Friday, January 20, 2012

သူစိမ်းတစ်ရံများနှင့် အဖော်သဟာယများ ဆိုင်ရာ


သာမန်အားဖြင့် မိသားစုအဖွဲ့ဝင်များ - မိတ်ဆွေများနဲ့ပတ်သက်တဲ့ သေးငယ်တဲ့အသိုင်းအ၀ိုင်းတစ်ခုနဲ့အတူ နစ်မြုပ်နေတဲ့ ဒို့တတွေဟာ - သူစိမ်းတစ်ရံများနှင့် ထွေရာလေးပါးမှာ သိကျွမ်းရင်းနှီး အရောတ၀င် ရောက် မလာချင်ကြပါ။
ဒို့တတွေဟာ “အခြားသူတွေ”-အဖြစ် သူတို့ကို တွေးထင်ကြပါတယ်။ တွေးထင်ခြင်းရဲ့ ဒီအမျိုးအစားဟာ အခြားသူများနဲ့ပတ်သက်လို့ စိတ်မှန်းအထင်သက်သက်အပေါ်မှာ ရိုးရိုးလေး အရင်းခံပါတယ်။ ဒီစိတ်မှန်းသက်သက်များဟာ တစ်ခါတစ်ရံမှာ အခြေအမြစ်မရှိပါ။ ၀ါရင့်သမ္ဘာရင့်များ ပြတာက - သူစိမ်းတစ်ရံ များကနေ မိတ်ဆွေများဖြစ်အောင် ပြုလုပ်ဖို့ တကယ့်ကို ဖြစ်နိုင်ခြေရှိတယ် -လို့ ဆိုတာပါ။
Swami Rama Tirath - ဆိုတဲ့ ပညာရေး အတော်အတန်မြင့်မားတဲ့သူတစ်ယောက်ဟာ ကျန်ခဲ့တဲ့ ၁၉-ရာစုက - ငွေကြေးရှားပါးပြီး အဲဒီမှာ သူ့ရဲ့နေထိုင်မှုအတွက် အိမ်ရှင်အဖြစ် ဆောင်ရွက်ပေးမဲ့ သူ့ကို လက်ခံနိုင်တဲ့ တစ်ယောက်ယောက်ကို သိခြင်းမရှိပေမဲ့လည်း - US - ကို ခရီးသွားဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။
ရှည်လျားလှတဲ့ ပင်လယ်ခရီးကို ယူပြီးတဲ့နောက် သူဟာ အမေရိက ပင်လယ်ကမ်းခြေဆိပ်ကမ်း ရောက်ရှိပြီး အခြားခရီးသည်များနှင့်အတူ ကုန်းပေါ်တက်ရောက်ခဲ့ပါတယ်။ အဲဒီဆိပ်ကမ်းမှာ သူတို့ရဲ့မိတ်ဆွေ များ ဆွေမျိုးများကို ကြိုဆိုဖို့ လာရောက်ကြတဲ့ အမေရိကန်များစွာ ရှိကြပါတယ်။ သို့စေကာမူ Swami Rama Tirath- ဟာ ဆိပ်ကမ်းရဲ့ထောင့်စွန်းမှာ တစ်ကိုယ်တည်း လမ်းလျှောက်နေမိတယ်- ဆိုတာ သူ့ကိုယ်သူ သတိထားမိတယ်။
ဒီအချိန်မှာပဲ သူ့ကို တွေ့မြင်တဲ့အမေရိကန်တစ်ယောက်က သူ့အနား ချဉ်းကပ်ပြီး “မင်း အမေရိကမှာ မိတ်ဆွေအသိ တစ်ယောက်ယောက် ရှိပါသလား” လို့ မေးမြန်းခဲ့ပါတယ်။ Swami Rama Tirath- က “ ဟုတ်ကဲ့- မိတ်ဆွေတစ်ယောက် ရှိပါတယ်။ အဲဒီမိတ်ဆွေက ဒီမှာပါ” လို့ အဲဒါကို ပြောဆိုလျှက် သူဟာ အဲဒီ အမေရိကန်ကို ရင်းရင်းနှီးနှီး ပွေ့ဖက်ခဲ့ပါတယ်။
မျော်လင့်မထားခဲ့တဲ့ ဒီအပြုအမူရဲ့ ယဉ်ကျေးနှစ်လိုဖွယ်ရာက အမေရိကန်ကို သဘောကျစွဲမှတ်စေ ခဲ့ပါတယ်။ အဲဒီနောက် သူနဲ့အတူ သူ့ရဲ့အိမ်ကို ခေါ်ခဲ့ပါတယ်။ Swami Rama Tirath- ဟာ သူ့ရဲ့မိတ်ဆွေ ဧည့်သည်အဖြစ် ဆက်လက်တည်ရှိနေပြီး- အမေရိကန်မှ အိန္ဒိယသို့ ထွက်ခွါလာခဲ့သည့်တိုင် ဖြစ်ပါတယ်။
တစ်ဦးတစ်ယောက်ကမှ သင့်အတွက် သူစိမ်းတစ်ရံမဟုတ်ပါ။ လူတိုင်းဟာ သင့်ရဲ့ဖြစ်နိုင်ခြေအလားအလာ ရှိတဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ ဖော်ရွေရင်းနှီးတဲ့နည်းလမ်းကို ပြုမူရုံမျှသာပါ။ အခြားသူများကို သင့်ရဲ့ အကို အမ မောင်နှမသားချင်းများကဲ့သို့ လက်ခံပါ။
ဖော်ရွေရင်းနှီးတဲ့ ဒီသဘောထားအမျိုးအစားကို သင်ဟာ စိတ်ရောကိုယ်ပါ မွေးစားခံယူလျင်- လူတိုင်းဟာ သင့်ရဲ့မိတ်ဆွေများဖြစ်တယ်- ဆိုတာရယ်၊ ပြီးတော့ တစ်ဦးတစ်ယောက်ကမှ သင့်အတွက် တိုင်းခြားရပ်ခြား သူစိမ်းတွေမဟုတ်- ဆိုတာရယ် သင် တွေ့ရှိလာရပါလိမ့်မယ်။
ဖြစ်ရပ်မှန်ကတော့- အမျိုးသား အမျိုးသမီးအားလုံးဟာ အများဆိုင်ဘိုးဘေးဘီဘင်များ ရှိကြတယ်- ဆိုတာပါ။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ကမ္ဘာတစ်ခုလုံးဟာ မိသားစုတစ်ခုတည်းဖြစ်တယ်၊ ပြီးတော့ မိသားစုဘ၀လိုမျိုး အလွန်သိသာမြင်သာတဲ့- အခြားသူများနှင့် တွယ်တာမှုသံယောဇဉ် အမျိုးအစား- လူတိုင်းမှာ ရှိတယ်- ဆိုတာပါ။
သင့်ကို သူစိမ်းတစ်ရံဖြစ်အောင် ပြုလုပ်တဲ့အရာကတော့- မရောမိအောင် မပတ်သက်မိအောင်ရှောင်တဲ့- ခပ်ခွါခွါ ခပ်တန်းတန်း ခပ်စိမ်းစိမ်းဖြစ်အောင် လုပ်တဲ့ “အကွာအဝေးခရီး”သာလျင် ဖြစ်ပါတယ်။ သင်ဟာ အကွာအဝေးကို ဖယ်ထုတ်ရှင်းလင်းပစ်လျင် သဘာဝက အနှံ့အပြားတည်ရှိလိမ့်မှာဖြစ်ပြီး- အားလုံး ဟာ သွေးသောက် ညီအကို ညီအမများကဲ့သို့ ဖြစ်နိုင်ပါတယ်။
ခင်မင်ရင်းနှီးမှုဆိုင်ရာ ဖော်မြူလာကတော့ တကယ့်ရိုးရိုးကလေးပါ။ သင်ဟာ အခြားသူများအတွက် အမှန် တကယ် မိတ်ဆွေတစ်ယောက် ဖြစ်လျင်- သူတို့ဟာလည်းပဲ သင့်ရဲ့မိတ်ဆွေများ ဖြစ်လာလိမ့်မယ်-ဆိုတာ သင် သံသယရှင်းရှင်းနှင့် ကြိုတင်ဟောကိန်းထုတ်နိုင်ပါတယ်။
သင့်ရဲ့နှလုံးသားမှာ အခြားသူများအတွက် သဘောရိုးဖြစ်တဲ့ချစ်ခြင်းမေတ္တာကို ရင့်ကျက်အောင် တည်ဆောက်ပါ။ အဆိုပါကာလ အပြန်အလှန်အားဖြင့် သင့်ကို ချစ်ယုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါ။
ဖီလော်ဆော်ဖာတစ်ယောက်ပြောတာက- လူတစ်ယောက်ဟာ စိတ်ခံစားမှုကို အမြဲတစေ တချိန်လုံး ရောင်ခြည်ဖြာထွက်နေတယ်- လို့ ဆိုပါတယ်။
သင်ဟာ မေတ္တာကရုဏာကြီးမားတဲ့ လူတစ်ယောက်ဖြစ်လျင်- သင်ဟာ မေတ္တာ ကရုဏာရောင်ခြည် များ ဖြာထွက်နေပါတယ်။ ပြီးတော့ အခြားသူများဟာ သင့်ထံမှ မေတ္တာကရုဏာရဲ့ အဲဒီရောင်ခြည်များကို ဖမ်းယူလက်ခံဖို့ သေချာပါတယ်။ သင်ဟာ အခြားသူများအတွက် ချစ်ခြင်းမေတ္တာများ ရင့်ကျက်ဖွံ့ဖြိုးပြီး ဖြစ်လျင်- အဲဒီနောက် သင်ဟာ ချစ်ခြင်းမေတ္တာတွေ ရောင်ခြည်ဖြာ ထွက်နေပါတယ်။ အခြားသူများက ချစ်ခြင်းမေတ္တာ ရဲ့ ရောင်ခြည်များကို ဖမ်းယူလက်ခံဖို့ သေချာပါတယ်။ ဒါက သဘာဝဥပဒေသပါ။
ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ရောင်ခြည်များအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်အဖြေများ၊ ဆန့်ကျင်ဘက်အပျက်သဘောဆောင်တဲ့ရောင်ခြည်များအတွက် အပျက်သဘော တုံ့ပြန်အာနိသင်များကို သင် လက်ခံရရှိပါလိမ့်မယ်။
ဒါနဲ့ပတ်သက်လို့ သတ်မှတ်ချက်စည်းကမ်းတစ်ခုကတော့ - သင်ဟာ တစ်ကိုယ်ကောင်းမဆန်တဲ့ ကိုယ့်ကျိုးမငဲ့ သူ လူတစ်ယောက် ဖြစ်သင့်တယ်- ဆိုတာပါ။ တစ်ကိုယ်ကောင်းမဆန်တဲ့ ကိုယ့်ကျိုးမငဲ့မှုများ နှင့် တစ်ပြိုင်တည်းပေါင်းစပ်တွဲထားတဲ့ အပြုသဘောဆောင် အပြုအမူများဟာ အမြဲတမ်း တစ်လျှောက် လုံးလုံး အလုပ်လုပ်ပါတယ်။ ဒါက သင့်ရဲ့အပြုအမူများကို အဟုတ်တကယ်ဖြစ်အောင်ပြုလုပ်ခိုင်းပုံပေါ်တဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ ကိုယ့်ကျိုးမငဲ့မှုပါ။
ဆန့်ကျင်ဘက်မှာတော့ သင်ဟာ တစ်ကိုယ်ကောင်းဆန် ကိုယ့်ကျိုးငဲ့တဲ့သူတစ်ဦး ဖြစ်လျင်- သင့်ရဲ့အပြု အမူများဟာလည်း အရောင်းဈေးသည်တစ်ယောက်ရဲ့ အပြုအမူအတိုင်း ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အဲသလို မျိုးအပြုအမူမှာ အပြုသဘောဆောင်တဲ့ မည်သည့်အကျိုးသက်ရောက်မှုမျိုးကိုမဆို ရှိနိုင်လိမ့်မယ် မဟုတ်ပါ။
သင့်ရဲ့ ကိုယ်ပိုင်သဘာဝကို လိုက်နာပါ။ ပြီးတဲ့အခါ သင်ဟာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ လူတိုင်းဟာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ နတ်မိမယ် / နတ်သား တစ်ယောက်လို မွေးဖွားလူဖြစ်လာကြတာပါ။ ဒါပေမယ့် သူ့ရဲ့ပတ်ဝန်းကျင်မှ အပျက်သဘောဆောင် တဲ့ စေ့ဆော်မှုတွန်းအားများကို ရယူလက်ခံပြီးတဲ့နောက်- သူဟာ ….မှတစ်ပါး အခြားအခြား တစ်နည်းနည်း ဖြစ်သွားပါတော့တယ်။။
ဒါ့ကြောင့် သင့်ရဲ့မူရင်းသဘာဝသို့ ပြန်လာပါ။ ပြီးယင်း သင်ဟာ အားလုံးအတွက် နှစ်လိုဖွယ်ကို ရယူလက်ခံနိုင်တဲ့ လက်သင့်ခံနိုင်စွမ်း ရှိလာပါလိမ့်မယ်- ဆိုတာပါ။

Wednesday, January 18, 2012

နေထိုင်ဖို့ Wisdom- ကို ကမ်းလင့်ခြင်း


Nigerian story - က ပြောတာက ဒီလိုပါ။ Wisdom- ရယ် Food- ရယ် Wealth- ရယ် ခရီးစတင် ထွက်ခွါကြပါ တယ်။ မကြာမီ သူတို့ဟာ “မင်းတို့ ဘယ်ကို သွားကြမလဲ” လို့ မေးတဲ့ လူတစ်ယောက်ကို တွေ့ဆုံခဲ့ကြပါတယ်။ သူတို့က “နေထိုင်ဖို့ နေရာတစ်နေရာ ရှာနေကြတယ်” လို့ ပြောတဲ့အခါ အဲဒီသူက “ကောင်းတယ်။ ငါနဲ့ Wealth- ကို နေထိုင်စေချင်တယ်” လို့ ပြောပါတယ်။ ဒီအခါ Wealth- က “အို- လူမိုက်- သင့်အနီး တစ်ဝိုက်မှာ အချိန်အကြာကြီး ငါ့ကို ရှိလိမ့်မယ် မဟုတ်” လို့ ပြောခဲ့ပါတယ်။
နောက်ထပ်မကြာမီမှာပဲ သူတို့ဟာ “မင်းတို့အားလုံး ဘယ်ကို သွားနေကြတာလဲ” လို့ မေးမြန်းတဲ့ လူတစ် ယောက်ကို တွေ့ခဲ့ကြပြန်ပါတယ်။ သူတို့က “နေထိုင်ဖို့ တစ်နေရာအတွက် ကြိုးစားနေကြတယ်” လို့ ပြောကြပါ တယ်။ ဒီကိစ္စမှာတော့ “ ငါနဲ့နေထိုင်ဖို့ Food - ကို ဖိတ်မံတယ်” လို့ ပြောပါတယ်။ food- က “ငါက ဒီနေ့ သင်နဲ့အတူ လာခဲ့မယ်ဆိုယင်တောင် သင် ငါ့ကို အချိန်အကြာကြီး ထိန်းထားနိုင်လိမ့်မယ်မဟုတ်” လို့ ပြောခဲ့ပါတယ်။
နောက်ထပ် တော်တော်ကြာ လျှောက်လာတဲ့အခါမှာတော့ “သင်တို့တွေ ဘယ်ကို သွားကြမှာလဲ” လို့ မေးမြန်းတဲ့ တတိယမြောက်လူကို တွေ့ခဲ့ပါတယ်။ “နေထိုင်ဖို့ တစ်နေရာကို ကြိုးစားရှာဖွေနေကြတယ်” လို့ သူတို့ က ပြောပါတယ်။ အဲဒီသူက “ ငါနဲ့ Wisdom- က နေနိုင်ပါတယ် ”လို့ ပြောပါတယ်။ ဒီအခါ Food-နဲ့ Wealth- ပြောတာက “သင်ဟာ Wisdom- ကို ရွေးချယ်ခဲ့ပြီးပြီ။ ဒါ့ကြောင့် သင်ဟာ ငါတို့ကိုလည်း ပဲ ကောင်းကောင်း စောင့်ရှောက်နိုင်စွမ်း ရှိလိမ့်မယ်” လို့ ပြောကြပါတယ်။ သူတို့သုံးဦးဟာ အဲဒီလူရဲ့အိမ် ကို ပြောင်းရွှေ့နေထိုင် ခဲ့ကြပါတော့တယ်။
ဒို့တွေရဲ့ အတွေ့အကြုံက ဒို့တတွေကို ပြောတာက- များစွာသော လူသားတွေရဲ့ပဋိပက္ခ- သောကပဋိဒေ၀- ဆင်းရဲဒုက္ခတွေဟာ ပညာကင်းမဲ့မှုမှ လားရောက်ကြတယ်- ဆိုတာပါ။ ဒါ့ကြောင့် ဒို့တွေဟာ များစွာ ရှိချင်ကြ တယ်။ ပြီးတော့ အခြားသူများအတွက်လည်း အဲဒီပညာကို ရှိစေချင်ကြတယ်။ ပညာမှာ ဗဟုသုတနှင့်ပြီးတဲ့ အကောင်းဆုံးအသုံးပြုမှုကို ပြုလုပ်ခြင်းဆိုင်ရာ ပါဝင်တယ်- ဆိုတာ အခြေခံဖွင့်ဆိုချက်က ဖွင့်ဆိုပေမဲ့လည်း- ဒို့တွေဟာ ယဉ်ကျေးမှုအမျိုးမျိုးကို ဆန်းစစ်ခြင်းဖြင့်- အတူတကွ တန်ဖိုးထားနိုင်- တဲ့ အခြားသူများရဲ့ ရှုထောင့်များကို ချန်ထားရစ်ကြပါတယ်။
အမေရိကတိုက်မြောက်ပိုင်းမှာရှိတဲ့ အက်စကီမိုးလူမျိုးတို့ရဲ့ ယဉ်ကျေးမှုမှာတော့- “ သူတို့ဟာ ပြုလုပ်ဖို့ လိုအပ်တဲ့ အရာကို တွေ့မြင်နိုင်တဲ့ အခါနဲ့ - ဘာလုပ်ရမယ်ဆိုတာ ပြောဆိုခြင်းမရှိဘဲ အောင်မြင်စွာ အဲဒါကို ပြုလုပ်နိုင်တဲ့ အခါ- လူတစ်ယောက်ဟာ ပညာရှိ ဖြစ်လာခဲ့တယ်” လို့ ဆိုပါတယ်။
Mesopotamia- မှာ Wisdom- နဲ့ Intelligence- ကို Enki- နတ်က ကိုယ်စားပြုခြင်း ခံရပြီး- ဟန်ချက်ညီမျှမှုကို မူလအခြေအနေ ပြန်လည်ရောက်ရှိလာစေခြင်းဖြင့် wisdom- ကို ရရှိခဲ့ပါတယ်။
Confucius- က wisdom- ကို နည်းလမ်းသုံးခုဖြင့် ဆုပ်ကိုင်ထားရာ- တုပခြင်း- လွယ်ကူမှု၊ နှိုင်းဆ ဆင်ခြင်ခြင်း- မြင့်မြတ်မှုနှင့် အတွေ့အကြုံ- ခါးသီးမှု- တို့ပဲ ဖြစ်ပါတယ်။
Plato-ရဲ့ “The Apology” မှာ အားလုံးသိနားလည်ကြောင်းပြသတဲ့ Delphi- နတ်ကွန်းက Socrates- ကို ညဏ်အမြော်အမြင်အရှိဆုံး လူဖြစ်တယ်လို့ သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။ အဲဒါက Socrates- ကို တွေးရခက်အကျပ်ရိုက်စေခဲ့ပါတယ်။ အဲဒီကတည်းက ပတ်လည်ရှိ အခြားသူများစွာဟာ သူ့တို့ရဲ့ ကျယ်ပြန့်တဲ့ ဗဟုသုတ အတွက် ထင်ရှားကြပါတယ်။
သူဟာ နိုင်ငံရေးသမားများ- ကဗျာဆရာများနှင့် လက်မှုအတတ်ပညာရှင်များရဲ့ ဖြစ်ရပ်ကို ဆန်းစစ်ခဲ့ပါ တယ်။ ပြီးတော့ သိတယ်လို့ အခိုင်အမာဆိုထားတဲ့သူများဟာ တကယ် မသိခဲ့ဘူး- ဆိုတာရယ်၊ သူတို့ အခိုင်အမာ ဆိုထားတာထက် ပို၍ခပ်ဝေးဝေးမှာ သိတယ်- ဆိုတာရယ်ကို တွေ့ရှိခဲ့ရပါတယ်။
သူတို့ကလည်း သူတို့ရဲ့ကျွမ်းကျင်မှုနယ်ပယ်ကို ကျော်လွန်ပြီး အရာများကို သိတယ်လို့ အခိုင်အမာဆိုခဲ့ ကြပါတယ်။ Socrates- ပညာရှိ ဖြစ်တဲ့ အကြောင်းက- သူဟာ အခြားသူများနဲ့မတူဘဲ သူကိုယ်တိုင် ပညာရှိ အဖြစ် မယူဆခဲ့- လို့ ဖြစ်တယ်ဆိုတာ ငါတို့တတွေကို ပြောကြပါတယ်။
Intelligence- ဒါမှမဟုတ် ကျွမ်းကျင်မှု ဒီလိုမှမဟုတ် အင်အားကို ဖြစ်ပေါ်စေတဲ့ စွမ်းရည်များဟာ- လူတစ်ယောက်ကို မွေးဖွားလိုက်တဲ့ တစ်စုံတစ်ရာ ဖြစ်ပေမဲ့လည်း- Wisdom - ကိုတော့ မွေးဖွားပေးလိုက်တာ မဟုတ်ပါ။
Wisdom-ကို တိုးမြှင့်ပေးဖို့ သွားရမယ့်လမ်းတစ်ခုကတော့- အစိမ်းသက်သက် ပကတိအရိုင်းမှ အဆင့်မြင့် သန့်စင်ထားတဲ့ အတွေးအခေါ်များ- ခံစားချက်များ- ဆင်ခြင်သုံးသပ်ချက်များနဲ့ လုပ်ဆောင်ခြင်းများသို့ တိုက်တွန်း စေ့ဆော်ရွေ့လျားဖို့ပဲ ဖြစ်ပါတယ်။
အဆင့်မြင့် သန့်စင်ထားတဲ့အတွေးအခေါ်များမှာ နိုးကြားခြင်းများ- မျက်စိကြီးနားကြီးခြင်းများ- စိတ်ဝင်စားမှု များ- သတိပြုရိပ်စားမိမှုများ ပါဝင်ပါတယ်။
အစီအစဉ်တကျဖြစ်နေတဲ့ ခံစားချက်များက- အနည်းငယ်ဓာတ်ပြုမှုများ- လိုလားမှုများစွာနှင့် ထိတွေ့ခံစားခြင်း ကို ခွင့်ပြုမှုများ- လိုအပ်ပါတယ်။ ဒါပေမယ့် ငါတို့ကို တိုက်ရိုက်ဦးတည်တာတော့ မဟုတ်ပါ။
ဆင်ခြင်သုံးသပ်ချက်များမှာတော့ အမှန်တရား၊ ကမ္ဘာလောကကြီးနဲ့ပတ်သက်လို့ နက်နဲတဲ့အပေါ်မှာ အခြေခံတဲ့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းများ၊ ဗီဇစိတ်ဖြင့် အလိုလိုသိခြင်းများနှင့်- လူသား အခြေစိုက် တန်ဖိုးများနှင့် အတူ လိုက်ပါလာတဲ့ ဆုံးဖြတ်ချက်များ လိုအပ်ပါတယ်။
ပြီးတော့ ပီသတဲ့- အသည်းအသန်ပြင်းပြတဲ့- ဘက်မလိုက်တဲ့- ထိရောက်တဲ့ လုပ်ဆောင်ချက်မှတစ်ဆင့်- ဒီအရာအားလုံးကို သိမြင်စေပါတယ်။
မှားယွင်းမှုမှ မှန်ကန်မှု- မမျှတမှုမှ မျှတမှု- ပျက်စီးစေလိုမှုမှ သင့်မြတ်ကောင်းမွန်မှု- လှည့်ဖြားမှုမှ ရိုးသားဖြောင့်မတ်မှု- ဆိုင်ရာ မြော်မြင်သိမြင်နားလည်နိုင်စွမ်း၊ အဲဒီမြော်မြင်သိမြင်နားလည်းနိုင်စွမ်း ဖြစ်တဲ့ Wisdom- ရဲ့ အနှစ်သာရကို ပညာရှိတဲ့သူများက- အကောင်အထည် ပုံဖော်ကြပါတယ်။ ထုံးစံအတိုင်း အခြားသူများသို့ မေတ္တာ ကရုဏာ ကြီးမားသူ- မိမိကိုယ်ကိုယ် တင်းတိမ်ရောင့်ရဲကျေနပ်သူအဖြစ် အဲဒီသူများကို သတ်မှတ်ကြပါတယ်။
သူတို့ဟာ တကယ့်ကို အရေးကြီးတဲ့အရာကို လေ့လာသင်ကြားခဲ့ပြီးပါပြီ။

Wednesday, January 11, 2012

ကောင်းချီးမင်္ဂလာအနေနှင့် စိတ်ဓာတ်ကျခြင်း


သိပ်မကြာမီက သုတေသနပြုချက်များအရ ၀မ်းနည်းမှုနဲ့ အရှုံးပေးလိုစိတ်ကဲ့သို့သော ညဉ်လက္ခဏာများဟာ စိတ်ဓာတ်ကျခြင်း- လို့ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပေမယ့်- အဲဒါတွေမှာ သူတို့ရဲ့ အပြုသဘောဆောင် အပေါင်းလက္ခဏာပြ တဲ့ ဘက်ခြမ်းလည်း ရှိတယ်ဆိုတာ တွေ့ရှိကြရပါတယ်။

University of Basel, Switzerland- မှ ဦးစီးဦးရွက်ပြုတဲ့သုတေသနက- စိတ်ဓာတ်ကျတဲ့ပုဂ္ဂိုလ်များဟာ အလုပ်တာဝန် များကို ဆုံးဖြတ်ချက်ပြုလုပ်ကြရမှာ သူတို့ရဲ့ပုံမှန် အဆင့်အတန်း အရည်အချင်းတူသူထက် ပိုမိုကောင်းမွန်တာကို ဆောင်ရွက်ပြုလုပ်ကြတယ်-လို့ ဆိုပါတယ်။

ဘာ့ကြောင့် စိတ်ဓာတ်ကျတာလဲ? စိတ်ဓာတ်ကျတာဟာ ၀အောင် လောက်အောင်မရခြင်းရဲ့ အရိပ်လက္ခဏာပဲဖြစ်ပါတယ်။ သင်က အသည်းအသန်အလေးအနက်ထားပြီး လိုချင်တောင့်တတဲ့ တစ်စုံတစ်ကနေ- သင်ဟာ အပြင်းအထန် ချို့တဲ့ကင်းမဲ့နေတယ်- လို့ သင် ထင်မြင်တဲ့အခါ- ဒီအတွေးတွေက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ဖို့ရာ သေချာပါတယ်။

စိတ်ဓာတ်ကျခြင်းဟာ ရုပ်ပိုင်းဆိုင်ရာဖြစ်ရပ်တစ်ခု မဟုတ်ပါ။ အဲဒါက သဘာဝအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ သင် ရရှိချင်တဲ့အရာကို သင် ရရှိပြီးပြီဆိုတာ ခံစားရလျင်- အဲဒါက သင့်ကို နှစ်ထောင်းအားရမှုကို ပေးပါလိမ့်မယ်။ ဒါပေမယ့် သင်ရဲ့ပန်းတိုင်ကို ရရှိဖို့ သင် ဆုံးရှုံးပြီးပြီဆိုတာ သင်ခံစားရတဲ့အခါ- အဲဒါက စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်ပါတယ်။

ပထမအကြောင်းတရားမှာ သင်ဘ၀က တကယ့်မကြာမီပဲ full stop - သို့ လားရောက်ပါတယ်။ ဒါပေမယ့် ဒုတိယအခြေ အနေမှာတော့ သင့်ဘ၀ဟာ commas - က ကြားမှ ဖောက်ဖောက်လာပါတယ်။

ကျေနပ်ဖွယ်ရာမဟုတ်တဲ့အတွေ့အကြုံများဟာ နာလောက်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် အသိညဏ်ဆိုင်ရာ တိုးတက်မှုသို့ ချီတက်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အထောက်အကူပြု ဆောင်ရွက်မှုကို အဲဒါတွေက ပြုလုပ်ပါတယ်။ အတွေ့အကြုံဆိုင်ရာ ဒီအမျိုးအစားကို ကြုံဆုံရခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ ထိပ်တန်းအောင်မြင်သူ တစ်ဦး မဖြစ်နိုင်ပါ။

စောစောပိုင်းလက်ခံဆောင်ရွက်ထားတဲ့ လေ့လာဆန်းစစ်ချက်က - သူုတို့ရဲ့ သာမန် ဖြစ်နေကျ အင်္ဂါရပ်များကို ရှာဖွေ့ဖို့ အလို့ငှါ ထိပ်တန်းအောင်မြင်သူ တစ်ရာရဲ့ ဘ၀များကို- လေ့လာခြင်းကို လိုအပ်ခဲ့ပါတယ်။ ဒါက အားလုံးသော ဒီထိပ်တန်းအောင်မြင်သူများရဲ့ ယေဘုယျညဉ်လက္ခဏာတစ်ခုဟာ ကျေနပ်အားရခြင်းမရှိ- ဆိုတာ လေ့လာ သတိပြုမိပါ တယ်။

အားရကျေနပ်မှုမရှိခြင်းဟာ ရှေ့အလားအလာပန်းတိုင်ကို အောင်မြင်ဖို့ အဆုံးအစမရှိတဲ့ပြင်းပြမှုဇောအဟုန်ကို ဦးတည်းသည်သာမက- ပို၍ပို၍ အောင်မြင်ရန် မရပ်မနား မနားမနေဇောကပ်ခြင်းကိုလည်းပဲ ပေါက်ဖွားဖန်တီး ဖြစ်ပေါ်စေပါတယ်။

သို့ဖြစ် ဒါက -လုပ်ဆောင်ချက်ရဲ့ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်- အောင်မြင်မှုရဲ့အမြင့်မားဆုံးဒီဂရီအတွက် မာစတာကီး(Master Key) ဖြစ်လာပါတယ်။ အားရကျေနပ်မှုက အရာရာတိုင်းအတွက် full stop- တစ်ခုကို ထားရှိသည့်အရပ်- ကျေနပ်အားရမှုမရှိခြင်းကတော့ မရပ်မနား တောက်လျှောက် ခရီးတစ်ခုမှာ သင့်ကို တွန်းအားပေးပါတယ်။ ဒါက စိတ်ဓာတ်ကျခြင်းရဲ့ ကြီးမားတဲ့အကျိုးအမြတ် တစ်ပန်းသာမှုပဲ ဖြစ်ပါတယ်။

ပူပင်ကြောင့်ကြမဲ့ သက်သောင့်သက်သာရှိခြင်းမှာ နေထိုင်နေတဲ့သူများ- ဒါ့ကြောင့် လက်မှိုင်ချ မျော်လင့်ချက်ပျက် သုဉ်းခြင်းတိုင် သားကောင်ဖြစ်မသွားတဲ့သူများဟာ- ယေဘုယျအားဖြင့် သတိပြုမိလောက်အောင်ထင်ရှားတဲ့ ဘယ်အောင်မြင်မှုဖြင့်ဖြစ် အောင်မြင်ဖို့ ကျရှုံးသွားခဲ့ပြီးပြီဆိုတာ- သမိုင်းများက အမြဲတမ်း ပြကြပါတယ်။

မတူတာကတော့ အခက်အခဲဒုက္ခတွေ အမြဲတမ်းပတ်ချာဝိုင်းနေတဲ့သူများဟာ- နောက်ပိုင်းမှာ ထိပ်တန်းအောင်မြင်သူများ အဖြစ် ပေါ်ထွက်လာဖို့ရန်သာ စိတ်ဓာတ်ကျခြင်းထဲသို့ ကျရောက်သွားခြင်း ဖြစ်ပါတယ်။

သဘာဝရဲ့ဥပဒေအရ ထိပ်တန်းအောင်မြင်မှုများရဲ့ ခရီးက နာလောက်အောင်ဖြစ်တဲ့ဖြစ်စဉ်များကို လက်ကိုင်ပြုခဲ့တယ် ဆိုလျင်- သင်ဟာ အဲဒီဖြစ်စဉ်များကို ထိန်းသိမ်းရပါတယ်။ ဒါဆိုယင် သင်မှာ ရွေးစရာနှစ်ခု ရှိပါတယ်။ သူ့ရဲ့သဘာဝတန်ဖိုးကို ပေးခြင်းဖြင့် ထိပ်တန်းအောင်မြင်မှုကို ရယူလို့ ဖြစ်စေ- ဒါမှမဟုတ် ထိပ်တန်းအောင်မြင်မှုကို တစ်ကြိမ်တစ်ခါမျှ သိခြင်းမရှိဘဲ အသက်စွန့်သွားလို့ဖြစ်စေ- တစ်ခုခုပါ။

သဘာဝက အသီးသီးသောနည်းလမ်းများဖြင့် ဒီအချက်ကို လက်တွေ့ပြသခဲ့ပြီးပါပြီ။ ဥပမာ သင်ဟာ ပန်းသီးဖျော်ရည် တစ်ခွက်ကို လိုချင်လျင်- သင်ဟာ ပန်းသီးကို ဖိညှစ်ရပါ့မယ်။ ဒါက ထိပ်တန်းအောင်မြင်မှုကို ရချင်တဲ့ဘယ်သူဖြစ်ဖြင့် သက်ဆိုင်ပါတယ်။ သဘာဝက ပြဋ္ဌာန်းတဲ့ ဆူးရှိတဲ့လမ်းကို နင်းလျှောက်ဖို့ သူ့ကို မဖြစ်မနေ လုပ်ရပါတယ်။ အကြောင်းက ဒီသတ်မှတ်ချက်အနေအထားကို ဖြည့်စွမ်းခြင်းမရှိဘဲ တစ်ဦးတစ်ယောက်ကမှ သူ့ရဲ့ အလိုဆန္ဒရှိတဲ့ပန်းတိုင်ကို မရောက်ရှိနိုင်လို့ပါ။

သူ့ရဲ့ပါးစပ်မှာရွှေဇွန်းတပ်မွေးဖွားလာတဲ့သူဟာ ပျမ်းမျှလူတစ်ယောက်လို သူ့ရဲ့ဘ၀ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကံစီမံရာ ဖြစ်သလို- ရွှေဇွန်းတပ် မွေးဖွားလာတာမဟုတ်တဲ့သူအတွက်တော့ ကြီးမားတဲ့အောင်မြင်မှုများကို ရရှိဖို့ ကြိုးစားကြရမှာ-ဆိုတာ ဒါက ဘ၀ရဲ့ဖြစ်ရပ်မှန်ပဲ ဖြစ်ပါတယ်။

အစပထမမှာ စိတ်ဓာတ်ကျခြင်းဟာ ကံခေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်စသတ်တော့ အဆုံးမှာ စိတ်ဓာတ်ကျခြင်းဟာ ကောင်းချီးမင်္ဂလာတစ်ခုပါလား ဆိုတာပါ။ တကယ်တော့ စိတ်ဓာတ်ကျခြင်းဟာ ဘ၀ရဲ့ခေတ္တအခိုက် အတံ့ဖြစ်တဲ့ ချိန်ကိုက်ဖြစ်မှုတစ်ခုသာ ဖြစ်ပါတယ်။ အမြဲတမ်းနိစ္စဓူဝဖြစ်တဲ့ လမ်းကြောင်းတော့ မဟုတ်ပါ။

စိတ်ဓာတ်ကျခြင်းဟာ ငြီးငွေ့ဖွယ် ခရီးတစ်ခုနဲ့ အလားတူကဲ့သို့ ဖြစ်ပါတယ်။ ဒီခရီးအတွင်း သင်ဟာ အားအင်ကုန်ခန်း မောပန်းနိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ကုန်စရာ အခြေအနေမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ ခရီးပန်းတိုင်ကို ရောက်ရှိတဲ့အခါ ကြည်နူးသာယာဖွယ်နှင့် ကျေနပ်အားရမှုအပေါင်းကို တွေ့ကြုံခံစားရပါတော့တယ်။

Wednesday, January 4, 2012

မသေချာမရေရာခြင်းရဲ့ တန်ဖိုး


ရှေးမတိုင်မီ တစ်ချိန်လုံးထက် များစွာ- အနာဂတ်နဲ့ပတ်သက်လို့- အကျွန်ုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀များနဲ့ ပတ်သက်လို့- ဘာသာတရားရဲ့ ရည်ရွယ်ချက်အဓိပ္ပါယ်နဲ့ပတ်သက်လို့- နိုင်ငံရေး- ငွေကြေးနှင့် လှုမှုရေးအဖွဲ့ အစည်းများနှင့် ပတ်သက်လို့- အပြတ် မပြောနိုင်ခြင်း မသေမချာမရေမရာမှုများရဲ့ တိုးတက်ပြင်းထန်လာနေတဲ့ ခေတ်ရေစီးကြောင်းကို- အကျွန်ုပ်တို့ ရင်ဆိုင်ကြရပါတယ်။

ယခင် အတိတ်အချိန်များရဲ့ ခိုင်မာတောင့်တင်းမှု အစိုင်အခဲအချို့နှင့် အခိုင်အမာအာမခံထားခဲ့တဲ့ သေချာရေရာမှုများဟာ- အရည်ပျော်ခြင်း ဖြစ်ပုံပေါ်ပါတယ်။ အကျွန်ုပ်တို့ဟာ “liquid times” လို့ ဖီလော်ဆော်ဖာ Zygmunt Bauman- က ကဗျာဆန်ဆန်အဖြစ် ရည်ညွှန်းခဲ့တဲ့အရာများမှာ နေထိုင်ကြပါတယ်။

ဘ၀ရဲ့သင်ခန်းစားများကို နေ့စဉ်နေ့တိုင်း အခြေခံအကြောင်းရင်းများအပေါ်မှာ သင်ကြားခံနေရတယ်- ဆိုတာ အကျွန်ုပ်တို့ ထင်ထင်ရှားရှား သိရှိလာပါတယ်။ အကြီးကျယ်ဆုံးဆရာများစွာထဲက တစ်ယောက်ကတော့ မသေချာမရေရာမှုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အရွယ်ရောက်ကြီးပြင်းလာနေသလို ထပ်ခါထပ်ခါ ကြားသိနေရတဲ့ တစ်စုံတစ်ခု ကတော့ “Are you sure?” ဆိုတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကျွန်ုပ်တို့က အကျွန်ုပ်တို့ဟာ ကျိန်းသေရေရာတာကို အမြဲခံယူသင့်တယ်-လို့ ယုံကြည်လာပါတယ်။ ဒါပေမယ့် မရေရာမသေချာမှုမှာ မကြာမကြာ ဖြစ်နိုင်ခြေ သဘာဝကျတဲ့ တန်ဖိုးအာနိသင် ရှိတယ်ဆိုတာပါ။

ကျိန်းသေသေချာမှုအဖြစ် မျက်နှာဖုံးတပ်ထားတဲ့ ယူဆလက်ခံခြင်းများက- အခြားရှု့ထောင့်ကို မြင်ခြင်းမှ (ဒါမှမဟုတ်) အရာဝတ္ထု အသစ်များကို သင်ကြားခြင်းမှ အကျွန်ုပ်တို့ကို ပိတ်ဆို့ဟန့်တားထားတဲ့ အချိန်အခါဖြင့် စတင်ကြပါစို့။ ကျိန်းသေသေချာမှုက သေချာရေရာဖို့ အသေအချာကူညီတဲ့အခိုက်အတံ့များ (ဒါမှမဟုတ်) အဲဒီဖြစ်နိုင် ခြေက ကျိန်းသေယင် ကျိန်းသေသလောက် - တိတိကျကျ ကူညီတဲ့အခိုက်အတံ့များ ရှိပါတယ်။ ဒါပေမယ့် မသေချာ မရေရာမှုကို အခွင့်အရေးတစ်ခုအဖြစ် ပေးခွင်းလည်း ပြုကြပါစို့။

မကျိန်းသေမရေရာမှုက အကျွန်ုပ်တို့ကို အကောင်းဆုံးကို မြင်ဖို့- အကောင်းဆုံးမှာ နေထိုင်ဖို့- သဘောပေါက်နားလည်ဖို့ အလို့ငှါ - အရှိန်လျှော့ချဖို့- အလုပ်လောဘမကြီးဖို့- အေးအေးသက်သာလုပ်ဖို့- အကျွန်ုပ်တို့ကို ဖိတ်ခေါ်ကမ်းလှမ်းပါတယ်။

“Letters to a Young Poet”- မှာ Rainer Maria Rilke- ဟာ- မသေချာမရေရာမှုရဲ့ ကိုယ်စားပြုခြင်းအဖြစ်- မေးခွန်းများကို စံနမူနာပြပါတယ်။ ပြီးတဲ့အခါ အကျွန်ုပ်တို့ရဲ့နှလုံးသားများမှာ ဖြေရှင်းမရနိုင်တဲ့ အရာအားလုံးဆီသို - သည်းခံဖို့ အကျွန်ုပ်တို့ကို ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါတယ်။

“သင့်ကို မပေးနိုင်တော့တဲ့- အဖြေများကို ယခု မရှာပါနဲ့။ အကြောင်းက အဲဒါတွေကို နေထိုင်ဖို့ သင် စွမ်းနိုင်လိမ့်မယ် မဟုတ်လို့ပါ။ ပြီးတော့ ဆိုလိုချက်က အရာရာကို နေထိုင်ဖို့ ဖြစ်ပါတယ်။ ယခု မေးခွန်းများကို နေထိုင်ပါ။ အဲဒါကို သတိပြုမိခြင်းမရှိဘဲ- သင်ဟာ တဖြည်းဖြည်း အဲဒါတွေကို တွေ့ရှိနိုင်ပါလိမ့်မယ်။ ပြီးတော့ ရှေ့ဆက် အလှမ်းကွာဝေးတဲ့နေ့များနှင့်အတူတကွ အဖြေထဲ နေထိုင်ပါ။”

အကျွန်ုပ်တို့ဟာ ဘ၀မှာ အရာဝတ္ထုများကို ဆိုးဆိုးရွားရွား ဟောကိန်းထုတ်စေချင်ကြပါတယ်။ (အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ရွေးချယ်မှုအားလုံးကို ကောင်းတဲ့အရာဝတ္ထုတွေပဲ ဖြစ်စေချင်ကြပါတယ်။) ဒါပေမယ့် အကျွန်ုပ်တို့ဟာလည်းပဲ အပြောင်းအလဲကို အကျွန်ုပ်တို့က တောင့်တကြ တမ်းတကြတယ်- လို့ အခိုင်အမာဆိုကြပါတယ်။ ကျိန်းသေရေရာမှုနှင့် သက်သောင့်သက်သာရှိခြင်းက အပြောင်းအလဲအတွက် ထောက်ကူဖို့ ခဲယဉ်းပါတယ်။

အချိန်တွေဟာ ခြားနားတဲ့အဟုန်တွေကို ဖြတ်သန်းသွားပုံပေါ်တဲ့အခါ- အကျွန်ုပ်တို့ပတ်လည်ရှိ နေရာတွေက အကျွမ်းတ၀င်ရင်းနှီးပုံ မပေါ်တဲ့အခါ- အပြောင်းအလဲရဲ့သော့ချက်အဆင့်ဟာ ရှုပ်ထွေးခြင်း- ကသိကအောက်ဖြစ်ရခြင်း- မရေမရာမသေမချာခြင်းတို့ရဲ့ အဆင့်မှာ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ- တစ်နေရာရာမှ ဆိုက်ဆိုက်မြိုက်မြိုက်မရောက်တဲ့နေရာ- မနေတော့တာလည်းမဟုတ်- မနေသေးတာလဲ မဟုတ်တဲ့နေရာအကြား အချို့နေရာ-မှာ ခေတ္တအခိုက်အတံ့တစ်ခုအတွက် နေထိုင်ကြပါတယ်။

ဒါပေမယ့် အကျွန်ုပ်တို့ရဲ့သင်ကြားခြင်းနဲ့ ကြီးထွားမှုများစွာ တကယ်ဖြစ်ပျက်တဲ့နေရာ- အဲဒီအတည်းတကျ မဟုတ်တဲ့ နေသာမကျဖြစ်တဲ့ ကာလအပိုင်းအခြားမရှိဘဲ- အကျွန်ုပ်တို့ဟာ ပြောင်းလဲတဲ့- ပြီးတော့ ဘ၀က ကြိုဆိုရမယ့်အရာအတွက် အကောင်းဆုံး ပြည့်စုံတဲ့- အခြားဘက်ခြမ်းကို ကျော်ဖြတ်ပြီး ၀င်ရောက်မလာကြပါ။

ရေရာသေချာမှု တစ်ခုကတော့ ဘ၀ဟာ မရေရာမသေချာဘူး- ဆိုတာပဲ ဖြစ်ပါတယ်။ ဘာမှ မပြောင်းလဲတော့သကဲ့သို့ အကျွန်ုပ်တို့ဟာ နေထိုင်ကြပါတယ်။ ဒါပေမယ့် အဲဒါတွေက ပြောင်းလဲပါတယ်။

အပြောင်းအလဲမရှိဘဲ အရာဝတ္ထုများကို နေစေချင်ခြင်းနှင့်- အပြောင်းအလဲမရှိဘဲ ဘယ်အရာဝတ္ထုမှ မနေဘူး- ဆိုတာ တွေ့ရှိခြင်းအကြား- တောက်လျှောက်ဖြစ်တဲ့ စစ်ပွဲကတော့- အကျွန်ုပ်တို့မှာ အားပြိုင်မှုကို ဖန်းတီးတာပဲ ဖြစ်ပါတယ်။ ကြောက်လန့်ခြင်း ဒါမှမဟုတ်- မျော်လင့်ချက်ကင်းခြင်းကိုဖြစ်စေ- ရှေ့ဆီးသို့ ဦးတည်တဲ့အရာနဲ့ပတ်သက်လို့ စိတ်ထက် သန်တဲ့ လက်ခံမှုကိုဖြစ်စေ- အကျွန်ုပ်တို့က တုံ့ပြန်ဖို့ ရွေးချယ်ကြပါတယ်။

အသစ်တစ်ခုခုကို ကြိုးစားခြင်းနဲ့ပတ်သက်လို့- ဦးတည်ရည်မှန်းချက်ကို ပြောင်းလဲခြင်းနဲ့ပတ်သက်လို့- ရှေ့ဆီသို့ လှုပ်ရှားခြင်းနှင့်ပတ်သက်လို့ အကျွန်ုပ်တို့မှာရှိတဲ့ ကြောက်လန့်မှုက- တကယ်တော့ မကျိန်းသေမှုကို ကိုင်တွယ်ဖို့ မလိုလားခြင်း စိတ်မပါခြင်းပဲ ဖြစ်ပါတယ်။

အန္တရာယ်ကတော့ အဲဒါကို ငြိကပ်နေခြင်း- ရှုပ်ထွေးမှုအဆင့်မှာ အလွန်ကြာမြင့်စွာ သာယာနေခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကို မမြင်ခြင်းဖြင့်- အခွင့်အရေးအဖြစ် အဲဒါက စိတ်ပိုင်းဆိုင်ရာကြီးထွားမှုအတွက် ကမ်းလှမ်းပါတယ်။ မကျိန်းသေမှုက ကမ်းလှမ်းတဲ့လက်ဆောင်ကတော့ အကျွန်ုပ်တို့ကို ရှေးဆီသို့ဆက်လက်ဖို့ သူ့ရဲ့စွမ်းရည်ပဲ ဖြစ်ပါတယ်။

မကျိန်းသေမှုနှင့်အတူ သက်သောင့်သက်သာ နှစ်သိမ့်မှုရှိခြင်းကို တိုးတက်ဖို့- ကူညီဖော်ရတဲ့ ကျင့်သုံးမှုကို တွေ့ရတာ ကတော့ “ Present moment, wonderful moment.” လို့ဆိုတဲ့ Tich Naht Hanh ရဲ့ အရိုးစင်းဆုံးဂါထာကို အဖန်ဖန် လေ့ကျင့်ပြုလုပ်ခြင်းမှာ ဖြစ်ပါတယ်။ ဒါက ဘ၀ဟာ မျက်မှောက်အခိုက်အတံ့မှာပဲ ရနိုင်စွမ်းရှိတယ်- ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်ကို အတိုဆုံးနှင့်အရှင်းဆုံးဖော်ပြချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ရှေးဆီသို့ ဦးတည်တဲ့ ဘယ်အရာဖြစ်ဖြစ် အံသြစရာကောင်းတဲ့အခိုက်အတံ့များရဲ့ အစဉ် တသီတတန်း ကောင်းစွာ ဖြစ်နိုင်တယ်- ဆိုတာ နားလည်သဘောပေါက်ဖို့ အကျွန်ုပ်တို့ကို ကူညီတယ် ဆိုတာပါပဲ။


ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်