ္ဌာနပေါင်း (၄၈)ရှိပါသည်။ တက္ကသိုလ်၏ အကျယ်အ၀န်းမှာ ၂၃ဧက (ဖို့ဒ်ပရ၀ုဏ်)နှင့် ၂၃၀ဧက (ကလိနာပရ၀ုဏ်) တို့ကိုပေါင်းပါက (၂၅၃) ဧကကျော် ကျယ်ဝန်းလှပါသည်။ ပေါင်းရခြင်းမှာ တက္ကသိုလ်ပရ၀ုဏ် (၂) ခုရှိနေသောကြောင့် ဖြစ်ပါသည်။ တစ်ခုနှင့်တစ်ခုမှာလည်း ဝေးကွာလှပါသည်။

တက္ကသိုလ်သို့ စာရေးသူ မရောက်မှီအချိန်တွင် သီတဂူ (စစ်ကိုင်း) မှ စာသင်ပို့လွှတ်ခံရသော ရဟန်းတော်နှစ်ပါး မဟာဝိဇ္ဇာဘွဲ့အတွက် ဒဿနိကဋ္ဌာနတွင် သင်ယူနေခဲ့ပြီး စာရေးသူရောက်ပြီး တစ်နှစ်အကြာ (၂၀၀၀) ပြည့်နှစ်တွင် သူတို့ အောင်မြင်ခဲ့ကြပါသည်။ စာရေးသူရှိနေစဉ် မန္တလေး ဖေါင်တော်ဦးကျောင်းမှ ရဟန်းတော်တစ်ပါး စာရေးသူ၏ ကူညီမှုဖြင့် ရောက်လာခဲ့ပြီး အင်္ဂလိပ်စာဋ္ဌာနတွင် သင်ယူခဲ့ပြီးနောက် မဟာဝိဇ္ဇာဘွဲ့ ဆွတ်ခူးခဲ့ပါသည်။ ထိုရဟန်းတော်သည် မွမ်ဘိုင်းတွင် (၃) နှစ်ကြာခဲ့ပါသည်။ ထိုခေတ်က စာသင်သားရဟန်းတော်များသည် အရေအတွက် နည်းသဖြင့် အဆောင်နေထိုင်ခွင့် ရခဲ့ကြပါသည်။

စာရေးသူသည် မွမ်ဘိုင်းတွင် (၁၉၉၉)ခုနှစ် အောက်တိုဘာလမှ (၂၀၀၅) ခုနှစ် ဇန်န၀ါရီ(၂၁)အထိ (၅)နှစ်ကျော်မှ နေခဲ့ပါသည်။ ပါရဂူဘွဲ့အတွက် ကျမ်းပြုစုရ သည့်ကာလမှာ (၄)နှစ်ကျော်မျှသာဖြစ်ခဲ့သော်လည်း အိန္ဒိယနိုင်ငံ၏ ယဉ်ကျးမှုကို သင်ယူနေခဲ့သဖြင့် တစ်နှစ်မျှ အချိန်ပိုကြာခဲ့ပါသည်။ ဒဿနိကဋ္ဌာနတွင် ပါရဂူဘွဲ့အတွက် သုတေသန ပြုလုပ်ခဲ့ပြီး ဘွဲ့ရခဲ့ပါသည်။ ၁၉၇၀ ကျော်နှစ်များက မြန်မာပြည်မှ ကျောင်းသား နှစ်ဦး (ဆရာဦးအံ့မောင်နှင့် ဆရာဦးအောင်ရွှေ) တို့ မဟာဝိဇ္ဇာဘွဲ့ အတွက် သက္ကတဋ္ဌာနတွင် ပညာသင်ခဲ့ကြပါသည်။ တစ်ခြားအိန္ဒိယ လူမျိုး မြန်မာနိုင်ငံသား တစ်ဦးလည်း သက္ကတ ဋ္ဌာနတွင်ပင် ပါရဂူဘွဲ့ရခဲ့သည်ဟု စာရေးသူအား ကျောင်းသားကြီးကိုယ်တိုင် ပြောပြခဲ့ဖူးပါသည်။ အထောက်အထားတော့ တောင်းမကြည့်မိခဲ့ပါ။

စာရေးသူ စာသင်ယူနေစဉ် အရှင်ဝေဠုရိယဥာဏ (၀က်လက်) အရှင်စန္ဒာသိရီ (ထန်းတပင်) အရှင်ဣန္ဒက (တပ်ကုန်း) အရှင်အာသဘ (ကန့်ဘလူ) အရှင်ခေမိန္ဒ (သပိတ်ကျင်း) အရှင်ကိတ္ထိသာရ (နွားထိုးကြီး) တို့ အစဉ်အတိုင်း ရောက်လာခဲ့ကြပါသည်။ အရှင်စန္ဒာသိရီ (ထန်းတပင်) သည် စာရေးသူထက်သက်တော် အနည်းငယ်ကြီးပြီး ကျန်စာသင်သားများမှာ စာရေးသူထက် သက်တော်ငယ်ကြပါသည်။ သူတို့အားလုံး ဒေါက်တာဘွဲ့ရသွားခဲ့ကြပါသည်။

အရှင်ဝေဠုရိယဥာဏ၊ အရှင်ဣန္ဒက၊ အရှင်အာသဘ၊ အရှင်ကိတ္တိသာရတို့ လေးပါးသည် သီရိ လင်္ကာနိုင်ငံမှ မဟာဝိဇ္ဇာဘွဲ့ ရလာခဲ့ကြသော ရဟန်းတော်များဖြစ်ကြပြီး အရှင်ဝေဠုရိယဥာဏ သည် ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရခဲ့ပြီးလျှင် အရှင်ဣန္ဒက၊ အရှင်အာသဘ၊ အရှင်ကိတ္တိသာရတို့ သုံးပါးသည် ကလနီယတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရခဲ့ကြသော ရဟန်းတော်များဖြစ်ကြသည်။ မြန်မာရဟန်းတော်များ အနေဖြင့် သီရိလင်္ကာ နိုင်ငံမှ မဟာဝိဇ္ဇာဘွဲ့ကို ရယူကြရာတွင် ဖေါ်ပြပါ တက္ကသိုလ်(၂)ခုနှင့် ကန္ဒီမြို့အနီးရှိ ပေတာဒနီယ တက္ကသိုလ်တို့မှ ရယူကြခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ် နှင့် ကလနီယ တက္ကသိုလ်(၂)ခုတို့သည် မြို့တော်ကိုလံဘို အနီးတွင် တည်ရှိပါသည်။ အရှင်စန္ဒာသိရီသည် အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဟိုက်ဒြာဘတ် တက္ကသိုလ်မှ မွမ်ဘိုင်းသို့ ပြောင်းလာခဲ့ပြီး အရှင်ခေမိန္ဒမှာမူ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဂဓတက္ကသိုလ်မှ စာရေးသူတို့ရှိရာသို့ ပြောင်းလာခဲ့ခြင်း ဖြစ်ကြပါသည်။

ပထမဆုံးရောက်လာသော အရှင်ဝေဠုရိယဥာဏ နှင့် ဒုတိယ ရောက်လာခဲ့သော အရှင်စန္ဒာသိရီတို့သည် သမိုင်းဋ္ဌာနတွင် သုတေသနကျောင်းသားအဖြစ် စာရင်း သွင်းခဲ့ကြပြီး အရှင်ဣန္ဒက၊ အရှင်အာသဘ တို့မှာမူ စာရေးသူနှင့်အတူ ဒဿနိကဋ္ဌာနတွင် ကျောင်းသား စာရင်း သွင်းခဲ့ပါသည်။ သမိုင်းဋ္ဌာနမှ ရဟန်း (၂) ပါးသည် ကျမ်းကြီးကြပ်သူ ဆရာတူ ကြသည်။ ဒဿနိကဋ္ဌာနမှ စာရေးသူတို့ (၃) ပါးသည်လည်း ကျမ်းကြီးကြပ်သူ ဆရာတူ ကြပြန်သည်။

အရှင်ကိတ္တိသာရ နှင့် အရှင်ခေမိန္ဒတို့မှာမူ စာရေးသူတို့ (၃) ပါးနှင့် ဒဿနိကဋ္ဌာန ချင်းတူကြသော်လည်း ကျမ်းကြီးကြပ်သူ ဆရာအနေဖြင့် မတူကြပါ။ သူတို့ (၂) ပါးသည် မွမ်းဘိုင်း တက္ကသိုလ် အသိအမှတ်ပြု စောမိုင်ယ ကောလိပ်၏ ဗုဒ္ဓဘာသာ လေ့လာရေးဋ္ဌာနမှ သုတေသနစာတမ်း တင်ကြပါသည်။ မွမ်းဘိုင်း တက္ကသိုလ် အသိအမှတ်ပြု (လက်အောက်ခံ) ကောလိပ်ပေါင်း အရေအတွက်အားဖြင့် (၃၅၄) ခုရှိပါသည်။ သူတို့သည် ထို(၃၅၄)ခုတွင် တစ်ခုဖြစ်သော စောမိုင်ယကောလိပ်မှ သုတေသန ပြုခြင်းဖြစ်ပါသည်။ ဘွဲ့ရသော် အတူတူပင် ဖြစ်ပါသည်။ သူတို့လည်း အဆောင်ရကြသဖြင့် အဆင်ပြေကြပါသည်။

ဘွဲ့ရကြသောအခါ သမိုင်းဋ္ဌာနမှ အရှင်ဝေဠုရိယဥာဏ က ပထမဆုံးပြီးခဲ့ပါသည်။ စာရေးသူထက် ရက်သတ္တပတ် (၂) ခုစောပြီး ပြီးစီးခဲ့ပါသည်။ ပြီးစီးရခြင်းအကြောင်းမှာ ဆရာကို မကြာခဏ တောင်းဆိုခြင်းကြောင့် ဖြစ်ပါသည်။ ဆရာသည် နားပူမခံနိုင်သဖြင့် အမြန်စီစဉ်လိုက်ခြင်းပင် ဖြစ်တော့သည်ဟု သုံးသပ်ခဲ့ကြပါသည်။ အရှင်ဣန္ဒက၊ အရှင်အာသဘတို့မှာမူ စာရေးသူထက် တစ်နှစ်ကျော် နောက်ကျပြီးမှ အစဉ်အတိုင်း ဘွဲ့ပြီးစီးခဲ့ပါသည်။ စာရေးသူတို့၏ ကျမ်းကြီးကြပ်သူ ဆရာမှာမူ ပုံမှန်အတိုင်း ဆောင်ရွက်သဖြင့် အနည်းငယ် နောက်ကျခဲ့ပါသည်။ အရှင်ကိတ္တိသာရ နှင့် အရှင်ခေမိန္ဒတို့ကမူ စာရေးသူထက် (၂) ကျော်ပြီးမှ ဘွဲ့ရခဲ့ကြပါသည်။ တတိယမြောက် ရောက်လာခဲ့ပြီး စာရင်းသွင်းခဲ့သော အရှင်စန္ဒာသိရီမှာမူ အကြောင်းမညီညွတ်သဖြင့် နှစ်တော်တော်နောက်ကျမှ ဘွဲ့ရခဲ့ပါသည်။ သူသည် နောက်ဆုံးမှ အိပ်နှင့်လွယ်ခဲ့သော စာရေးသူနှင့် ခေတ်ပြိုင် အသက်ကြီးဆုံး လည်းဖြစ် နောက်ဆုံးလည်းဖြစ်သော ပါရဂူ ကျောင်းသားကြီးပင် ဖြစ်တော့သည်။ စာရေးသူတင်ပြသော မွမ်ဘိုင်း တက္ကသိုလ်၏ ပါရဂူ ကျောင်းသား သမိုင်းမှာ (၁၉၉၉)ုနှစ် နှစ်ကုန်ပိုင်းမှစပြီး (၂၀၀ရ) ခုနှစ် အတွင်း ဖြစ်စဉ် အကျဉ်းမျှသာ ဖြစ်ပါသည်။

(၁) ယခု (၂၀၁၀) ခုနှစ်တွင် ဒေါက်တာအရှင်ဝေဠုရိယဥာဏ သည် မန္တလေး တောင်အနီးရှိ သီတဂူတက္ကသိုလ်တွင် တာဝန်ခံကျောင်းအုပ် တာဝန်ဖြင့် သံဃာ(၁၀၀) ကျော်တို့၏ အကြီးအမှူးအဖြစ် ဆောင်ရွက်နေပါသည်။ စစ်ကိုင်းတွင်လည်း ကိုယ်တိုင် ကြပ်မတ်ပြီး ကျောင်းတိုက်တစ်ခု တည်ထောင်နေပါသည်။

(၂) ဒေါက်တာအရှင်နန္ဒကသည် တောင်ကိုရီယားနိုင်ငံ၊ အင်ချွန်းမြို့၊ ဓမ္မဒူတ ကျောင်းဆောင်တွင် နာယကဆရာတော် အဖြစ် သီတင်းသုံးနေပြီး သာသနာပြုနေပါသည်။

ဒေါက်တာအရှင်နန္ဒကသည် ရန်ကုန်၊ မင်္ဂလာဒုံတွင် တစ်ဧကခန့်ရှိသော မြေနေရာတွင် နန္ဒကာရာမကျောင်းအမည်ဖြင့် သာသနာပြုနေသည်မှာ (၅) နှစ်ကျော်ပေပြီ။ တစ်နှစ်လျှင် (၃) လခန့် မြန်မာပြည်သို့ပြန်ကြွပြီး တရားစခန်းနှင့် ယဉ်ကျေးမှုသင်တန်း ဖွင့်ပေးပါသည်။ အများအားဖြင့် ဖေဖ၀ါရီ။မတ်၊ဧပြီလတို့ဖြစ်ပါသည်။

(၃) ဒေါက်တာအရှင်ဣန္ဒကသည် မလေးရှားနိုင်ငံ ကွာလာလမ်ပုမြို့ရှိ ကက်ပုန်းရပ် ကွက်တွင် သီတင်းသုံးနေပြီး သာသနာပြုနေသည်မှာ (၃) နှစ်ပင်ရှိပါပြီ။ မြန်မာ၊ တရုတ်၊ မလေးလူမျိုးတို့ကို ဗုဒ္ဓဘာသာ အဆုံးအမများ သူတို့၏ နားနှင့်ဆန့်ရုံမျှကြည့်ပြီး သင်ပေး နေပါသည်။ ဒေါက်တာအရှင်ဣန္ဒကသည် ရန်ကုန်၊ဗဟန်းတွင် ဓမ္မဂါးဒင်း စင်တာ အမည်ဖြင့် သာသနာပြု လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဟု ကြားရပါသည်။

(၄-၇) ဒေါက်တာအာသဘသည် တောင်ဒဂုံတွင် ရိပ်သာဖွင့်နေပြီး ဒေါက်တာအရှင် ကိတ္တိသာရကမူ ရွှေပြည်သာတွင် ကျောင်းတိုက် တည်ထားပါသည်။ ဒေါက်တာ အရှင်စန္ဒာသိရီမှာမူ သီတဂူဆရာတော်ကြီ၏ အရိပ်တွင် ခိုလှုံပြီး ကူညီဆောင်ရွက် ပေးနေပါသည်။ ဒေါက်တာအရှင်ခေမိန္ဒကမူ အမေရိကတွင် သီတင်းသုံးနေပေသည်။ မွမ်ဘိုင်း တက္ကသိုလ် ဒေါက်တာများ၏ အချက်လက် အကျဉ်းမျှဖြစ်ပါသည်။



အာနန္ဒာ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြသည်။
Hosting

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်